iMyanmarHouse.com - Best Property Website for Myanmar
×




Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်ကြီးရေ အခုလတ်တလောမှာ ရေပန်းအစားဆုံးစုံတွဲအဖြစ် သတ်မှတ်ခြင်းခံတဲ့သူတွေကတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲပဲ ဖြစ်ပါတယ်။ နှစ်ဦးသား တွဲနေပါတယ် သတင်းတွေထွက်ပြီးနောက်ပိုင်းမှာမှ သူတို့နှစ်ဦးဟာ တကယ်တွဲနေပြီဖြစ်ကြောင်း ချပြခဲ့တာ ရက်ပိုင်းသာရှိပါသေးတယ်။ သူတို့စုံတွဲလေးရဲ့ ဘန်ကောက်မြို့ကိုအတူ အလည်သွားခဲ့ရင်း ကြည်နူးအားကျစရာကောင်းတဲ့ပုံလေးတွေကလည်း ပရိသတ်တွေရဲ့အားပေးမှုတွေ တစ်ခဲနက်ရရှိခဲ့ပါသေးတယ်။

လတ်တလောမှာ သူတို့ချစ်သူနှစ်ဦးဟာ ချစ်စြင်စဆိုရင် ချစ်လို့မဆုံးနိုင်ဆိုသလို တစ်ယောက်နဲ့ အပြန်အလှန် ကျီစယ်နေကြတာလည်း တွေ့ရပါတယ်။ ရွှေမှုန်အနေနဲ့လည်း ချစ်သူကိုချစ်တဲ့အကြောင်းတွေကို အထာကျကျ ဂေါ်နေတဲ့ ချစ်သဝဏ်လေးရေးပြီးလည်း တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရွှေထူးကလည်း ရွှေမှုန်ပုံလေးကို သူရဲ့ facebook မှာ တင်ပြီး ဆဲဆိုဝေဖန်ကြတဲ့သူတွေကိုလည်း ကောင်းကောင်းမွန်မွန် တုံ့ပြန်ခဲ့တာလည်း တွေ့ရပါတယ်။

ဒီလိုအချစ်ကြီးချစ်မိနေကြတဲ့ ရွှေရွှေတို့စဲုတွဲမှာလည်း ချစ်သူရည်းစားသဘာဝ စိတ်ဆိုးစိတ်ကောက်တာလေးတွေလည်း ရှိပါတယ်။အခုလည်း ရွှေမှုန်က သူမရဲ့ My Story မှာ ”Me Sate Soe Ny Pr Ei” ဆိုတဲ့စာသားလေးနဲ့ ရွှေထူး Mask ကပ်ထားတဲ့ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။ ရွှေထူးတစ်ယောက် ချစ်သူလေးအလိုကျ စိတ်ဆိုးပြေဖို့ရာ အပြောင်ရုပ်လေးနဲ့ ချော့နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ချစ်သူကောင်မလေးစိတ်ကောက်ရင် ရယ်မောအောင်လုပ်ပြီး ချော့ပေးလိုက်ကြနော်။

Credit: MMCele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top