iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြအခိုင္အမာ ရရွိထားတဲ့ မင္းသားေခ်ာေနတိုးကေတာ့ လက္ရွိမွာ သူ႔အေနနဲ႔ ငယ္ရြယ္တဲ့ ေကာင္မေလး တစ္ေယာက္လို ဝတ္စားထားတဲ့ ပံုေတြဟာ အင္တာနက္အသံုးျပဳသူေတြၾကားမွာ ေရပန္းစားခဲ့ျပီး ခ်ီးက်ဴးမႈေတြလည္း ျပဳလုပ္ျခင္းခံေနရတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး မိန္းကေလးလို ပံုစံကို လုပ္ရတဲ့အေၾကာင္းအရင္းနဲ႔ ခံယူခ်က္ကိုေတာ့ ေနတိုးက MC နဲ႔အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ကာ သူ႔ရဲ့ အႏုပညာလႈပ္ရွားမႈေတြအေၾကာင္းကိုလည္း ေျပာၾကားသြားခဲ့ပါတယ္။

ေနတိုးကေတာ့ အင္တာဗ်ဴးတြင္ “အဓိကကေတာ့ ကြ်န္ေတာ္က အျပင္မွာလည္း အသားေရေကာင္းပါတယ္။ ေနာက္ျပီးေတာ့ ပံုမွန္အားျဖင့္ ကြ်န္ေတာ္က အရမ္းၾကီးကို ေယာက်ာ္းဆန္ေနတဲ့ ပံုလည္းမဟုတ္ဘူးေလ။ ေဘာ္ဒီအခ်ိဳးအစားကလည္း ႏွစ္ဖက္လံုးကို ဝတ္ဆင္တဲ့အခ်ိန္မွာ နည္းနည္းေလး Change လို႔ရတဲ့ ေဘာ္ဒီျဖစ္ေနတာလည္းပါပါတယ္။ ေနာက္ျပီး ဖက္ရွင္ရဲ့ ဆြဲေဆာင္မႈလည္း ပါမယ္လို႔ ထင္ပါတယ္။ ေနာက္ျပီး မင္းသက္စံတို႔က လိုခ်င္တဲ့ ပံုစံကိုသူ ဒါရိုက္တာေျပာတဲ့အတိုင္း ပထမကေတာ့ မေအးေသာင္းတို႔လိုမ်ိဳး ျမန္မာဆန္ဆန္ေလး တစ္ခုလုပ္ခ်င္တယ္ေပါ့။ ျပီးေတာ့ နည္းနည္းေလး Sexy က်က်ေလးေပါ့။ လုလုေအာင္တို႔လို ေမာ္ဒယ္ေလးေတြလို ပံုစံေလးေတြကို လုပ္မယ္ေပါ့။ ဒီဇိုင္နာေတြကလည္း အဲ့အတိုင္းလုပ္ရတာေပါ့။

အဲ့ဓါတ္ပံုေလးေတြကေတာ့ အဓိကကေတာ့ မိန္းကေလးပံုစံလိုမ်ိဳးကို လုပ္တာပါ။ ျပီးေတာ့ မိန္းကေလးလိုမ်ိဳး ဓါတ္ပံုေတြဘာေတြရိုက္ မိတ္ကပ္ေတြလိမ္းျပီး ကိုယ့္ဘာကိုယ္ သေဘာက်မိတဲ့အခိုက္အတန္႔ေလးေတြ ရွိပါတယ္။ ကိုယ့္ဘာကုိယ္ သေဘာက်မိတဲ့အခိုက္အတန္႔ဆိုတာ သူသာတကယ္မိန္းကေလး ျဖစ္ေနရင္ ငါၾကိဳက္မိရင္ ၾကိဳက္မိပါပဲဆိုတဲ့ ပံုစံမ်ိဳးေလးပါ။ မမတာတုန္းကလည္း သူ႔ကို ရုပ္ရွင္ထဲမွာ ၾကည့္တဲ့အခ်ိန္မွာ သေလာက်မိတဲ့အခိုက္အတန္႔ေလးေတြ ရွိတယ္။ အခု ဒီထဲက တာတူးဇာတ္ကားထဲမွာလည္း မိန္းကေလး ပံုစံမ်ိဳးေလးကို ေတြ႕ရတဲ့အခါမွာ ကိုယ့္ဘာကုိယ္ျပန္ျပီးေတာ့ သေဘာက်မိတာေတြ ရွိပါတယ္။ ဒီအဝတ္အစားေတြဟာ ကိုယ္ဝတ္ေနက်အဝတ္ေတြ မဟုတ္ပါဘူး။ ဒါေၾကာင့္က်ဥ္းက်ပ္မႈေတြ  အမ်ားၾကီးရွိပါတယ္။

ဒီလိုမ်ိဳးမိန္းကေလး ဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေတာ္ေတာ္မ်ားမ်ားမွာ သရုပ္ေဆာင္ဖူးျပီး ရန္ကုန္မွာက ပူေတာ့ ပိုျပီးေတာ့ ေနရခက္ပါတယ္။ မိန္းကေလးလို ဇာတ္ေကာင္မ်ိဳးနဲ႔ သရုပ္ေဆာင္ရတဲ့ အခ်ိန္မွာေတာ့ မိတ္ကပ္လိမ္းတဲ့ အခ်ိန္မွာေတာ့ သည္းခံရတာေပါ့။ ဒီကားကေတာ့ ေဖ်ာ္ေျဖေရးေပးတဲ့ ကားေလး တစ္ကားပါ။ ပရိသတ္ေတြ အပန္းေျဖလို႔ရေအာင္ လုပ္ထားတဲ့ကားျဖစ္ျပီး သူမ်ားေတြနဲ႔မတူ မရိုးအီေအာင္ရိုက္ထားတဲ့ ဇာတ္ကားေလးလည္း ျဖစ္ပါတယ္”  ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေအခိုင်အမာ ရရှိထားတဲ့ မင်းသားချောနေတိုးကတော့ လက်ရှိမှာ သူ့အနေနဲ့ ငယ်ရွယ်တဲ့ ကောင်မလေး တစ်ယောက်လို ဝတ်စားထားတဲ့ ပုံတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့ပြီး ချီးကျူးမှုတွေလည်း ပြုလုပ်ခြင်းခံနေရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး မိန်းကလေးလို ပုံစံကို လုပ်ရတဲ့အကြောင်းအရင်းနဲ့ ခံယူချက်ကိုတော့ နေတိုးက MC နဲ့အင်တာဗျူးမှာ ပြောကြားသွားခဲ့ကာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။

နေတိုးကတော့ အင်တာဗျူးတွင် “အဓိကကတော့ ကျွန်တော်က အပြင်မှာလည်း အသားရေကောင်းပါတယ်။ နောက်ပြီးတော့ ပုံမှန်အားဖြင့် ကျွန်တော်က အရမ်းကြီးကို ယောကျာ်းဆန်နေတဲ့ ပုံလည်းမဟုတ်ဘူးလေ။ ဘော်ဒီအချိုးအစားကလည်း နှစ်ဖက်လုံးကို ဝတ်ဆင်တဲ့အချိန်မှာ နည်းနည်းလေး Change လို့ရတဲ့ ဘော်ဒီဖြစ်နေတာလည်းပါပါတယ်။ နောက်ပြီး ဖက်ရှင်ရဲ့ ဆွဲဆောင်မှုလည်း ပါမယ်လို့ ထင်ပါတယ်။ နောက်ပြီး မင်းသက်စံတို့က လိုချင်တဲ့ ပုံစံကိုသူ ဒါရိုက်တာပြောတဲ့အတိုင်း ပထမကတော့ မအေးသောင်းတို့လိုမျိုး မြန်မာဆန်ဆန်လေး တစ်ခုလုပ်ချင်တယ်ပေါ့။ ပြီးတော့ နည်းနည်းလေး Sexy ကျကျလေးပေါ့။ လုလုအောင်တို့လို မော်ဒယ်လေးတွေလို ပုံစံလေးတွေကို လုပ်မယ်ပေါ့။ ဒီဇိုင်နာတွေကလည်း အဲ့အတိုင်းလုပ်ရတာပေါ့။

အဲ့ဓါတ်ပုံလေးတွေကတော့ အဓိကကတော့ မိန်းကလေးပုံစံလိုမျိုးကို လုပ်တာပါ။ ပြီးတော့ မိန်းကလေးလိုမျိုး ဓါတ်ပုံတွေဘာတွေရိုက် မိတ်ကပ်တွေလိမ်းပြီး ကိုယ့်ဘာကိုယ် သဘောကျမိတဲ့အခိုက်အတန့်လေးတွေ ရှိပါတယ်။ ကိုယ့်ဘာကိုယ် သဘောကျမိတဲ့အခိုက်အတန့်ဆိုတာ သူသာတကယ်မိန်းကလေး ဖြစ်နေရင် ငါကြိုက်မိရင် ကြိုက်မိပါပဲဆိုတဲ့ ပုံစံမျိုးလေးပါ။ မမတာတုန်းကလည်း သူ့ကို ရုပ်ရှင်ထဲမှာ ကြည့်တဲ့အချိန်မှာ သလောကျမိတဲ့အခိုက်အတန့်လေးတွေ ရှိတယ်။ အခု ဒီထဲက တာတူးဇာတ်ကားထဲမှာလည်း မိန်းကလေး ပုံစံမျိုးလေးကို တွေ့ရတဲ့အခါမှာ ကိုယ့်ဘာကိုယ်ပြန်ပြီးတော့ သဘောကျမိတာတွေ ရှိပါတယ်။ ဒီအဝတ်အစားတွေဟာ ကိုယ်ဝတ်နေကျအဝတ်တွေ မဟုတ်ပါဘူး။ ဒါကြောင့်ကျဉ်းကျပ်မှုတွေ  အများကြီးရှိပါတယ်။

ဒီလိုမျိုးမိန်းကလေး ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတော်တော်များများမှာ သရုပ်ဆောင်ဖူးပြီး ရန်ကုန်မှာက ပူတော့ ပိုပြီးတော့ နေရခက်ပါတယ်။ မိန်းကလေးလို ဇာတ်ကောင်မျိုးနဲ့ သရုပ်ဆောင်ရတဲ့ အချိန်မှာတော့ မိတ်ကပ်လိမ်းတဲ့ အချိန်မှာတော့ သည်းခံရတာပေါ့။ ဒီကားကတော့ ဖျော်ဖြေရေးပေးတဲ့ ကားလေး တစ်ကားပါ။ ပရိသတ်တွေ အပန်းဖြေလို့ရအောင် လုပ်ထားတဲ့ကားဖြစ်ပြီး သူများတွေနဲ့မတူ မရိုးအီအောင်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်”  ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top