iMyanmarHouse.com - Best Property Website for Myanmar
×

သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းဟာ အလြန္အသံုးမ်ားလာပါတယ္။ T ပံုသဏၭာန္ရွိၿပီး ေကာ့ပါး သို႔မဟုတ္ ေဟာ္မုန္း ပါဝင္တဲ့ ပလတ္စတစ္ပစၥည္း ေသးေသးေလး ျဖစ္ပါတယ္။ ဒီပစၥည္းေလးကို သားအိမ္ထဲထည့္ထားၿပီး ပလတ္စတစ္ႀကိဳး အဖ်ားေလးကို သားအိမ္ေခါင္းကေနတစ္ဆင့္ မိန္းမကိုယ္ထဲ ခ်ထားရပါတယ္။

သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း ၂ မ်ိဳး ရွိပါတယ္။ ေကာ့ပါးနဲ႔ ျပဳလုပ္ထားတဲ့ သေႏၶတားပစၥည္းဟာ အသံုးျပဳတဲ့ အမ်ိဳးအစားေပၚလိုက္ၿပီး ၃ ႏွစ္မွ ၁၀ ႏွစ္ထိ ခံနိုင္ၿပီး ေဟာ္မုန္းအမ်ိဳးအစားကေတာ့ အသံုးျပဳတဲ့အမ်ိဳးအစားေပၚ မူတည္ၿပီး ၃ ႏွစ္မွ ၅ ႏွစ္ထိ ခံပါတယ္။ ႏွစ္မ်ိဳးလံုးဟာ အမ်ိဳးသားသုတ္ေကာင္ကို ေသေစနိုင္ၿပီး သားအိမ္အတြင္းသားမွာ သားဥ လာကပ္မတြယ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ေဟာ္မုန္းပါတဲ့ အမ်ိဳးအစားကေတာ့ ဓမၼတာ ေသြးဆင္းျခင္းနဲ႔ ဗိုက္ေအာင့္ျခင္းတို႔ကိုပါ သက္သာေစႏိုင္ပါေသးတယ္။

ကိုယ္ဝန္ေဆာင္ဖူးသူေတြမွာ ပိုအဆင္ေျပၿပီး ကိုယ္ဝန္မေဆာင္ဖူးသူေတြမွာ ထည့္ရ ခက္တာ၊ ထည့္ၿပီး အလြန္ကိုက္ခဲ နာက်င္တာမ်ိဳး ျဖစ္နိုင္ပါတယ္။

ထည့္ၿပီးေနာက္ ရက္ခ်ိန္းျပန္ျပဖို႔ အေရးႀကီးပါတယ္။ ျပႆနာတစ္ခုခု ျဖစ္လာရင္ ဆရာဝန္၊ ဆရာမေတြနဲ႔ တိုင္ပင္ျပသပါ။

 အိမ္မွာ ဘာလုပ္သင့္သလဲ?

၁ ရက္၊ ၂ ရက္ခန္႔ အနည္းငယ္ ဗိုက္ေအာင့္ျခင္း၊ ေသြးဆင္းျခင္းျဖစ္တတ္ၿပီး အနာသက္သာေအာင္ ဗိုက္ေပၚ အပူကပ္ေပးနိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆးေတြလည္း ေသာက္နိုင္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆးကို ၂ လံုး၊ ၃ လံုး တစ္ၿပိဳင္နက္ေသာက္ျခင္းကိုေတ့ာ ေရွာင္ေပးပါ။

ရာသီလာၿပီးတိုင္း မိန္းမကိုယ္ထဲ လက္ေခ်ာင္းတစ္ေခ်ာင္းထည့္ၿပီး သားအိမ္ေခါင္းအဝမွာ သားအိမ္တြင္းထည့္ပစၥည္းႀကိဳးစေလး ရွိ၊ မရွိ စမ္းၾကည့္ပါ။ စမ္းမမိရင္ သေႏၶတားေဆး ေနာက္တစ္မ်ဳိးသံုးၿပီး ဆရာဝန္နဲ႔ အျမန္ဆံုး ျပသပါ။

သားအိမ္ထဲထည့္ သေႏၶတားပစၥည္း ထြက္က်လာခဲ့ရင္ သိမ္းထားၿပီး ဆရာဝန္နဲ႔ ျပသပါ။ ၾကားထဲ သေႏၶတားေဆး ေနာက္တစ္မ်ိဳး သံုးေပးပါ။

 ဒီပစၥည္းေတြဟာ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြကို မကာကြယ္နိုင္တဲ့အတြက္ ကြန္ဒံုး သံုးေပးသင့္ပါတယ္။ တစ္လင္တစ္မယားစနစ္ က်င့္သံုးျခင္းဟာ ကူးစက္ေရာဂါေတြ ကာကြယ္ဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။

ဘယ္အခ်ိန္မွာ အေရးေပၚ ေခၚသင့္သလဲ?

●        သတိမူးေမ့လဲသြားျခင္း

●        ခါးေအာက္ပိုင္းမွာ ႐ုတ္တရက္ နာက်င္လာျခင္း

ဆရာဝန္နဲ႔ ဘယ္အခ်ိန္မွာ ျပသသင့္သလဲ?

●        အလြန္အမင္း ဗိုက္ေအာင့္ျခင္း၊ ခ်က္ေအာက္ပိုင္း ကိုက္ခဲျခင္း

●        ေသြးဆင္းမ်ားျခင္း (ႏွစ္နာရီျခားတစ္ခါေလာက္ လစဥ္သံုးပစၥည္း Pad လဲရျခင္း)

●        ေခါင္းမူးၿပီး မူးလဲမလိုျဖစ္ျခင္း

●        ဖ်ားျခင္း၊ ခါးေအာက္ပိုင္း နာက်င္ျခင္း၊ အျဖဴဆင္းျခင္း

●        ခါးေအာက္ပိုင္း နာက်င္ျခင္း ပိုပိုဆိုးလာျခင္း

●        ႀကိဳးစေလး စမ္းမမိေတာ့ျခင္း၊ ထြက္က်လာျခင္း

●        ဗိုက္ေအာင့္ျခင္း၊ အန္ျခင္း

●        ကိုယ္ဝန္ရွိေနသည္ဟု သံသယရွိျခင္း။

Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဟာ အလွန်အသုံးများလာပါတယ်။ T ပုံသဏ္ဌာန်ရှိပြီး ကော့ပါး သို့မဟုတ် ဟော်မုန်း ပါဝင်တဲ့ ပလတ်စတစ်ပစ္စည်း သေးသေးလေး ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို သားအိမ်ထဲထည့်ထားပြီး ပလတ်စတစ်ကြိုး အဖျားလေးကို သားအိမ်ခေါင်းကနေတစ်ဆင့် မိန်းမကိုယ်ထဲ ချထားရပါတယ်။

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ၂ မျိုး ရှိပါတယ်။ ကော့ပါးနဲ့ ပြုလုပ်ထားတဲ့ သန္ဓေတားပစ္စည်းဟာ အသုံးပြုတဲ့ အမျိုးအစားပေါ်လိုက်ပြီး ၃ နှစ်မှ ၁၀ နှစ်ထိ ခံနိုင်ပြီး ဟော်မုန်းအမျိုးအစားကတော့ အသုံးပြုတဲ့အမျိုးအစားပေါ် မူတည်ပြီး ၃ နှစ်မှ ၅ နှစ်ထိ ခံပါတယ်။ နှစ်မျိုးလုံးဟာ အမျိုးသားသုတ်ကောင်ကို သေစေနိုင်ပြီး သားအိမ်အတွင်းသားမှာ သားဥ လာကပ်မတွယ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဟော်မုန်းပါတဲ့ အမျိုးအစားကတော့ ဓမ္မတာ သွေးဆင်းခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကိုပါ သက်သာစေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်ဖူးသူတွေမှာ ပိုအဆင်ပြေပြီး ကိုယ်ဝန်မဆောင်ဖူးသူတွေမှာ ထည့်ရ ခက်တာ၊ ထည့်ပြီး အလွန်ကိုက်ခဲ နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။

ထည့်ပြီးနောက် ရက်ချိန်းပြန်ပြဖို့ အရေးကြီးပါတယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင် ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပြသပါ။

 အိမ်မှာ ဘာလုပ်သင့်သလဲ?

၁ ရက်၊ ၂ ရက်ခန့် အနည်းငယ် ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်းဖြစ်တတ်ပြီး အနာသက်သာအောင် ဗိုက်ပေါ် အပူကပ်ပေးနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေလည်း သောက်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးကို ၂ လုံး၊ ၃ လုံး တစ်ပြိုင်နက်သောက်ခြင်းကိုတေ့ာ ရှောင်ပေးပါ။

ရာသီလာပြီးတိုင်း မိန်းမကိုယ်ထဲ လက်ချောင်းတစ်ချောင်းထည့်ပြီး သားအိမ်ခေါင်းအဝမှာ သားအိမ်တွင်းထည့်ပစ္စည်းကြိုးစလေး ရှိ၊ မရှိ စမ်းကြည့်ပါ။ စမ်းမမိရင် သန္ဓေတားဆေး နောက်တစ်မျိုးသုံးပြီး ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

သားအိမ်ထဲထည့် သန္ဓေတားပစ္စည်း ထွက်ကျလာခဲ့ရင် သိမ်းထားပြီး ဆရာဝန်နဲ့ ပြသပါ။ ကြားထဲ သန္ဓေတားဆေး နောက်တစ်မျိုး သုံးပေးပါ။

 ဒီပစ္စည်းတွေဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံး သုံးပေးသင့်ပါတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဟာ ကူးစက်ရောဂါတွေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဘယ်အချိန်မှာ အရေးပေါ် ခေါ်သင့်သလဲ?

●        သတိမူးမေ့လဲသွားခြင်း

●        ခါးအောက်ပိုင်းမှာ ရုတ်တရက် နာကျင်လာခြင်း

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်သလဲ?

●        အလွန်အမင်း ဗိုက်အောင့်ခြင်း၊ ချက်အောက်ပိုင်း ကိုက်ခဲခြင်း

●        သွေးဆင်းများခြင်း (နှစ်နာရီခြားတစ်ခါလောက် လစဉ်သုံးပစ္စည်း Pad လဲရခြင်း)

●        ခေါင်းမူးပြီး မူးလဲမလိုဖြစ်ခြင်း

●        ဖျားခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်း၊ အဖြူဆင်းခြင်း

●        ခါးအောက်ပိုင်း နာကျင်ခြင်း ပိုပိုဆိုးလာခြင်း

●        ကြိုးစလေး စမ်းမမိတော့ခြင်း၊ ထွက်ကျလာခြင်း

●        ဗိုက်အောင့်ခြင်း၊ အန်ခြင်း

●        ကိုယ်ဝန်ရှိနေသည်ဟု သံသယရှိခြင်း။

Credit: Dr. Emerald (drmyanmar)c
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top