iMyanmarHouse.com - Best Property Website for Myanmar
×







Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ဒါရိုက်တာမိုက်တီးဟာ သြဂုတ်လ (၁၆)ရက်နေ့ ညပိုင်းက စိတ်ကြွဆေးပြားတွေနဲ့ အတူ အဖမ်းခံခဲ့ရပြီး အဆိုပါ အဖမ်းခံရမှုဟာ ရိုးရိုးသားသား မဟုတ်ဘဲ လုပ်ကြံမှုတွေရှိနေခဲ့ပါတယ် ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသတင်းတွေထဲမှာ အဆိုတော် လီလီနိုင်ကျော်လဲ ပါသလို ၊ မင်းသမီး ဟန်နီထွန်းတို့ ပါဝင်နေပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။ စတင်ထွက်ပေါ်လာခဲ့တဲ့ သတင်းကတော့ ဒါရိုက်တာမိုက်တီး အဖမ်းခံရတာဟာ အဆိုတော်လီလီနိုင်ကျော်တိုင်တန်းမှုကြောင့် ပါဆိုကာ မိုက်တီးရဲ့ ပရိသတ်တွေက ဆဲဆိုနေကြတာတွေလဲ ရှိပါတယ်။

အဲ့ဒီလို ဝေဖန်တိုက်ခိုက်သူတွေကို ထိရောက်လွန်းတဲ့ စာသားတစ်ချို့ တုန့်ပြန်လိုက်ပါတယ်။ သူမပြောခဲ့တာကတော့ ” ရဲက မော်တော်ယာဉ်ပူးပေါင်း စစ်ဆေးရာ လို့ တရားဝင်ပြော ထားတာကို မင်းသမီး ဟန်နီထွန်းက LLNK သတင်းပေးလို့ပါတဲ့ ၊ ဒါကို USA က သူတောင်းစားက သံယောင်လိုက်ပြီးဖွတယ်။ အေး နင်တို့အားလုံး မှတ်ထား ငါက ရဲတော့သတင်းပေးမနေဘူး တခါ ထဲ ဖမ်းချုပ်ပြီးဆေးဖြတ်ခိုင်းပစ်မှာ မိုးကြိုးပစ် ထန်းလျှက်နဲ့ကာမနေကြနဲ့ ” ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားခဲ့ ပါတယ်။

အဲ့ဒီစာမတိုင်ခင်မှာလဲ ” နံနက်ခင်းအဆဲအစီမြန်မာနိုင်ငံ ရှိအောက်တန်းစား မဲတူစွေစောင်း ကပ်တီးမူးလဲ၏သတင်းပေးချက်အရ ဂျပန်နိုင်ငံ လင်တရူး သတင်းဌာနမှ ဒါရိုက်တာကြီး၏ကြယ်သီး ကိစ္စသည်မြန်မာ Angel တစ်ဦးမှ သတင်းပေးပြီး သိန်း၃၀ဆုငွေ ရရှိသွားကြောင်း မဟုတ်မမှန် လုပ်ကြံပြောဆိုကြေငြာသွားပြီးသူတို့် လေးစားသော ခေါင်းဆောင်၏ မျက်နှာအားအိုးမဲသုတ်သွားကြပါသည်။စောတီးပါ အန်တီ အန်တီ့ကို ဝိုင်းရံနေသောသူများမှာ ယခုလိုဗရမ်းဗတာ များဖြစ်ကြောင်းအထူး သတိချပ်သင့်ပါသည် ” လို့ ရေးသားထား တာတွေလဲ ရှိပါတယ်။

ဒါ့အပြင် သြဂုတ်လ (၁၈)ရက်နေ့ကလဲ မင်းသမီး ဟန်နီထွန်းနဲ့ ပတ်သက်တဲ့ စာသားတစ်ချို့ ကို ဒေါသတကြီးနဲ့ ဖော်ပြထားပါသေးတယ် ။ သူမရေးသားထားတာကတော့ ” ဟဲ့ ဟန်နီထွန်း သတင်းပေးလို့ချီးမြှင့် ဆုငွေ သိန်း၃၀ ဘယ်မှာသွားထုတ်ရမှာလဲ ဗြောင်လိမ်ဗြောင်စားမရေ ” ဆိုကာ ရေးသားထားပါတယ်။

ဒါရိုက်တာမိုက်တီးဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ သြဂုတ်လ (၁၆)ရက်နေ့ည(၁၁)ခန့် တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူမောင်းနှင်လာတဲ့ MAZDA DEMIO အမျိုးအစား အစိမ်းနုရောင် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား(၁၇)ပြား၊အလေးချိန် ၁.၇ ဂရမ်ခန့်ပါ တစ်ထုတ်၊ အစိမ်းရောင် အဖုံးပါ ကော်ဗူးငယ်အတွင်းထည့်လျှက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား(၉)ပြား၊ အလေးချိန် ဝ.၉ ဂရမ်ခန့်ပါ တစ်ဗူး၊ စုစုပေါင်း စိတ်ကြွဆေးပြား ၂၆ ပြားတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Source – Lily Naing Kyaw’s fb

Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top