iMyanmarHouse.com - Best Property Website for Myanmar
×

အရိုးအဆစ္သန္မာခ်င္ရင္ ၊ က်န္းမာခ်င္ရင္ ေန႕စဥ္ႏို႔တစ္ခြက္ေသာက္ပါ ။ အဲစကားစု ေလးက ႏြားႏို႔ ၾကိဳက္တဲ့သူေတြ အတြက္ ဝမ္းသားစရာပဲေနာ္။ ဒါဆို ႏြားႏုိ႔နဲ႕ မတည့္တဲ့သူ ႏြားႏို႔ေသာက္ရတာ မၾကိဳက္တဲ့ သူေတြအတြက္ ေရာ။  သူတို႔ေတြ အတြက္ ႏြားႏုိ္႔ေနရာမွာ အစားထိုးေသာက္လို႔ရတဲ့ အရာတစ္ခု ရွိေနပါတယ္။အဲ ဒါကေတာ့ ပဲႏို႔။ ခုေနာက္ပိုင္း ေစ်းကြက္ထဲမွာ တြင္က်ုယ္စြာေရာင္းခ်ေနၾကျပီး လူတိုင္းနီးပါး ႏွစ္သက္စြာေသာက္ေနၾကေသာ အစားအစာတစ္ခု။  ႏို႔ႏွင့္ ႏို႔ထြက္ ပစၥည္းေတြနဲ႔ မတည့္သူေတြ အတြက္ ေရြးခ်ယ္စရာတစ္ခု။ ႏို႔လိုပဲ အာဟာရဓာတ္ေတြၾကြယ္ဝလို႔ က်ုန္းမားေရးအတြက္အေထာက္အကူျပဳ လူၾကိဳက္မ်ား ေသာက္လို႔ေကာင္းေနတဲ့ ပဲႏို႔ မွာ ဘာေကာင္းက်ိဳးေတြ ရွိသလဲ။  ပဲႏို႔  ေသာက္ျခင္းက ဆိုးက်ိဳးေတြေရာ ျဖစ္ေစႏိုင္လားဆိုတာ သိခ်င္ၾကမယ္ထင္လို႔ ပဲႏို႔ရဲ႕ကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ ကို ေျပာျပေပးခ်င္ပါတယ္။

ပဲႏို႔၏ ေကာင္းက်ိုးမ်ား။
လက္တို႔စ္ (lactose) ဓာတ္မပါျခင္း။

ႏြားႏို႔မွာ လက္တို႔စ္ (lactose) လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳး ၾကြယ္ဝစြာပါဝင္ပါတယ္။ အဲ့ လက္တို႔စ္ (lactose) ဓာတ္ကို တည့္တဲ့သူ ေတြ ရွိသလို မတည့္တဲ့ သူေတြလည္္း အမ်ားၾကီးပါ။ ပံုမွန္လူေတြအတြက္ေတာ ့ကိစၥမရွိေပမယ္ ့မတည့္သူေတြ အတြက္ကေတာ့ ႏြားႏို႔ေသာက္လိုက္တိုင္း ပါလာတဲ ့ လက္တို႔စ္ (lactose) ကို ကိုယ္ခႏၶာက မေခ်ဖ်က္ႏုိင္ဘဲ ႏုိ႔ေသာက္တုိငး္ ဝမ္းေလွ်ာတာ၊ ပ်ိဳ ႔ အန္တာ၊ ဗိုက္ေအာင့္တာ ၊ ေလထိုးေလေအာင့္ တာေတြ ျဖစ္တတ္ပါတယ္။ ႏို႔က ရတဲ့ အာဟာရေတြကိုလိုခ်င္ေပမယ့္ မတည့္ေတာ့ စိတ္ညစ္ရတာေပါ့ ။ ဝမ္းသာစရာတစ္ခုကေတာ့ ပဲႏို႔ရွိေနျခင္းျဖစ္ပါတယ္။  ပဲႏို႔မွာလညး္ ႏြားႏုိ႔လိုပဲ အာဟာရဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ျပီး လက္တို႔စ္ (lactose) ဓာတ္လည္း မပါဝင္တာေၾကာင့္ ပဲႏို႔ဟာ ႏြားႏို႔နဲ႔ မတည့္တဲ့ သူေတြ အတြက္ ေရြးခ်ယ္စရာ တစ္ခုပါ။
ကိုယ္ခႏၶာ အတြက္ လိုအပ္ေသာ ပရိုတင္းဓာတ္မ်ား ၾကြယ္ဝစြာပါျခင္း။

ကိုယ္ခႏၶာ အတြက္ ပရိုတင္းဓာတ္ ျပည့္ဝစြာလိုခ်င္ရင္ေတာ့ ေန႔တုိင္းစားတဲ့ အစားအေသာက္ေတြထဲမွာ ပဲႏုိ႔ကိုလညး္ တစ္စိတ္တစ္ပိုင္းအျဖစ္ ထည့္လို႔ရပါတယ္။ ပဲႏို႔မွာ အသားဓာတ္ပရိုတင္းမဟုတ္ဘဲ အပင္ကရတဲ့ ပရိုတင္းဓာတ္ေတြ ၾကြယ္ဝစြာပါပါတယ္။ ပရိုတင္းပါတယ္ဆိုမွေတာ့ အမိုင္ႏိုအက္ဆစ္ (amino acid) ၉ မ်ိဳးလညး္ ပါတာပဲမို႔ ပဲႏို႔ေသာက္လိုက္ရင္ ကိုယ္ခႏၶာ ခုခံအားကို တက္ေစျပီး အားအင္ျပည့္ဝေစပါတယ္။ သၾကားမပါတဲ့ ႔ ပဲႏို႔တစ္ခြက္မွာ ပရိုတင္း ၇ ဂရမ္ပါပါတယ္။ က်န္းမာခ်င္သူတိုင္း ေသာက္သင့္တဲ့ အစားအစာ တစ္ခုေနာ္။
ကယ္လ္စီယမ္ ႏွင့္ သံဓာတ္မ်ား ပါဝင္ျခင္း။

ေန႔စဥ္စားေသာက္တဲ့ အစားအစာေတြထဲမွာ ကယ္လ္စီယမ္ၾကြယ္ဝတဲ့ အစားအစာေတြ သိပ္မပါဘူးဆိုရင္ လိုအပ္တဲ့ ကယ္လ္စီယမ္ဓာတ္ ကို  အရိုးေတြထဲကေန ကိုယ္ခႏၶာ က ယူမွာျဖစ္လို႔ အခ်ိန္ၾကာလာတာနဲ႔ အရိုးအတြက္ အာဟာရဓာတ္ေတြ ေလၽာ႔နည္းလာျပီး အရိုးသန္မာျခင္းေတြ ေပ်ာက္ဆံုးလာမွာ ျဖစ္ပါတယ္။ အရိုးကိုယ္တိုင္ကလညး္ ကယ္လ္စီယမ္ကိုလိုအပ္ပါတယ္။ သၾကားမပါတဲ့ ပဲႏို႔တစ္ခြက္မွာ ကယ္လ္စီယမ္ ၂၉၉ မီလီဂရမ္ပါလို႔ ေန႔စဥ္ စားသင့္တဲ့ ကယ္လ္စီယမ္ဓာတ္ရဲ ႔ ၃၀% ပဲႏို႔မွာပါပါတယ္။ အဲေတာ့ ကယ္လ္စီယမ္ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြလညး္စား ပဲႏို႔ေလးလည္းေသာက္မယ္ဆို သင္ေရာ သင့္အရိုးေရာ က်န္းမာသန္စြမ္းေနမွာျဖစ္ပါတယ္။ ပဲႏုိ႔မွာ ပါဝင္တဲ့ သံဓာတ္ကလညး္ ေသြးနီဥေလးေတြကို ေကာင္းေကာင္း အာဟာရျပည့္ေစလို႔ ေသြးနီဥေလးေတြ သယ္သြားေပးတဲ့ ေအာက္စီဂ်င္ကို ကိုယ္တြင္းဆဲလ္ေတြ အားလံုးျပည့္ဝစြာရၾကပါတယ္။ သၾကားမပါတဲ့ ပဲႏုိ႔တစ္ခြက္မွာ သံဓာတ္ ၁.၁ မီလီဂရမ္ပါလို႔ အမ်ိဳးသား  အမ်ိဳးသမီးေရာ ေန႔စဥ္ လိုအပ္တဲ့ သံဓာတ္ရဲ ႔ ၁၄ % ႏွင့္ ၆ % အသီးသီးစီ ပါပါတယ္။
Riboflavin and Vitamin B-12 ေတြလညး္ ပါပါတယ္။

ပဲႏို႔မွာပါဝင္တဲ႔ ဗီတာမင္ ဘီ အုပ္စု အထူးသျဖင့္ Riboflavin နဲ ႔ Vitamin B-12 က အာရံုေၾကာ စနစ္ကို အားျဖည့္ေပးျပီး ဆဲလ္ေတြ မွာရွိတဲ့ DNA  ထိခိုက္ျခင္းကို ကာကြယ္ေပးပါတယ္။ ပဲႏို႔တစ္ခြက္မွာ Riboflavin ၀.၅၁ မီလီဂရမ္ပါလို႔  အမ်ိုးသားေတြ လိုအပ္တဲဲ့ Riboflavin ရဲ ႔ ၃၉% နဲ ့အမ်ိဳးသမီးေတြ လိုအပ္တဲ့ Riboflavin ရဲ႕  ၄၆% ပါပါတယ္။
ဆိုးက်ိဳးမ်ား

ေကာင္းတာေတြ ျပီးေတာ့ ဆုိးတာေတြ လာျပီေပါ့။ အေကာင္းအဆိုးဆိုတာ အျမဲ ဒြန္တြဲေနတာ မဟုတ္လား။
လက္ရွိ ရင္သားကင္ဆာျဖစ္ေနေသာ အမ်ိဳးသမီးမ်ား မေသာက္သင့္ပါ။

ပဲႏို႔မွာ အီစတုိဂ်င္နဲ႔ ဆင္တူတဲ့ ေဟာ္မုန္းတစ္မ်ိဳးပါလို႔ ရင္သားကင္ဆာျဖစ္ေနတဲ ့အမ်ိဳးသမီးေတြ မေသာက္သင့္ပါ။ ပဲႏို႔ေသာက္ရင္ ရင္သားကင္ဆာျဖစ္ႏိုင္တာ မဟုတ္ပါ။ ပဲႏို႔က လက္ရွိျဖစ္ေနတဲ့ ရင္သားကင္ဆာကို ပိုဆုိးႏုိင္ေစတာပါ။ ေလ့လာမႈ ေတြ ထပ္ လုပ္ဖို႔ေတာ့ လိုအပ္ေသးတာေပါ့။
သၾကားဓာတ္မ်ားစြာပါျခင္း။

ေသာက္လို႕ေကာင္းေအာင္ ထုတ္ထားတဲ ့ပဲႏုိ႔ေတြမွာ သၾကားဓာတ္မ်ားစြာ ပါဝင္တတ္လို႕  ဝိတ္ေလွ်ာ႔ေနသူေတြ ၊ ဆီးခ်ိဳရွိေနတဲ့သူေတြ မေသာက္သင့္ပါ။ ပဲႏို႕ကို ဆိုးက်ိဳးကင္းကင္းေသာက္ခ်င္ရင္ေတာ့ sugar free  သၾကားမပါတာေတြကို ပဲ ေရြးခ်ယ္ေသာက္သင့္ပါတယ္။
အစာအိမ္ေလထျခင္းကိုျဖစ္ေစတယ္။

ပဲတုိ႔ရဲ ႔ ထံုးစံအတိုင္း မ်ားမ်ားစားလိုက္ရင္ေလပြျခင္း ျဖစ္တတ္သလို ပဲႏို႕မ်ားမ်ားေသာက္လိုက္ရင္လည္း ေလပြကာ ေလထိုးေလေအာင့္ျခင္းေတြ  ျဖစ္ႏုိ္င္ပါတယ္။
အျဖစ္နည္းတတ္တဲ့ ဆုိးက်ိဳးေတြကေတာ့

ပဲႏို႔ကို ငယ္ငယ္ေလးထဲက စြဲျမဲစြာ ေသာက္လာ ခဲ့မယ္ဆိုရင္ သိုင္းရိြဳက္ဂလင္း ေရာဂါမ်ား၊ မ်ိဳးပြားအဂါၤေရာဂါမ်ားလညး္ျဖစ္တတ္ပါေသးတယ္။ အင္မတန္မွေတာ ့အျဖစ္နည္းပါတယ္။

ဒါေၾကာင့္ ကိုယ့္မွာရွိေနတဲ့ က်န္းမာေရး အေျခအေနကို ခ်ိန္ဆျပီး ပဲႏိုရဲ ႔ ေကာင္းက်ိဳးဆိုးက်ိဳးေတြကို ခ်င့္ခ်ိန္ကာ ေသာက္ျခင္းျဖင့္ က်န္းမာသန္စြမ္းေသာ ဘဝတစ္ခု ပို္င္ဆိုင္ႏိုင္ၾကပါေစ။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အရိုးအဆစ်သန်မာချင်ရင် ၊ ကျန်းမာချင်ရင် နေ့စဉ်နို့တစ်ခွက်သောက်ပါ ။ အဲစကားစု လေးက နွားနို့ ကြိုက်တဲ့သူတွေ အတွက် ဝမ်းသားစရာပဲနော်။ ဒါဆို နွားနို့နဲ့ မတည့်တဲ့သူ နွားနို့သောက်ရတာ မကြိုက်တဲ့ သူတွေအတွက် ရော။  သူတို့တွေ အတွက် နွားနို့်နေရာမှာ အစားထိုးသောက်လို့ရတဲ့ အရာတစ်ခု ရှိနေပါတယ်။အဲ ဒါကတော့ ပဲနို့။ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ တွင်ကျုယ်စွာရောင်းချနေကြပြီး လူတိုင်းနီးပါး နှစ်သက်စွာသောက်နေကြသော အစားအစာတစ်ခု။  နို့နှင့် နို့ထွက် ပစ္စည်းတွေနဲ့ မတည့်သူတွေ အတွက် ရွေးချယ်စရာတစ်ခု။ နို့လိုပဲ အာဟာရဓာတ်တွေကြွယ်ဝလို့ ကျုန်းမားရေးအတွက်အထောက်အကူပြု လူကြိုက်များ သောက်လို့ကောင်းနေတဲ့ ပဲနို့ မှာ ဘာကောင်းကျိုးတွေ ရှိသလဲ။  ပဲနို့  သောက်ခြင်းက ဆိုးကျိုးတွေရော ဖြစ်စေနိုင်လားဆိုတာ သိချင်ကြမယ်ထင်လို့ ပဲနို့ရဲ့ကာင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးချင်ပါတယ်။
ပဲနို့၏ ကောင်းကျိုးများ။
လက်တို့စ် (lactose) ဓာတ်မပါခြင်း။

နွားနို့မှာ လက်တို့စ် (lactose) လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ လက်တို့စ် (lactose) ဓာတ်ကို တည့်တဲ့သူ တွေ ရှိသလို မတည့်တဲ့ သူတွေလည်း အများကြီးပါ။ ပုံမှန်လူတွေအတွက်တော့ကိစ္စမရှိပေမယ့်မတည့်သူတွေ အတွက်ကတော့ နွားနို့သောက်လိုက်တိုင်း ပါလာတဲ့ လက်တို့စ် (lactose) ကို ကိုယ်ခန္ဓာက မချေဖျက်နိုင်ဘဲ နို့သောက်တိုင်း ဝမ်းလျှောတာ၊ ပျို့ အန်တာ၊ ဗိုက်အောင့်တာ ၊ လေထိုးလေအောင့် တာတွေ ဖြစ်တတ်ပါတယ်။ နို့က ရတဲ့ အာဟာရတွေကိုလိုချင်ပေမယ့် မတည့်တော့ စိတ်ညစ်ရတာပေါ့ ။ ဝမ်းသာစရာတစ်ခုကတော့ ပဲနို့ရှိနေခြင်းဖြစ်ပါတယ်။  ပဲနို့မှာလည်း နွားနို့လိုပဲ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး လက်တို့စ် (lactose) ဓာတ်လည်း မပါဝင်တာကြောင့် ပဲနို့ဟာ နွားနို့နဲ့ မတည့်တဲ့ သူတွေ အတွက် ရွေးချယ်စရာ တစ်ခုပါ။
ကိုယ်ခန္ဓာ အတွက် လိုအပ်သော ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါခြင်း။

ကိုယ်ခန္ဓာ အတွက် ပရိုတင်းဓာတ် ပြည့်ဝစွာလိုချင်ရင်တော့ နေ့တိုင်းစားတဲ့ အစားအသောက်တွေထဲမှာ ပဲနို့ကိုလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်လို့ရပါတယ်။ ပဲနို့မှာ အသားဓာတ်ပရိုတင်းမဟုတ်ဘဲ အပင်ကရတဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါပါတယ်။ ပရိုတင်းပါတယ်ဆိုမှတော့ အမိုင်နိုအက်ဆစ် (amino acid) ၉ မျိုးလည်း ပါတာပဲမို့ ပဲနို့သောက်လိုက်ရင် ကိုယ်ခန္ဓာ ခုခံအားကို တက်စေပြီး အားအင်ပြည့်ဝစေပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ပရိုတင်း ၇ ဂရမ်ပါပါတယ်။ ကျန်းမာချင်သူတိုင်း သောက်သင့်တဲ့ အစားအစာ တစ်ခုနော်။
ကယ်လ်စီယမ် နှင့် သံဓာတ်များ ပါဝင်ခြင်း။

နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ သိပ်မပါဘူးဆိုရင် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ကို  အရိုးတွေထဲကနေ ကိုယ်ခန္ဓာ က ယူမှာဖြစ်လို့ အချိန်ကြာလာတာနဲ့ အရိုးအတွက် အာဟာရဓာတ်တွေ လျော့နည်းလာပြီး အရိုးသန်မာခြင်းတွေ ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။ အရိုးကိုယ်တိုင်ကလည်း ကယ်လ်စီယမ်ကိုလိုအပ်ပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ကယ်လ်စီယမ် ၂၉၉ မီလီဂရမ်ပါလို့ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ဓာတ်ရဲ့ ၃၀% ပဲနို့မှာပါပါတယ်။ အဲတော့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလည်းစား ပဲနို့လေးလည်းသောက်မယ်ဆို သင်ရော သင့်အရိုးရော ကျန်းမာသန်စွမ်းနေမှာဖြစ်ပါတယ်။ ပဲနို့မှာ ပါဝင်တဲ့ သံဓာတ်ကလည်း သွေးနီဥလေးတွေကို ကောင်းကောင်း အာဟာရပြည့်စေလို့ သွေးနီဥလေးတွေ သယ်သွားပေးတဲ့ အောက်စီဂျင်ကို ကိုယ်တွင်းဆဲလ်တွေ အားလုံးပြည့်ဝစွာရကြပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ သံဓာတ် ၁.၁ မီလီဂရမ်ပါလို့ အမျိုးသား  အမျိုးသမီးရော နေ့စဉ် လိုအပ်တဲ့ သံဓာတ်ရဲ့ ၁၄ % နှင့် ၆ % အသီးသီးစီ ပါပါတယ်။
Riboflavin and Vitamin B-12 တွေလည်း ပါပါတယ်။

ပဲနို့မှာပါဝင်တဲ့ ဗီတာမင် ဘီ အုပ်စု အထူးသဖြင့် Riboflavin နဲ့ Vitamin B-12 က အာရုံကြော စနစ်ကို အားဖြည့်ပေးပြီး ဆဲလ်တွေ မှာရှိတဲ့ DNA  ထိခိုက်ခြင်းကို ကာကွယ်ပေးပါတယ်။ ပဲနို့တစ်ခွက်မှာ Riboflavin ဝ.၅၁ မီလီဂရမ်ပါလို့  အမျိုးသားတွေ လိုအပ်တဲ့ Riboflavin ရဲ့ ၃၉% နဲ့အမျိုးသမီးတွေ လိုအပ်တဲ့ Riboflavin ရဲ့  ၄၆% ပါပါတယ်။
ဆိုးကျိုးများ

ကောင်းတာတွေ ပြီးတော့ ဆိုးတာတွေ လာပြီပေါ့။ အကောင်းအဆိုးဆိုတာ အမြဲ ဒွန်တွဲနေတာ မဟုတ်လား။
လက်ရှိ ရင်သားကင်ဆာဖြစ်နေသော အမျိုးသမီးများ မသောက်သင့်ပါ။

ပဲနို့မှာ အီစတိုဂျင်နဲ့ ဆင်တူတဲ့ ဟော်မုန်းတစ်မျိုးပါလို့ ရင်သားကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေ မသောက်သင့်ပါ။ ပဲနို့သောက်ရင် ရင်သားကင်ဆာဖြစ်နိုင်တာ မဟုတ်ပါ။ ပဲနို့က လက်ရှိဖြစ်နေတဲ့ ရင်သားကင်ဆာကို ပိုဆိုးနိုင်စေတာပါ။ လေ့လာမှု တွေ ထပ် လုပ်ဖို့တော့ လိုအပ်သေးတာပေါ့။
သကြားဓာတ်များစွာပါခြင်း။

သောက်လို့ကောင်းအောင် ထုတ်ထားတဲ့ပဲနို့တွေမှာ သကြားဓာတ်များစွာ ပါဝင်တတ်လို့  ဝိတ်လျှော့နေသူတွေ ၊ ဆီးချိုရှိနေတဲ့သူတွေ မသောက်သင့်ပါ။ ပဲနို့ကို ဆိုးကျိုးကင်းကင်းသောက်ချင်ရင်တော့ sugar free  သကြားမပါတာတွေကို ပဲ ရွေးချယ်သောက်သင့်ပါတယ်။
အစာအိမ်လေထခြင်းကိုဖြစ်စေတယ်။

ပဲတို့ရဲ့ ထုံးစံအတိုင်း များများစားလိုက်ရင်လေပွခြင်း ဖြစ်တတ်သလို ပဲနို့များများသောက်လိုက်ရင်လည်း လေပွကာ လေထိုးလေအောင့်ခြင်းတွေ  ဖြစ်နိုင်ပါတယ်။
အဖြစ်နည်းတတ်တဲ့ ဆိုးကျိုးတွေကတော့

ပဲနို့ကို ငယ်ငယ်လေးထဲက စွဲမြဲစွာ သောက်လာ ခဲ့မယ်ဆိုရင် သိုင်းရွိုက်ဂလင်း ရောဂါများ၊ မျိုးပွားအဂါၤရောဂါများလည်းဖြစ်တတ်ပါသေးတယ်။ အင်မတန်မှတော့အဖြစ်နည်းပါတယ်။

ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေး အခြေအနေကို ချိန်ဆပြီး ပဲနိုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်ကာ သောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော ဘဝတစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top