




Credit: askstylemedia
# Unicode Version ဖြင့် ဖတ်ပါ #
ကိုရီးယား မင်းသား WonWooMah (ဝမ်ဝူးမာ) နဲ့ ထက်ထက်ထွန်းတို့ဟာ ချစ်သူတွေဖြစ်သွားကြပါပြီတဲ့။ ချစ်သူဖြစ်ပြီးနောက် ဘုရားသွားဖူးကြတယ် ဆိုပြီး ထက်ထက်ထွန်းက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

တကယ်တော့ ဒါတွေက ရိုက်ကွင်းပုံရိပ်တွေဆိုတာကို ပရိသတ်တွေက အများဆုံးသိကြပေမယ့် တစ်ချို့ ပရိသတ်တွေက မသိကြတာကြောင့် ဝေဖန်သံတစ်ချို့တော့ ကြားသိနေရပါတယ်။ သူတို့ဟာ မောင်မငိုရဘူးနော် သီချင်းကို MV ရိုက်ကူးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်တွေရဲ့ အားပေး လက်ခံမှုကို အပြည့်အဝရရှိခဲ့တဲ့ အဆိုတော်ကေကေမိုးရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မောင်မငိုရဘူးနော်” သီချင်းလေးကို Korea ရုပ်ရှင်သရုပ်ဆောင် WonWooMah (ဝမ်ဝူးမာ) နဲ့ မော်ဒယ် ထက်ထက်ထွန်းတို့က ပါဝင်ရိုက်ကူးနေပြီး မကြာခင်မှာ အရမ်းမိုက်တဲ့ MV လေး ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
အဆိုပါ သီချင်းဟာ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီး ထဲက ဇာတ်ဝင်တေးသီချင်းဖြစ်ပြီး ပရိသတ်တွေကလဲ အရမ်းကိုကြိုက်နှစ်သက်ကြတဲ့ သီချင်းတစ်ပုဒ် ဖြစ်ကာ သြဂုတ်လ(၂၆)ရက်နေ့မှာ စတင်ရိုက်ကူးနေတာ ဖြစ်ပြီး Third Eye production နဲ့ ဒါရိုက်တာ Tk Benki က ပူးပေါင်းရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Source – htethtettun’s fb
Share From thenews-today
Credit: askstylemedia