iMyanmarHouse.com - Best Property Website for Myanmar
×

လြန္ခဲ့တဲ့နွစ္အနည္းငယ္အၾကာကစျပီး ေအးခ်မ္းတဲ့ အသံေလးနဲ႔ ပရိသတ္ရင္ထဲေရာက္လာခဲ့တဲ့ ေအသင္ခ်ိဳေဆြဆိုတဲ့အဆိုေတာ္မေလးကုိ ပရိသတ္ေတြမွတ္မိၾကဦးမွာပါ။ ေနာက္ပိုင္းနွစ္ေတြမွာအဲဒီအဆိုေတာ္မေလးကို အေတြ႕ရနည္းသြားတာေၾကာင့္ လြမ္းဆြတ္သတိရေနတဲ့ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားလည္းရွိပါတယ္။ မၾကာေသးမီကပဲ အဲဒီအဆိုေတာ္မေလးက ပရိသတ္ေရွ႕ကုိ ျပန္ေရာက္လာခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ တစ္ေယာက္တည္းမဟုတ္ေတာ့ပဲ ဘုရားကေပးတဲ့ဘဝအေဖာ္သမီးေလးနဲ႔အတူပါ။ ေအသင္က သမီးေလးကုိတစ္ကုိယ္တည္းေစာင့္ေရွာက္သြားမယ့္ Single Mom တစ္ဦးျဖစ္တယ္လို႔ေၾကျငာလိုက္တဲ့အခါမွာ ပရိသတ္ကေႏြးေထြးမႈအျပည့္နဲ႔လိႈက္လွဲစြာၾကိဳဆိုျပီး သမီးေလး Ivy ကုိလည္းဝုိင္းခ်စ္ေပးခဲ့ၾကပါတယ္။ Single Mom ျဖစ္လာရျခင္း၊သမီးေလးအေၾကာင္းနဲ႔ အျခားအေၾကာင္းအရာေလးေတြကုိ Myanmar Celebrity နဲ႔ Interview မွာ ေအသင္က ပရိသတ္ေတြအတြက္ေျပာျပသြားခဲ့ပါတယ္။

ေအသင္က ပရိသတ္ကို Single Mom တစ္ဦးျဖစ္ေၾကာင္း ဖြင့္ေျပာျပျဖစ္ခဲ့ျခင္းကို “ေအသင္ ကုိယ့္လိပ္ျပာကုိယ္လံုခ်င္တယ္။အဲဒီအတြက္ ေအသင္ပရိသတ္ကုိရိုးရိုးသားသားေလးပဲေအသင္ဖြင့္ေျပာျပလိုက္တာပါ။ေအသင့္ကုိ တကယ္အားေပးတဲ့ပရိသတ္ေတြက ေအသင့္ရဲ႕ျဖစ္တည္မႈတိုင္းကိုလက္ခံေပးနုိင္ၾကပါတယ္။ ပရိသတ္ကုိေလးစားတာေပါ့ေနာ္။ သူတို႔ကုိလိမ္မထားခ်င္ဘူး။ေအသင္ကိုယ္တို္င္လည္း ကုိယ့္ကုိခ်စ္သလို ကုိယ့္ရဲ႕သမီးကုိလည္းခ်စ္ေစခ်င္တယ္။ ကုိယ္ကအျပင္သြားလို႔ ကေလးနဲ႔အတူတူတြဲေတြ႕လို႔ ဘယ္သူေလးလဲဘာညာေမးတဲ့အခါ တူမေလးပါလို႔ေျပာရမွာလည္းေအသင့္ပါးစပ္ကေျပာမထြက္ဘူး။ အျမဲတမ္းေအသင္ အမွန္အတိုင္းပဲေျပာတယ္။ ဒီလိုမ်ိဳးေျပာျပလိုက္ရတဲ့အတြက္လည္း စိတ္ထဲမွာေပါ့သြားတာေပါ့ေနာ္”လို႔ ေျပာျပလာပါတယ္။

ျဖစ္ခဲ့တဲ့ဇာတ္လမ္းေတြအေၾကာင္းတေစ့တေစာင္းကုိလည္းေအသင္က “အဲဒီဟာေတြကေတာ့ ေအသင္ျပန္မေျပာခ်င္ဘူး။ ေနာက္ကစာမ်က္နွာေတြျပန္လွန္လို႔ရွိရင္ျပီးမွာမဟုတ္ေတာ့ဘူး။ Drama ေတြဘာေတြပါျဖစ္ကုန္လိမ့္မယ္။အဲဒီေတာ့ ေအသင့္ဘဝကုိေအသင္အေကာင္းဆံုးပဲျဖစ္ေအာင္ၾကိဳးစားသြားမယ္။ ငုိလည္းမငိုျပခ်င္ဘူး။ေျပာလည္းမေျပာျပခ်င္ဘူး။ ဘာရယ္ဘယ္သူရယ္ဆိုျပီးေတာ့မွဘယ္သူ႔ကုိမွလည္းအျပစ္မေျပာခ်င္ဘူး။”လို႔ေျပာထားပါတယ္။

တကယ္လို႔မ်ားသမီးေလးၾကီးလာလို႔ေမးလာခဲ့ရင္ေရာဆိုတဲ့ေမးခြန္းကုိေအသင္က “ဘယ္လိုေျပာရမလဲ။ေမးတာေတာ့ေမးမွာပဲ။ မလိုပါဘူး။ ရွိေနလည္းစိတ္ဆင္းရဲရမွာပဲ။သူ႔ေရွ႕မွာသတ္ၾကရန္ျဖစ္ၾက အဲ့လိုမ်ိဳးေတြရွိမွာပဲ။ မရွိတာသူ႔အတြက္ပိုေကာင္းတယ္။ရွိေနလို႔ရွိရင္ သူပုိျပီးစိတ္ဒဏ္ရာရမယ္။ သူ႔ကုိလည္းနားလည္ေအာင္ေျပာျပမွာပါ။ သူလည္းနားလည္မွာပါ။” လို႔ေျဖၾကားထားသလို ေအသင္အေနနဲ႔ ေနာက္အိမ္ေထာင္ျပဳျဖစ္ဦးမွာလားဆိုရင္ေတာ့ “အခုေလာေလာဆယ္ေတာ့မရွိေသးပါဘူး။ သမီးနဲ႔နွစ္ေယာက္ေပါ့။သူၾကီးတဲ့အထိေပါ့။ စကားအကုန္ေျပာလို႔ေတာ့မရဘူးေပါ့ေနာ္။ ဒါေပမယ့္ အတတ္နုိင္ဆံုးကေတာ့ ေအသင့္မွာအခုအခ်ိန္အထိဆက္ျပီးဘယ္သူ႔ကုိမွ အားကုိးခ်င္စိတ္မရွိေတာ့ဘူး။ ေတာ္ေတာ္လည္းစိတ္ကုန္ေနျပီ။အဲ့ေတာ့ေရွ႕ဆက္သြားဖို႔အစီအစဥ္ကေတာ့မရွိပါဘူး”လို႔ ေျပာထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာေရာ… ေအသင္ကုိခ်စ္ၾကသူေတြရွိလား။ ေအသင္အျပင္ေအသင့္ကုိယ္ပြားေလးကိုပါ ဝိုင္းခ်စ္ျပီးေအသင့္ကုိ ခြန္အားေတြေပါင္းစပ္ေပးလုိက္ရေအာင္ေနာ္။

Photos Credit- Athen Cho Swe’s Facebook

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာကစပြီး အေးချမ်းတဲ့ အသံလေးနဲ့ ပရိသတ်ရင်ထဲရောက်လာခဲ့တဲ့ အေသင်ချိုဆွေဆိုတဲ့အဆိုတော်မလေးကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။ နောက်ပိုင်းနှစ်တွေမှာအဲဒီအဆိုတော်မလေးကို အတွေ့ရနည်းသွားတာကြောင့် လွမ်းဆွတ်သတိရနေတဲ့ပရိသတ်တွေတော်တော်များများလည်းရှိပါတယ်။ မကြာသေးမီကပဲ အဲဒီအဆိုတော်မလေးက ပရိသတ်ရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ တစ်ယောက်တည်းမဟုတ်တော့ပဲ ဘုရားကပေးတဲ့ဘဝအဖော်သမီးလေးနဲ့အတူပါ။ အေသင်က သမီးလေးကိုတစ်ကိုယ်တည်းစောင့်ရှောက်သွားမယ့် Single Mom တစ်ဦးဖြစ်တယ်လို့ကြေငြာလိုက်တဲ့အခါမှာ ပရိသတ်ကနွေးထွေးမှုအပြည့်နဲ့လှိုက်လှဲစွာကြိုဆိုပြီး သမီးလေး Ivy ကိုလည်းဝိုင်းချစ်ပေးခဲ့ကြပါတယ်။ Single Mom ဖြစ်လာရခြင်း၊သမီးလေးအကြောင်းနဲ့ အခြားအကြောင်းအရာလေးတွေကို Myanmar Celebrity နဲ့ Interview မှာ အေသင်က ပရိသတ်တွေအတွက်ပြောပြသွားခဲ့ပါတယ်။

အေသင်က ပရိသတ်ကို Single Mom တစ်ဦးဖြစ်ကြောင်း ဖွင့်ပြောပြဖြစ်ခဲ့ခြင်းကို “အေသင် ကိုယ့်လိပ်ပြာကိုယ်လုံချင်တယ်။အဲဒီအတွက် အေသင်ပရိသတ်ကိုရိုးရိုးသားသားလေးပဲအေသင်ဖွင့်ပြောပြလိုက်တာပါ။အေသင့်ကို တကယ်အားပေးတဲ့ပရိသတ်တွေက အေသင့်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပေးနိုင်ကြပါတယ်။ ပရိသတ်ကိုလေးစားတာပေါ့နော်။ သူတို့ကိုလိမ်မထားချင်ဘူး။အေသင်ကိုယ်တိုင်လည်း ကိုယ့်ကိုချစ်သလို ကိုယ့်ရဲ့သမီးကိုလည်းချစ်စေချင်တယ်။ ကိုယ်ကအပြင်သွားလို့ ကလေးနဲ့အတူတူတွဲတွေ့လို့ ဘယ်သူလေးလဲဘာညာမေးတဲ့အခါ တူမလေးပါလို့ပြောရမှာလည်းအေသင့်ပါးစပ်ကပြောမထွက်ဘူး။ အမြဲတမ်းအေသင် အမှန်အတိုင်းပဲပြောတယ်။ ဒီလိုမျိုးပြောပြလိုက်ရတဲ့အတွက်လည်း စိတ်ထဲမှာပေါ့သွားတာပေါ့နော်”လို့ ပြောပြလာပါတယ်။

ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွေအကြောင်းတစေ့တစောင်းကိုလည်းအေသင်က “အဲဒီဟာတွေကတော့ အေသင်ပြန်မပြောချင်ဘူး။ နောက်ကစာမျက်နှာတွေပြန်လှန်လို့ရှိရင်ပြီးမှာမဟုတ်တော့ဘူး။ Drama တွေဘာတွေပါဖြစ်ကုန်လိမ့်မယ်။အဲဒီတော့ အေသင့်ဘဝကိုအေသင်အကောင်းဆုံးပဲဖြစ်အောင်ကြိုးစားသွားမယ်။ ငိုလည်းမငိုပြချင်ဘူး။ပြောလည်းမပြောပြချင်ဘူး။ ဘာရယ်ဘယ်သူရယ်ဆိုပြီးတော့မှဘယ်သူ့ကိုမှလည်းအပြစ်မပြောချင်ဘူး။”လို့ပြောထားပါတယ်။

တကယ်လို့များသမီးလေးကြီးလာလို့မေးလာခဲ့ရင်ရောဆိုတဲ့မေးခွန်းကိုအေသင်က “ဘယ်လိုပြောရမလဲ။မေးတာတော့မေးမှာပဲ။ မလိုပါဘူး။ ရှိနေလည်းစိတ်ဆင်းရဲရမှာပဲ။သူ့ရှေ့မှာသတ်ကြရန်ဖြစ်ကြ အဲ့လိုမျိုးတွေရှိမှာပဲ။ မရှိတာသူ့အတွက်ပိုကောင်းတယ်။ရှိနေလို့ရှိရင် သူပိုပြီးစိတ်ဒဏ်ရာရမယ်။ သူ့ကိုလည်းနားလည်အောင်ပြောပြမှာပါ။ သူလည်းနားလည်မှာပါ။” လို့ဖြေကြားထားသလို အေသင်အနေနဲ့ နောက်အိမ်ထောင်ပြုဖြစ်ဦးမှာလားဆိုရင်တော့ “အခုလောလောဆယ်တော့မရှိသေးပါဘူး။ သမီးနဲ့နှစ်ယောက်ပေါ့။သူကြီးတဲ့အထိပေါ့။ စကားအကုန်ပြောလို့တော့မရဘူးပေါ့နော်။ ဒါပေမယ့် အတတ်နိုင်ဆုံးကတော့ အေသင့်မှာအခုအချိန်အထိဆက်ပြီးဘယ်သူ့ကိုမှ အားကိုးချင်စိတ်မရှိတော့ဘူး။ တော်တော်လည်းစိတ်ကုန်နေပြီ။အဲ့တော့ရှေ့ဆက်သွားဖို့အစီအစဉ်ကတော့မရှိပါဘူး”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော… အေသင်ကိုချစ်ကြသူတွေရှိလား။ အေသင်အပြင်အေသင့်ကိုယ်ပွားလေးကိုပါ ဝိုင်းချစ်ပြီးအေသင့်ကို ခွန်အားတွေပေါင်းစပ်ပေးလိုက်ရအောင်နော်။

Photos Credit- Athen Cho Swe’s Facebook

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top