iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေရျပားယားယံျခင္းနဲ႔အတူ အျဖဴေရာင္ေဗာက္ဖတ္ေတြေၾကာင့္ ဦးေရျပားမိႈေရာဂါျဖစ္ေနၿပီဆုိတာကို သိၾကတာပါ။ ဦးေရျပားမိႈေရာဂါနဲ႔ ေဗာက္ထျခင္းရဲ႕ လကၡဏာရပ္ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။ ဦးေရျပားယားယံရံုနဲ႔ မိႈေရာဂါစြဲေနၿပီလို႔ ေျပာလို႔မရသလို၊ ေဗာက္ေတြမရွိဘူး ဆိုၿပီးလည္း ဦးေရျပားမိႈေရာဂါ လံုးဝမရွိဘူးလို႔ မထင္လိုက္ပါနဲ႔။

ဦးေရျပားမိႈေရာဂါျဖစ္ရျခင္းနဲ႔ ေဗာက္ထရျခင္းရဲ႕ အေၾကာင္းအရင္းမ်ားကေတာ့ တစ္ကိုယ္ရည္ သန္႔ရွင္းမႈ နည္းပါးျခင္း၊ ဖုန္မႈန္႔၊ ေခၽြးႏွင့္ ဦးေရျပားအဆီမ်ား ေရာေထြးသြားၿပီး ဦးေရျပားမိႈေရာဂါ စြဲျခင္းနဲ႔ ဦးေရျပား ေျခာက္ေသြ႔ ယားယံမႈကတစ္ဆင့္ ေဗာက္မ်ားျဖစ္ေပၚလာျခင္း၊ ကိုယ့္ရဲ႕ ဦးေရျပားနဲ႔ ဓာတ္မတည့္တဲ့ ေခါင္းေလွ်ာ္ရည္ကို အသံုးျပဳ မိေနျခင္းေၾကာင့္ စတဲ့ အခ်က္ေတြနဲ႔ အမ်ားႀကီး သက္ဆိုင္ေနပါတယ္။

ဒါ့ေၾကာင့္ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြအတိုင္း ျဖစ္ေနတယ္ဆိုရင္ေတာ့ သင့္ဆီမွာ ဦးေရျပား မိႈေရာဂါနဲ႔ မျမင္ႏုိင္တဲ့ ေဗာက္ထျခင္းမ်ိဳး ျဖစ္ေနတယ္ဆိုတာကို သတိျပဳသင့္ပါတယ္။

(၁) ဦးေရျပားယားယံျခင္း

ဒါကေတာ့ သိသာထင္ရွားတဲ့ လကၡဏာရပ္ပါပဲ။ အထူးသျဖင့္ ေဆာင္းရာသီမွာ ဦးေရျပား ေျခာက္ေသြ႔မႈ ေၾကာင့္ ေဗာက္မ်ားကို ျဖစ္ေပၚေစပါတယ္။ ဒါေပမယ့္ ရာသီဥတုေၾကာင့္ ျ့ဖစ္တဲ့ ေဗာက္ျပႆနာကေတာ့ စိုးရိမ္စရာမရွိပါဘူး။ အခ်ိန္တန္ရင္ ေပ်ာက္သြားမယ့္ အရာပါ။ ဒါေပမယ့္ မၾကာခဏ ဆိုသလို ဦးေရျပားယားယံၿပီး ကုတ္ဖဲ့ေနရမယ္ ဆိုရင္ေတာ့ ကုသမႈ နည္းလမ္းတစ္ခုခုကို ရွာေဖြသင့္ပါတယ္။

(၂) ဆံပင္ကၽြတ္ျခင္း

ဦးေရျပားဆဲလ္ေသမ်ားနဲ႔ မိႈေရာဂါေၾကာင့္ တေျဖးေျဖးနဲ႔ ဆံပင္ကၽြတ္လာပါလိမ့္မယ္။ ဦးေရျပား ယားယံမွ မိႈေရာဂါျဖစ္တယ္လို႔ မယူဆလိုက္ပါနဲ႔။ ေခါင္းၿဖီးလိုက္တုိင္း ဆံပင္ အလံုးလိုက္အေထြးလိုက္ ကၽြတ္ေနရတယ္ဆိုရင္လည္း ဒါဟာ ဦးေရျပားမိႈေရာဂါကို ခံစားေနရတဲ့ လကၡဏာရပ္ပါပဲ။

(၃) ေျခာက္ေသ႔ြၾကမ္းတမ္းတဲ့ဆံပင္

တခ်ိဳ႕ဆိုရင္ ေဗာက္ထတာလည္း မျဖစ္ဘူး၊ ဦးေရျပားလည္း မယားယံဘူးဆိုေပမယ့္ ဆံသားေတြက မြဲေျခာက္ေျခာက္နဲ႔ ၾကမ္းတမ္းေနတတ္ပါတယ္။ ဒါဟာလည္း သင့္ရဲ႕ ဦးေရျပားမွာ လိုအပ္တဲ့ ပရိုတင္းဓာတ္မ်ားက ခ်ိဳ႕တဲ့ေနတဲ့ အတြက္ေၾကာင့္ပါ။ အခ်ိန္ၾကာလာရင္ ဦးေရျပားမိႈေရာဂါျဖစ္လာ ႏုိင္တဲ့ အတြက္ အထူးသတိျပဳရမယ့္ အခ်က္ပါပဲ။

(၄) ဝက္ၿခံမ်ားထြက္ေပၚလာျခင္း

ဦးေရျပားနဲ႔ မ်က္ႏွာ အသားအေရက ဆက္စပ္မႈ ရွိေနတာအမွန္ပါပဲ။ ဦးေရျပားနဲ႔ ဆံသားေတြ သန္႔ရွင္းမႈ မရွိတဲ့အတြက္ မ်က္ႏွာျပင္မွာ အဖုအပိန္႔မ်ားနဲ႔ ဝက္ၿခံမ်ား ထြက္ေပၚလာတတ္ပါတယ္။ တကယ္လို႔ သင့္ဆီမွာလည္း ဝက္ၿခံေတြ အဆက္မျပတ္ထြက္ေနတယ္ဆိုရင္ေတာ့ ဦးေရျပား မိႈစြဲေန လို႔လား ဆိုတာကို ဆန္းစစ္ၾကည့္သင့္ပါတယ္။ အထူးသျဖင့္ နဖူးတစ္ဝုိက္ ဝက္ၿခံထြက္သူေတြ ပုိသတိျပဳသင့္ပါတယ္။

ဦးေရျပားမိႈေရာဂါနဲ႔ ေဗာက္ထျခင္းကို ကုသဖို႔ အထူးထုတ္လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ေတြလည္း ရွိသလို၊ သဘာဝနည္းလမ္းေကာင္းေတြလည္း အမ်ားႀကီးရွိပါတယ္ေနာ္။ ေရမခ်ိဳးခင္ ဦးေရျပားကို ရွားေစာင္းလက္ပတ္အတြင္းသား ဂ်ယ္လ္နဲ႔ ပြတ္တိုက္ေပးမယ္ဆိုရင္လည္း သက္သာႏုိင္ပါတယ္။

Credit: ျမန္မာ့ပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
ဦးရေပြားယားယံခြင်းနဲ့အတူ အဖြူရောင်ဗောက်ဖတ်တွေကြောင့် ဦးရေပြားမှိုရောဂါဖြစ်နေပြီဆိုတာကို သိကြတာပါ။ ဦးရေပြားမှိုရောဂါနဲ့ ဗောက်ထခြင်းရဲ့ လက္ခဏာရပ်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဦးရေပြားယားယံရုံနဲ့ မှိုရောဂါစွဲနေပြီလို့ ပြောလို့မရသလို၊ ဗောက်တွေမရှိဘူး ဆိုပြီးလည်း ဦးရေပြားမှိုရောဂါ လုံးဝမရှိဘူးလို့ မထင်လိုက်ပါနဲ့။

ဦးရေပြားမှိုရောဂါဖြစ်ရခြင်းနဲ့ ဗောက်ထရခြင်းရဲ့ အကြောင်းအရင်းများကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးခြင်း၊ ဖုန်မှုန့်၊ ချွေးနှင့် ဦးရေပြားအဆီများ ရောထွေးသွားပြီး ဦးရေပြားမှိုရောဂါ စွဲခြင်းနဲ့ ဦးရေပြား ခြောက်သွေ့ ယားယံမှုကတစ်ဆင့် ဗောက်များဖြစ်ပေါ်လာခြင်း၊ ကိုယ့်ရဲ့ ဦးရေပြားနဲ့ ဓာတ်မတည့်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြု မိနေခြင်းကြောင့် စတဲ့ အချက်တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း ဖြစ်နေတယ်ဆိုရင်တော့ သင့်ဆီမှာ ဦးရေပြား မှိုရောဂါနဲ့ မမြင်နိုင်တဲ့ ဗောက်ထခြင်းမျိုး ဖြစ်နေတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

(၁) ဦးရေပြားယားယံခြင်း

ဒါကတော့ သိသာထင်ရှားတဲ့ လက္ခဏာရပ်ပါပဲ။ အထူးသဖြင့် ဆောင်းရာသီမှာ ဦးရေပြား ခြောက်သွေ့မှု ကြောင့် ဗောက်များကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ရာသီဥတုကြောင့် ြ့ဖစ်တဲ့ ဗောက်ပြဿနာကတော့ စိုးရိမ်စရာမရှိပါဘူး။ အချိန်တန်ရင် ပျောက်သွားမယ့် အရာပါ။ ဒါပေမယ့် မကြာခဏ ဆိုသလို ဦးရေပြားယားယံပြီး ကုတ်ဖဲ့နေရမယ် ဆိုရင်တော့ ကုသမှု နည်းလမ်းတစ်ခုခုကို ရှာဖွေသင့်ပါတယ်။

(၂) ဆံပင်ကျွတ်ခြင်း

ဦးရေပြားဆဲလ်သေများနဲ့ မှိုရောဂါကြောင့် တဖြေးဖြေးနဲ့ ဆံပင်ကျွတ်လာပါလိမ့်မယ်။ ဦးရေပြား ယားယံမှ မှိုရောဂါဖြစ်တယ်လို့ မယူဆလိုက်ပါနဲ့။ ခေါင်းဖြီးလိုက်တိုင်း ဆံပင် အလုံးလိုက်အထွေးလိုက် ကျွတ်နေရတယ်ဆိုရင်လည်း ဒါဟာ ဦးရေပြားမှိုရောဂါကို ခံစားနေရတဲ့ လက္ခဏာရပ်ပါပဲ။

(၃) ခြောက်သေ့ွကြမ်းတမ်းတဲ့ဆံပင်

တချို့ဆိုရင် ဗောက်ထတာလည်း မဖြစ်ဘူး၊ ဦးရေပြားလည်း မယားယံဘူးဆိုပေမယ့် ဆံသားတွေက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းနေတတ်ပါတယ်။ ဒါဟာလည်း သင့်ရဲ့ ဦးရေပြားမှာ လိုအပ်တဲ့ ပရိုတင်းဓာတ်များက ချို့တဲ့နေတဲ့ အတွက်ကြောင့်ပါ။ အချိန်ကြာလာရင် ဦးရေပြားမှိုရောဂါဖြစ်လာ နိုင်တဲ့ အတွက် အထူးသတိပြုရမယ့် အချက်ပါပဲ။

(၄) ဝက်ခြံများထွက်ပေါ်လာခြင်း

ဦးရေပြားနဲ့ မျက်နှာ အသားအရေက ဆက်စပ်မှု ရှိနေတာအမှန်ပါပဲ။ ဦးရေပြားနဲ့ ဆံသားတွေ သန့်ရှင်းမှု မရှိတဲ့အတွက် မျက်နှာပြင်မှာ အဖုအပိန့်များနဲ့ ဝက်ခြံများ ထွက်ပေါ်လာတတ်ပါတယ်။ တကယ်လို့ သင့်ဆီမှာလည်း ဝက်ခြံတွေ အဆက်မပြတ်ထွက်နေတယ်ဆိုရင်တော့ ဦးရေပြား မှိုစွဲနေ လို့လား ဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။ အထူးသဖြင့် နဖူးတစ်ဝိုက် ဝက်ခြံထွက်သူတွေ ပိုသတိပြုသင့်ပါတယ်။

ဦးရေပြားမှိုရောဂါနဲ့ ဗောက်ထခြင်းကို ကုသဖို့ အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေလည်း ရှိသလို၊ သဘာဝနည်းလမ်းကောင်းတွေလည်း အများကြီးရှိပါတယ်နော်။ ရေမချိုးခင် ဦးရေပြားကို ရှားစောင်းလက်ပတ်အတွင်းသား ဂျယ်လ်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင်လည်း သက်သာနိုင်ပါတယ်။

Credit: မြန်မာ့ပလပ်ဖောင်း
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top