iMyanmarHouse.com - Best Property Website for Myanmar
×

စင္ကာပူႏိုင္ငံက အသက္ ၇ ႏွစ္အရြယ္ ကေလးေလး ရွီ႐ူအန္ေလးတစ္ေယာက္ အိမ္ကလူေတြနဲ႔အတူ ညစာစားေနတုန္း ႐ုတ္တရက္ႀကီး ညာဘက္ဗိုက္ေအာက္ပိုင္းက ေအာင့္လာေတာ့တယ္။

ဘယ္ေလာက္ေတာင္ဆိုးလဲဆိုရင္ လႈပ္ေတာင္ မလႈပ္ႏိုင္ဘူးတဲ့။ ကေလးေလးမိဘေတြလည္း ခ်က္ခ်င္း ေဆး႐ံုကို ေခၚသြားတာေပါ့။

အံ့ၾသထိတ္လန္႔စရာပါပဲ။ ကေလးေလးမွာ  သားဥအိမ္ကင္ဆာ ျဖစ္ေနခဲ့တာပါ။

ဘယ္လိုျဖစ္ၿပီး ကေလးမွာ ဒီကင္ဆာျဖစ္ရတာလဲ?

မတ္လ၊ ၂၀၁၇ မွာ ရွီ႐ူအန္ေလးဟာ အဆင့္ (၂) သားဥအိမ္ကင္ဆာ ျဖစ္ေနတယ္လု႔ိ သိခဲ့ရတယ္။

          သိသိခ်င္းပဲ ညာဘက္သားဥအိမ္နဲ႔ သားဥႁပြန္ကုိ ခြဲထုတ္လိုက္ရတယ္။ ၿပီးေတာ့ (၄) လေလာက္ၾကာေအာင္ ကင္ဆာေဆးေတြ သြင္းရေသးတယ္။

          ကေလးေလးေမေမ ခ်န္းေဘယန္က “ ကြၽန္မ တကယ္ကို လန္႔သြားတာပါ။ ဒီေလာက္ငယ္တဲ့ ကေလးေလးမွာ ဘယ္လိုျဖစ္ၿပီး ဒီလိုေရာဂါႀကီး ျဖစ္ရတာလဲ?” လု႔ိ ရင္ဖြင့္ခဲ့ရွာတယ္။

          ကေလးေလးကေတာ့ ေရာဂါေတာက္ေလွ်ာက္ကို ေအးေအးေဆးေဆး ရဲရဲဝံဝံပါပဲ။ ေမေမမွာသာ စိတ္ပူပန္ စိုးရိမ္ထိတ္လန္႔ေနခဲ့တာေပါ့။

           “ ကြၽန္မကသာ ေၾကာက္ေနခဲ့တာ။ သမီးေလးကေတာ့ ကင္ဆာေဆး စသြင္းတုန္းက ေဆး႐ံုမွာ အ႐ုပ္ေတြ အမ်ားႀကီးနဲ႔ ေဆာ့ရတာ ေပ်ာ္လြန္းလို႔ ေဆးသြင္းရမယ့္ရက္ကို ေမွ်ာ္ေတာင္ ေမွ်ာ္ေနေသးတယ္” လို႔ ေမေမက ျပန္ေျပာျပပါတယ္။

          ေတာ္ေသးတာက အခုဆို သမီးေလးမွာ ကင္ဆာ လံုးဝကင္းသြားၿပီျဖစ္ၿပီး ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာေနပါၿပီ။ အပ်ိဳေဖ္ာဝင္တဲ့အခ်ိန္အထိ အၿမဲမွန္မွန္စစ္ေဆးဖို႔ေတာ့ လိုတာေပါ့။

           “ သမီးေလးျဖစ္တဲ့ေရာဂါက အင္မတန္ရွားေတာ့ ေတာက္ေလွ်ာက္ေဆးစစ္ေနဖို႔ လိုတယ္လို႔ ဆရာဝန္က ေျပာတယ္။ ကင္ဆာေဆးေတြ သြင္းထားေပမယ့္လည္း အခ်ိန္တန္ရင္ ပံုမွန္ဓမၼတာ လာႏိုင္တယ္လို႔လည္း ဆရာဝန္က ေျပာတယ္ ”

 ကေလးေတြမွာ သားဥအိမ္ကင္ဆာ ဘာေၾကာင့္ျဖစ္တာပါလဲ?

          ကေလးေတြမွာျဖစ္တဲ့ သားဥအိမ္ကင္ဆာက တကယ္ေတ့ာ အရမ္းရွားပါတယ္။ သားဥအိမ္ဆဲလ္ေတြ ႀကီးထြားမႈ ပံုမမွန္လို႔ ျဖစ္တာပါ။ ကေလးေတြမွာ ဘာေၾကာင့္ျဖစ္တာလဲေတာ့ ေသခ်ာမသိေသးပါဘူး။ ျဖစ္ႏုိင္တာတစ္ခုက မ်ိဳး႐ိုးဗီဇအေၾကာင္းေတြ ပါမယ္လို႔ေတာ့ ထင္ရပါတယ္။

          သားဥအိမ္ကင္ဆာဆိုတာ ကေလးေတြမွာ ေတာ္႐ံုမျဖစ္တတ္ပါဘူး။

          သားဥအိမ္ကင္ဆာျဖစ္တဲ့ လူအမ်ားစုမွာ ဘာေရာဂါလကၡဏာမွမျဖစ္ဘဲ လာတတ္တယ္။

 ေရာဂါလကၡဏာေတြကို သိထားရေအာင္ ေျပာျပမယ္ေနာ္။

●        ရာသီလာခ်ိန္မွာ အရမ္းနာက်င္တာ

●        ဗိုက္မွာ အလံုးစမ္းမိတာ

●        ဗိုက္နာတာ

●        ေယာကၤ်ားလကၡဏာေတြ ေပၚလာတာ

           (ဥပမာ- အေမြးအမွ်င္ေတြ ေပါက္လာတာ၊ အသံေတြၾသလာတာ)

●        အပ်ိဳေဖာ္ ေစာေစာဝင္တာ

          ဒါေတြကို သတိထားၿပီး ၾကည့္ၾကည့္ၾကေနာ္။

 ကုသနည္းေတြကေတာ့ သားဥအိမ္ကင္ဆာ အမ်ိဳးအစားနဲ႔ ဘယ္ေလာက္ထိ ျပင္းထန္တယ္ဆိုတာေပၚ မူတည္ပါတယ္။ ခြဲစိတ္ကုသတာရယ္၊ ဓာတ္ေရာင္ျခည္ ကုသတာရယ္နဲ႔ ကင္ဆာေဆး သြင္းတာရယ္ စသျဖင့္ ကုသနည္းေတြကေတာ့ အမ်ားႀကီး ရွိပါတယ္။

Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
စင်ကာပူနိုင်ငံက အသက် ၇ နှစ်အရွယ် ကလေးလေး ရှီရူအန်လေးတစ်ယောက် အိမ်ကလူတွေနဲ့အတူ ညစာစားနေတုန်း ရုတ်တရက်ကြီး ညာဘက်ဗိုက်အောက်ပိုင်းက အောင့်လာတော့တယ်။

ဘယ်လောက်တောင်ဆိုးလဲဆိုရင် လှုပ်တောင် မလှုပ်နိုင်ဘူးတဲ့။ ကလေးလေးမိဘတွေလည်း ချက်ချင်း ဆေးရုံကို ခေါ်သွားတာပေါ့။

အံ့သြထိတ်လန့်စရာပါပဲ။ ကလေးလေးမှာ  သားဥအိမ်ကင်ဆာ ဖြစ်နေခဲ့တာပါ။

ဘယ်လိုဖြစ်ပြီး ကလေးမှာ ဒီကင်ဆာဖြစ်ရတာလဲ?

မတ်လ၊ ၂၀၁၇ မှာ ရှီရူအန်လေးဟာ အဆင့် (၂) သားဥအိမ်ကင်ဆာ ဖြစ်နေတယ်လု့ိ သိခဲ့ရတယ်။

          သိသိချင်းပဲ ညာဘက်သားဥအိမ်နဲ့ သားဥပြွန်ကို ခွဲထုတ်လိုက်ရတယ်။ ပြီးတော့ (၄) လလောက်ကြာအောင် ကင်ဆာဆေးတွေ သွင်းရသေးတယ်။

          ကလေးလေးမေမေ ချန်းဘေယန်က “ ကျွန်မ တကယ်ကို လန့်သွားတာပါ။ ဒီလောက်ငယ်တဲ့ ကလေးလေးမှာ ဘယ်လိုဖြစ်ပြီး ဒီလိုရောဂါကြီး ဖြစ်ရတာလဲ?” လု့ိ ရင်ဖွင့်ခဲ့ရှာတယ်။

          ကလေးလေးကတော့ ရောဂါတောက်လျှောက်ကို အေးအေးဆေးဆေး ရဲရဲဝံဝံပါပဲ။ မေမေမှာသာ စိတ်ပူပန် စိုးရိမ်ထိတ်လန့်နေခဲ့တာပေါ့။

           “ ကျွန်မကသာ ကြောက်နေခဲ့တာ။ သမီးလေးကတော့ ကင်ဆာဆေး စသွင်းတုန်းက ဆေးရုံမှာ အရုပ်တွေ အများကြီးနဲ့ ဆော့ရတာ ပျော်လွန်းလို့ ဆေးသွင်းရမယ့်ရက်ကို မျှော်တောင် မျှော်နေသေးတယ်” လို့ မေမေက ပြန်ပြောပြပါတယ်။

          တော်သေးတာက အခုဆို သမီးလေးမှာ ကင်ဆာ လုံးဝကင်းသွားပြီဖြစ်ပြီး ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပါပြီ။ အပျိုဖေ်ာဝင်တဲ့အချိန်အထိ အမြဲမှန်မှန်စစ်ဆေးဖို့တော့ လိုတာပေါ့။

           “ သမီးလေးဖြစ်တဲ့ရောဂါက အင်မတန်ရှားတော့ တောက်လျှောက်ဆေးစစ်နေဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်။ ကင်ဆာဆေးတွေ သွင်းထားပေမယ့်လည်း အချိန်တန်ရင် ပုံမှန်ဓမ္မတာ လာနိုင်တယ်လို့လည်း ဆရာဝန်က ပြောတယ် ”

 ကလေးတွေမှာ သားဥအိမ်ကင်ဆာ ဘာကြောင့်ဖြစ်တာပါလဲ?

          ကလေးတွေမှာဖြစ်တဲ့ သားဥအိမ်ကင်ဆာက တကယ်တေ့ာ အရမ်းရှားပါတယ်။ သားဥအိမ်ဆဲလ်တွေ ကြီးထွားမှု ပုံမမှန်လို့ ဖြစ်တာပါ။ ကလေးတွေမှာ ဘာကြောင့်ဖြစ်တာလဲတော့ သေချာမသိသေးပါဘူး။ ဖြစ်နိုင်တာတစ်ခုက မျိုးရိုးဗီဇအကြောင်းတွေ ပါမယ်လို့တော့ ထင်ရပါတယ်။

          သားဥအိမ်ကင်ဆာဆိုတာ ကလေးတွေမှာ တော်ရုံမဖြစ်တတ်ပါဘူး။

          သားဥအိမ်ကင်ဆာဖြစ်တဲ့ လူအများစုမှာ ဘာရောဂါလက္ခဏာမှမဖြစ်ဘဲ လာတတ်တယ်။

 ရောဂါလက္ခဏာတွေကို သိထားရအောင် ပြောပြမယ်နော်။

●        ရာသီလာချိန်မှာ အရမ်းနာကျင်တာ

●        ဗိုက်မှာ အလုံးစမ်းမိတာ

●        ဗိုက်နာတာ

●        ယောင်္ကျားလက္ခဏာတွေ ပေါ်လာတာ

           (ဥပမာ- အမွေးအမျှင်တွေ ပေါက်လာတာ၊ အသံတွေသြလာတာ)

●        အပျိုဖော် စောစောဝင်တာ

          ဒါတွေကို သတိထားပြီး ကြည့်ကြည့်ကြနော်။

 ကုသနည်းတွေကတော့ သားဥအိမ်ကင်ဆာ အမျိုးအစားနဲ့ ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာပေါ် မူတည်ပါတယ်။ ခွဲစိတ်ကုသတာရယ်၊ ဓာတ်ရောင်ခြည် ကုသတာရယ်နဲ့ ကင်ဆာဆေး သွင်းတာရယ် စသဖြင့် ကုသနည်းတွေကတော့ အများကြီး ရှိပါတယ်။

Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top