iMyanmarHouse.com - Best Property Website for Myanmar
×

ဒီရက္ပိုင္း မိုးၾကီးပါတယ္။ တာေတြက်ိဳးပါတယ္။ ေရေတြၾကီးေနတဲ့ သတင္းေတြကိုလည္း ျမန္မာျပည္တနံတလ်ားကေန ၾကားသိေနရပါတယ္။ကြၽန္ေတာ္အခု ဒီစာကို ေရးေနတဲ့ ဇူလိုင္လ၃၀ရက္ေန့မွာ (ျမန္မာတႏိုင္ငံလုံးအေနနဲ႕ တြက္ရင္) ေရေဘးဒုကၡသည္တသိန္းေက်ာ္ ရွိေနျပီလို႕ သတင္းတခုက ဆိုပါတယ္။အတက္ရွိရင္ အက်လည္း ရွိမွာမို႕ အခ်ိန္တန္ရင္ ေရျပန္က်သြားမွာေတာ့ ဓမၼတာပါ။ဒါေပမယ့္ ေရမက်ခင္စပ္ၾကားမွာ အသက္နဲ႕ ခႏၶာျမဲေအာင္ သတိတမံ၊ဉာဏ္ေျမကတုတ္လုပ္ျပီး ေနထိုင္ဖို႕ လိုအပ္သလို ေရေဘးနဲ႕အတူ ပါလာတတ္တဲ့၊မေခၚဘဲ ေရာက္ရွိလာတဲ့ ဧည့္သည္ေတြကိုလည္း သတိထားရပါမယ္။တျခားေတာ့ မဟုတ္ပါဘူး။ကူးစက္ေရာဂါေတြပါ။
၁။ Leptospirosis

ဒီေရာဂါဟာ တိရ စၦာန္ေတြဆီက ကူးစက္တဲ့ ေရာဂါတမ်ိဳးျဖစ္ျပီး ႂကြက္၊ႏြား၊ကြၽဲစတဲ့ သတၱဝါေတြရဲ့ ‘ဆီး’ထဲမွာ ရွင္သန္ေနထိုင္တဲ့ Leptospira ဘက္တီးရီးယားေၾကာင့္ ျဖစ္ပြါးရပါတယ္။ေရထဲမွာ အခ်ိန္ၾကာျမင့္စြာ ေနထိုင္သြားလာရတဲ့အခါ အဆိုပါ ဘက္တီးရီးယားဟာ သင့္အေရျပားကို ေဖာက္ျပီး ခႏၶာကိုယ္ထဲ ဝင္ေရာက္လာႏိုင္ပါတယ္ (သင့္အေရျပားမွာ ေပါက္ျပဲဒါဏ္ရာရွိစရာမလိုပါဘူး။ပကတိေကာင္းမြန္တဲ့ အေရျပားကိုေတာင္ ဒီဘက္တီးရီးယားက ျဖတ္သန္းႏိုင္ပါတယ္)။ဒါေၾကာင့္ ေရၾကီးေနတဲ့ ေဒသေတြမွာ Leptospirosis အႏၲရာယ္ကို စိုးရိမ္ရပါတယ္။

ေရာဂါလကၡဏာမ်ား : Leptospirosisဟာ ေခါင္းကိုက္ျခင္း၊ကိုယ္လက္ကိုက္ခဲျခင္း၊အဖ်ားတက္ျခင္း၊ႂကြက္သားနာက်င္ျခင္း စတဲ့ လကၡဏာေတြကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ေစာစီးစြာသိရင္ အလြယ္တကူ ကုသႏိုင္ေပမယ့္ ၾကာရွည္လာျပီဆိုရင္ေတာ့ ပိုမိုဆိုးရြားတဲ့ ပံုစံအျဖစ္ေျပာင္းလဲသြားကာ မ်က္လုံးနီရဲေရာင္ရမ္းျခင္း၊မ်က္ရည္ပူမ်ားက်ျခင္း၊အလင္းစူးစူး မခံႏိုင္ျခင္းစတဲ့ ေရာဂါလကၡဏာေတြ ေပၚေပါက္လာမွာပါ။ဦးေႏွာက္ထိပါ ေရာဂါပ်ံ႕သြားျပီဆိုရင္ေတာ့ သတိလစ္ျခင္း၊ကေယာင္ကတမ္းျဖစ္ျခင္း စတာေတြကိုပါ ေတြ႕ျမင္ရမွာျဖစ္ကာ ကိုယ္တြင္းေသြးယိုစီးျခင္းေၾကာင့္ အသက္ဆုံးရွုံးတဲ့အထိ အႏၲရာယ္ရွိေနပါတယ္။

ဘယ္လိုကာကြယ္ရမလဲ : ေရထဲကို တတ္ႏိုင္သမွ် မဆင္းပါနဲ႕။ေလွ စတဲ့ယာဥ္ေတြကို အသုံးျပဳပါ။တကယ္လို႕ ေရထဲဆင္းရမယ့္အေရးကို မေရွာင္ရွားႏိုင္ဘူးဆိုရင္ တတ္ႏိုင္သမွ် အခ်ိန္နည္းနည္းပဲ ေရထဲမွာ ေနပါ။ေရထဲဆင္းေလွ်ာက္ရတဲ့အခါ ဒူးေလာက္ထိကာကြယ္ေပးတဲ့ လည္ရွည္ဖိနပ္ကို စီးပါ။ဒါဟာ Leptospirosis ေရာဂါကို ကာကြယ္ေပးႏိုင္႐ံုသာမက ေျမြအစရွိတဲ့ သတၱဝါေတြရဲ့ရန္ကပါ ကင္းေဝးေစပါတယ္။ေခါင္းကိုက္ျခင္း၊ဖ်ားျခင္း စတဲ့ လကၡဏာေတြ ေပၚလာရင္လည္း အခ်ိန္မဆြဲဘဲ ေဆး႐ံုေဆးခန္း အျမန္ဆုံးျပသပါ။
၂။ကာလဝမ္းေရာဂါ

ကာလဝမ္းေရာဂါဟာ Vibrio Cholerae ဆိုတဲ့ ဘက္တီးရီးယားေၾကာင့္ ျဖစ္ပြါးရျပီး မသန္႕ရွင္းတဲ့ အစားအေသာက္ေတြကတဆင့္ အဓိက ကူးစက္ပါတယ္။ယင္ေကာင္ေတြကေတာ့ ေရာဂါသယ္ေဆာင္သူေတြေပါ့။မသန္႕ရွင္းတဲ့ ေရေတြ၊အစားအစာေတြကို စားေသာက္ရတာ၊မခ်က္မျပဳတ္ရေသးတဲ့ အစားအစာေတြကို စားရတာ (ေရၾကီးေနခ်ိန္မွာ မီးရဖို႕ ခက္ခဲပါမယ္)ေတြေၾကာင့္ ကာလဝမ္းေရာဂါ ျဖစ္ပြါးႏိုင္ပါတယ္။ေရွးေခတ္ကတည္းက ကာလဝမ္းေရာဂါဟာ ေရၾကီးျခင္းနဲ႕အတူ ကပ္ေရာဂါအသြင္ ေရာက္ရွိလာတတ္တာမို႕ သတိထားရပါမယ္။

ေရာဂါလကၡဏာမ်ား : ဝမ္းအရည္က်ဲက်ဲေတြ အၾကိမ္မ်ားမ်ား သြားပါမယ္။ဗိုက္နာပါမယ္။အန္ပါမယ္။ဆန္ေဆးရည္လို ဝမ္းျဖဴျဖဴေတြ သြားပါမယ္။အနံ႕ကလည္း ငါးညွီနံ႕ နံပါလိမ့္မယ္။

ဘယ္လိုကာကြယ္ရမလဲ : ေရၾကီးခ်ိန္ျဖစ္ေပမယ့္ သန္႕ရွင္းတဲ့ အစာေရစာေတြကိုသာ တတ္ႏိုင္သမွ် စားေသာက္ရပါမယ္။ေရကို က်ိဳခ်က္ေသာက္ပါ။အစားအေသာက္ေတြကို မကိုင္တြယ္မီ လက္ကိုစင္ေအာင္ေဆးပါ။အစားအေသာက္ထည့္တဲ့ အိုးေတြခြက္ေတြကို ေရၾကီးေနတဲ့ ေရေတြနဲ႕ ေဆးေၾကာျခင္း မျပဳရပါဘူး။ကာလဝမ္းေရာဂါျဖစ္ေနသူေတြနဲ႕ မထိမေတြ႕မိပါေစနဲ႕။သင္ကိုယ္တိုင္ ေရာဂါခံစားေနရျပီဆိုရင္ ေဆးဝါးကုသမႈကို အျမန္ဆုံး ခံယူပါ။
၃။အူေရာင္ငန္းဖ်ားေရာဂါ

Salmonella Typhi ဘက္တီးရီးယားေၾကာင့္ ျဖစ္ပြါးတဲ့ အူေရာင္ငန္းဖ်ားေရာဂါဟာလည္း (ကာလဝမ္းေရာဂါနည္းတူ) မသန္႕ရွင္းတဲ့ အစားအေသာက္နဲ႕ ေရေတြက တဆင့္ ကူးစက္ျခင္း ျဖစ္ပါတယ္။

ေရာဂါလကၡဏာမ်ား : ေရာဂါလကၡဏာေတြဟာ ခ်က္ခ်င္းေပၚေပါက္လာတာ မဟုတ္ဘဲ ကူးစက္ခံရျပီး တပတ္ေလာက္အၾကာမွာမွ သိသာထင္ရွားလာတာျဖစ္ပါတယ္။အဆိုပါ လကၡဏာေတြကေတာ့ ေခါင္းကိုက္ျခင္း၊အစားအေသာက္ပ်က္ျခင္း၊အဖ်ားၾကီးျခင္း၊ဝမ္းေလွ်ာျခင္း၊အနီစက္မ်ား ထြက္လာျခင္း၊အန္ျခင္း စတာေတြပဲ ျဖစ္ပါတယ္။

ဘယ္လိုကာကြယ္ရမလဲ : မသန္႕ရွင္းတဲ့ အစားအေသာက္ေတြကို ေရွာင္က်ဥ္ပါ။အစားအေသာက္ ထည့္တဲ့ အိုးခြက္ပန္းကန္ေတြကို သန္႕ရွင္းစင္ၾကယ္ပါေစ။အစားအစာေတြကို မကိုင္တြယ္ခင္ လက္ကို သန္႕စင္ေအာင္ ေဆးပါ။
၄။အသည္းေရာင္အသားဝါေရာဂါ ေအ

ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ပြါးတဲ့ ဒီေရာဂါဟာ အသည္းဆဲလ္ေတြကို ေရာင္ရမ္းေစတဲ့အတြက္ အသည္းရဲ့ လုပ္ငန္းေဆာင္တာေတြကို ကေမာက္ကမ ျဖစ္ေစႏိုင္ပါတယ္။ဒီေရာဂါဟာလည္း မသန္႕ရွင္းတဲ့ အစာေရစာေတြေၾကာင့္ ျဖစ္ပြါးရတာမို႕ ေရၾကီးေရလွ်ံေနတဲ့ ကာလမွာ အထူးဂ႐ုျပဳရမယ့္ ေရာဂါတမ်ိဳး ျဖစ္ပါတယ္။

ေရာဂါလကၡဏာမ်ား : ဗိုင္းရပ္စ္ပိုးကူးစက္ခံရျပီး ပထမအပတ္မွာ ေငြ႕ေငြ႕ဖ်ားျခင္း၊အစားအေသာက္ပ်က္ျခင္း၊ဗိုက္ေအာင့္ျခင္း၊ညာဖက္နံ႐ိုးအိမ္ေအာက္ေျခနားက နာျခင္း၊ဆီးအေရာင္မည္းျခင္း၊မ်က္စိ/အသားဝါျခင္း စတဲ့ လကၡဏာေတြ ေပၚေပါက္လာႏိုင္ပါတယ္။ရက္သတၱပတ္ ၂ – ၄ ပတ္အၾကာမွာေတာ့ အဆိုပါ လကၡဏာေတြ ျပန္လည္ေပ်ာက္ကြယ္သြားပါလိမ့္မယ္။

ဘယ္လိုကာကြယ္ရမလဲ : ကာလဝမ္းေရာဂါနဲ႕ အူေရာင္ငန္းဖ်ားေရာဂါေတြကို ကာကြယ္တဲ့အတိုင္း အတူတူပါပဲ။ဒါ့အျပင္ အျခားသူေတြနဲ႕ ဇြန္း၊ဖန္ခြက္ စသည္ မွ်ေဝသုံးစြဲျခင္းကိုလည္း ေရွာင္ရွားရပါမယ္။
၅။ေသြးလြန္တုပ္ေကြးေရာဂါ

ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ပြါးတဲ့ ေသြးလြန္တုပ္ေကြးေရာဂါဟာ မိုးတြင္းမွာ အျဖစ္မ်ားသလို ေရၾကီးေရလွ်ံခ်ိန္မွာလည္း သတိထားရမယ့္ ေရာဂါတခုပါ။

ေရာဂါလကၡဏာမ်ား : ဒီေရာဂါ ခံစားရသူေတြဟာ (ကေလးေတြမွာ အမ်ားဆုံးျဖစ္တယ္ဆိုေပမယ့္ အသက္အရြယ္မေရြး ျဖစ္ပြါးႏိုင္တာကို သိထားရပါမယ္) ၂ – ၇ ရက္ေလာက္အထိ အဖ်ားၾကီးျခင္း၊အစားအေသာက္ပ်က္ျခင္း၊ခႏၶာကိုယ္အႏွံ႕ အနီစက္မ်ား ထြက္လာျခင္း၊ႂကြက္သားမ်ား နာက်င္ျခင္း၊ေကာ္ဖီအႏွစ္ေရာင္မ်ားအန္ျခင္း စတဲ့ လကၡဏာေတြ ေပၚေပါက္လာႏိုင္ပါတယ္။ပိုဆိုးတဲ့ အေျခအေနမွာေတာ့ (အဖ်ားၾကီးေနရာကေန) ရုတ္တရက္ အဖ်ားက်ျပီး ေျခေတြလက္ေတြ ေအးစက္သြားျခင္း၊ေသြးခုန္ႏွုန္းအလြန္ျမန္လာျခင္း၊ဆီးနည္းသြားျခင္း/ဆီးမသြားေတာ့ျခင္း စတဲ့ လကၡဏာေတြ ေပၚေပါက္လာမွာပါ။ဒါေတြကေတာ့ ေရွာ့ခ္ဝင္ျခင္းကို ေဖာ္ျပျပီး အသက္အႏၲရာယ္ထိ ရွိႏိုင္ပါတယ္။

ဘယ္လိုကာကြယ္ရမလဲ : ေသြးလြန္တုပ္ေကြးဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္ေပးသူဟာ Aedes ျခင္အမ်ိဳးအစားျဖစ္ပါတယ္။ဒါေၾကာင့္ ျခင္အကိုက္မခံရေအာင္ အတတ္ႏိုင္ဆုံး ဆင္ျခင္ေနထိုင္ျခင္းဟာ အေကာင္းဆုံးေသာ ကာကြယ္ျခင္းနည္းလမ္း ျဖစ္ပါတယ္။ပံုမွန္အားျဖင့္ အိမ္ပတ္ဝန္းက်င္မွာ ေရတင္ႏိုင္တဲ့ အိုးခြက္အစုတ္ေတြ၊တာယာအေဟာင္းေတြ မထားရွိသင့္ဘူးလို႕ ေျပာရမွာျဖစ္ေပမယ့္ ေရၾကီးေနခ်ိန္မွာေတာ့ ဒီကိစၥကို ဘယ္လိုမွ တတ္ႏိုင္မွာ မဟုတ္ပါဘူး။ဒါေၾကာင့္ သင္ကိုယ္တိုင္ေရာ၊သင့္ကေလးကိုပါ ျခင္ကိုက္မခံရေအာင္ ေနရမွာ ျဖစ္ပါတယ္။

အျခားေသာ ေရာဂါေတြလည္း ရွိေနေသးေပမယ့္ အထက္မွာေဖာ္ျပခဲ့တဲ့ ေရာဂါေတြကေတာ့ ေရၾကီးခ်ိန္မွာ အဓိကၾကံုေတြ႕လာရႏိုင္တဲ့ ေရာဂါေတြပဲ ျဖစ္ပါတယ္။ဒီေရာဂါေတြ ျဖစ္မလာေအာင္ ဘယ္လိုၾကိဳတင္ကာကြယ္ေနထိုင္မယ္၊အကယ္၍ ျဖစ္လာခဲ့ရင္လည္း ‘အပ္နဲ႕ထြင္းရမယ့္ကိစၥ၊ေပါက္ဆိန္နဲ႕ မေပါက္ရေလေအာင္’ ဘယ္လိုေစာလ်င္စြာ ကုသမလဲဆိုတာ မွ်ေဝတင္ဆက္ေပးလိုက္ရပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီရက်ပိုင်း မိုးကြီးပါတယ်။ တာတွေကျိုးပါတယ်။ ရေတွေကြီးနေတဲ့ သတင်းတွေကိုလည်း မြန်မာပြည်တနံတလျားကနေ ကြားသိနေရပါတယ်။ကျွန်တော်အခု ဒီစာကို ရေးနေတဲ့ ဇူလိုင်လ၃၀ရက်နေ့မှာ (မြန်မာတနိုင်ငံလုံးအနေနဲ့ တွက်ရင်) ရေဘေးဒုက္ခသည်တသိန်းကျော် ရှိနေပြီလို့ သတင်းတခုက ဆိုပါတယ်။အတက်ရှိရင် အကျလည်း ရှိမှာမို့ အချိန်တန်ရင် ရေပြန်ကျသွားမှာတော့ ဓမ္မတာပါ။ဒါပေမယ့် ရေမကျခင်စပ်ကြားမှာ အသက်နဲ့ ခန္ဓာမြဲအောင် သတိတမံ၊ဉာဏ်မြေကတုတ်လုပ်ပြီး နေထိုင်ဖို့ လိုအပ်သလို ရေဘေးနဲ့အတူ ပါလာတတ်တဲ့၊မခေါ်ဘဲ ရောက်ရှိလာတဲ့ ဧည့်သည်တွေကိုလည်း သတိထားရပါမယ်။တခြားတော့ မဟုတ်ပါဘူး။ကူးစက်ရောဂါတွေပါ။
၁။ Leptospirosis

ဒီရောဂါဟာ တိရ စ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတမျိုးဖြစ်ပြီး ကြွက်၊နွား၊ကျွဲစတဲ့ သတ္တဝါတွေရဲ့ ‘ဆီး’ထဲမှာ ရှင်သန်နေထိုင်တဲ့ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွါးရပါတယ်။ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် (သင့်အရေပြားမှာ ပေါက်ပြဲဒါဏ်ရာရှိစရာမလိုပါဘူး။ပကတိကောင်းမွန်တဲ့ အရေပြားကိုတောင် ဒီဘက်တီးရီးယားက ဖြတ်သန်းနိုင်ပါတယ်)။ဒါကြောင့် ရေကြီးနေတဲ့ ဒေသတွေမှာ Leptospirosis အန္တရာယ်ကို စိုးရိမ်ရပါတယ်။

ရောဂါလက္ခဏာများ : Leptospirosisဟာ ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊အဖျားတက်ခြင်း၊ကြွက်သားနာကျင်ခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပေမယ့် ကြာရှည်လာပြီဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ပုံစံအဖြစ်ပြောင်းလဲသွားကာ မျက်လုံးနီရဲရောင်ရမ်းခြင်း၊မျက်ရည်ပူများကျခြင်း၊အလင်းစူးစူး မခံနိုင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ဦးနှောက်ထိပါ ရောဂါပျံ့သွားပြီဆိုရင်တော့ သတိလစ်ခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း စတာတွေကိုပါ တွေ့မြင်ရမှာဖြစ်ကာ ကိုယ်တွင်းသွေးယိုစီးခြင်းကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနေပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : ရေထဲကို တတ်နိုင်သမျှ မဆင်းပါနဲ့။လှေ စတဲ့ယာဉ်တွေကို အသုံးပြုပါ။တကယ်လို့ ရေထဲဆင်းရမယ့်အရေးကို မရှောင်ရှားနိုင်ဘူးဆိုရင် တတ်နိုင်သမျှ အချိန်နည်းနည်းပဲ ရေထဲမှာ နေပါ။ရေထဲဆင်းလျှောက်ရတဲ့အခါ ဒူးလောက်ထိကာကွယ်ပေးတဲ့ လည်ရှည်ဖိနပ်ကို စီးပါ။ဒါဟာ Leptospirosis ရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက မြွေအစရှိတဲ့ သတ္တဝါတွေရဲ့ရန်ကပါ ကင်းဝေးစေပါတယ်။ခေါင်းကိုက်ခြင်း၊ဖျားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင်လည်း အချိန်မဆွဲဘဲ ဆေးရုံဆေးခန်း အမြန်ဆုံးပြသပါ။
၂။ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါဟာ Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွါးရပြီး မသန့်ရှင်းတဲ့ အစားအသောက်တွေကတဆင့် အဓိက ကူးစက်ပါတယ်။ယင်ကောင်တွေကတော့ ရောဂါသယ်ဆောင်သူတွေပေါ့။မသန့်ရှင်းတဲ့ ရေတွေ၊အစားအစာတွေကို စားသောက်ရတာ၊မချက်မပြုတ်ရသေးတဲ့ အစားအစာတွေကို စားရတာ (ရေကြီးနေချိန်မှာ မီးရဖို့ ခက်ခဲပါမယ်)တွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွါးနိုင်ပါတယ်။ရှေးခေတ်ကတည်းက ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ သတိထားရပါမယ်။

ရောဂါလက္ခဏာများ : ဝမ်းအရည်ကျဲကျဲတွေ အကြိမ်များများ သွားပါမယ်။ဗိုက်နာပါမယ်။အန်ပါမယ်။ဆန်ဆေးရည်လို ဝမ်းဖြူဖြူတွေ သွားပါမယ်။အနံ့ကလည်း ငါးညှီနံ့ နံပါလိမ့်မယ်။

ဘယ်လိုကာကွယ်ရမလဲ : ရေကြီးချိန်ဖြစ်ပေမယ့် သန့်ရှင်းတဲ့ အစာရေစာတွေကိုသာ တတ်နိုင်သမျှ စားသောက်ရပါမယ်။ရေကို ကျိုချက်သောက်ပါ။အစားအသောက်တွေကို မကိုင်တွယ်မီ လက်ကိုစင်အောင်ဆေးပါ။အစားအသောက်ထည့်တဲ့ အိုးတွေခွက်တွေကို ရေကြီးနေတဲ့ ရေတွေနဲ့ ဆေးကြောခြင်း မပြုရပါဘူး။ကာလဝမ်းရောဂါဖြစ်နေသူတွေနဲ့ မထိမတွေ့မိပါစေနဲ့။သင်ကိုယ်တိုင် ရောဂါခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။
၃။အူရောင်ငန်းဖျားရောဂါ

Salmonella Typhi ဘက်တီးရီးယားကြောင့် ဖြစ်ပွါးတဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း (ကာလဝမ်းရောဂါနည်းတူ) မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေက တဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ : ရောဂါလက္ခဏာတွေဟာ ချက်ချင်းပေါ်ပေါက်လာတာ မဟုတ်ဘဲ ကူးစက်ခံရပြီး တပတ်လောက်အကြာမှာမှ သိသာထင်ရှားလာတာဖြစ်ပါတယ်။အဆိုပါ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊အစားအသောက်ပျက်ခြင်း၊အဖျားကြီးခြင်း၊ဝမ်းလျှောခြင်း၊အနီစက်များ ထွက်လာခြင်း၊အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : မသန့်ရှင်းတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ပါ။အစားအသောက် ထည့်တဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းစင်ကြယ်ပါစေ။အစားအစာတွေကို မကိုင်တွယ်ခင် လက်ကို သန့်စင်အောင် ဆေးပါ။
၄။အသည်းရောင်အသားဝါရောဂါ အေ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးတဲ့ ဒီရောဂါဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေတဲ့အတွက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ဒီရောဂါဟာလည်း မသန့်ရှင်းတဲ့ အစာရေစာတွေကြောင့် ဖြစ်ပွါးရတာမို့ ရေကြီးရေလျှံနေတဲ့ ကာလမှာ အထူးဂရုပြုရမယ့် ရောဂါတမျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ : ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ပထမအပတ်မှာ ငွေ့ငွေ့ဖျားခြင်း၊အစားအသောက်ပျက်ခြင်း၊ဗိုက်အောင့်ခြင်း၊ညာဖက်နံရိုးအိမ်အောက်ခြေနားက နာခြင်း၊ဆီးအရောင်မည်းခြင်း၊မျက်စိ/အသားဝါခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ရက်သတ္တပတ် ၂ – ၄ ပတ်အကြာမှာတော့ အဆိုပါ လက္ခဏာတွေ ပြန်လည်ပျောက်ကွယ်သွားပါလိမ့်မယ်။

ဘယ်လိုကာကွယ်ရမလဲ : ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါတွေကို ကာကွယ်တဲ့အတိုင်း အတူတူပါပဲ။ဒါ့အပြင် အခြားသူတွေနဲ့ ဇွန်း၊ဖန်ခွက် စသည် မျှဝေသုံးစွဲခြင်းကိုလည်း ရှောင်ရှားရပါမယ်။
၅။သွေးလွန်တုပ်ကွေးရောဂါ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ မိုးတွင်းမှာ အဖြစ်များသလို ရေကြီးရေလျှံချိန်မှာလည်း သတိထားရမယ့် ရောဂါတခုပါ။

ရောဂါလက္ခဏာများ : ဒီရောဂါ ခံစားရသူတွေဟာ (ကလေးတွေမှာ အများဆုံးဖြစ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်တာကို သိထားရပါမယ်) ၂ – ၇ ရက်လောက်အထိ အဖျားကြီးခြင်း၊အစားအသောက်ပျက်ခြင်း၊ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်လာခြင်း၊ကြွက်သားများ နာကျင်ခြင်း၊ကော်ဖီအနှစ်ရောင်များအန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ပိုဆိုးတဲ့ အခြေအနေမှာတော့ (အဖျားကြီးနေရာကနေ) ရုတ်တရက် အဖျားကျပြီး ခြေတွေလက်တွေ အေးစက်သွားခြင်း၊သွေးခုန်နှုန်းအလွန်မြန်လာခြင်း၊ဆီးနည်းသွားခြင်း/ဆီးမသွားတော့ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ဒါတွေကတော့ ရှော့ခ်ဝင်ခြင်းကို ဖော်ပြပြီး အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ : သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပေးသူဟာ Aedes ခြင်အမျိုးအစားဖြစ်ပါတယ်။ဒါကြောင့် ခြင်အကိုက်မခံရအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်းဟာ အကောင်းဆုံးသော ကာကွယ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။ပုံမှန်အားဖြင့် အိမ်ပတ်ဝန်းကျင်မှာ ရေတင်နိုင်တဲ့ အိုးခွက်အစုတ်တွေ၊တာယာအဟောင်းတွေ မထားရှိသင့်ဘူးလို့ ပြောရမှာဖြစ်ပေမယ့် ရေကြီးနေချိန်မှာတော့ ဒီကိစ္စကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် သင်ကိုယ်တိုင်ရော၊သင့်ကလေးကိုပါ ခြင်ကိုက်မခံရအောင် နေရမှာ ဖြစ်ပါတယ်။

အခြားသော ရောဂါတွေလည်း ရှိနေသေးပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကတော့ ရေကြီးချိန်မှာ အဓိကကြုံတွေ့လာရနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ဒီရောဂါတွေ ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်နေထိုင်မယ်၊အကယ်၍ ဖြစ်လာခဲ့ရင်လည်း ‘အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ပေါက်ဆိန်နဲ့ မပေါက်ရလေအောင်’ ဘယ်လိုစောလျင်စွာ ကုသမလဲဆိုတာ မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top