iMyanmarHouse.com - Best Property Website for Myanmar
×
# Unicode Version ဖြင့် ဖတ်ပါ #
ယခုတလော Social media မှာခေတ်စားတာတဲ့ The Kiki Challenge ခေါ် ကားပေါ်ကဆင်းပီး Drake ရဲ့ In My Feeling Dance သီးချင်းကိုသရုပ်ဖော်တဲ့ အမူအရာလေးတွေကို လိုက်လုပ်ဖို့ကြိုးစားတဲ့ အသက် ၁၈နှစ်အရွယ် Anna Worden တစ်ယောက်တော့ အရေးပေါ်ဌာနရောက်သွားရှာပါတယ်။
အမေရိကန်နိုင်ငံ Bettendorf သူ Anna တစ်ယောက်ကားပေါ်ကဆင်းဆင်းခြင်းမှာ ခြေချော်လဲကျကာ မြေကြီးခေါင်းမိတ်ဆက်သွားခဲ့တာပါ။ သတိလဲလစ်သွားပါတယ်တဲ့။ ဦးနှောက်သွေးယိုမှုအနည်းငယ်ဖြစ်ခဲ့တာကြောင့် ရဟတ်ယာဉ်အကူအညီနဲ့ ဆိုင်ရာဆေးရုံကြီးကို အလျင်အမြန်ပို့ခဲ့ရပါတယ်။
ခုလိုဖြစ်လို့ Anna ကိုပေါ့သေးသေးတော့မထင်လိုက်ပါနဲ့။ Anna ဟာကလေးဘဝထဲက အကဝါသနာပါသူဖြစ်ကာ ယခုတစ်ခေါက်မှာမှ အမှတ်မထင်မတော်တဆဖြစ်ခဲ့ရတာပါ။
“ ကွျွန်မနောက်ဆုံးမှတ်မိတာက ကားတံခါးဖွင့်လိုက်တာကိုပါ။ နောက်ပီးအောက်ကိုခုံဆင်းလိုက်ချိန်မှာခြေချော်ပီး ခေါင်းကမြေကြီးနဲ့ဆောင့်မိခဲ့တယ်လို့တော့ ထင်တာပါပဲ။ Instagram မှာ Shiggy ဆိုသူက စတင်ပီး Drake ရဲ့သီချင်းနဲ့ Challenge လုပ်ခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ လွယ်ကူတယ်ထင်ရပီး ပျော်စရာကောင်းတယ်လို့ထင်ရပေမဲ့ ပိုမိုဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ပြောပါတယ်။
Shiggy က သီချင်းစာသားထဲက “are you riding” ကို ကားစတီယာရင်ကို လှည့်တဲ့ပုံနဲ့သရုပ်ဖော်ခဲ့ရုံသာမက “Kiki, do you love me” ကို အသည်းပုံသရုပ်ဖော်မှုနဲ့ ပြုလုပ်ပြသွားခဲ့တာပါ။ ထို Challenge ကို Do the Shiggy Dance လို့နာမည်ပေးထားပီး Will Smith အပါအသင်လူထောင်ပေါင်းများစွာ အပျော်သဘောသရုပ်ဖော်ခဲ့ကြပါတယ်။
Credit : စပွန့် (Daily Hot News)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top