iMyanmarHouse.com - Best Property Website for Myanmar
×





Credit: မူရငိး
# Unicode Version ဖြင့် ဖတ်ပါ #
အတိတ်က ရွှေထူးအပေါ် ပန်ကိတ် ရဲ့ ပေးဆပ်ခဲ့ခြင်းတွေကို ပန်ကိတ် နဲ့ နီးစပ်သော သူ တစ်ဦးကနေဖွင့်ချလိုက်ပါတယ် ။ နိုင်ငံခြား မှာ မိတ်ကပ်ပညာရှင် အဖြစ် အောင်မြင်နေတဲ့ မအေးအေးဇော် ပဲဖြစ်ပါတယ် ။ မအေးအေးဇော်ကတော့ အတိတ်က ပန်ကိတ်တစ်ယောက် ရွှေထူးအတွက် အနစ်နာခံပေးဆပ်ခဲ့တဲ့ အကြောင်းတွေကို ဖွင့်ချခဲ့တာပါ ။ ရွှေထူး ရဲ့ အချစ်ရေးကိစ္စ ဟာ လတ်တလောမှာ အာရုံစိုက်မှုမြင့်တက်နေတာလည်းဖြစ်ပါတယ်။

ပန်ကိတ် တစ်ယောက် ရွှေထူးအပေါ်ကို အနစ်နာခံပြီး သစ္စာရှိရှိ မရှိအတူရှိအတူ အေးအတူပူအမျှဖြတ်သန်းခဲ့ပေမယ့် အောင်မြင်ပြီးနောက်ပိုင်းမှာတော့ ထားခဲ့တာနဲ့ ပတ်သက်လို့လည်းပြောဆိုထားပါသေးတယ် ။ ပန်ကိတ်တစ်ယောက် ရွှေထူးကိုအောင်မြင်စေလိုတဲ့အတွက် စီးရီးထုတ်ပေးဖို့ ဒေါ်လာလေးထောင်ကို လည်း ခေတ္တချေးယူဖို့ ကြိုးစားခဲ့ဖူးတယ် လို့ သူမက အတည်ပြုပြောကြားခဲ့ပါတယ် ။

ယောကျာ်းလေးတွေအနေနဲ့ အမြင့်တစ်နေရာကိုရောက်ရှိခဲ့ရင် နောက်ဆုံးမှာ အနိမ့်မှာ ကျန်ခဲ့တဲ့ အဆင့်အတန်းတူ မိန်းကလေးတွေကိုသာ ရွေးချယ် တတ်ကြပြီး ၊ မိန်းကလေးတွေကတော့ အမြင့်တစ်နေရာကို ရောက်ရှိခဲ့တဲ့ အခါ တောမှာ ကျန်ခဲ့တဲ့ ချစ်သူယောကျာ်းလေးတွေကို အမြင့်ကို ရအောင်ဆွဲတင်ပြီး ဘဝဘလက်တွဲဖော်အဖြစ်ရွေးချယ်တတ်ကြတာပါဆိုပြီး

သူမရဲ့ ဒသနလေးကိုတောင်မျှဝေထားပါသေးတယိ။ ပရိသတ်ကြီးရေ အနုပညာရှင်တွေကို ပြည်သူတွေက ချစ်ကြတဲ့ အားလျော်စွာ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေဟာလည်း သူတို့ ရဲ့ အာရုံစိုက်ခံရပါတယ်။ ပရိသတ်ကြီးရောမှတ်ချက်မှာ သဘောထားလေးတွေ ပြောပြပေးခဲ့ကြပါနော်။

Credit: မူရငိး
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top