iMyanmarHouse.com - Best Property Website for Myanmar
×

Justin Bieber သည္ေခသူမဟုတ္ပါ။အခုမွသာ Hailey ရဲ႕ရင္ခြင္ထဲမွာ မခုတ္တတ္တဲ့ေၾကာင္ေလးလို ျငိမ္ေနေပမယ့္ အရင္အခ်ိန္ေတြတုန္းကေတာ့ ေခ်ာေပ့လွေပ့ဆိုတဲ့ မင္းသမီးေတြ၊ အဆိုေတာ္ေတြ ၊ေမာ္ဒယ္ေလးေတြကုိ ထည္လဲတြဲျပီး အသည္းေျခြခဲ့တဲ့ တာေတလန္ေအာင္ဆိုးတဲ့ ေကာင္ေလးျဖစ္ခဲ့မွန္း တစ္ကမၻာလံုးကသိၾကပါတယ္။ သူ႔ရဲ႕အဲဒီလိုအက်င့္ေတြေၾကာင့္လည္း နွစ္ရွည္လမ်ားတဲြခဲ့တဲ့ သူတကယ္ခ်စ္တဲ့ေကာင္မေလးနဲ႔ ေဝးခဲ့ရတာပါပဲ။ Selena က Justin ကုိ ခ်စ္လို႔ သည္းခံခဲ့ေပမယ့္လည္း ၾကိမ္ဖန္မ်ားစြာနာက်င္လာရတဲ့အခါ လႊတ္ခ်မိေတာ့တာပဲေလ။

Justin က Selena နဲ႔ တြဲေနစဥ္ကတည္းက Selena နဲ႔ ရန္ျဖစ္လုိ႔ သူအသည္းကြဲရတုိင္း နာက်င္ခံစားရတုိင္းမွာ သူ႔ကုိအျပစ္မေျပာပဲလက္ခံနွစ္သိမ့္ေပးတတ္တဲ့ သူငယ္ခ်င္းမေလး Hailey Baldwin ရွိရာကိုေျပးေလ့ရွိျပီး ေနာက္ Selena ျပန္လာေတာ့လည္း Hailey ေဘးကေန ဖုတ္ဖတ္ခါထျပီး Selena လက္ကုိအျမတ္တနိုးျပန္တြဲသြားခဲ့တဲ့ အၾကိမ္ေတြကလည္း လြန္ခဲ့တဲ့နွစ္ေတြအတြင္းမွာ မေရမတြက္နုိင္ေအာင္ရွိခဲ့တာပါ။ဒီေတာ့ ျပီိးခဲ့တဲ့လက Justin က Hailey ကုိေစ့စပ္လုိက္ျပီး အခုလက္ထပ္ဖို႔အစစအရာရာ ျပင္ဆင္ေနၾကတယ္၊သူတို႔နွစ္ဦးေပါင္းဖက္ရေတာ့မယ္၊ Justin က Hailey ရဲ႕ တန္ဖိုးကိုသိသြားျပီဆိုေပမယ့္လည္း Hailey ရဲ႕စိတ္အတြင္းထဲမွာ Selena ျပန္လာမွာကိုလည္းစုိးရိမ္ေနသလို Justin ကုိ ျပန္လိုခ်င္ေနၾကတဲ့ အရင္ရည္းစားေဟာင္းေတြကုိလည္း ေန႔စဥ္နဲ႔အမွ်ထိတ္လန္႔ေနရဆဲပါ။

Justin ဟာအလြန္ေပြရႈပ္တဲ့ေကာင္ေလးျဖစ္ခဲ့တာေၾကာင့္ နာမည္ၾကီး အေတာ္မ်ားမ်ားနဲ႔လည္း တြဲဖူးပါတယ္။ အဲဒီနာမည္ၾကီးေတြအကုန္လံုးနီးပါးကလည္း သူ႔အတြဲနဲ႔ သူအဆင္ေျပေနသူေတြကလြဲရင္ Single ျဖစ္သြားတာနဲ႔ Justin နားကိုျပန္ကပ္ၾကသူေတြခ်ည္းပါပဲ။ Justin က စဲြလန္းရူးသြပ္ဖြယ္ကုိး။ ဒီေတာ့ Justin ကုိ လတ္တေလာအပုိင္ရထားသူ Hailey အေနနဲ႔ ဘယ္ေတာ့မ်ားသူူမ်ားေနာက္ပါသြားမလဲ၊စနုႈိက္ေက်ာ္ခံလုိက္ရေလမလဲ၊ Justin ကမ်ား စိတ္ေျပာင္းသြားမလားဆိုျပီး အျမဲတမ္းနီးပါး ပူပင္ေသာကဗ်ာပါဒေတြဝိုင္းေနရတာက ေသခ်ာေပါက္ေပါ့။

ဒါေပမယ့္ Justin က လက္ရွိမွာ Hailey ကုိ သစၥာရွိရွိေနျပီး Hailey အေနနဲ႔ သူ႔ေၾကာင့္ခံစားေနရတဲ့ ပူပင္မႈေတြ ေလ်ာ့က်သြားေအာင္၊ စိတ္ခ်လက္ခ်ေနနိုင္ေအာင္ အေနအထိုင္ ဆင္ျခင္လ်က္ရွိတယ္လို႔ Justin နဲ႔ ရင္းနွီးသူတစ္ဦးက The Hollywood Life Megazine ကုိေျပာျပခဲ့ပါတယ္။ Justin လည္း ရင့္က်က္လာျပီကုိး တစ္ေယာက္ဆို တစ္ေယာက္သတ္သတ္မွတ္မွတ္ပဲ သစၥာရွိခ်င္ေတာ့မွာေပါ့။ အဲဒီလိုအခ်ိန္မ်ိဳးမွာ Selena အနားမွာမရွိေတာ့တာက ဝမ္းနည္းစရာပါပဲ။ Justin က Hailey ကုိ ဘယ္ေလာက္ေတာင္ ဂရုစုိက္လိုက္သလဲဆိုရင္ Hailey နဲ႔ အနီးတစ္ဝိုက္မွာ Selena Gomez ရဲ႕နာမည္ကုိမေျပာမိဖို႔ အျမဲဂရုစုိက္ေနပါတယ္တဲ့။ Selena ဆိုတာက လြယ္လြယ္ေရွာင္ရွားလို႔ရတဲ့ ခပ္ေပါ့ေပါ့ေကာင္မေလးမွ မဟုတ္တာ။ကမၻာေက်ာ္အဆိုေတာ္ အေျခသတင္းၾကီးတဲ့ ေရႊမင္းသမီးေလ၊ တစ္ကမၻာလံုးက ရူးသြပ္စြဲလန္းေနရတဲ့ အနုပညာရွင္တစ္ဦးမဟုတ္လား။အေရးအၾကီးဆံုးကေတာ့ Justin ရဲ႕ရင္ထဲမွာ ဆယ္စုနွစ္တစ္ခုေလာက္ စဲြျမဲခု္ိင္မာစြာရွိဖူးတဲ့သူေလ။ ဒါေၾကာင့္ Justin ဟာ Selena ကုိအျမဲသတိရေနျပီး ပါးစပ္ကလည္းလႊတ္ခနဲထြက္ေျပာမိတတ္ေလ့ရွိပါတယ္တဲ့။ အဲဒီကိစၥေၾကာင့္ Hailey နဲ႔ အျမဲလိုလိုျပႆနာတက္ရေလ့ရွိျပီး အခုေနာက္ပုိင္းမွာေတာ့ Justin က Hailey စိတ္ခ်မ္းသာေစဖို႔ Selena နာမည္ကုိမေျပာမိေအာင္သတိၾကီးၾကီးထားေနရတယ္လို႔ဆိုပါတယ္။

တစ္ဖက္မွာလည္း Selena ရဲ႕ သူငယ္ခ်င္းေတြက Selena တစ္ေယာက္ Justin နဲ႔ couple ပံုေတြကုိ သူမရဲ႕ဖုန္းထဲကေနမဖ်က္ပစ္ရက္ပဲၾကည့္ေနမိတာကို မိထားတယ္ဆိုတဲ့သတင္းထြက္လာေသးတာေၾကာင့္ Justin ဟာ Hailey နဲ႔ ေစ့စပ္ျပီးမွပဲ Jelena couple က တစ္ေယာက္ကိုတစ္ေယာက္ျပင္းျပစြာသတိရေနၾကပံုေပၚပါတယ္။ ဒီေတာ့..ေရွ႕ဆက္ဘာေတြျဖစ္ၾကဦးမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါပဲ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. Justin က ဘယ္လိုပဲျဖစ္ျဖစ္ Hailey နဲ႔ပဲ မ်က္စိမွိတ္လက္ထပ္သြားမယ္ထင္လား။ဒါမွမဟုတ္ အရင္အၾကိမ္ေပါင္းမ်ားစြာတုန္းကလိုပဲ Selena ဆီကုိ လြမ္းဆြတ္သတိရစြာေျပးလာမယ္ထင္လား။

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
Justin Bieber သည်ခေသူမဟုတ်ပါ။အခုမှသာ Hailey ရဲ့ရင်ခွင်ထဲမှာ မခုတ်တတ်တဲ့ကြောင်လေးလို ငြိမ်နေပေမယ့် အရင်အချိန်တွေတုန်းကတော့ ချောပေ့လှပေ့ဆိုတဲ့ မင်းသမီးတွေ၊အဆိုတော်တွေ၊မော်ဒယ်လေးတွေကို ထည်လဲတွဲပြီး အသည်းခြွေခဲ့တဲ့ တာတေလန်အောင်ဆိုးတဲ့ ကောင်လေးဖြစ်ခဲ့မှန်း တစ်ကမ္ဘာလုံးကသိကြပါတယ်။ သူ့ရဲ့အဲဒီလိုအကျင့်တွေကြောင့်လည်း နှစ်ရှည်လများတွဲခဲ့တဲ့ သူတကယ်ချစ်တဲ့ကောင်မလေးနဲ့ ဝေးခဲ့ရတာပါပဲ။ Selena က Justin ကို ချစ်လို့ သည်းခံခဲ့ပေမယ့်လည်း ကြိမ်ဖန်များစွာနာကျင်လာရတဲ့အခါ လွှတ်ချမိတော့တာပဲလေ။

Justin က Selena နဲ့ တွဲနေစဉ်ကတည်းက Selena နဲ့ ရန်ဖြစ်လို့ သူအသည်းကွဲရတိုင်း နာကျင်ခံစားရတိုင်းမှာ သူ့ကိုအပြစ်မပြောပဲလက်ခံနှစ်သိမ့်ပေးတတ်တဲ့ သူငယ်ချင်းမလေး Hailey Baldwin ရှိရာကိုပြေးလေ့ရှိပြီး နောက် Selena ပြန်လာတော့လည်း Hailey ဘေးကနေ ဖုတ်ဖတ်ခါထပြီး Selena လက်ကိုအမြတ်တနိုးပြန်တွဲသွားခဲ့တဲ့ အကြိမ်တွေကလည်း လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ မရေမတွက်နိုင်အောင်ရှိခဲ့တာပါ။ဒီတော့ ပြီးခဲ့တဲ့လက Justin က Hailey ကိုစေ့စပ်လိုက်ပြီး အခုလက်ထပ်ဖို့အစစအရာရာ ပြင်ဆင်နေကြတယ်၊သူတို့နှစ်ဦးပေါင်းဖက်ရတော့မယ်၊ Justin က Hailey ရဲ့ တန်ဖိုးကိုသိသွားပြီဆိုပေမယ့်လည်း Hailey ရဲ့စိတ်အတွင်းထဲမှာ Selena ပြန်လာမှာကိုလည်းစိုးရိမ်နေသလို Justin ကို ပြန်လိုချင်နေကြတဲ့ အရင်ရည်းစားဟောင်းတွေကိုလည်း နေ့စဉ်နဲ့အမျှထိတ်လန့်နေရဆဲပါ။

Justin ဟာအလွန်ပွေရှုပ်တဲ့ကောင်လေးဖြစ်ခဲ့တာကြောင့် နာမည်ကြီး အတော်များများနဲ့လည်း တွဲဖူးပါတယ်။ အဲဒီနာမည်ကြီးတွေအကုန်လုံးနီးပါးကလည်း သူ့အတွဲနဲ့ သူအဆင်ပြေနေသူတွေကလွဲရင် Single ဖြစ်သွားတာနဲ့ Justin နားကိုပြန်ကပ်ကြသူတွေချည်းပါပဲ။ Justin က စွဲလန်းရူးသွပ်ဖွယ်ကိုး။ ဒီတော့ Justin ကို လတ်တလောအပိုင်ရထားသူ Hailey အနေနဲ့ ဘယ်တော့များသူူများနောက်ပါသွားမလဲ၊စနုှိုက်ကျော်ခံလိုက်ရလေမလဲ၊ Justin ကများ စိတ်ပြောင်းသွားမလားဆိုပြီး အမြဲတမ်းနီးပါး ပူပင်သောကဗျာပါဒတွေဝိုင်းနေရတာက သေချာပေါက်ပေါ့။

ဒါပေမယ့် Justin က လက်ရှိမှာ Hailey ကို သစ္စာရှိရှိနေပြီး Hailey အနေနဲ့ သူ့ကြောင့်ခံစားနေရတဲ့ ပူပင်မှုတွေ လျော့ကျသွားအောင်၊ စိတ်ချလက်ချနေနိုင်အောင် အနေအထိုင် ဆင်ခြင်လျက်ရှိတယ်လို့ Justin နဲ့ ရင်းနှီးသူတစ်ဦးက The Hollywood Life Megazine ကိုပြောပြခဲ့ပါတယ်။ Justin လည်း ရင့်ကျက်လာပြီကိုး တစ်ယောက်ဆို တစ်ယောက်သတ်သတ်မှတ်မှတ်ပဲ သစ္စာရှိချင်တော့မှာပေါ့။ အဲဒီလိုအချိန်မျိုးမှာ Selena အနားမှာမရှိတော့တာက ဝမ်းနည်းစရာပါပဲ။ Justin က Hailey ကို ဘယ်လောက်တောင် ဂရုစိုက်လိုက်သလဲဆိုရင် Hailey နဲ့ အနီးတစ်ဝိုက်မှာ Selena Gomez ရဲ့နာမည်ကိုမပြောမိဖို့ အမြဲဂရုစိုက်နေပါတယ်တဲ့။ Selena ဆိုတာက လွယ်လွယ်ရှောင်ရှားလို့ရတဲ့ ခပ်ပေါ့ပေါ့ကောင်မလေးမှ မဟုတ်တာ။ကမ္ဘာကျော်အဆိုတော် အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေ၊ တစ်ကမ္ဘာလုံးက ရူးသွပ်စွဲလန်းနေရတဲ့ အနုပညာရှင်တစ်ဦးမဟုတ်လား။အရေးအကြီးဆုံးကတော့ Justin ရဲ့ရင်ထဲမှာ ဆယ်စုနှစ်တစ်ခုလောက် စွဲမြဲခိုင်မာစွာရှိဖူးတဲ့သူလေ။ ဒါကြောင့် Justin ဟာ Selena ကိုအမြဲသတိရနေပြီး ပါးစပ်ကလည်းလွှတ်ခနဲထွက်ပြောမိတတ်လေ့ရှိပါတယ်တဲ့။ အဲဒီကိစ္စကြောင့် Hailey နဲ့ အမြဲလိုလိုပြဿနာတက်ရလေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ Justin က Hailey စိတ်ချမ်းသာစေဖို့ Selena နာမည်ကိုမပြောမိအောင်သတိကြီးကြီးထားနေရတယ်လို့ဆိုပါတယ်။

တစ်ဖက်မှာလည်း Selena ရဲ့ သူငယ်ချင်းတွေက Selena တစ်ယောက် Justin နဲ့ couple ပုံတွေကို သူမရဲ့ဖုန်းထဲကနေမဖျက်ပစ်ရက်ပဲကြည့်နေမိတာကို မိထားတယ်ဆိုတဲ့သတင်းထွက်လာသေးတာကြောင့် Justin ဟာ Hailey နဲ့ စေ့စပ်ပြီးမှပဲ Jelena couple က တစ်ယောက်ကိုတစ်ယောက်ပြင်းပြစွာသတိရနေကြပုံပေါ်ပါတယ်။ ဒီတော့..ရှေ့ဆက်ဘာတွေဖြစ်ကြဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. Justin က ဘယ်လိုပဲဖြစ်ဖြစ် Hailey နဲ့ပဲ မျက်စိမှိတ်လက်ထပ်သွားမယ်ထင်လား။ဒါမှမဟုတ် အရင်အကြိမ်ပေါင်းများစွာတုန်းကလိုပဲ Selena ဆီကို လွမ်းဆွတ်သတိရစွာပြေးလာမယ်ထင်လား။

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top