iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ေယာက္က အိမ္ေထာင္ က်သြားၿပီဆိုရင္ လူေတြကအထင္နဲ႔ ေယာက်ၤား ရကံေကာင္းတယ္ ကံဆိုးတယ္ဆိုၿပီးသတ္မွတ္ေျပာဆိုတတ္ၾကပါတယ္။

ရုပ္ကေလးလွရံုနဲ႔ မျပည့္စံုတဲ့ မိန္းကေလး တစ္ေယာက္က သူ႔ထက္သာတဲ့ျပည့္စံုတယ္လို႔ယူဆရတဲ့ ေယာက်ၤား တစ္ေယာက္နဲ႔ အိမ္ေထာင္ က်ရံုနဲ႔ သူမမွာ ကံေကာင္းျခင္း ေတြ မပိုင္ဆိုင္ပါဘူး။ သူ႔ လင္ ေယာက်ၤား ရဲ႕ အရွိန္အဝါကိုေတာ့ သူသိမ္ငယ္ ေနရတာပါ ..

ေယာက်ၤား တစ္ေယာက္ ရွာေဖြေကၽြးေမြးတာကို ထိုင္စားေနတဲ့ မိန္း မမို႔ကိုယ့္ဝမ္းစာကိုယ္ ရွာမစားရလို႔လည္း ကံေကာင္းတယ္ မဆိုႏိုင္ပါဘူး။ အနည္းဆံုးေတာ့ သူဟာ သူ႔ ဘဝ ကိုပစ္ပယ္ၿပီး သားသမီး အတြက္ လင္ ေယာက်ၤား အတြက္ ေပးဆပ္အခ်ိန္ကုန္ေနရတာပဲ။

ဒါ့ထက္ပိုဆိုးရင္ ေယာက်ၤား မ်က္ႏွာၾကည့္ၿပီး မဝံ့မရဲ ဘဝ နဲ႔ ေနေနရတာပါ။ တခါတေလ သူ႔မွာ ဆံုးျဖတ္ ပိုင္ခြင့္ဆိုတာ ဘာမွေတာင္ မသိပဲ ကိုယ့္ ဘဝ ကိုယ္သတ္ၿပီး ရွင္သန္ ေနရတာပါ။ ေယာက်ၤား လုပ္သမၽွ မေျပာရဲမဆိုရဲေနရတဲ့အခ်ိန္ေတြေတာင္ ရွိရင္ ရွိေနႏိုင္ပါတယ္။

မိန္းမသား ေတြဟာ အိမ္ေထာင္ ျပဳတယ္ဆိုကတည္းက မွီခိုခ်င္လို႔ အားကိုး ခ်င္လို႔ မွီခိုထိုက္ အားကိုး ထိုက္သူကို ေရြးခ်ယ္တတ္ၾကတယ္။ ဒါကိုပဲ အႏိုင္ယူ ႏွိမ္ထားခ်င္တဲ့ ေယာက်ၤား ေတြမွ တပံုႀကီး။ အားလံုးကိုေတာ့ မဆိုလိုပါ။ ၿပီးေတာ့ ေယာက်ၤား ေတြက ကိုယ္က ေပးဆပ္ ေနတာပဲျမင္တာ ကိုယ့္ကို ေပးဆပ္ ေနခဲ့ရင္ေတာ့ မသိခ်င္ေယာင္ေဆာင္တတ္ၾကတယ္။ တခ်ိဳ႕ေတြဆိုရွိပါတယ္ တေလာကလံုးနဲ႔ အဆင္ေျပေအာင္ေနတယ္ အိမ္က မိန္းမ ေတာ့ ဘယ္လိုေနေန အျပစ္မလြတ္ဘူး။ တျဖည္းျဖည္း ပါးစပ္ ကေန ထုတ္ေဖာ္ကဲ့ရဲ႕ခံရတဲ့အထိ ႏွိမ္ခ်ခံေနရတဲ့ မိန္းမ သား ေတြ ရွိပါတယ္။

အသိဥာဏ္ေသးသိမ္တဲ့ ပတ္ဝန္းက်င္ က ဒီလို ေယာက်ၤား မ်ိဳးရတာ ကံေကာင္းတယ္မွတ္ နင့္ကိုသူမို႔ယူတာ လိမ္လိမ္မာမာေန ဒါမ်ိဳးေတြေျပာေျပာၿပီး လင္မယားၾကား ေသြးခြဲ လိုက္တာကို ေသြးနားထင္ေရာက္ေနတဲ့ ေယာက်ၤား မ်ားကေတာ့ ကမၻာမွာသူကပဲ ကယ္တင္ရွင္ လူစြမ္းေကာင္း လိုပံုစံ ခ်ိဳးျပပါေလေရာ။ ကၽြန္မေျပာပါ့မယ္ ေငြရွာႏိုင္တဲ့အဆင့္တခု ရွိေနႏိုင္တဲ့ ေယာက်ာၤး တစ္ေယာက္ကိုရတာနဲ႔ ဒီ မိန္းကေလး က ကံေကာင္း သြားေရာတဲ့လား သူ႔ရဲ႕အက်င့္စာရိတၱ ဘာဆိုဘာမွမသိပဲ ဂုဏ္မ်က္ႏွာတခုထဲနဲ႔ ဆံုးျဖတ္လိုက္လို႔ရလား ေငြေၾကး မခ်မ္းသာတာနဲ႔ပဲ သမၼာအာဇီဝက်က် ေနထိုင္စားေသာက္ေနတဲ့မိန္းကေလးမွာ အလိုလိုေနရင္း မ်က္ႏွာမြဲကိုျဖစ္လို႔။ အမွန္တကယ္ေတာ့ ကိုယ့္စိတ္ႀကိဳက္ကိုယ္ ေရြးၾကတာပါ ကိုယ္လက္ခံႏိုင္လို႔ ရယူထားတဲ့ဘဝကို ကိုယ္စီမံရမွာပဲ မဟုတ္လား။

အရင္ကေတာ့ ခ်စ္ခင္ၾကင္နာစက ကိုယ့္ ခ်စ္သူ ရဲ႕ အားနည္းခ်က္ ဟာ ကိုယ့္ အသက္ ထက္ ပိုကာကြယ္ေပးမလိုနဲ႔ ၾကာလာေတာ့ ႏိုင္ကြက္လိုအသံုးခ်လာတယ္။ အားကိုးစရာ မိဘမ ရွိတဲ့ မိန္းကေလး ဆို အိမ္ကႏွင္ခ်မယ္။ မိဘ က ေထာက္ပံ့မႈမေပးႏိုင္တဲ့ မိန္းကေလး ဆို အႏွိမ္ခံရမယ္။ ေငြမရွာႏိုင္တဲ့ မိန္းကေလး ဆိုလို႔ကေတာ့ သြားၿပီ..တသက္လံုးကၽြန္လိုသာ ေနေပေတာ့ပဲ။

အသိုင္းဝိုင္းမရွိတဲ့ မိန္းကေလး ဆိုရင္ ေယာက်ၤား လုပ္သူက ေဆြဂုဏ္မ်ိဳးဂုဏ္နဲ႔ မာန္တက္ၿပီး ႏွိမ္ခ်ဆက္ဆံခံေနရတတ္တယ္။ တခ်ိဳ႕ေသာ ေယာက်ၤား ေတြက လူကိုနာေအာင္ လုပ္တာထက္ စိတ္ကိုနာေအာင္ ပိုလုပ္တတ္ၾကတယ္။ စကားလံုးအမ်ိဳးမ်ိဳးနဲ႔ တသက္လံုး လူအညႊန္႔တုန္းေအာင္ခ်ိဳးထားတတ္ၾကတယ္။ အစကတည္းက အခ်စ္ ဆိုတာကို ေရွ႕တန္းမတင္ပဲ ကိုယ္နဲ႔အဆင္ေျပတာကို ေရြးတတ္ခဲ့ရမွာ။ ရိုင္းရိုင္းေျပာရရင္ ကိုယ့္အတြက္ ရိုးအီသြားမွ အႏိုင္က်င့္ႏွိပ္စက္ ႏွိမ္ခံေနရတဲ့ အိမ္ေထာင္ေရး ေတြမွ ဒုနဲ႔ေဒး။

မိန္းမ တစ္ေယာက္အတြက္ အသည္းအနာဆံုး စကား က ငါရွာေကၽြးေနတာ ပါးစပ္ပိတ္ၿပီး ေအးေဆးထိုင္စား ငါဘာလုပ္လုပ္ လာမစြက္ဖက္နဲ႔ဆိုတာပဲ။ အဲ့ဒါမိန္းမတေယာက္ကို ကၽြန္လိုဆက္ဆံတာ။ ငါေယာက်ၤားဟဲ့ဆိုၿပီး အႏိုင္ယူလိုက္တာ။ ေငြေလးနည္းနည္းရွာႏိုင္လာေတာ့ ကိုယ့္ကိုယ္ကို အလံထူလာတယ္။ မရွိစဥ္အဆင္မေျပခ်ိန္က ငပိရည္နဲ႔ၾကက္ဥေၾကာ္ အတူစားခဲ့တာေတြ ေမ့တတ္လာတယ္။ စားစရာမရွိခ်ိန္ ဘဝကိုရုန္းကန္ခဲ့ဖူးတာေတြ သတိမရတတ္ေတာ့ဘူး။ ေငြစေၾကးစေလးရွိလာေတာ့ မင္းသြားလိုက္ေတာ့ ငါ့အတြက္ မိန္းမ မရွားဘူးဆိုၿပီး ျဖစ္လာတယ္။မိန္းမ ကလြဲရင္ အကုန္လံုး အလွပေဂးေလး ျဖစ္လာတယ္။ တခ်ိန္က သနပ္ခါးပါးကြက္ၾကားနဲ႔ ျမန္မာဆန္လို႔ခ်စ္တယ္ဆိုတာေတြက အခုေတာ့ ေဆးေရာင္စံုေတြၾကား ေတာဂိုက္ႀကီး ျဖစ္လာတယ္ ။

မိန္းမ တေယာက္ျဖစ္ေနလို႔ဆိုၿပီး အရာအားလံုးကို ၿမိဳသိပ္ခံစားေနရတာေတြ ဘယ္သူမွ မသိႏိုင္ပါဘူး။ လူေတြက သတ္မွတ္လိုက္တဲ့ ပညတ္ခ်က္ေတြေၾကာင့္ တခ်ိဳ႕ မေပ်ာ္ရႊင္ေနတာကို ေပ်ာ္ရႊင္ခ်င္ေယာင္ေဆာင္တယ္။ သူဘယ္ေလာက္ပဲ ရုန္းထြက္ခ်င္ေနေပမယ့္ ႀကိတ္မွိတ္ၿမိဳသိပ္တယ္။ကိုယ့္ကိုလူေတြ ဘယ္လိုျမင္မလဲဆိုတာ ေတြေတြးရင္းနဲ႔ ကိုယ့္ဘဝကိုယ္သတ္ပစ္ေနရတယ္။ မိန္းကေလးတေယာက္ အိမ္ေထာင္ေရး ကံဆိုးတယ္ ကံေကာင္းတယ္ဆိုတာ ပတ္ဝန္းက်င္က သတ္မွတ္လို႔မရဘူး။ ကာယကံရွင္ မိန္းကေလးကိုယ္တိုင္ပဲ သိပါတယ္။ အဲ့ဒါ့ေၾကာင့္ သူတပါးဘဝကို အျမင္နဲ႔ မသံုးသပ္ၾကပါနဲ႔။ ။

Credit: Tameelay
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေး တစ်ယောက်က အိမ်ထောင် ကျသွားပြီဆိုရင် လူတွေကအထင်နဲ့ ယောင်္ကျား ရကံကောင်းတယ် ကံဆိုးတယ်ဆိုပြီးသတ်မှတ်ပြောဆိုတတ်ကြပါတယ်။

ရုပ်ကလေးလှရုံနဲ့ မပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်က သူ့ထက်သာတဲ့ပြည့်စုံတယ်လို့ယူဆရတဲ့ ယောင်္ကျား တစ်ယောက်နဲ့ အိမ်ထောင် ကျရုံနဲ့ သူမမှာ ကံကောင်းခြင်း တွေ မပိုင်ဆိုင်ပါဘူး။ သူ့ လင် ယောင်္ကျား ရဲ့ အရှိန်အဝါကိုတော့ သူသိမ်ငယ် နေရတာပါ ..

ယောင်္ကျား တစ်ယောက် ရှာဖွေကျွေးမွေးတာကို ထိုင်စားနေတဲ့ မိန်း မမို့ကိုယ့်ဝမ်းစာကိုယ် ရှာမစားရလို့လည်း ကံကောင်းတယ် မဆိုနိုင်ပါဘူး။ အနည်းဆုံးတော့ သူဟာ သူ့ ဘဝ ကိုပစ်ပယ်ပြီး သားသမီး အတွက် လင် ယောင်္ကျား အတွက် ပေးဆပ်အချိန်ကုန်နေရတာပဲ။

ဒါ့ထက်ပိုဆိုးရင် ယောင်္ကျား မျက်နှာကြည့်ပြီး မဝံ့မရဲ ဘဝ နဲ့ နေနေရတာပါ။ တခါတလေ သူ့မှာ ဆုံးဖြတ် ပိုင်ခွင့်ဆိုတာ ဘာမှတောင် မသိပဲ ကိုယ့် ဘဝ ကိုယ်သတ်ပြီး ရှင်သန် နေရတာပါ။ ယောင်္ကျား လုပ်သမျှ မပြောရဲမဆိုရဲနေရတဲ့အချိန်တွေတောင် ရှိရင် ရှိနေနိုင်ပါတယ်။

မိန်းမသား တွေဟာ အိမ်ထောင် ပြုတယ်ဆိုကတည်းက မှီခိုချင်လို့ အားကိုး ချင်လို့ မှီခိုထိုက် အားကိုး ထိုက်သူကို ရွေးချယ်တတ်ကြတယ်။ ဒါကိုပဲ အနိုင်ယူ နှိမ်ထားချင်တဲ့ ယောင်္ကျား တွေမှ တပုံကြီး။ အားလုံးကိုတော့ မဆိုလိုပါ။ ပြီးတော့ ယောင်္ကျား တွေက ကိုယ်က ပေးဆပ် နေတာပဲမြင်တာ ကိုယ့်ကို ပေးဆပ် နေခဲ့ရင်တော့ မသိချင်ယောင်ဆောင်တတ်ကြတယ်။ တချို့တွေဆိုရှိပါတယ် တလောကလုံးနဲ့ အဆင်ပြေအောင်နေတယ် အိမ်က မိန်းမ တော့ ဘယ်လိုနေနေ အပြစ်မလွတ်ဘူး။ တဖြည်းဖြည်း ပါးစပ် ကနေ ထုတ်ဖော်ကဲ့ရဲ့ခံရတဲ့အထိ နှိမ်ချခံနေရတဲ့ မိန်းမ သား တွေ ရှိပါတယ်။

အသိဉာဏ်သေးသိမ်တဲ့ ပတ်ဝန်းကျင် က ဒီလို ယောင်္ကျား မျိုးရတာ ကံကောင်းတယ်မှတ် နင့်ကိုသူမို့ယူတာ လိမ်လိမ်မာမာနေ ဒါမျိုးတွေပြောပြောပြီး လင်မယားကြား သွေးခွဲ လိုက်တာကို သွေးနားထင်ရောက်နေတဲ့ ယောင်္ကျား များကတော့ ကမ္ဘာမှာသူကပဲ ကယ်တင်ရှင် လူစွမ်းကောင်း လိုပုံစံ ချိုးပြပါလေရော။ ကျွန်မပြောပါ့မယ် ငွေရှာနိုင်တဲ့အဆင့်တခု ရှိနေနိုင်တဲ့ ယောကျာၤး တစ်ယောက်ကိုရတာနဲ့ ဒီ မိန်းကလေး က ကံကောင်း သွားရောတဲ့လား သူ့ရဲ့အကျင့်စာရိတ္တ ဘာဆိုဘာမှမသိပဲ ဂုဏ်မျက်နှာတခုထဲနဲ့ ဆုံးဖြတ်လိုက်လို့ရလား ငွေကြေး မချမ်းသာတာနဲ့ပဲ သမ္မာအာဇီဝကျကျ နေထိုင်စားသောက်နေတဲ့မိန်းကလေးမှာ အလိုလိုနေရင်း မျက်နှာမွဲကိုဖြစ်လို့။ အမှန်တကယ်တော့ ကိုယ့်စိတ်ကြိုက်ကိုယ် ရွေးကြတာပါ ကိုယ်လက်ခံနိုင်လို့ ရယူထားတဲ့ဘဝကို ကိုယ်စီမံရမှာပဲ မဟုတ်လား။

အရင်ကတော့ ချစ်ခင်ကြင်နာစက ကိုယ့် ချစ်သူ ရဲ့ အားနည်းချက် ဟာ ကိုယ့် အသက် ထက် ပိုကာကွယ်ပေးမလိုနဲ့ ကြာလာတော့ နိုင်ကွက်လိုအသုံးချလာတယ်။ အားကိုးစရာ မိဘမ ရှိတဲ့ မိန်းကလေး ဆို အိမ်ကနှင်ချမယ်။ မိဘ က ထောက်ပံ့မှုမပေးနိုင်တဲ့ မိန်းကလေး ဆို အနှိမ်ခံရမယ်။ ငွေမရှာနိုင်တဲ့ မိန်းကလေး ဆိုလို့ကတော့ သွားပြီ..တသက်လုံးကျွန်လိုသာ နေပေတော့ပဲ။

အသိုင်းဝိုင်းမရှိတဲ့ မိန်းကလေး ဆိုရင် ယောင်္ကျား လုပ်သူက ဆွေဂုဏ်မျိုးဂုဏ်နဲ့ မာန်တက်ပြီး နှိမ်ချဆက်ဆံခံနေရတတ်တယ်။ တချို့သော ယောင်္ကျား တွေက လူကိုနာအောင် လုပ်တာထက် စိတ်ကိုနာအောင် ပိုလုပ်တတ်ကြတယ်။ စကားလုံးအမျိုးမျိုးနဲ့ တသက်လုံး လူအညွှန့်တုန်းအောင်ချိုးထားတတ်ကြတယ်။ အစကတည်းက အချစ် ဆိုတာကို ရှေ့တန်းမတင်ပဲ ကိုယ်နဲ့အဆင်ပြေတာကို ရွေးတတ်ခဲ့ရမှာ။ ရိုင်းရိုင်းပြောရရင် ကိုယ့်အတွက် ရိုးအီသွားမှ အနိုင်ကျင့်နှိပ်စက် နှိမ်ခံနေရတဲ့ အိမ်ထောင်ရေး တွေမှ ဒုနဲ့ဒေး။

မိန်းမ တစ်ယောက်အတွက် အသည်းအနာဆုံး စကား က ငါရှာကျွေးနေတာ ပါးစပ်ပိတ်ပြီး အေးဆေးထိုင်စား ငါဘာလုပ်လုပ် လာမစွက်ဖက်နဲ့ဆိုတာပဲ။ အဲ့ဒါမိန်းမတယောက်ကို ကျွန်လိုဆက်ဆံတာ။ ငါယောင်္ကျားဟဲ့ဆိုပြီး အနိုင်ယူလိုက်တာ။ ငွေလေးနည်းနည်းရှာနိုင်လာတော့ ကိုယ့်ကိုယ်ကို အလံထူလာတယ်။ မရှိစဉ်အဆင်မပြေချိန်က ငပိရည်နဲ့ကြက်ဥကြော် အတူစားခဲ့တာတွေ မေ့တတ်လာတယ်။ စားစရာမရှိချိန် ဘဝကိုရုန်းကန်ခဲ့ဖူးတာတွေ သတိမရတတ်တော့ဘူး။ ငွေစကြေးစလေးရှိလာတော့ မင်းသွားလိုက်တော့ ငါ့အတွက် မိန်းမ မရှားဘူးဆိုပြီး ဖြစ်လာတယ်။မိန်းမ ကလွဲရင် အကုန်လုံး အလှပဂေးလေး ဖြစ်လာတယ်။ တချိန်က သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်လို့ချစ်တယ်ဆိုတာတွေက အခုတော့ ဆေးရောင်စုံတွေကြား တောဂိုက်ကြီး ဖြစ်လာတယ် ။

မိန်းမ တယောက်ဖြစ်နေလို့ဆိုပြီး အရာအားလုံးကို မြိုသိပ်ခံစားနေရတာတွေ ဘယ်သူမှ မသိနိုင်ပါဘူး။ လူတွေက သတ်မှတ်လိုက်တဲ့ ပညတ်ချက်တွေကြောင့် တချို့ မပျော်ရွှင်နေတာကို ပျော်ရွှင်ချင်ယောင်ဆောင်တယ်။ သူဘယ်လောက်ပဲ ရုန်းထွက်ချင်နေပေမယ့် ကြိတ်မှိတ်မြိုသိပ်တယ်။ကိုယ့်ကိုလူတွေ ဘယ်လိုမြင်မလဲဆိုတာ တွေတွေးရင်းနဲ့ ကိုယ့်ဘဝကိုယ်သတ်ပစ်နေရတယ်။ မိန်းကလေးတယောက် အိမ်ထောင်ရေး ကံဆိုးတယ် ကံကောင်းတယ်ဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်လို့မရဘူး။ ကာယကံရှင် မိန်းကလေးကိုယ်တိုင်ပဲ သိပါတယ်။ အဲ့ဒါ့ကြောင့် သူတပါးဘဝကို အမြင်နဲ့ မသုံးသပ်ကြပါနဲ့။ ။

Credit: Tameelay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top