iMyanmarHouse.com - Best Property Website for Myanmar
×





Credit: Momolay
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်သရုပ်ဆောင်မင်းသမီးလေး ရွှေမှုံရတီနဲ့ မကြာသေးခင်ကမှ ပရိသတ်တွေရှေ့ကို ချပြထားတဲ့ ချစ်သူ အဆိုတော် ရွှေထူးတို့ရဲ့ အချစ်ရေးက လူမှု့ကွန်ယက်မှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ဝေဖန်မှုတွေများစွာရှိနေတဲ့ သူမတို့အချစ်ရေးအတွက် ရွှေမှုံရတီက ချစ်သူရွှေထူး ကို အရမ်းချစ်ရတဲ့ အကြောင်းနဲ့ သူမနားလည်ထားတဲ့ အချစ်ဆိုတဲ့ အရာကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာပြောပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးအတွက် ရွှေမှုံရတီရေးထားတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံရတီက ” Love
ဆန်းကြယ်တယ် ဟုတ်တယ် အရင်ကနားလည်ခဲ့ဘူးတဲ့ အချစ်ဆိုတာ ပူလောင်တယ် ပင်ပန်းတယ် မျက်ရည်တွေနဲ့ ပဲဖြတ်သန်းရတာမျိုးလို့ထင်ခဲ့တာ but အခုသဲ သိလိုက်ရတယ် အချစ်ဆိုတာ အေးချမ်းတယ် နွေးထွေးတယ် အပြုံးတွေ ရယ်သံတွေနဲ့ ပဲဘယ်လိုအဆိုးဆုံးအခြေနေမှာမဆို သဲကို လွှမ်းခြုံထားစေတယ်ဆိုတာ သိခဲ့ရတယ် ကျေးဇူးတင်ပါတယ် ကိုးကိုး coco ရယ်” လို့ ရေးထားတာပဲ ဖြစ်ပါတယ်။

“သူ့ကို သဲအရမ်းချစ်တယ်ဆိုတာ ပြောပြဖို့မလိုဘူးဆိုပေမဲ့ ချစ်တယ် အရမ်းချစ်တယ် ဂေါ်ကြီးက ရွှေကြီးပတ်လည်မှာ အမြဲ ရှိတယ် ဆိုတာမမေ့ပါနဲ့ fighting အားတင်းထားပါ CoCo i need u and adore u” လို့ရေးထားပါတယ်။

ဝေဖန်မှုတွေရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းအတွက် ရွှေမှုံရတီက သူချစ်ရတဲ့ ချစ်သူ ရွှေထူးကို အားပေးထားပုံ နဲ့ ချစ်သူကိုအရမ်းချစ်ရကြောင်းပြောထားတာလေးကို ကြည့်ချင်းအားဖြင့်အချစ်ဆိုတဲ့အရာကို အခုမှလေးလေးနက်နက်ခံစားဖူးတဲ့ မင်းသမီးလေးရွှေမှုံရတီရဲ့ စစ်မှန်တဲ့ အချစ်တစ်ခုကို ရှာတွေ့သွားပြီလို့ ကောက်ချက်ချရတော့မှာပဲ ပရိသတ် ကြီးရေ။

Credit: Momolay
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top