iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ မင္းသားေခ်ာ ျဖစ္တဲ့ ေနတိုးဟာ ျမန္မာႏိုင္ငံရဲ႕ အခ်စ္ေတာ္ မင္းသားေတြထဲကတစ္ဦးျဖစ္သလို အႏုပညာေၾကးျမင့္တဲ့ မင္းသားေတြထဲက တစ္ဦးအပါအဝင္လဲ ျဖစ္ပါတယ္။ နာမည္ပ်က္အရွဴပ္အရွင္းကင္းၿပီး ယေန႔တိုင္ေအာင္ျမင္မႈကို ထိန္းသိမ္းထားႏိုင္တဲ့ ေနတိုး ရဲ႕ အခ်စ္ေရးသတင္းကို ပရိသတ္ေတြ အရမ္းေမွ်ာ္လင့္ေနၿပီ ျဖစ္သလို လူပ်ိဳႀကီးစာရင္းဝင္ေနၿပီျဖစ္တဲ့ သူကေတာ့ အႏုပညာအလုပ္ေတြမွာ ႀကိဳးစားလို႔ ေကာင္းေနဆဲပါပဲ။

ခ်စ္သူရွိပါတယိလို႔ တရားဝင္ေျဖၾကားခဲ့သလို သူရဲ႕ ခ်စ္သူကအႏုပညာအသိုင္းအဝိုင္းကလည္း မဟုတ္သလို ရခိုင္လူမ်ိဳးလည္းမဟုတ္ပါဘူးလို႔ဆိုခဲ့ပါတယ္။ မၾကာေသးခင္ လအနည္းငယ္ကပဲ ေနတိုးဟာ သူ႔ရဲ႕ ကိုယ္ပိုင္ ႐ုပ္ရွင္ Studioတစ္ခုကို သိန္းေထာင္၊ ေသာင္းခ်ီတဲ့ ကုန္က်မႈေတြနဲ႔ တည္ေထာင္လိုက္တာျဖစ္ပါတယ္။ အကယ္ဒမီဆုကိုလည္း ရယူထားႏိုင္ၿပီ ျဖစ္သလို ဒီရက္တပတ္အတြင္းမွာပဲ ႐ုံတင္သြားခဲ့တဲ့ “တိမ္တိုက္တံတား” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေနတိုးရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြက တကယ့္ကို အသက္ဝင္လွပါတယ္။

လက္ရွိမွာလည္း ႐ုပ္ရွင္ ဇာတ္ေကာင္ ကာ႐ိုက္တာတစ္ခုအတြက္ အမ်ိဳးသမီး တစ္ဦးလို ျပင္ဆင္ဝတ္စားထားၿပီး မိတ္ကပ္ကိုေတာ့ ေမဦးက ျပင္ဆင္ေပးထားသလို အဝတ္အစားနဲ႔ ဖက္ရွင္လ္ ကိုေတာ့ ကိုမင္းသက္စံက ျပင္ဆင္ထားေပးတာျဖစ္ပါတယ္။ Sexy က်တဲ့မိန္းကေလးရယ္၊ ေအးခ်မ္တဲ့ မိန္းကေလးရယ္၊ထိုပုံစံႏွစ္မ်ိဳးနဲ႔ ေတြ႕ရွိရမဲ့ ေနတိုးရဲ႕ ႐ိုက္ကြင္းအမွတ္တရပုံရိပ္ေတြကို ကိုမင္းသက္စံက မွ်ေဝလိုက္ၿပီး ႏွစ္ခါျပန္ၾကည့္ရေလာက္ေအာင္ ပရိသတ္ေတြ မ်က္လုံးျပဴးသြားေစမဲ့ ေနတိုးရဲ႕ အမိုက္စား sexyက်က် မိန္းကေလးအသြင္ နဲ႔ လွပေနတာကို ႐ုပ္မနည္းဖမ္းယူေနရမွာပါ။လက္ရွိ ႐ိုက္ကူးေနဆဲ ဒီ႐ုပ္ရွင္ဇာတ္ေကာင္ကိုေတာ့ အမည္နာမ ေဖာ္ျပထားျခင္းမရွိေသးသလို ပရိသတ္ေတြ အရမ္းပဲ စိတ္ဝင္စားေနၾကမယ္ထင္ပါတယ္ေနာ္။

source: Min Thet Saen & May oo;

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင် မင်းသားချော ဖြစ်တဲ့ နေတိုးဟာ မြန်မာနိုင်ငံရဲ့ အချစ်တော် မင်းသားတွေထဲကတစ်ဦးဖြစ်သလို အနုပညာကြေးမြင့်တဲ့ မင်းသားတွေထဲက တစ်ဦးအပါအဝင်လဲ ဖြစ်ပါတယ်။ နာမည်ပျက်အရှူပ်အရှင်းကင်းပြီး ယနေ့တိုင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ နေတိုး ရဲ့ အချစ်ရေးသတင်းကို ပရိသတ်တွေ အရမ်းမျှော်လင့်နေပြီ ဖြစ်သလို လူပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ သူကတော့ အနုပညာအလုပ်တွေမှာ ကြိုးစားလို့ ကောင်းနေဆဲပါပဲ။

ချစ်သူရှိပါတယိလို့ တရားဝင်ဖြေကြားခဲ့သလို သူရဲ့ ချစ်သူကအနုပညာအသိုင်းအဝိုင်းကလည်း မဟုတ်သလို ရခိုင်လူမျိုးလည်းမဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။ မကြာသေးခင် လအနည်းငယ်ကပဲ နေတိုးဟာ သူ့ရဲ့ ကိုယ်ပိုင် ရုပ်ရှင် Studioတစ်ခုကို သိန်းထောင်၊ သောင်းချီတဲ့ ကုန်ကျမှုတွေနဲ့ တည်ထောင်လိုက်တာဖြစ်ပါတယ်။ အကယ်ဒမီဆုကိုလည်း ရယူထားနိုင်ပြီ ဖြစ်သလို ဒီရက်တပတ်အတွင်းမှာပဲ ရုံတင်သွားခဲ့တဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုးရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်လှပါတယ်။

လက်ရှိမှာလည်း ရုပ်ရှင် ဇာတ်ကောင် ကာရိုက်တာတစ်ခုအတွက် အမျိုးသမီး တစ်ဦးလို ပြင်ဆင်ဝတ်စားထားပြီး မိတ်ကပ်ကိုတော့ မေဦးက ပြင်ဆင်ပေးထားသလို အဝတ်အစားနဲ့ ဖက်ရှင်လ် ကိုတော့ ကိုမင်းသက်စံက ပြင်ဆင်ထားပေးတာဖြစ်ပါတယ်။ Sexy ကျတဲ့မိန်းကလေးရယ်၊ အေးချမ်တဲ့ မိန်းကလေးရယ်၊ထိုပုံစံနှစ်မျိုးနဲ့ တွေ့ရှိရမဲ့ နေတိုးရဲ့ ရိုက်ကွင်းအမှတ်တရပုံရိပ်တွေကို ကိုမင်းသက်စံက မျှဝေလိုက်ပြီး နှစ်ခါပြန်ကြည့်ရလောက်အောင် ပရိသတ်တွေ မျက်လုံးပြူးသွားစေမဲ့ နေတိုးရဲ့ အမိုက်စား sexyကျကျ မိန်းကလေးအသွင် နဲ့ လှပနေတာကို ရုပ်မနည်းဖမ်းယူနေရမှာပါ။လက်ရှိ ရိုက်ကူးနေဆဲ ဒီရုပ်ရှင်ဇာတ်ကောင်ကိုတော့ အမည်နာမ ဖော်ပြထားခြင်းမရှိသေးသလို ပရိသတ်တွေ အရမ်းပဲ စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော်။

source: Min Thet Saen & May oo;

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top