iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြရဲ႕တစ္သက္တာမွာ ေရွာင္လႊဲမရတာက အရြယ္ေရာက္တာနဲ႔ၾကံဳလာရတဲ့ ဓမၼတာေသြးဆင္းျခင္းျဖစ္ပါတယ္။ ေသြးဆံုးခ်ိန္အထိ လစဥ္ၾကံဳေတြ႔ေနရမယ့္ကိစၥျဖစ္သလို အမ်ိဳးသမီးက်န္းမာေရးမွာအေရးပါပါတယ္။ ရာသီလာျခင္းက အမ်ိဳးသမီးေတြနဲ႔ခြဲျခားမရတဲ့ သဘာဝတစ္ခုမို႔ လစဥ္သံုးပစၥည္းေတြနဲ႔ မကင္းနိုင္ၾကပါဘူး။ ဒါေပမယ့္ လစဥ္သံုးပစၥည္းေတာင္ သံုးဖို႔မလိုေလာက္ေအာင္ ရာသီေသြးဆင္းနည္းလြန္းတဲ့၊ ရာသီလာရက္တိုလြန္းတဲ့ အမ်ိဳးသမီးေတြလည္း ရွိေနပါေသးတယ္။

တခ်ိဳ႕ဆို တစ္ရက္၊ တစ္ညပဲ ရာသီလာတာ ဒါမွမဟုတ္ နည္းလြန္းလို႔ မသိသာတာေၾကာင့္ လစဥ္သံုးေတာင္ မလိုဘဲ ေန႔စဥ္သံုးအပါးစားေလးေတြနဲ႔တင္ အဆင္ေျပပါတယ္။

ဒီေလာက္ နည္းတာ၊ ရက္တိုေနတာ ပံုမွန္ဟုတ္ပါ့မလား

ပံုမွန္လာေနက်က ဒီေလာက္ပဲဆိုရင္ေတာ့ အိုေကပါတယ္တဲ့။ ရာသီလာတိုင္း ဒီေလာက္က ဒီေလာက္ပဲ၊ တစ္လတစ္ၾကိမ္လာေနသေရြ႕ေတာ့ ေဟာ္မုန္းထိန္းညွိမႈက ပံုမွန္လည္ပတ္ေနျပီး မ်ိဳးပြားစနစ္ကလည္း က်န္းမာေနတယ္လို႔ ယူဆနုိင္ပါတယ္။ ဆိုလိုတာက ပံုမွန္ေသြးဆင္းမ်ားေနက်လူက ရုတ္တရက္ နည္းသြားတာမ်ိဳး၊ နည္းရာကေန ေနာက္တစ္လမွာ အမ်ားၾကီးေသြးဆင္းတာမ်ိဳး၊ မ်ားလိုက္နည္းလိုက္ မူမမွန္ေသြးဆင္းတာေတြမဟုတ္ရင္ အရမ္းမစိုးရိမ္ပါနဲ႔။

ဒါဆို ဘာေၾကာင့္ နည္းရတာလဲ

အမ်ားအားျဖင့္ေတာ့ တစ္ရက္ကေန ႏွစ္ရက္အထိပဲ  ရာသီေသြးဆင္းတာက အက္စထရုိဂ်င္ေဟာ္မုန္းနည္းပါးမႈ ဒါမွမဟုတ္ သံဓာတ္အားနည္းျခင္းေၾကာင့္ျဖစ္နိုင္ပါတယ္။ သားအိမ္နံရံေျမွးျဖစ္တည္ဖို႔ အက္စထရိုဂ်င္မလံုေလာက္တဲ့အခါ ရာသီေသြးနည္းတာ၊ အေရာင္ေဖ်ာ့တာ၊ ရက္တိုလြန္းတာေတြျဖစ္လာတတ္ပါတယ္။

အက္စထရိုဂ်င္နည္းေစနိုင္တဲ့ ျဖစ္နိုင္ေျခအေၾကာင္းရင္းေတြ အမ်ားၾကီးရွိပါတယ္ –

    ေဟာ္မုန္းပါတဲ့သေႏၶတားေဆးေတြအသံုးျပဳျခင္း (အထူးသျဖင့္ ေသာက္ေဆး)
    စိတ္ဖိစီးမႈမ်ားျခင္းေၾကာင့္ cortisol ေဟာ္မုန္းထြက္ရွိျခင္း
    ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ျခင္းလြန္ကဲျပီး အစားေလွ်ာ့လြန္းျခင္း (အစာအာဟာရလံုေလာက္မႈမရွိျခင္း)
    ရာသီစက္ဝန္းအတြင္း မ်ိဳးဥမေၾကြျခင္း
    သံဓာတ္အားနည္းျခင္း
    ဗီတာမင္နဲ႔သတၱဳဓာတ္ ခ်ိဳ႕တဲ့ျခင္း
    သိုင္းရိြဳက္ျပႆနာ (ရာသီေသြးဆင္းနည္းေစနုိင္တယ္)

ပံုမွန္အေျခအေနဆိုတာ

မိန္းကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ ရာသီလာတဲ့ပမာဏနဲ႔ရက္အပိုင္းအျခားခ်င္းမတူၾကပါဘူး။ ဓမၼတာေသြးဆင္းျခင္းဟာ ၂၁ရက္ ကေန ၃၅ ရက္ျခားတစ္ၾကိမ္ျဖစ္ေပၚတတ္ျပီး တစ္ၾကိမ္ကို ၂ ရက္မွ ၇ ရက္အတြင္း ၾကာျမင့္တတ္ပါတယ္။ ပ်ိဳေဖာ္ဝင္ကာစ ႏွစ္ေတြမွာ ရာသီလာတဲ့ရက္က ရွည္ၾကာတတ္ေပမယ့္ အရြယ္ေရာက္လာတာနဲ႔အမွ် ရက္တိုလာျပီး ပံုမွန္ျဖစ္သြားေလ့ရွိပါတယ္။

ရာသီစက္ဝန္းဟာ ရက္အနည္းအမ်ား၊ ေသြးဆင္းတဲ့ပမာဏအနည္းအမ်ားနဲ႔ လာခ်ိန္ေတြဟာ တစ္လနဲ႕တစ္လ ပံုမွန္ရွိၾကပါတယ္။ တခ်ိဳ႕မွာ ရာသီေသြးဆင္းနည္းတယ္၊မ်ားတယ္၊ ကိုက္ခဲမႈခံစားရသူ၊မခံစားရသူ၊ ရက္ရွည္သူ၊ ရက္တိုသူ ေတြရွိတတ္ေပမယ့္ တျခားလကၡဏာေတြ မျဖစ္ခဲ့ရင္ ပံုမွန္အေျခအေနအျဖစ္ ယူဆလို႔ရနိုင္ပါေသးတယ္။

ေနာက္တစ္ခ်က္က သေႏၶတားေဆး သို႔မဟုတ္ သားအိမ္ထဲထည့္ပစၥည္း(IUDs) ေတြလို သားဆက္ျခားနည္းလမ္းတစ္ခုခုအသံုးျပဳျခင္းေၾကာင့္လည္း ရာသီေသြးဆင္းမႈကို ေျပာင္းလဲေစနိုင္ပါတယ္။

ဆရာဝန္ျပဖို႔လိုတဲ့ လကၡဏာေတြက ဘာေတြလဲ

    အသက္ ၁၆ ႏွစ္ေက်ာ္တာေတာင္ ရာသီစမေပၚေသးရင္
    ကိုယ္ဝန္ရွိေနတာမဟုတ္ဘဲ ရာသီထိန္တာ ၃ လေက်ာ္လာရင္
    ရာသီေသြးဆင္းတာ ၇ ရက္ေက်ာ္လာရင္
    လစဥ္သံုးပစၥည္းကို တစ္နာရီတစ္ၾကိမ္မက လဲရတဲ့အထိ အမ်ားၾကိီးဆင္းေနရင္
    ရာသီလာစဥ္ ကိုက္ခဲမႈက အရမ္းျပင္းထန္ေနရင္ ဆရာဝန္နဲ႔တိုင္ပင္ျပီး အၾကံျပဳခ်က္ရယူပါ။

အေရးၾကီးတာက ကိုယ့္ရဲ႕ရာသီစက္ဝန္းကို ပံုမွန္ျဖစ္မျဖစ္ အျမဲသတိထားဆန္းစစ္ဖို႔ပါ။ ဒါမွ ရုတ္တရက္ေျပာင္းလဲမႈနဲ႔ ကိုယ့္ရဲ႕ခႏၶာကိုယ္ကအေၾကာင္းရင္းခံေတြကို သိနိုင္ျပီး ဆင္ျခင္ေနထိုင္နိုင္မွာျဖစ္ပါတယ္။ လိုအပ္လာရင္ ဆရာဝန္ျပဖို႔ မေႏွာင့္ေႏွးပါနဲ႔။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေရဲ့တစ်သက်တာမှာ ရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ကြုံလာရတဲ့ ဓမ္မတာသွေးဆင်းခြင်းဖြစ်ပါတယ်။ သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့်ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံးပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းတောင် သုံးဖို့မလိုလောက်အောင် ရာသီသွေးဆင်းနည်းလွန်းတဲ့၊ ရာသီလာရက်တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။

တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲ နေ့စဉ်သုံးအပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။

ဒီလောက် နည်းတာ၊ ရက်တိုနေတာ ပုံမှန်ဟုတ်ပါ့မလား

ပုံမှန်လာနေကျက ဒီလောက်ပဲဆိုရင်တော့ အိုကေပါတယ်တဲ့။ ရာသီလာတိုင်း ဒီလောက်က ဒီလောက်ပဲ၊ တစ်လတစ်ကြိမ်လာနေသရွေ့တော့ ဟော်မုန်းထိန်းညှိမှုက ပုံမှန်လည်ပတ်နေပြီး မျိုးပွားစနစ်ကလည်း ကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန်သွေးဆင်းများနေကျလူက ရုတ်တရက် နည်းသွားတာမျိုး၊ နည်းရာကနေ နောက်တစ်လမှာ အများကြီးသွေးဆင်းတာမျိုး၊ များလိုက်နည်းလိုက် မူမမှန်သွေးဆင်းတာတွေမဟုတ်ရင် အရမ်းမစိုးရိမ်ပါနဲ့။

ဒါဆို ဘာကြောင့် နည်းရတာလဲ

အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ  ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ် သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။

အက်စထရိုဂျင်နည်းစေနိုင်တဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် –

    ဟော်မုန်းပါတဲ့သန္ဓေတားဆေးတွေအသုံးပြုခြင်း (အထူးသဖြင့် သောက်ဆေး)
    စိတ်ဖိစီးမှုများခြင်းကြောင့် cortisol ဟော်မုန်းထွက်ရှိခြင်း
    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းလွန်ကဲပြီး အစားလျှော့လွန်းခြင်း (အစာအာဟာရလုံလောက်မှုမရှိခြင်း)
    ရာသီစက်ဝန်းအတွင်း မျိုးဥမကြွေခြင်း
    သံဓာတ်အားနည်းခြင်း
    ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့ခြင်း
    သိုင်းရွိုက်ပြဿနာ (ရာသီသွေးဆင်းနည်းစေနိုင်တယ်)

ပုံမှန်အခြေအနေဆိုတာ

မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ ပျိုဖော်ဝင်ကာစ နှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။

ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊ သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်းနည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူ တွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။

နောက်တစ်ချက်က သန္ဓေတားဆေး သို့မဟုတ် သားအိမ်ထဲထည့်ပစ္စည်း(IUDs) တွေလို သားဆက်ခြားနည်းလမ်းတစ်ခုခုအသုံးပြုခြင်းကြောင့်လည်း ရာသီသွေးဆင်းမှုကို ပြောင်းလဲစေနိုင်ပါတယ်။

ဆရာဝန်ပြဖို့လိုတဲ့ လက္ခဏာတွေက ဘာတွေလဲ

    အသက် ၁၆ နှစ်ကျော်တာတောင် ရာသီစမပေါ်သေးရင်
    ကိုယ်ဝန်ရှိနေတာမဟုတ်ဘဲ ရာသီထိန်တာ ၃ လကျော်လာရင်
    ရာသီသွေးဆင်းတာ ၇ ရက်ကျော်လာရင်
    လစဉ်သုံးပစ္စည်းကို တစ်နာရီတစ်ကြိမ်မက လဲရတဲ့အထိ အများကြီးဆင်းနေရင်
    ရာသီလာစဉ် ကိုက်ခဲမှုက အရမ်းပြင်းထန်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။

အရေးကြီးတာက ကိုယ့်ရဲ့ရာသီစက်ဝန်းကို ပုံမှန်ဖြစ်မဖြစ် အမြဲသတိထားဆန်းစစ်ဖို့ပါ။ ဒါမှ ရုတ်တရက်ပြောင်းလဲမှုနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကအကြောင်းရင်းခံတွေကို သိနိုင်ပြီး ဆင်ခြင်နေထိုင်နိုင်မှာဖြစ်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ပြဖို့ မနှောင့်နှေးပါနဲ့။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top