iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးသံုးေယာက္အေမ Janine Dutton ဟာ အေၾကြးပတ္လည္၀ုိင္းေနခဲ့ပီး တစ္လ လစာေပါင္ ၃၀၀ရရွိတဲ့ အေနအထားကေနတဆင့္ အျခားအခြင့္အလမ္းေတြကို မ်က္ေျခမပ်က္ၾကည့္ရွဳေနခဲ့ပါတယ္တဲ့။

သူမနဲ႕ အမ်ိဳးသား Glynn တို႕ဟာ West Yorkshire ေဒသမွာ ကေလးအ၀တ္အထည္ကစလို႕ အရုပ္ေတြ၊စာအုပ္ေလးေတြနဲ႕ အိမ္သံုးပစၥည္းအနည္းအက်ဥ္းကိုေရာင္းခ်တဲ့ဆိုင္ေလးဖြင့္ထားခဲ့တာပါ။ သူမအသက္ ၂၇နွစ္အရြယ္ ၂၀၀၃ခုနွစ္ေလာက္ Ebay ကိုဘာမွန္းမသိခင္အခ်ိန္မွာ သူငယ္ခ်င္းတစ္ေယာက္ ပစၥည္းေတြကို အြန္လုိင္းမွာေရာင္းခ်ရတာပိုမိုအဆင္ေျပတယ္လို႕ တုိ္္က္တြန္းေျပာၾကားခဲ့ပါတယ္တဲ့။ ေနာက္ ၁၅ နွစ္အၾကာမွာ သူမဟာ ျဗိတိ္န္ရဲ့ Ebay မီလီယံနာ ေတြထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္လာခဲ့ကာ သူမရဲ့ Belle Lingerie company ဟာ ျဗိတိန္ရဲ့ေရကူး၀တ္စံုနဲ႕ အတြင္းခံအ၀တ္အစားအဓိကျဖန္႕ျဖဴးရာ company တစ္ခုျဖစ္လာခဲ့ပါတယ္။

“ တကယ္ေတာ့ Ebay ဟာ တန္ဖိုးၾကီးအရာေတြေရာင္းခ်ဖို႕အလြန္ေကာင္းပါတယ္။ ဒါေပမဲ့ က်ြန္မေစ်းသက္သာတဲ့ အရာေတြကို စတင္စမ္းသပ္ေရာင္းခ်ၾကည့္ပါတယ္။ ေနာက္ေတာ့ ကြ်န္မအေရအတြက္မ်ားမ်ားကို ေစ်းသက္သာစြာ၀ယ္ယူပီး ျပန္လည္ေရာင္းခ်ေတာ့ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။” လို႕ သူမကဆိုပါတယ္။

“ ကြွ်န္မလက္လီဆို္င္ေတြလိုက္ရွာပါတယ္။ ေစ်းသက္သက္သာသာနဲ႕၀ယ္ပါတယ္။ အစပိုင္းမွာတစ္ရက္ကို ၁၀ခုေလာက္ေ၇ာင္းရပါတယ္။ေနာက္ေတာ့တေျဖးေျဖးတိုးလာပါတယ္။ ေစ်းကြက္နဲ႕ အရင္းအႏွီးမ်ားလာေလေလ ပိုမိုအဆင္ေျပလာမွာပါ” လို႕လည္းေျပာပါတယ္။

ပထမတစ္နွစ္မွာကြ်န္မ ေပါင္ တစ္ေသာင္းေလာက္ ရွာႏိုင္ခဲ့ပါတယ္။အေၾကာင္းကေတာ့ အဲ့အခ်ိန္က အမ်ိဳးသမီးအတြင္းခံေရာင္းခ်တဲ့ ေနရာေတာ္ေတာ္ေလးရွားပါတယ္။ အထူးသျဖင့္အြန္လုိင္းမွာ မရွိသေလာက္ပါပဲ။ ဒါကို ကြ်န္မေယာက္်ားကို ေျပာျပပါေသးတယ္။ သူက သိပ္အားမေပးပါဘူး။ ေနာက္ပိုင္းက်ြန္မ ကိုယ္ပိုင္ Brand တစ္ခုလုပ္ဖို႕ၾကိဳးစားပါေတာ့တယ္။ ေက်ာင္းတုန္းက ကြ်န္မကစာေတာ္သူတစ္ေယာက္ပါ။ GCSE စာေမးပြဲေတြေျဖခဲ့ဖူးပါတယ္။ A level ကိုေတာ့ ဆက္မေျဖျဖစ္ေတာ့ပါဘူး။ အဲ့ဒါက ကြ်န္မကိုဘာမွေျပာင္းလဲေပးႏိုင္မွာမဟုတ္လို႕ေလ။ ကြ်န္မအခုအလုပ္မွာ စိတ္ေရာကိုယ္ေရာႏွစ္ျမုပ္ထားပါတယ္။ ကြ်န္မၾကိဳးစားခဲ့တာေတြထက္ ပိုၾကိဳးစားေနပါတယ္။ ကြ်န္မအေ၇ာင္းအ၀ယ္ကိုမရူးသြပ္ပါဘူး။ ပိုက္ဆံရွာခ်င္တာပါ။

ကြ်န္မ Panache ဆီက ေပါင္ ၈၀၀၀ ဖီုးစတင္၀ယ္ယူေရာင္းခ်ပါတယ္။ ကံေကာင္းခ်င္ေတာ့ ကြ်န္မအေၾကြးျပန္ဖို႕အခ်ိန္မတို္င္ခင္ အကုန္လံုးေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ကြ်န္မတုိ႕ရဲ့ page ကို ၂၀၁၅ မွာ စတင္ေၾကျငာပါတယ္။ ယခုအခ်ိန္မွာေတာ့ Brand ၃၀ေက်ာ္နဲ႕ ဆက္လက္ခ်ီတက္ေနပါတယ္။ Online Shopping မွာ ပစၥည္းမွန္ဖို႕က ေအာင္ျမင္မႈကို အေထာက္အပံ့ေပးပါတယ္။ သင့္ေရာင္းကုန္မွန္လုိ႕ လူသိမ်ားလာေလေလ သင့္ေစ်းကြက္က်ယ္ျပန္႕လာေလေပါ့။ ေနာက္လွ်ိဳ႕၀ွက္ခ်က္တစ္ခုက ဆုိဒ္လြန္ေတြပါ။ ဆို္င္ေတာ္ေတာ္မ်ားမ်ားမွာမရွိတတ္ပါဘူး။ အ၀လြန္သူေတြဟာလည္း လူျမင္ကြင္းမွာ ဆိုဒ္လြန္ကို ေမး၀ယ္ဖို႕ ရွက္တတ္ၾကသူေတြမ်ားပါတယ္။

ယခုအခ်ိန္မွာ ကုန္ေလွာင္ရံုၾကီးနွစ္ရံု နဲ႕ ရံုးခြဲ ေလးခုဖြင့္လွစ္ထားပါတယ္။ အေရာင္းျမင့္တင္ေရး၊ ၀ယ္ယူသူေထာက္ပံ့ေရးနဲ႕ စီမံခန္႕ခြဲမႈအဖြဲ႕ေတြခဲြထားႏိုင္ပါပီ။ လြန္ခဲ့တဲ့ ၁၂ႏွစ္တုန္းကေတာ့ ကြ်န္မကမီးဖိုေခ်ာင္ထဲမွာ မွာတဲ့ ပစၥည္းေတြကို ထုတ္ပိုး အလုပ္ထြက္လုိက္တဲ့အေဖက ပစၶၥည္းလုိက္ပို႕ေပ့ါရွင္။

ကြ်န္မ company မွာ အျမဲတမ္း၀န္ထမ္း ၁၈ေယာက္ရွိပါတယ္။ ေနြရာသီေက်ာင္းပိတ္ရက္ေတြမွာ ကေလးေတြအလုပ္အကိုင္ရရွိဖို႕ အလုပ္ေတြေပးပါတယ္။ အဲ့အခ်ိန္ဆိုရင္ေတာ့ ၂၉ေယာက္ေလာက္၇ွိပါတယ္။ ကြ်န္မသားေတြလည္းအားကိုးရပါတယ္။ အၾကီးေကာင္က ကုန္ေလွာင္ရံုမွာလုပ္အားေပးပါတယ္။ သူ႕ေကာင္မေလးက အေရာင္းနဲ႕ပတ္သတ္တဲ့ ေမဂ်ာကိုယူထားတာဆိုေတာ့ သူမကိုလည္း အလုပ္ေပးနိုင္ခဲ့ပါတယ္။ မိသားစုစီးပြားေရးေပါ့ရွင္” လို႕ေျပာပါတယ္

မႏွစ္က အျမတ္ေငြ ၃.၇မီလီယံရွိပီး ၂၀၁၈မွာ ၅မီလီယံအထိရရွိလိမ့္မယ္လို႕ ခန္႕မွန္းထားပါတယ္။ တစ္နွစ္ကို ပံုမွန္ ၃၀ရာခိုင္ႏႈန္းေလာက္ တုိးတက္ေနပါတယ္။ ဒါကလည္းရွင္းပါတယ္။ ကြ်န္မက ပိုရတဲ့အျမတ္ကို လုပ္ငန္းထဲျပန္ျပန္ထည့္တယ္ေလ။ ကြ်န္မအေျပာင္းအလဲကိုၾကိဳက္တယ္။လုပ္ငန္းက်ယ္ျပန္႕လာေတာ့ အလုပ္အကိုင္ေပါလာတာေပါ့။ အခုဆို ကြ်န္မတို႕ဘယ္တုန္းကမွ မေမွ်ာ္မွန္းခဲ့ဖူးတဲ့အိမ္ၾကီးမွာေနရင္း ကေလးေတြကို လည္းေက်ာင္းေကာင္းေကာင္းမွာထားႏိုင္ခဲ့ပါပီ။” လို႕၀မ္းသားအားရေျပာျပခဲ့ပါတယ္။

Credit: စပြန္႕ (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးသုံးယောက်အမေ Janine Dutton ဟာ အကြွေးပတ်လည်ဝိုင်းနေခဲ့ပီး တစ်လ လစာပေါင် ၃၀၀ရရှိတဲ့ အနေအထားကနေတဆင့် အခြားအခွင့်အလမ်းတွေကို မျက်ခြေမပျက်ကြည့်ရှုနေခဲ့ပါတယ်တဲ့။

သူမနဲ့ အမျိုးသား Glynn တို့ဟာ West Yorkshire ဒေသမှာ ကလေးအဝတ်အထည်ကစလို့ အရုပ်တွေ၊စာအုပ်လေးတွေနဲ့ အိမ်သုံးပစ္စည်းအနည်းအကျဉ်းကိုရောင်းချတဲ့ဆိုင်လေးဖွင့်ထားခဲ့တာပါ။ သူမအသက် ၂၇နှစ်အရွယ် ၂၀၀၃ခုနှစ်လောက် Ebay ကိုဘာမှန်းမသိခင်အချိန်မှာ သူငယ်ချင်းတစ်ယောက် ပစ္စည်းတွေကို အွန်လိုင်းမှာရောင်းချရတာပိုမိုအဆင်ပြေတယ်လို့ တို်က်တွန်းပြောကြားခဲ့ပါတယ်တဲ့။ နောက် ၁၅ နှစ်အကြာမှာ သူမဟာ ဗြိတိန်ရဲ့ Ebay မီလီယံနာ တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ကာ သူမရဲ့ Belle Lingerie company ဟာ ဗြိတိန်ရဲ့ရေကူးဝတ်စုံနဲ့ အတွင်းခံအဝတ်အစားအဓိကဖြန့်ဖြူးရာ company တစ်ခုဖြစ်လာခဲ့ပါတယ်။

“ တကယ်တော့ Ebay ဟာ တန်ဖိုးကြီးအရာတွေရောင်းချဖို့အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မဈေးသက်သာတဲ့ အရာတွေကို စတင်စမ်းသပ်ရောင်းချကြည့်ပါတယ်။ နောက်တော့ ကျွန်မအရေအတွက်များများကို ဈေးသက်သာစွာဝယ်ယူပီး ပြန်လည်ရောင်းချတော့ တော်တော်လေးအဆင်ပြေပါတယ်။” လို့ သူမကဆိုပါတယ်။

“ ကွျှန်မလက်လီဆိုင်တွေလိုက်ရှာပါတယ်။ ဈေးသက်သက်သာသာနဲ့ဝယ်ပါတယ်။ အစပိုင်းမှာတစ်ရက်ကို ၁၀ခုလောက်ရောင်းရပါတယ်။နောက်တော့တဖြေးဖြေးတိုးလာပါတယ်။ ဈေးကွက်နဲ့ အရင်းအနှီးများလာလေလေ ပိုမိုအဆင်ပြေလာမှာပါ” လို့လည်းပြောပါတယ်။

ပထမတစ်နှစ်မှာကျွန်မ ပေါင် တစ်သောင်းလောက် ရှာနိုင်ခဲ့ပါတယ်။အကြောင်းကတော့ အဲ့အချိန်က အမျိုးသမီးအတွင်းခံရောင်းချတဲ့ နေရာတော်တော်လေးရှားပါတယ်။ အထူးသဖြင့်အွန်လိုင်းမှာ မရှိသလောက်ပါပဲ။ ဒါကို ကျွန်မယောက်ျားကို ပြောပြပါသေးတယ်။ သူက သိပ်အားမပေးပါဘူး။ နောက်ပိုင်းကျွန်မ ကိုယ်ပိုင် Brand တစ်ခုလုပ်ဖို့ကြိုးစားပါတော့တယ်။ ကျောင်းတုန်းက ကျွန်မကစာတော်သူတစ်ယောက်ပါ။ GCSE စာမေးပွဲတွေဖြေခဲ့ဖူးပါတယ်။ A level ကိုတော့ ဆက်မဖြေဖြစ်တော့ပါဘူး။ အဲ့ဒါက ကျွန်မကိုဘာမှပြောင်းလဲပေးနိုင်မှာမဟုတ်လို့လေ။ ကျွန်မအခုအလုပ်မှာ စိတ်ရောကိုယ်ရောနှစ်မြုပ်ထားပါတယ်။ ကျွန်မကြိုးစားခဲ့တာတွေထက် ပိုကြိုးစားနေပါတယ်။ ကျွန်မအရောင်းအဝယ်ကိုမရူးသွပ်ပါဘူး။ ပိုက်ဆံရှာချင်တာပါ။

ကျွန်မ Panache ဆီက ပေါင် ၈၀၀၀ ဖီုးစတင်ဝယ်ယူရောင်းချပါတယ်။ ကံကောင်းချင်တော့ ကျွန်မအကြွေးပြန်ဖို့အချိန်မတိုင်ခင် အကုန်လုံးရောင်းချနိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ page ကို ၂၀၁၅ မှာ စတင်ကြေငြာပါတယ်။ ယခုအချိန်မှာတော့ Brand ၃၀ကျော်နဲ့ ဆက်လက်ချီတက်နေပါတယ်။ Online Shopping မှာ ပစ္စည်းမှန်ဖို့က အောင်မြင်မှုကို အထောက်အပံ့ပေးပါတယ်။ သင့်ရောင်းကုန်မှန်လို့ လူသိများလာလေလေ သင့်ဈေးကွက်ကျယ်ပြန့်လာလေပေါ့။ နောက်လျှို့ဝှက်ချက်တစ်ခုက ဆိုဒ်လွန်တွေပါ။ ဆိုင်တော်တော်များများမှာမရှိတတ်ပါဘူး။ အဝလွန်သူတွေဟာလည်း လူမြင်ကွင်းမှာ ဆိုဒ်လွန်ကို မေးဝယ်ဖို့ ရှက်တတ်ကြသူတွေများပါတယ်။

ယခုအချိန်မှာ ကုန်လှောင်ရုံကြီးနှစ်ရုံ နဲ့ ရုံးခွဲ လေးခုဖွင့်လှစ်ထားပါတယ်။ အရောင်းမြင့်တင်ရေး၊ ဝယ်ယူသူထောက်ပံ့ရေးနဲ့ စီမံခန့်ခွဲမှုအဖွဲ့တွေခွဲထားနိုင်ပါပီ။ လွန်ခဲ့တဲ့ ၁၂နှစ်တုန်းကတော့ ကျွန်မကမီးဖိုချောင်ထဲမှာ မှာတဲ့ ပစ္စည်းတွေကို ထုတ်ပိုး အလုပ်ထွက်လိုက်တဲ့အဖေက ပစ္ဓ္စည်းလိုက်ပို့ပေ့ါရှင်။

ကျွန်မ company မှာ အမြဲတမ်းဝန်ထမ်း ၁၈ယောက်ရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးတွေအလုပ်အကိုင်ရရှိဖို့ အလုပ်တွေပေးပါတယ်။ အဲ့အချိန်ဆိုရင်တော့ ၂၉ယောက်လောက်၇ှိပါတယ်။ ကျွန်မသားတွေလည်းအားကိုးရပါတယ်။ အကြီးကောင်က ကုန်လှောင်ရုံမှာလုပ်အားပေးပါတယ်။ သူ့ကောင်မလေးက အရောင်းနဲ့ပတ်သတ်တဲ့ မေဂျာကိုယူထားတာဆိုတော့ သူမကိုလည်း အလုပ်ပေးနိုင်ခဲ့ပါတယ်။ မိသားစုစီးပွားရေးပေါ့ရှင်” လို့ပြောပါတယ်

မနှစ်က အမြတ်ငွေ ၃.၇မီလီယံရှိပီး ၂၀၁၈မှာ ၅မီလီယံအထိရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တစ်နှစ်ကို ပုံမှန် ၃၀ရာခိုင်နှုန်းလောက် တိုးတက်နေပါတယ်။ ဒါကလည်းရှင်းပါတယ်။ ကျွန်မက ပိုရတဲ့အမြတ်ကို လုပ်ငန်းထဲပြန်ပြန်ထည့်တယ်လေ။ ကျွန်မအပြောင်းအလဲကိုကြိုက်တယ်။လုပ်ငန်းကျယ်ပြန့်လာတော့ အလုပ်အကိုင်ပေါလာတာပေါ့။ အခုဆို ကျွန်မတို့ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးတဲ့အိမ်ကြီးမှာနေရင်း ကလေးတွေကို လည်းကျောင်းကောင်းကောင်းမှာထားနိုင်ခဲ့ပါပီ။” လို့ဝမ်းသားအားရပြောပြခဲ့ပါတယ်။

Credit: စပွန့် (Daily Hot News)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top