iMyanmarHouse.com - Best Property Website for Myanmar
×

မုိးရာသီက အပူဒဏ္ကိုသက္သာေစတယ္ဆိုေပမယ့္ မိုးရာသီေရာက္လာတဲ့အခါ ေရာဂါအမ်ိဳးမ်ိဳးကိုျဖစ္ေပၚခံစားၾကရပါတယ္။ အေအးမိတာ၊ေခ်ာင္းဆိုးတာေတြနဲ႔ေရကေနတဆင့္ ကူးစက္တဲ့ေရာဂါေတြနဲ႔  ေလကေနတဆင့္ကူးစက္တဲ့ေရာဂါေတြအျဖစ္မ်ားပါတယ္။မိုးရာသီမွာျဖစ္ေပၚေနတဲ့ စိုထိိုင္းမႈက မိႈပိုးေတြကို  ေပါက္ဖြားရွင္သန္ေစဖို႔ အေတာ္ေလးကိုျပည့္စံုလွပါတယ္။ ေလထုကစိုထိုင္းေနတာေၾကာင့္ ေရာဂါပိုးမႊားေတြ    ေပါက္ပြားလာၾကပါတယ္။

မိုးရာသီမွာမိႈပိုးကူးစက္တာေၾကာင့္ အေရျပားဓာတ္မတည့္တာ၊ဖ်ားနာတာေတြျဖစ္ေပၚခံစားရသလို အမ်ိဳးသမီးေတြမွာဆိုရင္ မိႈေၾကာင့္ျဖစ္တဲ့ အျဖဴဆင္းတာကိုခံစားရႏိုင္ေျခေတာ္ေတာ္ေလးမ်ားပါတယ္။

အမ်ိဳးသမီးေတြရဲ႕ မအဂၤါထဲမွာ အျမဲလိုလိုမိႈပိုးအနည္းငယ္ရွိေနတတ္ေပမယ့္ မိႈပိုးေပါက္ပြားမႈပမာဏတအားမ်ား လာတဲ့အခါမွသာ ေရာဂါလကၡဏာေတြေပၚလာတာျဖစ္ပါတယ္။


ေတြ႔ရမ်ားတဲ့ေရာဂါလကၡဏာမ်ား

ေတြ႔ရမ်ားတဲ့ မိန္းမကိုယ္မိႈပိုးကူးစက္မႈေရာဂါလကၡဏာေတြက

    ယားယံတာ
    ပူစပ္ပူေလာင္ျဖစ္တာ
    အမ်ိဳးသမီးအဂၤါမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ
    လိင္ဆက္ဆံစဥ္နာက်င္တာမ်ိဳးေတြျဖစ္ပါတယ္။ မၾကာခဏ အျဖဴဆင္းေနမယ္ဆိုရင္ေတာ့မိမိရဲ႕ အေဖာ္မွာ မိႈပိုးကူးစက္ခံထားရတာျဖစ္ႏိုင္ပါတယ္။


မိႈပိုးကူးစက္ခံရတဲ့အေၾကာင္းအရင္းမ်ား

Candida မိႈပိုးဟာ အမ်ိဳးသမီးအဂၤါတစ္ဝိုက္မွာ ေတြ႔ရေလ့ရွိတဲ့အရာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္ရဲ႕ စနစ္က ဟန္ခ်က္ပ်က္သြားတဲ့အခါ ထိုဘက္တီးရီးယားေတြက ထိထိေရာက္ေရာက္မစြမ္းေဆာင္ႏိုင္ဘဲ  ျဖစ္သြားပါတယ္။ ဒီအေျခအေနက အမ်ိဳးသမီးအဂၤါပိုးဝင္မႈကိုျဖစ္ေပၚေစပါတယ္။

    မိန္းမကိုယ္သံုးပဋိဇီဝေဆးေတြအသုံးျပဳျခင္း
    ကိုယ္ဝန္ေဆာင္ျခင္း
    ဆီးခ်ိဳကိုထိန္းသိမ္းေစာင့္ေရွာက္မႈမရွိျခင္း
    ကိုယ္ခံအားစနစ္အားနည္းျခင္း
    အခ်ိဳဓာတ္လြန္ကဲတဲ့အစားအစာေတြကိုစားသံုးျခင္း
    ရာသီစက္ဝန္းနီးလာတာေၾကာင့္ ေဟာ္မုန္းမညီမွ်ျခင္း
    စိတ္ဖိစီးမႈ
    အိပ္ေရးပ်က္ျခင္း


ဘယ္လိုကာကြယ္မလဲ

အျဖဴဆင္းတာကိုျဖစ္ေစတဲ့ Candida မိႈပိုးကူးစက္ခံရမႈကိုကာကြယ္ႏိုင္တဲ့နည္းလမ္းေတာ့ေသေသခ်ာခ်ာမရွိေပမယ့္ေရာဂါကူးစက္ခံရႏိုင္ေျခကိုေတာ့ေလွ်ာ့ေပးႏိုင္မယ့္နည္းလမ္းေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ေဆာင္ရန္

    အာဟာရမွ်တေအာင္စားသံုးပါ။
    ဒိန္ခ်ဥ္စားေပးပါ။
    ခ်ည္သားအတြင္းခံကိုသာဝတ္ဆင္ပါ။
    အတြင္းခံကိုေရေႏြးနဲ႔ေလွ်ာ္ပါ။
    အမ်ိဳးသမီးလစဥ္သံုးဂြမ္းထုတ္ကိုမၾကာခဏလဲလွယ္ေပးပါ။

ေရွာင္ရန္

    ေဘာင္းဘီက်ပ္က်ပ္ေတြမဝတ္ပါနဲ႔
    အမ်ိုးသမီးအဂၤါသန္႔စင္ရည္ေတြအေမႊးနံ႔ပါတဲ့ ဂြမ္းေတာင့္ေတြ ၊ ဂြမ္းထုတ္ေတြကို မသံုးပါနဲ႔။
    စိုေနတဲ့အဝတ္ေတြမဝတ္ထားပါနဲ႔။
    ေရပူနဲ႔ေရခ်ိဳးတာ၊ ေရပူကန္ထဲစိမ္တာမ်ိုးမလုပ္ပါနဲ႔။

မိႈပိုးကူးစက္တာကိုု မိႈသတ္ေဆးေတြအသံုးျပဳျပီး ကုသႏိုင္ပါတယ္။ အမ်ိဳးသမီးအဂၤါမိႈပိုးကူးစက္ခံရတာေၾကာင့္ျဖစ္တဲ့အျဖဴဆင္းတာကိုေတာ့တစ္ကိုယ္ရည္သန္႔ရွင္းေရးကို  လုပ္ေဆာင္တာကအေကာင္းဆံုးပဲျဖစ္ပါတယ္။ လုုပ္ေဆာင္ရမယ့္တစ္ကိုယ္ရည္သန္႔ရွင္းမႈေတြကေတာ့

    တစ္ေန႔ႏွစ္ၾကိမ္ေရခ်ိဳးပါ။
    လက္ကိုမၾကာခဏေဆးေၾကာေပးပါ။
    ေရခ်ိဳးတဲ့အခါ အမ်ိဳးသမီးအဂၤါကို ေရမ်ားမ်ားသံုးျပီးေဆးေၾကာပါ။
    အေမႊးနံ႔ပါတဲ့ဆပ္ျပာေတြကိုသံုးျပီး အမ်ိဳးသမီးအဂၤါကိုသန္႔စင္တာမ်ိုးမလုပ္ပါနဲ႔။
    အမ်ိဳးသမီးအဂၤါကိုေျခာက္ေသြ႔ျပီးေလဝင္ေလထြက္ေကာင္းေစဖို႔အတြက္ ခ်ည္သားအတြင္းခံကိုပဲေရြးခ်ယ္ ဝတ္ဆင္ပါ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မိုးရာသီက အပူဒဏ်ကိုသက်သာစေတယ်ဆိုပေမယ့် မိုးရာသီရောက်လာတဲ့အခါ ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်ခံစားကြရပါတယ်။ အအေးမိတာ၊ချောင်းဆိုးတာတွေနဲ့ရေကနေတဆင့် ကူးစက်တဲ့ရောဂါတွေနဲ့  လေကနေတဆင့်ကူးစက်တဲ့ရောဂါတွေအဖြစ်များပါတယ်။မိုးရာသီမှာဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို  ပေါက်ဖွားရှင်သန်စေဖို့ အတော်လေးကိုပြည့်စုံလှပါတယ်။ လေထုကစိုထိုင်းနေတာကြောင့် ရောဂါပိုးမွှားတွေ    ပေါက်ပွားလာကြပါတယ်။

မိုးရာသီမှာမှိုပိုးကူးစက်တာကြောင့် အရေပြားဓာတ်မတည့်တာ၊ဖျားနာတာတွေဖြစ်ပေါ်ခံစားရသလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကိုခံစားရနိုင်ခြေတော်တော်လေးများပါတယ်။

အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလိုမှိုပိုးအနည်းငယ်ရှိနေတတ်ပေမယ့် မှိုပိုးပေါက်ပွားမှုပမာဏတအားများ လာတဲ့အခါမှသာ ရောဂါလက္ခဏာတွေပေါ်လာတာဖြစ်ပါတယ်။


တွေ့ရများတဲ့ရောဂါလက္ခဏာများ

တွေ့ရများတဲ့ မိန်းမကိုယ်မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက

    ယားယံတာ
    ပူစပ်ပူလောင်ဖြစ်တာ
    အမျိုးသမီးအင်္ဂါမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ
    လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေဖြစ်ပါတယ်။ မကြာခဏ အဖြူဆင်းနေမယ်ဆိုရင်တော့မိမိရဲ့ အဖော်မှာ မှိုပိုးကူးစက်ခံထားရတာဖြစ်နိုင်ပါတယ်။


မှိုပိုးကူးစက်ခံရတဲ့အကြောင်းအရင်းများ

Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါတစ်ဝိုက်မှာ တွေ့ရလေ့ရှိတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထိုဘက်တီးရီးယားတွေက ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ဘဲ  ဖြစ်သွားပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါပိုးဝင်မှုကိုဖြစ်ပေါ်စေပါတယ်။

    မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုခြင်း
    ကိုယ်ဝန်ဆောင်ခြင်း
    ဆီးချိုကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်း
    ကိုယ်ခံအားစနစ်အားနည်းခြင်း
    အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေကိုစားသုံးခြင်း
    ရာသီစက်ဝန်းနီးလာတာကြောင့် ဟော်မုန်းမညီမျှခြင်း
    စိတ်ဖိစီးမှု
    အိပ်ရေးပျက်ခြင်း


ဘယ်လိုကာကွယ်မလဲ

အဖြူဆင်းတာကိုဖြစ်စေတဲ့ Candida မှိုပိုးကူးစက်ခံရမှုကိုကာကွယ်နိုင်တဲ့နည်းလမ်းတော့သေသေချာချာမရှိပေမယ့်ရောဂါကူးစက်ခံရနိုင်ခြေကိုတော့လျှော့ပေးနိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရန်

    အာဟာရမျှတအောင်စားသုံးပါ။
    ဒိန်ချဉ်စားပေးပါ။
    ချည်သားအတွင်းခံကိုသာဝတ်ဆင်ပါ။
    အတွင်းခံကိုရေနွေးနဲ့လျှော်ပါ။
    အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်ကိုမကြာခဏလဲလှယ်ပေးပါ။

ရှောင်ရန်

    ဘောင်းဘီကျပ်ကျပ်တွေမဝတ်ပါနဲ့
    အမျိုးသမီးအင်္ဂါသန့်စင်ရည်တွေအမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
    စိုနေတဲ့အဝတ်တွေမဝတ်ထားပါနဲ့။
    ရေပူနဲ့ရေချိုးတာ၊ ရေပူကန်ထဲစိမ်တာမျိုးမလုပ်ပါနဲ့။

မှိုပိုးကူးစက်တာကို မှိုသတ်ဆေးတွေအသုံးပြုပြီး ကုသနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါမှိုပိုးကူးစက်ခံရတာကြောင့်ဖြစ်တဲ့အဖြူဆင်းတာကိုတော့တစ်ကိုယ်ရည်သန့်ရှင်းရေးကို  လုပ်ဆောင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကတော့

    တစ်နေ့နှစ်ကြိမ်ရေချိုးပါ။
    လက်ကိုမကြာခဏဆေးကြောပေးပါ။
    ရေချိုးတဲ့အခါ အမျိုးသမီးအင်္ဂါကို ရေများများသုံးပြီးဆေးကြောပါ။
    အမွှေးနံ့ပါတဲ့ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကိုသန့်စင်တာမျိုးမလုပ်ပါနဲ့။
    အမျိုးသမီးအင်္ဂါကိုခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲရွေးချယ် ဝတ်ဆင်ပါ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top