iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ ေအသင္ခ်ိဳေဆြဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ကေလးေလးနဲ႕ ပံုကို သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ တင္ခဲ့တာေတြ႕ရပါတယ္။ အဲ့ဒီဓာတ္ပံု တင္ၿပီးေနာက္ပိုင္းမွာ သူမဘဝရဲ႕ ေနာက္ေၾကာင္းေတြကို ေဝဖန္ေျပာဆိုတာေတြဟာ အြန္လိုင္း စာမ်က္ႏွာေပၚမွာျပန္႕လို႕ ေနခဲ့ပါတယ္။

သူမအေနနဲ႕ အစကတည္းက Single Mother ဆိုတဲ့ ဘဝကို ေက်ေက်နပ္နပ္ႀကီး ခံယူခဲ့တာျဖစ္ၿပီး ယခုလို ပံုတင္လိုက္ျခင္းဟာလည္း သူ႕ရဲ႕ ပရိသတ္ေတြကို မဖံုးကြယ္ထားခ်င္လို႕လို႕ ဆိုပါတယ္။

“ေအသင္ဘာမွ မဖံုးကြယ္ခ်င္ဘူး။လူတိုင္းလူတိုင္းမွာ သူ႕စတိုရီနဲ႕သူဆိုတာရွိၾကပါတယ္။ သူ႕အေၾကာင္းတရားနဲ႕သူေပ့ါေနာ္။ ေအသင္အမ်ား ႀကီးေက်ာ္ျဖတ္ခဲ့ရၿပီးၿပီ။ ျပန္လည္းမေျပာခ်င္ေတာ့ဘူး။ ဘယ္သူ႕ကိုမွလည္းအျပစ္မတင္ခ်င္ဘူး။ ပံုတင္လုိက္တယ္ဆိုတာကလည္း အစက တည္း က ေအသင္မွာ ပရိသတ္ေတြကို ေျပာျပဖို႕ အစီအစဥ္ရွိၿပီးသားပါ။အခုလက္ရွိ ေအသင္ေျပာခ်င္တာက ေအသင့္ကို ခ်စ္တဲ့သူပဲ ျဖစ္ျဖစ္ မုန္းတဲ့သူကိုပဲျဖစ္ျဖစ္ ေအသင္ရဲ႕ ျဖစ္တည္မႈကို လက္ခံေပးဖို႕အတြက္ပဲ ေအသင္ေျပာခ်င္တယ္။”ဆုိၿပီး ၾသဂုတ္လ(၉) ရက္ေန႕ညက သူမရဲ႕ ပရိသတ္ေတြနဲ႕ Live ေျပာရင္း ေျပာျပခဲ့တာျဖစ္ပါတယ္။

သူ႕မွာ ၾကည့္စရာမ်က္ႏွာေတြ အမ်ားႀကီး ရွိတာေၾကာင့္ ဒီအေၾကာင္းအရာေတြနဲ႕ ပတ္သက္ၿပီး ထပ္ၿပီး မေမးၾကဖို႕ကိုလည္း ေျပာထားပါ ေသးတယ္။
“ေအသင့္မွာ ၾကည့္စရာမ်က္နွာေတြအမ်ားႀကီး ရွိတယ္။ ေအသင္စိတ္ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာခ်င္တယ္။ ေအသင္လိပ္ျပာလံု ခ်င္တယ္။ သူမ်ားေျပာမွ ပရိသတ္သိတာထက္ ကိုယ္ကိုတိုင္ပဲ ေျပခ်င္တယ္။ကိုယ္ကိုတိုင္ပဲ အသိေပးခ်င္တယ္။”ဆိုၿပီး ပရိသတ္ေတြကိုဆက္ လက္ေျပာ ျပထား ပါတယ္။

ကေလးေလးနဲ႕ သူမ အျပင္သြားတဲ့အခါမွာလည္း ကေလးေလးဘယ္သူေလးလဲလို႕ ေမးရင္လည္း တူမေလးပါလို႕ ေျပာမထြက္ဘူးလို႕ ဆုိပါတယ္။ ကေလးအရမ္းခ်စ္တတ္တဲ့သူမအတြက္ သမီးေလးဟာသူ႕အတြက္ ရတနာတစ္ပါးပါပဲတဲ့။အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့ ေအသင္ဟာ ဇူလိုင္(၁၀) ရက္ေန႕က Comeback Song အေနနဲ႕ “အသည္းကြဲသီခ်ငး္ ေတြမဆိုေတာ့ဘူး” ဆိုတဲ့ သီခ်င္းသစ္ေလးကို ပရိသတ္ေတြလက္ထဲ အေရာက္ေပးခဲ့ပါတယ္။သူမက လက္ရွိမွာ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြ ပိုၿပီး ဆက္လုပ္သြားဖို႕ ျပင္ဆင္လ်က္ရွိတယ္တဲ့။ သီခ်င္းအသစ္ေတြ လုပ္ေနသလိုမၾကာခင္မွာလည္း အြန္လိုင္းကေန သီခ်င္းေတြ ျဖန္႕သြားဖို႕လည္း ရွိပါတယ္။

ေအသင္ခ်ိဳေဆြဟာ ေပါက္တဲ့အိုးဆိုတဲ့ စီးရီးေခြနဲ႕ စတင္ကာ ပရိသတ္ေတြကို ရင္းႏွီးေစခဲ့တာ ျဖစ္ၿပီး အနီးဆံုးလူ နမ္းမွာလား၊ Play Boy စတဲ့ ေတးစီးရီးေတြသာမက အတြဲေခြမ်ားစြာပါ ပါဝင္သီဆိုခဲ့ၿပီး သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္ အားေပးမႈရရွိတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။

Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော် အေသင်ချိုဆွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးလေးနဲ့ ပုံကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာတွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံ တင်ပြီးနောက်ပိုင်းမှာ သူမဘဝရဲ့ နောက်ကြောင်းတွေကို ဝေဖန်ပြောဆိုတာတွေဟာ အွန်လိုင်း စာမျက်နှာပေါ်မှာပြန့်လို့ နေခဲ့ပါတယ်။

သူမအနေနဲ့ အစကတည်းက Single Mother ဆိုတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တာဖြစ်ပြီး ယခုလို ပုံတင်လိုက်ခြင်းဟာလည်း သူ့ရဲ့ ပရိသတ်တွေကို မဖုံးကွယ်ထားချင်လို့လို့ ဆိုပါတယ်။

“အေသင်ဘာမှ မဖုံးကွယ်ချင်ဘူး။လူတိုင်းလူတိုင်းမှာ သူ့စတိုရီနဲ့သူဆိုတာရှိကြပါတယ်။ သူ့အကြောင်းတရားနဲ့သူပေ့ါနော်။ အေသင်အများ ကြီးကျော်ဖြတ်ခဲ့ရပြီးပြီ။ ပြန်လည်းမပြောချင်တော့ဘူး။ ဘယ်သူ့ကိုမှလည်းအပြစ်မတင်ချင်ဘူး။ ပုံတင်လိုက်တယ်ဆိုတာကလည်း အစက တည်း က အေသင်မှာ ပရိသတ်တွေကို ပြောပြဖို့ အစီအစဉ်ရှိပြီးသားပါ။အခုလက်ရှိ အေသင်ပြောချင်တာက အေသင့်ကို ချစ်တဲ့သူပဲ ဖြစ်ဖြစ် မုန်းတဲ့သူကိုပဲဖြစ်ဖြစ် အေသင်ရဲ့ ဖြစ်တည်မှုကို လက်ခံပေးဖို့အတွက်ပဲ အေသင်ပြောချင်တယ်။”ဆိုပြီး သြဂုတ်လ(၉) ရက်နေ့ညက သူမရဲ့ ပရိသတ်တွေနဲ့ Live ပြောရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

သူ့မှာ ကြည့်စရာမျက်နှာတွေ အများကြီး ရှိတာကြောင့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထပ်ပြီး မမေးကြဖို့ကိုလည်း ပြောထားပါ သေးတယ်။
“အေသင့်မှာ ကြည့်စရာမျက်နှာတွေအများကြီး ရှိတယ်။ အေသင်စိတ်ကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ အေသင်လိပ်ပြာလုံ ချင်တယ်။ သူများပြောမှ ပရိသတ်သိတာထက် ကိုယ်ကိုတိုင်ပဲ ပြေချင်တယ်။ကိုယ်ကိုတိုင်ပဲ အသိပေးချင်တယ်။”ဆိုပြီး ပရိသတ်တွေကိုဆက် လက်ပြော ပြထား ပါတယ်။

ကလေးလေးနဲ့ သူမ အပြင်သွားတဲ့အခါမှာလည်း ကလေးလေးဘယ်သူလေးလဲလို့ မေးရင်လည်း တူမလေးပါလို့ ပြောမထွက်ဘူးလို့ ဆိုပါတယ်။ ကလေးအရမ်းချစ်တတ်တဲ့သူမအတွက် သမီးလေးဟာသူ့အတွက် ရတနာတစ်ပါးပါပဲတဲ့။အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ “အသည်းကွဲသီချင်း တွေမဆိုတော့ဘူး” ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top