iMyanmarHouse.com - Best Property Website for Myanmar
×

မနက္မိုးလင္းလို႔ ေဖ့ဘုတ္ေလး ဖြင့္လိုက္တာနဲ႔  သူငယ္ခ်င္းေတြနဲ႔ အလြယ္တကူ ဆက္သြယ္လို႔ရတယ္။ ႏိုင္ငံတကာက သတင္းေတြ အခ်ိန္နဲ႔တစ္ေျပးညီ ဖတ္လို႔ရတယ္။ အေတြးအျမင္ေတြ ဖလွယ္လို႔ရတယ္။ အက်ိဳးဆက္ေတြကေတာ့ အမ်ားႀကီးပါပဲ။ ေကာင္းက်ိဳးေတြရွိသလို မေကာင္းတာေတြလည္း ကပ္ပါလာတာ လက္ခံေနရပါတယ္။

Compassion Fatigue ဆိုတာ ဘာလဲ?

 ေဖ့ဘုတ္မွာ ဓာတ္ပံုေလးေတြ တင္လိုက္တဲ့အခါ အမ်ားသူငွါရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳတာေတြ " ဟယ္ ... လွလိုက္တာ ... ခ်စ္စရာေကာင္းလိုက္တာ " ဘာညာေလးေတြ ကြန္မန္႔မွာ ျမင္ရတဲ့အခါ စိတ္မခ်မ္းသာရဘူးလားေနာ္။

အဲ ... ျပႆနာက အဲဒီလိုခ်ီးက်ဴးတာေတြ မၾကာခဏခံရတဲ့ ေပၚျပဴလာေတြဟာ Post မတင္ျဖစ္တဲ့ေန႔ေတြဆိုရင္ ဘာကြန္မန္မွ ခ်ီးက်ဴးမႈမွမရတဲ့အတြက္ ဘဝမွာ တစ္ခုခု လိုေနသလို အၿမဲခံစားရပါသတဲ့။ သနားစရာလို႔ပဲ ဆိုရမလား ... ဆိုရွယ္မီဒီယာရဲ႕သားေကာင္ ျဖစ္မွန္းမသိ ျဖစ္လာပါသတဲ့။

 ေဖ့ဘုတ္မွာ ပံုလန္းလန္းေတြတင္ စာေတြေရး ... ဟာခနဲ ဟင္ခနဲျဖစ္ေစတဲ့ အႂကြားသန္သူေတြမွာ မေရာင့္ရဲႏိုင္ေတာ့တဲ့ စိတ္ေဝဒနာ ရလာပါတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုထားပါတယ္။

တစ္ခုခု တင္လိုက္တိုင္း ကြန္မန္႔ေလး ပြတ္ၾကည့္လိုက္၊ ႏိုတီေလး စစ္လိုက္နဲ႔ အီးေမးေလး ဖြင့္လိုက္နဲ႔ အင္မတန္ အလုပ္မ်ားေနၾကတာမို႔ စိတ္ဖိစီးမႈ တက္ရသူေတြထဲမွာ ေက်ာ္ၾကားသူေတြကစလို႔ သာမန္လူေတြအထိ ပါဝင္ေနပါတယ္။

အဲဒီဖီစီးမႈဟာ ေရရွည္မွာ ကာယအား၊ ဉာဏအားေတြကို ယုတ္ေလ်ာ့ေစၿပီး ေကာင္းက်ိဳးမေပးဘဲ စိတ္ကူးဉာဏ္ေတြ နည္းပါးလာေစပါတယ္ေနာ္။ ဘယ္ဖိစီးမႈမွ ေကာင္းက်ိဳးမေပးပါဘူး။

ဒါေပမဲ့ ဒီလိုခ်ီးက်ဴးမႈေတြ၊ ေျမႇာက္ပင့္မႈေတြကို အၿမဲခံယူေနက် လူေတြမွာ အဆိုးကြန္မန္႔တစ္ခုခု၊ Like နည္းတာေတြ ႀကံဳရတဲ့အခါ စိတ္ပင္ပန္းဆင္းရဲေနၾကျပန္ပါတယ္။ ဆတ္ဆတ္ထိမခံ တံု႔ျပန္သူေတြ ျဖစ္လာျပန္ပါေရာ။ လိုအင္မျပည့္တဲ့ကေလးေတြလို ျပဳမူလာၾကတာ ျဖစ္ပါတယ္။ ဒီေတာ့ စိတ္ရင့္က်က္တည္ၿငိမ္ခ်င္ရင္ ေဖ့ဘုတ္ လံုးဝမသံုးဘဲေနမွပဲ အဆင္ေျပမလို ျဖစ္ေနပါတယ္။

ဆိုရွယ္မီဒီယာရဲ႕ စိတ္က်န္းမာေရး ထိခိုက္တတ္မႈေတြကို သတိျပဳဆင္ျခင္ႏိုင္ဖို႔ ဗဟုသုတ မွ်ေဝလိုက္ပါတယ္ေနာ္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Uniocode Version ျဖင့္ ဖတ္ပါ #
မနက်မိုးလင်းလို့ ဖေ့ဘုတ်လေး ဖွင့်လိုက်တာနဲ့  သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဆက်သွယ်လို့ရတယ်။ နိုင်ငံတကာက သတင်းတွေ အချိန်နဲ့တစ်ပြေးညီ ဖတ်လို့ရတယ်။ အတွေးအမြင်တွေ ဖလှယ်လို့ရတယ်။ အကျိုးဆက်တွေကတော့ အများကြီးပါပဲ။ ကောင်းကျိုးတွေရှိသလို မကောင်းတာတွေလည်း ကပ်ပါလာတာ လက်ခံနေရပါတယ်။

Compassion Fatigue ဆိုတာ ဘာလဲ?

 ဖေ့ဘုတ်မှာ ဓာတ်ပုံလေးတွေ တင်လိုက်တဲ့အခါ အများသူငှါရဲ့ ချီးကျူးဂုဏ်ပြုတာတွေ " ဟယ် ... လှလိုက်တာ ... ချစ်စရာကောင်းလိုက်တာ " ဘာညာလေးတွေ ကွန်မန့်မှာ မြင်ရတဲ့အခါ စိတ်မချမ်းသာရဘူးလားနော်။

အဲ ... ပြဿနာက အဲဒီလိုချီးကျူးတာတွေ မကြာခဏခံရတဲ့ ပေါ်ပြူလာတွေဟာ Post မတင်ဖြစ်တဲ့နေ့တွေဆိုရင် ဘာကွန်မန်မှ ချီးကျူးမှုမှမရတဲ့အတွက် ဘဝမှာ တစ်ခုခု လိုနေသလို အမြဲခံစားရပါသတဲ့။ သနားစရာလို့ပဲ ဆိုရမလား ... ဆိုရှယ်မီဒီယာရဲ့သားကောင် ဖြစ်မှန်းမသိ ဖြစ်လာပါသတဲ့။

 ဖေ့ဘုတ်မှာ ပုံလန်းလန်းတွေတင် စာတွေရေး ... ဟာခနဲ ဟင်ခနဲဖြစ်စေတဲ့ အကြွားသန်သူတွေမှာ မရောင့်ရဲနိုင်တော့တဲ့ စိတ်ဝေဒနာ ရလာပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

တစ်ခုခု တင်လိုက်တိုင်း ကွန်မန့်လေး ပွတ်ကြည့်လိုက်၊ နိုတီလေး စစ်လိုက်နဲ့ အီးမေးလေး ဖွင့်လိုက်နဲ့ အင်မတန် အလုပ်များနေကြတာမို့ စိတ်ဖိစီးမှု တက်ရသူတွေထဲမှာ ကျော်ကြားသူတွေကစလို့ သာမန်လူတွေအထိ ပါဝင်နေပါတယ်။

အဲဒီဖီစီးမှုဟာ ရေရှည်မှာ ကာယအား၊ ဉာဏအားတွေကို ယုတ်လျော့စေပြီး ကောင်းကျိုးမပေးဘဲ စိတ်ကူးဉာဏ်တွေ နည်းပါးလာစေပါတယ်နော်။ ဘယ်ဖိစီးမှုမှ ကောင်းကျိုးမပေးပါဘူး။

ဒါပေမဲ့ ဒီလိုချီးကျူးမှုတွေ၊ မြှောက်ပင့်မှုတွေကို အမြဲခံယူနေကျ လူတွေမှာ အဆိုးကွန်မန့်တစ်ခုခု၊ Like နည်းတာတွေ ကြုံရတဲ့အခါ စိတ်ပင်ပန်းဆင်းရဲနေကြပြန်ပါတယ်။ ဆတ်ဆတ်ထိမခံ တုံ့ပြန်သူတွေ ဖြစ်လာပြန်ပါရော။ လိုအင်မပြည့်တဲ့ကလေးတွေလို ပြုမူလာကြတာ ဖြစ်ပါတယ်။ ဒီတော့ စိတ်ရင့်ကျက်တည်ငြိမ်ချင်ရင် ဖေ့ဘုတ် လုံးဝမသုံးဘဲနေမှပဲ အဆင်ပြေမလို ဖြစ်နေပါတယ်။

ဆိုရှယ်မီဒီယာရဲ့ စိတ်ကျန်းမာရေး ထိခိုက်တတ်မှုတွေကို သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top