iMyanmarHouse.com - Best Property Website for Myanmar
×





Credit: စွယ်စုံသတင်း
# Unicode Version ဖြင့် ဖတ်ပါ #
လတ်တလောမှာ အွန်လိုင်းအသုံးပြုသူပရိတ်သတ်တွေကြားပျံနှံနေတဲ့ ရွှေထူးရဲ့ကောလဟာလတွေကြောင့် သို့လော သို့လော ဖြစ်နေရချိန်မှာ ရွှေထူးရဲ့ တစ်ချိန်က LDRS ချစ်သူ Pancake လို့ခေါ်တဲ့ ဒါဒါစိုး ကို ချစ်ခင်သူတွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ် ။

လမ်းခွဲခဲ့စဉ်က နှစ်ဖက်စလုံးက ဘာကြောင့်ရယ်လို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် လတ်တလောမှာ ဒါဒါစိုးရဲ့ Social Network မှာတင်ထားတဲ့ ခံစားချက်တွေ ဖွင့်ထုတ်ထားတဲ့ စာလေးက ပရိတ်သတ်တွေကြား ပျံ့နှံ့သွားခဲ့ပြီး မျှဝေသူတွေများပြားလာခဲ့တာပါ ။

သူမက အခြားခံစားချက်ချင်းထပ်တူကျတဲ့စာလေးတစောင်ကိုပြန်လည်မျှဝေရင်း အဲဒီစာစုလေးရဲ့အပေါ်မှာ “နင်ကတိတွေမတည်ခဲ့တာလည်း ငါစိတ်မနာဘူး နင်ဖောက်ပြန်ခဲ့တာလည်း ငါရင်မနာဘူး နင်ငါ့အတွက်တစ်ချက်မှမကြည့်ခဲ့တာလည်း ငါနေသားကျနေလို့ မနာတတ်တော့ဘူး နောက်တစ်ယောက်နဲ့တွဲချင်လို့ နင်လိမ်ခဲ့တာ ဒါနင့်သမိုင်းပါ..

ဘယ်သူနဲ့တွဲတွဲ တစ်ခုပဲ….. လမ်းခွဲခြင်းမှာတောင် နင်လူပီမသသွားတဲ့အတွက် ငါတွေးမိတိုင်း ၆နှစ်ကျော် ပတ်သက်မိတဲ့နင့်ရဲ့စိတ်ကို အရမ်းစက်ဆုပ်မိတယ် နင့်ဘဝတစ်လျှောက်လုံးလိပ်ပြာသန့်နိုင်ပါစေ။” လို့ရေးသားထားခဲ့တာဖြစ်ပါတယ် […]

Credit: စွယ်စုံသတင်း
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top