iMyanmarHouse.com - Best Property Website for Myanmar
×

ေမေမေလာင္းတို႔ေရ သားအိမ္မွာ အလံုးတည္ျခင္း၊ ေရအိတ္တည္ျခင္း၊ သားအိမ္ျခစ္ထားျခင္း စတဲ့ သားအိမ္ရဲ႕ျပႆနာေတြရွိရင္ ကိုယ္ဝန္မရႏိုင္ဘူးဆိုတာ သိထားၿပီးသား ျဖစ္မွာပါ။

ေမေမေလာင္းတို႔ေရ သားအိမ္မွာ အလံုးတည္ျခင္း၊ ေရအိတ္တည္ျခင္း၊ သားအိမ္ျခစ္ထားျခင္း စတဲ့ သားအိမ္ရဲ႕ျပႆနာေတြရွိရင္ ကိုယ္ဝန္မရႏိုင္ဘူးဆိုတာ သိထားၿပီးသား ျဖစ္မွာပါ။ သားအိမ္မွာ ျပႆနာ တစ္စံုတစ္ရာရွိမွာ ေမေမတိုင္းလည္း ေၾကာက္ၾကပါတယ္။ ေမေမေလာင္းျဖစ္ခ်င္တဲ့သူေတြအေနနဲ႔ သားအိမ္ရဲ႕ က်န္းမာေရး အထူးေကာင္းမြန္ေနဖုိ႔ လုိပါတယ္။ဒါမွသာ ေမေမေလာင္းတို႔အေနနဲ႔ ေဖေဖေလာင္းဆီက သုတ္ပိုးကို ေကာင္းစြာ လက္ခံႏိုင္မွာ ျဖစ္ၿပီး မမ်ိဳးဥလည္း ပံုမွန္ေၾကြကာ သုတ္ပိုးနဲ႔ မမ်ိဳးဥတို႔ ေပါင္းစပ္ၿပီး မ်ိဳးေအာင္ႏိုင္မွာပါ။

သားအိမ္မွာ အသားလံုး ရွိေနတယ္ဆိုရင္ ကိုယ္ဝန္ရဖို႔က နည္းနည္းေတာ့ ခက္ပါတယ္

ဒါေပမယ့္ တခ်ိဳ႔ ေမေမေလာင္းျဖစ္ခ်င္သူေတြမွာေတာ့ သားအိမ္မွာ က်န္းမာေရး ျပႆနာေတြ ရွိေနတတ္ပါတယ္။ အဲဒါကေတာ့ သားအိမ္မွာ အသားလံုး ရွိေနတာပါပဲ။ သားအိမ္မွာ အသားလံုး ရွိေနတယ္ဆိုရင္ ကိုယ္ဝန္ရဖို႔က နည္းနည္းေတာ့ ခက္ပါတယ္။ ဒါေပမယ့္ လံုးဝ မရႏိုင္တာေတာ့ မရွိပါဘူး။

သားအိမ္ရဲ႕ က်န္းမာေရး အထူးေကာင္းမြန္ေနဖုိ႔ လုိပါတယ္ (Photo:FertilAid)
သားအိမ္အလံုးေလးမွာ အေခါင္းေလး တစ္ခု ရွိပါတယ္

သားအိမ္ ေသးေသးေလးဟာ သေႏၶသားေလး ေနႏိုင္တဲ့အထိ ႀကီးလာပါတယ္။ ႏွစ္ႁမႊာပူး၊ သံုးႁမႊာပူးေတြ ဆိုရင္လည္း သားအိမ္က ဆန္႔ပါတယ္။ ကေလးေမြးၿပီးတဲ့အခ်ိန္မွာေတာ့ သားအိမ္က ျပန္က်ဳံ႕သြားပါတယ္။ ဒီလို သားအိမ္ေသးေသးေလးထဲမွာ သားသားမီးမီးေလးေတြ ေကာင္းေကာင္းေနႏိုင္ဖို႔ိဆိုရင္ေတာ့ ဘာအေႏွာင့္အယွက္မွ မရွိမွ ျဖစ္မွာပါ။ ဒီလို မဟုတ္ဘဲ သားအိမ္မွာ အသားလံုး ဒါမွမဟုတ္ ေသြးလံုး တစ္ခုခု ရွိေနၿပီဆိုရင္ေတာ့ သေႏၶသားေလး ဝင္ေရာက္ဖို႔အတြက္ အရမ္းကို ခက္ခဲေနပါၿပီ။ ဒီလို အေျခအေနမွာ ကေလးရခဲ့တယ္ဆိုရင္ေတာင္ အေနအထား မမွန္တာေတြနဲ႔ သေႏၶသားေလး သားအိမ္မွာ ၾကာရွည္စြာ မေနႏိုင္ဘဲ သားေလွ်ာတာေတြ ျဖစ္ႏိုင္ပါတယ္။
တခ်ိဳ႕ေတြမွာေတာ့ သားအိမ္မွာ အလံုးရွိေပမယ့္ ကိုယ္ဝန္ေဆာင္လို႔ ရပါတယ္

သားအိမ္ထဲမွာ အလံုးရွိတဲ့ ေနရာေပၚ မူတည္ပါတယ္။ သားအိမ္ထဲမွာ အလံုးရွိေနေပမယ့္ သေႏၶသားေလး ေနရတာ အဆင္ေျပတယ္ဆိုရင္ေတာ့ ဘာျပႆနာမွ မရွိႏိုင္ပါဘူး။ သားအိမ္ရဲ႕ နံရံဘက္အျခမ္းမွာ ရွိေနရင္ အဆင္ေျပပါတယ္။ သားအိမ္ထဲမွာ အလံုးရွိေနၿပီး ကေလးေမြးလိုက္ရတာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ သားအိမ္မွာ အသားလံုးရွိတိုင္း ကိုယ္ဝန္မရႏိုင္တာ မဟုတ္ပါဘူး။ ေမေမေလာင္းတို႔ ဆရာဝန္နဲ႔ ေတြ႔ဆံုၿပီး ညႊန္ၾကားခ်က္ကို လိုက္နာဖို႔ေတာ့ လိုပါတယ္ေနာ္။

Credit: Kalay
# Unicode Version ျဖင့္ ဖတ္ပါ #
မေမေလောင်းတို့ရေ သားအိမ်မှာ အလုံးတည်ခြင်း၊ ရေအိတ်တည်ခြင်း၊ သားအိမ်ခြစ်ထားခြင်း စတဲ့ သားအိမ်ရဲ့ပြဿနာတွေရှိရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။

မေမေလောင်းတို့ရေ သားအိမ်မှာ အလုံးတည်ခြင်း၊ ရေအိတ်တည်ခြင်း၊ သားအိမ်ခြစ်ထားခြင်း စတဲ့ သားအိမ်ရဲ့ပြဿနာတွေရှိရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ သားအိမ်မှာ ပြဿနာ တစ်စုံတစ်ရာရှိမှာ မေမေတိုင်းလည်း ကြောက်ကြပါတယ်။ မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ သားအိမ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ်။ဒါမှသာ မေမေလောင်းတို့အနေနဲ့ ဖေဖေလောင်းဆီက သုတ်ပိုးကို ကောင်းစွာ လက်ခံနိုင်မှာ ဖြစ်ပြီး မမျိုးဥလည်း ပုံမှန်ကြွေကာ သုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး မျိုးအောင်နိုင်မှာပါ။

သားအိမ်မှာ အသားလုံး ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့က နည်းနည်းတော့ ခက်ပါတယ်

ဒါပေမယ့် တချို့ မေမေလောင်းဖြစ်ချင်သူတွေမှာတော့ သားအိမ်မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ အဲဒါကတော့ သားအိမ်မှာ အသားလုံး ရှိနေတာပါပဲ။ သားအိမ်မှာ အသားလုံး ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့က နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမယ့် လုံးဝ မရနိုင်တာတော့ မရှိပါဘူး။

သားအိမ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ် (Photo:FertilAid)
သားအိမ်အလုံးလေးမှာ အခေါင်းလေး တစ်ခု ရှိပါတယ်

သားအိမ် သေးသေးလေးဟာ သန္ဓေသားလေး နေနိုင်တဲ့အထိ ကြီးလာပါတယ်။ နှစ်မြွှာပူး၊ သုံးမြွှာပူးတွေ ဆိုရင်လည်း သားအိမ်က ဆန့်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန်မှာတော့ သားအိမ်က ပြန်ကျုံ့သွားပါတယ်။ ဒီလို သားအိမ်သေးသေးလေးထဲမှာ သားသားမီးမီးလေးတွေ ကောင်းကောင်းနေနိုင်ဖို့ိဆိုရင်တော့ ဘာအနှောင့်အယှက်မှ မရှိမှ ဖြစ်မှာပါ။ ဒီလို မဟုတ်ဘဲ သားအိမ်မှာ အသားလုံး ဒါမှမဟုတ် သွေးလုံး တစ်ခုခု ရှိနေပြီဆိုရင်တော့ သန္ဓေသားလေး ဝင်ရောက်ဖို့အတွက် အရမ်းကို ခက်ခဲနေပါပြီ။ ဒီလို အခြေအနေမှာ ကလေးရခဲ့တယ်ဆိုရင်တောင် အနေအထား မမှန်တာတွေနဲ့ သန္ဓေသားလေး သားအိမ်မှာ ကြာရှည်စွာ မနေနိုင်ဘဲ သားလျှောတာတွေ ဖြစ်နိုင်ပါတယ်။
တချို့တွေမှာတော့ သားအိမ်မှာ အလုံးရှိပေမယ့် ကိုယ်ဝန်ဆောင်လို့ ရပါတယ်

သားအိမ်ထဲမှာ အလုံးရှိတဲ့ နေရာပေါ် မူတည်ပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပေမယ့် သန္ဓေသားလေး နေရတာ အဆင်ပြေတယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သားအိမ်ရဲ့ နံရံဘက်အခြမ်းမှာ ရှိနေရင် အဆင်ပြေပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပြီး ကလေးမွေးလိုက်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သားအိမ်မှာ အသားလုံးရှိတိုင်း ကိုယ်ဝန်မရနိုင်တာ မဟုတ်ပါဘူး။ မေမေလောင်းတို့ ဆရာဝန်နဲ့ တွေ့ဆုံပြီး ညွှန်ကြားချက်ကို လိုက်နာဖို့တော့ လိုပါတယ်နော်။

Credit: Kalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top