iMyanmarHouse.com - Best Property Website for Myanmar
×

အေ၀းမႈန္ အနီးမႈန္ သမားေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္မွန္တပ္ရသူေတြဟာ မ်က္မွန္တပ္လိုက္ရင္ေတာ့ အျမင္ေတြ ၾကည္လင္သြားတာ မွန္ေပမယ့္ သူတို႕ေန႕စဥ္ရင္ဆိုင္ႀကံဳေတြ႕ေနရတဲ့ အခက္ခဲေလးေတြကလည္း မေသးလွပါဘူး။ မ်က္မွန္သမားေလးေတြရဲ႕ ေန႕စဥ္ဘ၀မွာ ဘယ္လိုအခက္ခဲေလးေတြ ႀကံဳေနရသလဲၾကည့္ရေအာင္။

၁။ အလုပ္ကျပန္လာလို႕ အိပ္ယာမွာ ခဏလွဲၿပီးအနားယူခ်င္ေပမဲ့ မ်က္မွန္နဲ႕ေထာက္ေနေတာ့ သက္ေတာင့္သက္သာ မျဖစ္ျပန္ဘူး။အခက္မသင့္ရင္ က်ိဳးေတာင္က်ိဳးႏိုင္ေသးတယ္။ ခၽြတ္ထားလိုက္ျပန္ရင္လည္း မျမင္ရေတာ့ျပန္ဘူး။

၂။ မိုးေအးေအးနဲ႕ အစားေသာက္ ပူပူေႏြးေႏြး စားခ်င္ျပန္ေတာ့လည္း မ်က္မွန္မွာ အေငြ႕ရိုက္ေတာ့ ဘာမွမျမင္ရျပန္ဘူး။

၃။ ကိုယ္ေတြ မ်က္မွန္တပ္တာ စြန္းလွေနေတာ့ သူငယ္ခ်င္းေတြက ငွားတပ္ၾကည့္ၾကတဲ့အခါ မွန္မွာ ေပေနတဲ့ လက္ရာေတြ ေၾကာင့္ ၀ိုးတိုး၀ါးတား။

၄။ တစ္ခါတစ္ေလ ေခါင္းေပၚခဏလွန္တင္ထားတဲ့မ်က္မွန္ကို ေမ့ၿပီးတစ္အိမ္လံုး လိုက္ရွာရေတာ့လည္းေဒါသမီးေတာက္ရျပန္ေရာ။

၅။ မွန္ၾကည္ေဆးနဲ႕ ခဏခဏမွန္ကို တိုက္ခၽြတ္ေပးေနရတာကိုက တစ္ဒုကၡ။

၆။ မိုးရာသီဆို ထီကတစ္ဖက္ မိုးေရစက္ေတြေပေနတဲ့ မ်က္မွန္ကို မၾကာမၾကာ သုတ္ေပးေနရတာက တစ္ဖက္နဲ႕။

၇။ မ်က္မွန္သာ ေပ်ာက္သြားလို႕ကေတာ့ ၀ါးတားတားနဲ႕ ေနေပေတာ့။

၈။ ေနကာမ်က္မွန္တပ္ၿပီး ရိႈးထုတ္ခ်င္ေပမယ့္ ကိုယ့္ရဲ႕ပါ၀ါမ်က္မွန္ကိုလည္း ခၽြတ္မရေတာ့ မ်က္မွန္ႏွစ္ထပ္နဲ႕ ရိႈးပဲ့ရျပန္ေရာ။

၉။ မ်က္မွန္မတပ္ထားတဲ့အခ်ိန္ဆိုရင္ တစ္ခုခုကိုၾကည့္ဖို႕အေရး မ်က္လံုးကို အေသေမွးၿပီးစူးစိုက္ၾကည့္ရတာဒုကၡတစ္မ်ိဳး

၁၀။ မ်က္မွန္တပ္ေနက် ဆိုေတာ့ မ်က္မွန္ခၽြတ္လိုက္ရင္ကိုပဲ ရုပ္က ေျပာင္စပ္စပ္ရုပ္ေပါက္ေနျပန္ေရာ။

၁၁။ အဲကြန္းခန္းထဲကျဖစ္ျဖစ္ ေအးတဲ့ေနရာတစ္ခုခုကျဖစ္ျဖစ္ ထြက္လာရင္ ျဖစ္ေနရတဲ့ပံုက ဒီလို။

၁၂။ မ်က္လံုးစစ္ေဆးေနတုန္းကေတာ့ သင့္အတြက္ ငရဲပဲ ဘာမွကိုမျမင္ရေတာ့တာ။

၁၃။ မ်က္မွန္ကို ဘယ္ေလာက္သန္႕ရွင္းေရးလုပ္ထားလုပ္ထား ဆယ္မိနစ္ေလာက္ဆို ျပန္လုပ္ရျပန္ေရာ။

၁၄။ မ်က္မွန္သာ မပါလို႕ကေတာ့ အရာရာတိုင္း အေရတြက္ မ်ားလာတာ ေတြ႕ရမယ္။

၁၅။ မ်က္မွန္မတပ္ခ်င္ေတာ့လို႕ မ်က္ကပ္မွန္ေျပာင္းတပ္ထားေပမဲ့ မ်က္မွန္တပ္တုန္းက လုပ္ေနက် အက်င့္ေတြက ေဖ်ာက္မရ။

Credit: မိုးစက္ေလး - MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
အဝေးမှုန် အနီးမှုန် သမားတွေ အကြောင်းအမျိုးမျိုးကြောင့် မျက်မှန်တပ်ရသူတွေဟာ မျက်မှန်တပ်လိုက်ရင်တော့ အမြင်တွေ ကြည်လင်သွားတာ မှန်ပေမယ့် သူတို့နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲလေးတွေကလည်း မသေးလှပါဘူး။မျက်မှန်သမားလေးတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုအခက်ခဲလေးတွေ ကြုံနေရသလဲကြည့်ရအောင်။

၁။ အလုပ်ကပြန်လာလို့ အိပ်ယာမှာ ခဏလှဲပြီးအနားယူချင်ပေမဲ့ မျက်မှန်နဲ့ထောက်နေတော့ သက်တောင့်သက်သာ မဖြစ်ပြန်ဘူး။အခက်မသင့်ရင် ကျိုးတောင်ကျိုးနိုင်သေးတယ်။ ချွတ်ထားလိုက်ပြန်ရင်လည်း မမြင်ရတော့ပြန်ဘူး။

၂။ မိုးအေးအေးနဲ့ အစားသောက် ပူပူနွေးနွေး စားချင်ပြန်တော့လည်း မျက်မှန်မှာ အငွေ့ရိုက်တော့ ဘာမှမမြင်ရပြန်ဘူး။

၃။ ကိုယ်တွေ မျက်မှန်တပ်တာ စွန်းလှနေတော့ သူငယ်ချင်းတွေက ငှားတပ်ကြည့်ကြတဲ့အခါ မှန်မှာ ပေနေတဲ့ လက်ရာတွေ ကြောင့် ဝိုးတိုးဝါးတား။

၄။ တစ်ခါတစ်လေ ခေါင်းပေါ်ခဏလှန်တင်ထားတဲ့မျက်မှန်ကို မေ့ပြီးတစ်အိမ်လုံး လိုက်ရှာရတော့လည်းဒေါသမီးတောက်ရပြန်ရော။

၅။ မှန်ကြည်ဆေးနဲ့ ခဏခဏမှန်ကို တိုက်ချွတ်ပေးနေရတာကိုက တစ်ဒုက္ခ။

၆။ မိုးရာသီဆို ထီကတစ်ဖက် မိုးရေစက်တွေပေနေတဲ့ မျက်မှန်ကို မကြာမကြာ သုတ်ပေးနေရတာက တစ်ဖက်နဲ့။

၇။ မျက်မှန်သာ ပျောက်သွားလို့ကတော့ ဝါးတားတားနဲ့ နေပေတော့။

၈။ နေကာမျက်မှန်တပ်ပြီး ရှိုးထုတ်ချင်ပေမယ့် ကိုယ့်ရဲ့ပါဝါမျက်မှန်ကိုလည်း ချွတ်မရတော့ မျက်မှန်နှစ်ထပ်နဲ့ ရှိုးပဲ့ရပြန်ရော။

၉။ မျက်မှန်မတပ်ထားတဲ့အချိန်ဆိုရင် တစ်ခုခုကိုကြည့်ဖို့အရေး မျက်လုံးကို အသေမှေးပြီးစူးစိုက်ကြည့်ရတာဒုက္ခတစ်မျိုး

၁၀။ မျက်မှန်တပ်နေကျ ဆိုတော့ မျက်မှန်ချွတ်လိုက်ရင်ကိုပဲ ရုပ်က ပြောင်စပ်စပ်ရုပ်ပေါက်နေပြန်ရော။

၁၁။ အဲကွန်းခန်းထဲကဖြစ်ဖြစ် အေးတဲ့နေရာတစ်ခုခုကဖြစ်ဖြစ် ထွက်လာရင် ဖြစ်နေရတဲ့ပုံက ဒီလို။

၁၂။ မျက်လုံးစစ်ဆေးနေတုန်းကတော့ သင့်အတွက် ငရဲပဲ ဘာမှကိုမမြင်ရတော့တာ။

၁၃။ မျက်မှန်ကို ဘယ်လောက်သန့်ရှင်းရေးလုပ်ထားလုပ်ထား ဆယ်မိနစ်လောက်ဆို ပြန်လုပ်ရပြန်ရော။

၁၄။ မျက်မှန်သာ မပါလို့ကတော့ အရာရာတိုင်း အရေတွက် များလာတာ တွေ့ရမယ်။

၁၅။ မျက်မှန်မတပ်ချင်တော့လို့ မျက်ကပ်မှန်ပြောင်းတပ်ထားပေမဲ့ မျက်မှန်တပ်တုန်းက လုပ်နေကျ အကျင့်တွေက ဖျောက်မရ။

Credit: မိုးစက်လေး - MyanmarNote
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top