iMyanmarHouse.com - Best Property Website for Myanmar
×

 ေအာင္မယ္.. ကုိယ့္ရည္းစားပဲ ပို႔ခ်င္တာပို႔မွာေပါ့ လို႔ လုပ္လို႔မရဘူးေနာ္.. 😛

ခ်စ္သူေတြၾကား အခ်စ္လမ္းခရီးဆိုတာ အၿမဲတမ္း မေျဖာင့္ျဖဴးပါဘူး။ အထူးသျဖင့္ မိန္းကေလးေတြက ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ခ်စ္သူအေပၚ စိတ္ေကာက္ ဂ်ီက်ၿပီး ရစ္ရမွ ေက်နပ္တဲ့ သူေတြပါ။ စိတ္ဆိုးလာၿပီဆိုရင္ တစ္ဘက္သား နာက်င္ေစမယ့္ စကားလံုး ေရြးသံုးၿပီး စကားႏိုင္ထိုးတာလည္း မိန္းကေလးေတြပါပဲ။

ခ်စ္သူႏွစ္ဦးၾကားမွာ အေရးအႀကီးဆံုးက အဆက္အသြယ္ပါပဲ။ အၿမဲတမ္း အဆက္အသြယ္ ရွိေနတာ ေကာင္းတယ္ဆိုေပမဲ့ လိုတာထက္ ပိုၿပီး စာပို႕တာကေတာ့ လြန္သြားပါၿပီ။ ျပႆနာတစ္ခု ရွိလာရင္ မ်က္ႏွာခ်င္းဆိုင္ ေျဖရွင္းလိုက္တာက ခ်စ္သူေတြၾကား အေကာင္းဆံုးျဖစ္ၿပီး အေရးႀကီးတဲ့ ျပႆနာကို မႀကီးထြားေအာင္ ဖန္တီးရာလည္း ေရာက္ပါတယ္။ ဖုန္းမက္ေဆ့ခ်္ကေန ေျပာခ်င္တဲ့ အေၾကာင္းအရာကို အလြယ္ေလး စာရိုက္ၿပီး ေျပာလို႔ရတယ္ ဆိုေပမဲ့လို႔ ခ်စ္သူေတြၾကားမွာေတာ့ အကန္႔အသတ္ ထားသင့္တဲ့ အေၾကာင္းအရာ ၈ ခုရွိပါတယ္။

၁။ ခ်စ္တယ္ဆိုတဲ့ စကားလံုး

ခ်စ္တယ္လို႕ အျပင္မွာ ခဏခဏ ေျပာျပေနက် ခ်စ္သူဆီ စာပို႔ၿပီး ခ်စ္တယ္ေနာ္ လို႕ ေနာက္တစ္ၾကိမ္ ထပ္ေျပာတာက ဘာျပႆနာမွ မရွိေပမဲ့ ပထမဆံုး အႀကိမ္အေနနဲ႔ အေျဖေပးမယ့္ ေယာက္်ားေလးဆိုရင္ေတာ့ ခ်စ္တယ္ဆိုၿပီး စာမပို႔သင့္ပါဘူး။ အခ်စ္နဲ႔ ပတ္သက္တဲ့ ကိစၥဆိုတာ မ်က္ႏွာခ်င္းဆိုင္ ေျပာမွ ထိေရာက္ ေလးနက္တာ ျဖစ္ပါတယ္။

၂။ မွားတာကို သက္ေသျပဖို႕ အရင္ကေျပာခဲ့တာေတြကို စခရင္ေရွာ႔ ရိုက္ပို႔တာ

ဒီလိုလုပ္လိုက္တာက အတိတ္ေဟာင္းကို တူးဆြၿပီး ျပႆနာရွာတတ္တဲ့လူလို႔ ကိုယ့္ကို ထင္ျမင္သြားေစပါတယ္။  အရင္က ျဖစ္ခဲ့တဲ့ ျပႆနာကို ေျဖရွင္းခဲ့ၿပီးသား ေျပလည္ခဲ့ၿပီးသား ျဖစ္ေနသည့္တိုင္ေအာင္ ေနာက္ထပ္ ျပႆနာေတြ ျဖစ္လာတဲ့အခါ အရင့္အရင္ ပေဝသဏီက ေျပလည္ခဲ့ၿပီးသား ျပႆနာေတြကိုပဲ အစဆြဲဆြဲထုတ္ၿပီး ရွင္းေနသေရြ႕ သာယာတဲ့ အခ်စ္ေရးေလး ရဖို႔ဆိုတာ မလြယ္ေတာ့ဘူးေပါ့…

၃။ နင္ ငါ့ ကုိပစ္ထားတာလား

ဒီလို မက္ေဆ့ခ်္မ်ိဳး ပို႕လိုက္တာက ကိုယ့္ကိုယ္ကိုယ္ သနားစရာ အရမ္းေကာင္းတဲ့ ပံုစံျဖစ္ေအာင္ လုပ္လိုက္သလိုပါပဲ။ တကယ္လို႔ ခ်စ္သူက ကိုယ့္ကို လ်စ္လ်ဴရႈထားတယ္၊ ကိုယ့္ဆီ အေၾကာင္းျပန္စာေတာင္ မပို႔ဘူး။ ဒါဟာလည္း မအားလို႔မဟုတ္ဘူး၊ တမင္တကာကို ထားထားတာလည္း ကိုယ္သိေနတယ္ဆိုခဲ့ရင္ ဘာလို႕ စိတ္ဆင္းရဲခံၿပီး သူ႕အတြက္ အခ်ိန္ေတြ ျဖဳန္းေနမွာလဲ။ မက္ေဆ့ခ်္ပို႔ၿပီး သူျပန္ပို႔တဲ့ မက္ေဆ့ခ်္ကို ေစာင့္မေနပါနဲ႔ေတာ့.. ဖုန္းဆက္ၿပီးသာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးလိုက္ပါ ေယာင္းေရ။

၄။ နင့္ကိုငါ ျမင္တယ္ေနာ္

မေမွ်ာ္လင့္ထားတဲ့ ေနရာတစ္ခုမွာ ကုိယ့္ခ်စ္သူကို အမွတ္မထင္ေတြ႕လိုက္ရတဲ့အခါ အေကာင္းဆံုးကေတာ့ သူ႕ဆီတည့္တည့္ေလွ်ာက္သြားၿပီး ကိုယ္လည္း ဒီေနရာမွာ ရွိေနတယ္ဆိုတာ ျပလိုက္တာပါပဲ။ အဲဒီလိုမွ မဟုတ္ဘဲ သူမျမင္ေအာင္ ေနလိုက္ၿပီးေတာ့မွ မက္ေဆ့ခ်္ကေန နင့္ကိုငါ ျမင္တယ္ေနာ္ ဆိုၿပီး ေနာက္ေယာင္ခံ လိုက္ေနတဲ့ လူလိုလို မက္ေဆ့ခ်္ပို႕တာမ်ိဳး မလုပ္သင့္ပါဘူး။

၅။ နင္နဲ႕ငါ ျပတ္ၿပီ

ဘယ္လိုကိစၥမ်ိဳးေၾကာင့္ လမ္းခြဲခ်င္တာပဲျဖစ္ျဖစ္ နင္နဲ႕ငါျပတ္ၿပီ ဆိုတဲ့ မက္ေဆ့ခ်္ပို႕တာက မေလးစားဆံုးလုပ္ရပ္ ျဖစ္ပါတယ္။ မေမွ်ာ္လင့္ထားဘဲ ရုတ္တရက္ႀကီး ပို႔လိုက္တဲ့ စာမ်ိဳးဟာ ေယာက်ာ္းေလးဘက္ကို အေတာ္ခံရခက္ေစတဲ့ လုပ္ရပ္မ်ိဳးပါ ေယာင္းတို႔ေရ… တကယ့္တကယ္ လမ္းခြဲဖို႔ ဆံုးျဖတ္ထားတယ္ဆိုရင္ အျပင္မွာ ေတြ႕ၿပီး လက္တြဲဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အေၾကာင္း ေသေသခ်ာခ်ာ ေျပာျပၿပီး လမ္းခြဲတာက အေကာင္းဆံုးပါပဲ။ ( သတိေလးေတာ့ ထားေပါ့ေလ… ရည္းစားကျဖတ္သြားလို႔ဆိုၿပီး ဓားနဲ႔ထိုး၊ ကတ္ေၾကးနဲ႔ ထိုးတဲ့ ကိစၥေတြကလည္း ေပါသား မဟုတ္လား)

၆။ ငါတို႕စကားေျပာဖို႕ေတာ့လိုမယ္

ဒီလိုမ်ိဳး စကားလံုးကို မက္ေဆ့ခ်္ပို႕ၿပီး ေျပာလိုက္တာက ျပတ္ၿပီလို႕ ေျပာတာနဲ႔ အတူတူပဲလို႕ ေယာက္်ားေလးေတြဘက္က မ်ားေသာအားျဖင့္ ေတြးၾကပါတယ္။ ဒီလို မေတြးမိဘူးဆိုရင္ေတာင္မွ ငါတို႕စကားေျပာဖို႔ေတာ့ လိုမယ္ ဆိုတဲ့ စကားလံုးက နည္းနည္း ျပင္းထန္တဲ့ ဘက္ကို ေရာက္ပါတယ္။ ဒီေတာ့ ကိုယ္က သာမန္ ရိုးရိုးစကားေျပာစရာရွိလို႔ ဘာရယ္မဟုတ္ဘူး ေျပာလိုက္မိတယ္ဆိုရင္ေတာင္ တစ္ဘက္လူရဲ႕ စိတ္ထဲမွာ ရုတ္တရက္ ဘာမ်ားျဖစ္လို႔လဲ၊ ငါဘာအမွားမ်ား လုပ္ထားမိလို႔လဲဆိုၿပီး စိတ္ပူသြားတာမ်ိဳး ရွိတတ္ပါတယ္။

၇။ ခုထိ ဘာလို႔ အေၾကာင္းျပန္စာမလာတာလဲ

မက္ေဆ့ခ်္ပို႕တာကို reply ျပန္ဖို႔ နည္းနည္းေလး ၾကာသြားတဲ့အခ်ိန္မွာ “နင္ ငါ့ကို ဂရုမစိုက္တာလား” “ငါပို႕ထားတဲ့ မက္ေဆ့ခ်္နင္မျမင္ဘူးလား” “ေက်းဇူးျပဳၿပီး အေၾကာင္းျပန္ပါဦး” စသျဖင့္ စာေတြ ထပ္ကာထပ္ကာ ပို႔တတ္ၾကပါတယ္။ ဒါေပမဲ့ လူတိုင္းကေတာ့ ဖုန္းနဲ႔ အခ်ိန္တိုင္း အနီးကပ္ ရွိမေနႏိုင္တာကို သိထားရပါမယ္။ ကိုယ့္ခ်စ္သူက အလုပ္ရႈပ္ေနလို႕ပဲျဖစ္ျဖစ္ ကိုယ့္ကို ေကာင္းေကာင္းမြန္မြန္ ျပန္ေျပာဖို႕ အခ်ိန္ေအးေဆးယူေနတာဆိုရင္ေတာ့ အေၾကာင္းျပန္စာလာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ရွည္သည္းခံဖို႕ေတာ့ လိုပါတယ္ေနာ္..

၈။ ငါ့ကို တကယ္ေရာခ်စ္ရဲ႕လား

ဒီလုိမ်ိဳးေမးခြန္းမ်ိဳးကို မက္ေဆ့ခ်္ပို႔ၿပီး ဘယ္ေတာ့မွမေမးပါနဲ႕။ ဒါက အရမ္းကို ကပ္သီးကပ္သတ္ ႏိုင္တဲ့ ေမးခြန္းမ်ိဳးပါ။ ေယာက်္ားေလးေတြက သူတို႕စိတ္ကူးအတုိင္း ေနရတာပဲ ႀကိဳက္ၿပီး အတင္းအၾကပ္ ေျပာထြက္ေအာင္ တြန္းအားေပးတာမ်ိဳးေတြ မႀကိဳက္ၾကပါဘူး။ တကယ္ခ်စ္တယ္ဆိုရင္ေတာင္ ႏႈတ္ကေန ေလးေလးနက္နက္ ေျပာရတာမ်ိဳးကိုပဲ သေဘာက်တတ္ၾကပါတယ္။

ေယာင္းတို႔ေရ… အမ်ားအားျဖင့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ခ်စ္သူအေပၚ ခ်စ္လို႔ရစ္တာ သဘာဝဆိုေပမဲ့ ဂ်ပန္မူလီ ျဖစ္သြားရင္ေတာ့ ခ်စ္ဖို႔မေကာင္းေတာ့ဘူးေနာ္… အထူးသျဖင့္ အိမြန္ေျပာျပတဲ့ အေပၚက အခ်က္ေလးေတြကို ေရွာင္ၿပီး ႏွစ္ဦးၾကားဆက္ဆံေရး အဆင္ေျပ ခိုင္ၿမဲၾကပါေစလို႕ ဆႏၵျပဳရင္း…

References : Elcrema, You can’t break me

Credit: Ei Mon (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
     အောင်မယ်.. ကိုယ့်ရည်းစားပဲ ပို့ချင်တာပို့မှာပေါ့ လို့ လုပ်လို့မရဘူးနော်.. 😛

ချစ်သူတွေကြား အချစ်လမ်းခရီးဆိုတာ အမြဲတမ်း မဖြောင့်ဖြူးပါဘူး။ အထူးသဖြင့် မိန်းကလေးတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ ချစ်သူအပေါ် စိတ်ကောက် ဂျီကျပြီး ရစ်ရမှ ကျေနပ်တဲ့ သူတွေပါ။ စိတ်ဆိုးလာပြီဆိုရင် တစ်ဘက်သား နာကျင်စေမယ့် စကားလုံး ရွေးသုံးပြီး စကားနိုင်ထိုးတာလည်း မိန်းကလေးတွေပါပဲ။

ချစ်သူနှစ်ဦးကြားမှာ အရေးအကြီးဆုံးက အဆက်အသွယ်ပါပဲ။ အမြဲတမ်း အဆက်အသွယ် ရှိနေတာ ကောင်းတယ်ဆိုပေမဲ့ လိုတာထက် ပိုပြီး စာပို့တာကတော့ လွန်သွားပါပြီ။ ပြဿနာတစ်ခု ရှိလာရင် မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာက ချစ်သူတွေကြား အကောင်းဆုံးဖြစ်ပြီး အရေးကြီးတဲ့ ပြဿနာကို မကြီးထွားအောင် ဖန်တီးရာလည်း ရောက်ပါတယ်။ ဖုန်းမက်ဆေ့ချ်ကနေ ပြောချင်တဲ့ အကြောင်းအရာကို အလွယ်လေး စာရိုက်ပြီး ပြောလို့ရတယ် ဆိုပေမဲ့လို့ ချစ်သူတွေကြားမှာတော့ အကန့်အသတ် ထားသင့်တဲ့ အကြောင်းအရာ ၈ ခုရှိပါတယ်။

၁။ ချစ်တယ်ဆိုတဲ့ စကားလုံး

ချစ်တယ်လို့ အပြင်မှာ ခဏခဏ ပြောပြနေကျ ချစ်သူဆီ စာပို့ပြီး ချစ်တယ်နော် လို့ နောက်တစ်ကြိမ် ထပ်ပြောတာက ဘာပြဿနာမှ မရှိပေမဲ့ ပထမဆုံး အကြိမ်အနေနဲ့ အဖြေပေးမယ့် ယောက်ျားလေးဆိုရင်တော့ ချစ်တယ်ဆိုပြီး စာမပို့သင့်ပါဘူး။ အချစ်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုတာ မျက်နှာချင်းဆိုင် ပြောမှ ထိရောက် လေးနက်တာ ဖြစ်ပါတယ်။

၂။ မှားတာကို သက်သေပြဖို့ အရင်ကပြောခဲ့တာတွေကို စခရင်ရှော့ ရိုက်ပို့တာ

ဒီလိုလုပ်လိုက်တာက အတိတ်ဟောင်းကို တူးဆွပြီး ပြဿနာရှာတတ်တဲ့လူလို့ ကိုယ့်ကို ထင်မြင်သွားစေပါတယ်။  အရင်က ဖြစ်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းခဲ့ပြီးသား ပြေလည်ခဲ့ပြီးသား ဖြစ်နေသည့်တိုင်အောင် နောက်ထပ် ပြဿနာတွေ ဖြစ်လာတဲ့အခါ အရင့်အရင် ပဝေသဏီက ပြေလည်ခဲ့ပြီးသား ပြဿနာတွေကိုပဲ အစဆွဲဆွဲထုတ်ပြီး ရှင်းနေသရွေ့ သာယာတဲ့ အချစ်ရေးလေး ရဖို့ဆိုတာ မလွယ်တော့ဘူးပေါ့…

၃။ နင် ငါ့ ကိုပစ်ထားတာလား

ဒီလို မက်ဆေ့ချ်မျိုး ပို့လိုက်တာက ကိုယ့်ကိုယ်ကိုယ် သနားစရာ အရမ်းကောင်းတဲ့ ပုံစံဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ တကယ်လို့ ချစ်သူက ကိုယ့်ကို လျစ်လျူရှုထားတယ်၊ ကိုယ့်ဆီ အကြောင်းပြန်စာတောင် မပို့ဘူး။ ဒါဟာလည်း မအားလို့မဟုတ်ဘူး၊ တမင်တကာကို ထားထားတာလည်း ကိုယ်သိနေတယ်ဆိုခဲ့ရင် ဘာလို့ စိတ်ဆင်းရဲခံပြီး သူ့အတွက် အချိန်တွေ ဖြုန်းနေမှာလဲ။ မက်ဆေ့ချ်ပို့ပြီး သူပြန်ပို့တဲ့ မက်ဆေ့ချ်ကို စောင့်မနေပါနဲ့တော့.. ဖုန်းဆက်ပြီးသာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ပါ ယောင်းရေ။

၄။ နင့်ကိုငါ မြင်တယ်နော်

မမျှော်လင့်ထားတဲ့ နေရာတစ်ခုမှာ ကိုယ့်ချစ်သူကို အမှတ်မထင်တွေ့လိုက်ရတဲ့အခါ အကောင်းဆုံးကတော့ သူ့ဆီတည့်တည့်လျှောက်သွားပြီး ကိုယ်လည်း ဒီနေရာမှာ ရှိနေတယ်ဆိုတာ ပြလိုက်တာပါပဲ။ အဲဒီလိုမှ မဟုတ်ဘဲ သူမမြင်အောင် နေလိုက်ပြီးတော့မှ မက်ဆေ့ချ်ကနေ နင့်ကိုငါ မြင်တယ်နော် ဆိုပြီး နောက်ယောင်ခံ လိုက်နေတဲ့ လူလိုလို မက်ဆေ့ချ်ပို့တာမျိုး မလုပ်သင့်ပါဘူး။

၅။ နင်နဲ့ငါ ပြတ်ပြီ

ဘယ်လိုကိစ္စမျိုးကြောင့် လမ်းခွဲချင်တာပဲဖြစ်ဖြစ် နင်နဲ့ငါပြတ်ပြီ ဆိုတဲ့ မက်ဆေ့ချ်ပို့တာက မလေးစားဆုံးလုပ်ရပ် ဖြစ်ပါတယ်။ မမျှော်လင့်ထားဘဲ ရုတ်တရက်ကြီး ပို့လိုက်တဲ့ စာမျိုးဟာ ယောကျာ်းလေးဘက်ကို အတော်ခံရခက်စေတဲ့ လုပ်ရပ်မျိုးပါ ယောင်းတို့ရေ… တကယ့်တကယ် လမ်းခွဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အပြင်မှာ တွေ့ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့တဲ့အကြောင်း သေသေချာချာ ပြောပြပြီး လမ်းခွဲတာက အကောင်းဆုံးပါပဲ။ ( သတိလေးတော့ ထားပေါ့လေ… ရည်းစားကဖြတ်သွားလို့ဆိုပြီး ဓားနဲ့ထိုး၊ ကတ်ကြေးနဲ့ ထိုးတဲ့ ကိစ္စတွေကလည်း ပေါသား မဟုတ်လား)

၆။ ငါတို့စကားပြောဖို့တော့လိုမယ်

ဒီလိုမျိုး စကားလုံးကို မက်ဆေ့ချ်ပို့ပြီး ပြောလိုက်တာက ပြတ်ပြီလို့ ပြောတာနဲ့ အတူတူပဲလို့ ယောက်ျားလေးတွေဘက်က များသောအားဖြင့် တွေးကြပါတယ်။ ဒီလို မတွေးမိဘူးဆိုရင်တောင်မှ ငါတို့စကားပြောဖို့တော့ လိုမယ် ဆိုတဲ့ စကားလုံးက နည်းနည်း ပြင်းထန်တဲ့ ဘက်ကို ရောက်ပါတယ်။ ဒီတော့ ကိုယ်က သာမန် ရိုးရိုးစကားပြောစရာရှိလို့ ဘာရယ်မဟုတ်ဘူး ပြောလိုက်မိတယ်ဆိုရင်တောင် တစ်ဘက်လူရဲ့ စိတ်ထဲမှာ ရုတ်တရက် ဘာများဖြစ်လို့လဲ၊ ငါဘာအမှားများ လုပ်ထားမိလို့လဲဆိုပြီး စိတ်ပူသွားတာမျိုး ရှိတတ်ပါတယ်။

၇။ ခုထိ ဘာလို့ အကြောင်းပြန်စာမလာတာလဲ

မက်ဆေ့ချ်ပို့တာကို reply ပြန်ဖို့ နည်းနည်းလေး ကြာသွားတဲ့အချိန်မှာ “နင် ငါ့ကို ဂရုမစိုက်တာလား” “ငါပို့ထားတဲ့ မက်ဆေ့ချ်နင်မမြင်ဘူးလား” “ကျေးဇူးပြုပြီး အကြောင်းပြန်ပါဦး” စသဖြင့် စာတွေ ထပ်ကာထပ်ကာ ပို့တတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ဖုန်းနဲ့ အချိန်တိုင်း အနီးကပ် ရှိမနေနိုင်တာကို သိထားရပါမယ်။ ကိုယ့်ချစ်သူက အလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ် ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပြန်ပြောဖို့ အချိန်အေးဆေးယူနေတာဆိုရင်တော့ အကြောင်းပြန်စာလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရှည်သည်းခံဖို့တော့ လိုပါတယ်နော်..

၈။ ငါ့ကို တကယ်ရောချစ်ရဲ့လား

ဒီလိုမျိုးမေးခွန်းမျိုးကို မက်ဆေ့ချ်ပို့ပြီး ဘယ်တော့မှမမေးပါနဲ့။ ဒါက အရမ်းကို ကပ်သီးကပ်သတ် နိုင်တဲ့ မေးခွန်းမျိုးပါ။ ယောကျ်ားလေးတွေက သူတို့စိတ်ကူးအတိုင်း နေရတာပဲ ကြိုက်ပြီး အတင်းအကြပ် ပြောထွက်အောင် တွန်းအားပေးတာမျိုးတွေ မကြိုက်ကြပါဘူး။ တကယ်ချစ်တယ်ဆိုရင်တောင် နှုတ်ကနေ လေးလေးနက်နက် ပြောရတာမျိုးကိုပဲ သဘောကျတတ်ကြပါတယ်။

ယောင်းတို့ရေ… အများအားဖြင့် မိန်းကလေးတော်တော်များများက ချစ်သူအပေါ် ချစ်လို့ရစ်တာ သဘာဝဆိုပေမဲ့ ဂျပန်မူလီ ဖြစ်သွားရင်တော့ ချစ်ဖို့မကောင်းတော့ဘူးနော်… အထူးသဖြင့် အိမွန်ပြောပြတဲ့ အပေါ်က အချက်လေးတွေကို ရှောင်ပြီး နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေ ခိုင်မြဲကြပါစေလို့ ဆန္ဒပြုရင်း…

References : Elcrema, You can’t break me

Credit: Ei Mon (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top