iMyanmarHouse.com - Best Property Website for Myanmar
×

ျပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ အႏုပညာရွင္တစ္ခ်ိဳ႔ မူးယစ္ေဆးသံုးစြဲမႈ ေတြ႔ရွိမႈေတြနဲ႔ ဖမ္းခံရတဲ့ သတင္းေတြကေတာ့ သတင္းၾကီးတစ္ရပ္ျဖစ္ခဲ့ပါတယ္။ ဒီလိုအႏုပညာရွင္အခ်ိဳ႔ဖမ္းဆီးခံရမႈတြင္ နာမည္ၾကီးဒါရိုက္တာ တေယာက္ျဖစ္တဲ့ မိုက္တီးလည္း မူးယစ္ေဆးေတြ႔ရွိမႈနဲ႔ ဖမ္းခံခဲ့ရပါတယ္။ ဒါေၾကာင့္ ဒါရိုက္တာမိုက္တီးနဲ႔ ပတ္သက္ျပီး ဝါရင့္သရုပ္ေဆာင္ လက္ရွိပရဟိတ သမားၾကီး ေက်ာ္သူကေတာ့ သူ႔ညီလို ခ်စ္ခင္ရတဲ့ ဒါရိုက္တာမိုက္တီးနဲ႔ ပတ္သက္ျပီး ေျပာၾကားသြားခဲ့ကာ သူ႔ရဲ့အေတြ႔အၾကံဳေတြကိုလည္း ေျပာၾကားသြားခဲ့ပါတယ္။

ေက်ာ္သူကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာေတာ့ ဒါရိုက္တာမိုက္တီးနဲ႔ ပတ္သက္ျပီး “တကယ္ေတာ့ စိတ္မေကာင္းစရာပါပဲ။ မိုက္တီးနဲ႔ ပတ္သက္ျပီး ကြ်န္ေတာ့္သားလို႔ ကြ်န္ေတာ္ညီလို ကြ်န္ေတာ္ခ်စ္တယ္။ သူ႔ရဲ့အႏုပညာကိုလည္းေလးစားတယ္။ ဒါေၾကာင့္ အခုလိုျဖစ္သြားတဲ့အတြက္ ေတာ္ေတာ္ေလး ဝမ္းနည္းတယ္။ ဘယ္သူကပဲ ေခ်ာက္တြန္းတယ္ ေျပာေျပာ၊ အဓိကကေတာ့ ကိုယ္မလုပ္ၾကဖို႔ အေရးၾကီးတာပဲ။ တခ်ိဳ႔ေဆးမႈနဲ႔ ေထာင္က်ျပီး ျပန္ထြက္လာတယ္။ ျပန္လုပ္တယ္လို႔ ၾကားေနရတယ္။ ကြ်န္ေတာ္ကေတာ့ လံုးဝကို မလုပ္ဖို႔ ေတာင္းပန္ပါတယ္။

ကေလးငယ္ေတြလည္း စမ္းျပီးေတာ့ မလုပ္ပါနဲ႔။ ဒါဟာ ျမန္မာလူမ်ိဳးတစ္မ်ိဳးလံုးကို လူညႊန္႔ခ်ိဳးတဲ့ ကိစၥ ဒါကိုေရာင္းဝယ္ေဖာက္ကားတဲ့သူကလည္း ေတာ္ေတာ္ကို ငရဲၾကီးတာပါ။ အခုေခတ္ၾကီးမွာေတာ့ အပယ္ငရဲဆိုတာကၾကီးကို မသိၾကေတာ့ပါဘူး။ ဒါေတြဟာေသခါနီးက်မွ သိမွာေလ။ အဲ့ခ်ိန္မွလည္း ဘယ္သူမွ ကယ္ပါဦးဆိုျပီး လုပ္လို႔မရပါဘူး။ အကုသိုလ္ မေၾကာက္ဘူးဆိုရင္ေတာ့ ေရာင္းက်ေပါ့ ေသာက္က်ေပါ့။ ကြ်န္ေတာ္လည္း အတတ္ႏိုင္ဆံုး လိုက္လုပ္ေနတာပဲ။

မႏၱေလးမွာလည္း ကြ်န္ေတာ့္ ကိုယ္ေတြ႔အျဖစ္ေလးကို ေျပာျပီးတဲ့အခ်ိန္မွာ ကေလးမိဘေတြ ကြ်န္ေတာ့္ဆီကို ေရာက္လာပါတယ္။ ကြ်န္မတို႔သားေတြ မူးယစ္ေဆးစြဲေနၾကတယ္ေပါ့။ ဘယ္လိုလုပ္မလည္းဆိုေတာ့ ကြ်န္ေတာ့္ဆီေခၚလာခဲ့လို႔ ကြ်န္ေတ္ာေျပာပါတယ္။ တကယ္လာလိုက္တဲ့သူေတြကလည္း တကယ့္ပညာတတ္ေတြ ဆရာဝန္ေတြေတာင္ပါပါတယ္။ ဆရာဝန္အဆင့္က အစ မူးယစ္ေဆးခ်ေနၾကတယ္။ မူးယစ္ေဆးအစား ပရဟိတကို စမ္းလုပ္ၾကည့္ၾကပါ။ ပရဟိတစြဲသြားတာက ကုိယ့္အတြက္တကယ့္ကို အေကာင္းဆံုးပါပဲ။ အဲ့ဒါကို လုပ္ၾကည့္ပါ။

မူးယစ္ေဆးကေတာ့ ဖမ္းခံရတုန္းခဏပဲ ျပတ္မွာပဲ။ ျပန္ထြက္လာရင္ ေသြးသားေတာင္းဆိုမႈေၾကာင့္ လုပ္ၾကမွာပဲ။ ကြ်န္ေတာ္ဆိုလည္း ပရဟိတေတြလုပ္တယ္။ ဘာသာေရးေတြကို လုပ္တာေၾကာင့္ ဒီမူးယစ္ေဆးကို သံုးစြဲဖို႔အတြက္ စိတ္မပါေတာ့ပါဘူး။ ကြ်န္ေတာ္အရက္ျဖတ္တုန္းကလည္း အဆိုးဆံုးကေတာ့ ျပတ္ခါစအခ်ိန္ပါပဲ။ အေႏွာက္အယွက္အမ်ိဳးမ်ိဳးလာမယ္။ ေသာက္ပါဦးလာပါဦးဆိုျပီး ေျပာတဲ့သူေတြလာမယ္။ ညစာစားပြဲေတြ ဖိတ္တယ္။ ကြ်န္ေတာ္ဘယ္မွကို မသြားေတာ့ဘူး။ ကြ်န္ေတာ့္ိကု သီတင္းကြ်တ္လာကန္ေတာ့တယ္။ အရက္ပုလင္းေတြနဲ႔ ဒီတိုင္းပဲ ထားထားလိုက္ပါတယ္။ တခုခုကို ျပတ္ေအာင္ လုပ္ေတာ့မယ္ဆိုရင္ အဲ့ဒါက္ု ျပန္လည္းမစမ္းဘူး။ လွည့္လည္းမၾကည့္ဘူး။ အဲ့အခ်က္နဲ႔တင္ ကိုယ့္ကိုကိုယ္ ေလးစားသြားျပီ။

မူးယစ္ေဆးသံုးစြဲေနသူေတြက လိမ္ဖို႔ ဝန္မေလးက်ပါဘူး။ မူးယစ္ေဆးလိုျပီဆိုရင္ သူမ်ားပစၥည္းခိုးေတာ့မယ္။ သတ္စရာရွိသတ္ေတာ့မယ္။ ကိုယ့္ကိုကိုယ္လည္း လိမ္မယ္။ ဒီဟာေတြ လုပ္တာကလည္း ကံငါးပါးမလံုပါဘူး။ ဒါေၾကာင့္ ကံငါးပါးလံုဖို႔အတြက္ ဒါေတြကို ထိန္းရပါမယ္။ ကံငါးပါးလံုဖို႔ကလည္း တကူးတက လုပ္စရာမလိုပါဘူး။ အရာအားလံုး သူ႔ေနရာနဲ႔ သူ အဆင္ေျပေျပေနရင္ ရပါျပီ။ ဒါေၾကာင့္မူးယစ္ေဆးကို လံုးဝ မသံုးၾကပါနဲ႔။ မေကာင္းတဲ့အရာေတြကို ျဖတ္ဖို႔ ၾကိဳးစားရပါမယ္။ ဒါေတြကို ျဖတ္လိုက္ရင္ေတာ့ စိတ္ကလံုးဝ ၾကည္လင္သြားမယ္။ ပတ္ဝန္းက်င္မွာလည္း လူလို႔ အသိအမွတ္ျပဳခံရပါလိမ့္မယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ အနုပညာရှင်တစ်ချို့ မူးယစ်ဆေးသုံးစွဲမှု တွေ့ရှိမှုတွေနဲ့ ဖမ်းခံရတဲ့ သတင်းတွေကတော့ သတင်းကြီးတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုအနုပညာရှင်အချို့ဖမ်းဆီးခံရမှုတွင် နာမည်ကြီးဒါရိုက်တာ တယောက်ဖြစ်တဲ့ မိုက်တီးလည်း မူးယစ်ဆေးတွေ့ရှိမှုနဲ့ ဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့် ဒါရိုက်တာမိုက်တီးနဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင် လက်ရှိပရဟိတ သမားကြီး ကျော်သူကတော့ သူ့ညီလို ချစ်ခင်ရတဲ့ ဒါရိုက်တာမိုက်တီးနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ကာ သူ့ရဲ့အတွေ့အကြုံတွေကိုလည်း ပြောကြားသွားခဲ့ပါတယ်။

ကျော်သူကတော့ MC နဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာမိုက်တီးနဲ့ ပတ်သက်ပြီး “တကယ်တော့ စိတ်မကောင်းစရာပါပဲ။ မိုက်တီးနဲ့ ပတ်သက်ပြီး ကျွန်တော့်သားလို့ ကျွန်တော်ညီလို ကျွန်တော်ချစ်တယ်။ သူ့ရဲ့အနုပညာကိုလည်းလေးစားတယ်။ ဒါကြောင့် အခုလိုဖြစ်သွားတဲ့အတွက် တော်တော်လေး ဝမ်းနည်းတယ်။ ဘယ်သူကပဲ ချောက်တွန်းတယ် ပြောပြော၊ အဓိကကတော့ ကိုယ်မလုပ်ကြဖို့ အရေးကြီးတာပဲ။ တချို့ဆေးမှုနဲ့ ထောင်ကျပြီး ပြန်ထွက်လာတယ်။ ပြန်လုပ်တယ်လို့ ကြားနေရတယ်။ ကျွန်တော်ကတော့ လုံးဝကို မလုပ်ဖို့ တောင်းပန်ပါတယ်။

ကလေးငယ်တွေလည်း စမ်းပြီးတော့ မလုပ်ပါနဲ့။ ဒါဟာ မြန်မာလူမျိုးတစ်မျိုးလုံးကို လူညွှန့်ချိုးတဲ့ ကိစ္စ ဒါကိုရောင်းဝယ်ဖောက်ကားတဲ့သူကလည်း တော်တော်ကို ငရဲကြီးတာပါ။ အခုခေတ်ကြီးမှာတော့ အပယ်ငရဲဆိုတာကကြီးကို မသိကြတော့ပါဘူး။ ဒါတွေဟာသေခါနီးကျမှ သိမှာလေ။ အဲ့ချိန်မှလည်း ဘယ်သူမှ ကယ်ပါဦးဆိုပြီး လုပ်လို့မရပါဘူး။ အကုသိုလ် မကြောက်ဘူးဆိုရင်တော့ ရောင်းကျပေါ့ သောက်ကျပေါ့။ ကျွန်တော်လည်း အတတ်နိုင်ဆုံး လိုက်လုပ်နေတာပဲ။

မန္တလေးမှာလည်း ကျွန်တော့် ကိုယ်တွေ့အဖြစ်လေးကို ပြောပြီးတဲ့အချိန်မှာ ကလေးမိဘတွေ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ကျွန်မတို့သားတွေ မူးယစ်ဆေးစွဲနေကြတယ်ပေါ့။ ဘယ်လိုလုပ်မလည်းဆိုတော့ ကျွန်တော့်ဆီခေါ်လာခဲ့လို့ ကျွန်တေ်ာပြောပါတယ်။ တကယ်လာလိုက်တဲ့သူတွေကလည်း တကယ့်ပညာတတ်တွေ ဆရာဝန်တွေတောင်ပါပါတယ်။ ဆရာဝန်အဆင့်က အစ မူးယစ်ဆေးချနေကြတယ်။ မူးယစ်ဆေးအစား ပရဟိတကို စမ်းလုပ်ကြည့်ကြပါ။ ပရဟိတစွဲသွားတာက ကိုယ့်အတွက်တကယ့်ကို အကောင်းဆုံးပါပဲ။ အဲ့ဒါကို လုပ်ကြည့်ပါ။

မူးယစ်ဆေးကတော့ ဖမ်းခံရတုန်းခဏပဲ ပြတ်မှာပဲ။ ပြန်ထွက်လာရင် သွေးသားတောင်းဆိုမှုကြောင့် လုပ်ကြမှာပဲ။ ကျွန်တော်ဆိုလည်း ပရဟိတတွေလုပ်တယ်။ ဘာသာရေးတွေကို လုပ်တာကြောင့် ဒီမူးယစ်ဆေးကို သုံးစွဲဖို့အတွက် စိတ်မပါတော့ပါဘူး။ ကျွန်တော်အရက်ဖြတ်တုန်းကလည်း အဆိုးဆုံးကတော့ ပြတ်ခါစအချိန်ပါပဲ။ အနှောက်အယှက်အမျိုးမျိုးလာမယ်။ သောက်ပါဦးလာပါဦးဆိုပြီး ပြောတဲ့သူတွေလာမယ်။ ညစာစားပွဲတွေ ဖိတ်တယ်။ ကျွန်တော်ဘယ်မှကို မသွားတော့ဘူး။ ကျွန်တော့ိကု သီတင်းကျွတ်လာကန်တော့တယ်။ အရက်ပုလင်းတွေနဲ့ ဒီတိုင်းပဲ ထားထားလိုက်ပါတယ်။ တခုခုကို ပြတ်အောင် လုပ်တော့မယ်ဆိုရင် အဲ့ဒါက်ု ပြန်လည်းမစမ်းဘူး။ လှည့်လည်းမကြည့်ဘူး။ အဲ့အချက်နဲ့တင် ကိုယ့်ကိုကိုယ် လေးစားသွားပြီ။

မူးယစ်ဆေးသုံးစွဲနေသူတွေက လိမ်ဖို့ ဝန်မလေးကျပါဘူး။ မူးယစ်ဆေးလိုပြီဆိုရင် သူများပစ္စည်းခိုးတော့မယ်။ သတ်စရာရှိသတ်တော့မယ်။ ကိုယ့်ကိုကိုယ်လည်း လိမ်မယ်။ ဒီဟာတွေ လုပ်တာကလည်း ကံငါးပါးမလုံပါဘူး။ ဒါကြောင့် ကံငါးပါးလုံဖို့အတွက် ဒါတွေကို ထိန်းရပါမယ်။ ကံငါးပါးလုံဖို့ကလည်း တကူးတက လုပ်စရာမလိုပါဘူး။ အရာအားလုံး သူ့နေရာနဲ့ သူ အဆင်ပြေပြေနေရင် ရပါပြီ။ ဒါကြောင့်မူးယစ်ဆေးကို လုံးဝ မသုံးကြပါနဲ့။ မကောင်းတဲ့အရာတွေကို ဖြတ်ဖို့ ကြိုးစားရပါမယ်။ ဒါတွေကို ဖြတ်လိုက်ရင်တော့ စိတ်ကလုံးဝ ကြည်လင်သွားမယ်။ ပတ်ဝန်းကျင်မှာလည်း လူလို့ အသိအမှတ်ပြုခံရပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top