iMyanmarHouse.com - Best Property Website for Myanmar
×
Credit: တံခွန်
# Unicode Version ဖြင့် ဖတ်ပါ #
ပြည်သူချစ် အနုပညာရှင် ဖြစ်တဲ့ ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ လက်ရှိမှာ အသက်(၃၉) နှစ် ရျိပြီး ဖြစ်ပြီး လူပျိုကြီး စာရင်းထဲ လုံးလုံးဝင်နေပြီ ဖြစ်ပါတယ်။
အသက် (၃၉ ) နှစ်လို့ မထင်ရလောက်အောင် အရွယ်တင်ပြီး ကြည့်ကောင်းနေ သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ (၁၀)စုနှစ်တစ်စုစာမက တဲ့ အနုပညာသက်တမ်းတစ်လေ ျှာက်မှာလည်း အောင်မြင်မှုတွေနဲ့ နာမည်ပျက်မရှိပဲ ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်သူ ဖြစ်ပါတယ်။
ဝေဖန်တိုက်ခိုက်သူ၊ သရော်သူ၊ စနောက်သူတွေကို အေးအေးဆေးဆေးနဲ့ ဟာသပြန်လုပ်ပြီး ဖြေရှင်းနိုင်သလို တကယ့်ကို ရင့်ကျက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အဆိုတော်၊ ရုပ်ရှင်မင်းသား၊ SAI Cosmetics Company ရဲ့ Founder တစ်ယောက်ဖြစ်သလို စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။
အခုတလော အချစ်ရေးနဲ့ ပတ်သက်လို့ ဦးစိုင်းခံစားချက်တွေ ဖွင့်အန်ပြနေသလို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း “I love you” ဆိုပြီး Live လွှင့်ကာ သီချင်းဆိုပြခဲ့သလို ဒီနေ့မှာ ဦးစိုင်းက အမေရိကန်အဆိုတော်Steven Tyler ရဲ့ ချစ်သူနဲ့ အနမ်းပေးနေတဲ့ ပုံလေးတစ်ပုံဟာ နှစ်ပေါင်း(၇၀) ပြည့်ခဲ့ပြီဆိုတဲ့ ပုံလေးကို မျှဝေခဲ့ပြီး ” I’d like to kiss you in the rain Till 70,And more if I may” ဆိုပြီး ခံစားချက်တွေကို ဖော်ပြလိုက်ပါတယ်။
နှစ် (၇၀) တိုင်တဲ့ထိ မင်းကို မိုးထဲမှာ နမ်းချင်တယ် ဆိုတဲ့ ဦးစိုင်းရဲ့ ဒီအချစ်စိတ်ကူးဆန္ဒတွေကို ဖော်ပြလိုက်တဲ့ ဒီPost အောက်မှာ တော့ Beauty Blogger နေခြည်ဦးက ” နင့်ကို ဒီလို နမ်းချင်တာတဲ့ “လို့ ကောင်မလေးတစ်ယောက်ကို Mention ခေါ်လိုက်ပါတယ်။ ခေါ်ခ့လိုက်ရတြ့ မိန်းမလှလေးဟာ အရမ်းကို ချစ်စရာကောင်းသူလေး ဖြစ်သလို ” မရတော့ဘူး အရမ်းတွေ ကြမ်းနေပြီ” လို့ ဦးစိုင်းကို ပြန် Mention လိုက်ပါတယ်။
သူမ ဘယ်သူလဲ ဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေသလို ပရိသတ်တချို့ကတော့ ဦးစိုင်းချစ်သူများလား လို့ စိတ်ထင်နဲ့ ကြေကွဲနေသူတွေလည်း ရှိနေပါတယ်နော်…။
source: Sai sai kham leng
ဖိုးသူတော် (www.phothutaw.com)
Credit: တံခွန်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top