iMyanmarHouse.com - Best Property Website for Myanmar
×





Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
လက်တလော လူမှုကွန်ယက်ပရိသတ်တွေကြားမှာတော့ ရွှေ၂ရွှေဂယက်ဟာ အတော်လေးရေပန်းစားနေတာ ပရိသတ်တွေအားလုံးသိကြမှာပါ။မကြာသေးခင်ကမှ တရားဝင် ချပြလာတဲ့ သူတို့နှစ်ဦးရဲ့ စုံတွဲပုံရိပ်လေးတွေကတော ပရိသတ်တွေကြားမှာ အရမ်းကိုစိတ်ဝင်စားမှု မြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ လက်ရှိပရိသတ်တွေကြားမှာ ဝေဖန်မှုတွေများစွာရှိနေသလို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်ရောက်ဝေဖန်ခြင်းမရှိပဲ သူတို့ရဲ့အနုပညာကိုသာလက်ခံ အားပေးနေတဲ့ ပရိသတ်တွေလည်းများစွာ ရှိနေတာပဲဖြစ်ပါတယ်။

ရွှေထူးနဲ့ရွှေမှုန်တို့ကတော့ လက်ရှိမှာဝေဖန်မှုတွေကို အတူတူကြံကြံခံရင်း ခက်ခဲကြမ်းတမ်းတဲ့ အချစ်ခရီးလမ်းမှာ အတူလက်တွဲလျောက်နေကြရင်း ပျော်ရွှင်မဆုံးဖြစ်နေကြပါတယ်။ဒီတစ်ခေါက်မှာလည်း သူတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးပျော်ရွှင်မဆုံးဖြစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ထပ်မံမျှဝေပေးချင်ပါတယ်။ သူတို့ကတော့ ရွှေရွှေချင်းထပ်ရင်မြတ်တဲ့ဆိုတဲ့ စကားလေးအတိုင်း ထူးမြတ်တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကို အတူလက်တွဲလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။

တကယ့်ကိုသာဓုခေါ်ဆိုဖွယ်ရာ အလှူအတန်းပြူမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်အားပေးကြရင်း ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့ကတော့ မန္တလေးမြို့မှာ သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ Media 7 ဥက္ကဌ ကိုဝေမင်းမောင်ရဲ့ အလှုလေးမှာ တစ်တက်တစ်အား ဝင်ရောက်လုပ်အားပေးခဲ့ကြတာဖြစ်ပြီး အနုပညာလောကမှ ပရဟိတစိတ်မပြည့်အဝရှိတဲ့ နာမည်ကြီး တခြားသောလူငယ် အနုပညာရှင်တွေနဲ့အတူတူ သွားရောက်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ ရွှေထူးနဲ့ရွှေမှုန်တို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသာဓူခေါ်ဆိုနိုင်စေရန်တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် – Wai Min Maung

Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top