iMyanmarHouse.com - Best Property Website for Myanmar
×





Credit: ရွှေချစ်သူ
# Unicode Version ဖြင့် ဖတ်ပါ #
အသံချိုချိုလေးနဲ့ ပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းလေးတွေကို သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော် ရတနာမိုင်တစ်ယောက် သူမရဲ့ ငါးနှစ်ပြည့်မွေးနေ့ပွဲမှာ မှတ်တမ်းတင်ခဲ့တဲ့ ချစ်စဖွယ် Video လေးကို ပြန်လည် share ထားတာပဲဖြစ် ပါတယ်။
အသည်းယားစရာလည်းကောင်းတဲ့သူမက ငယ်ငယ်ကတည်းက ခပ်စွာစွာလေးပါပဲ ပရိသတ် ကြီးရေ။ ဒီ Video လေးကို " ငယ်ငယ်တုန်းကကောင်လေးတယောက်ကို သွားပြီး စေတနာနဲ့ သွားကျွေးတာ ကိုယ့်ကိုကြောက်ပီးထွက်ပြေးလို့ နင်ကြပ်ကြပ် သတိထားဆိုပြီး သွားပြောတာ စွာချက် မြင်မကောင်းဘူး " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

လက်တလောလှုပ်ရှားမှုအနေ နဲ့ကတော့ သူမရဲ့မိခင်ဖြစ်သူ အဆိုတော်မိုင်နဲ့အတူ ဒီနှစ်ကုန်မှာ Two Lady Live Show သီဆိုဖို့ရှိ တယ်လို့လည်းဆိုပါတယ်။သူမရဲ့ သီချင်း MTV တွေကို ပရိသတ်တွေကိုအရင်ပို့ရမလား သူမ မိခင်အဆိုတော်မိုင်ရဲ့ Mini Album လေးကို အရင်ထုတ်ရမလား ဆိုတာ ဝေခွဲရခက်ေ်နတဲ့ အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။

ဒီနှစ်ကုန်လောက်မှာ ထွက်ရှိလာတော့မယ့် သူမနဲ့ သူမရဲ့မိခင်တို့ရဲ့ Tow Lady Live Show ကိုလည်း ပရိသတ်တွေကိုအားပေးကြဖို့ သူမက တောင်းဆိုခဲ့ပါသေးတယ်။ ကဲ မိုင်လေးကို ချစ်တဲ့ ပရိသတ်ကြီးကလည်း ဘယ်လို သီချင်းအသစ်တွေနဲ့ ထပ်ပြီး အကြိုက်တွေ့ရဦးမယ်ဆိုတာ ရင်ခုန်လက်ပါဦးနော် ....

Credit: ရွှေချစ်သူ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top