iMyanmarHouse.com - Best Property Website for Myanmar
×

အခုတေလာ ေကာင္ေလးေတြက မမေတြကိုပဲ စိတ္ဝင္စားတယ္။ မမကိုပဲ ခ်စ္တယ္။ မမ ေဝဒနာေတြ ကူးစက္ပ်ံ႕ႏွံ႔ေနၾက႐ွာတယ္လို႔ ေတြ႕ေန ၾကားေနရပါတယ္လို႔… ဟုတ္လား?

ေယာင္း တို႔ကိုလဲ အခုတေလာ ေမာင္ေလးေတြ လာ လာ ေႂကြေနၾကတယ္ဟုတ္…..?

မလွ်ိဳေၾကးေနာ္…။ 😉

အဲ့ဒီထဲက တစ္ခ်ိဳ႕ေကာင္ေလးေတြနဲ႔ အၾကည့္ခ်င္းဆံုရင္ခံုေနမိၿပီလား …..? သူ႔ရဲ႕ ရႊတ္ေနာက္ေနာက္ေျပာဆိုပံုေလးေတြမွာ သာယာေနမိၿပီလား ….. ? သူနဲ႔ ကိုယ္နဲ႔ အႀကိဳက္ေတြတူေနၾကၿပီလား …. ?

တကယ္လို႔မ်ား ေယာင္းတို႔အေနနဲ႔ ေမာင္ေလးေတြနဲ႔ ေရႊလက္တြဲမယ္လို႔ စိတ္ကူး႐ွိတယ္ဆိုရင္ေတာ့ သိထားသင့္တာေလးေတြ႐ွိတယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ အရြယ္ခ်င္းမတူေတာ့ နားလည္မႈေတြယူရမွာေတြ ညႇိယူရမွာေတြ႐ွိတယ္ေလ။

ဘာေတြလဲဆိုေတာ့…

၁။ အသိုင္းအဝိုင္းရဲ႕ ေဝဖန္မႈ

မိန္းကေလးတစ္ေယာက္က ကိုယ့္ထက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ တြဲေတာ့မယ္ဆိုရင္ သူ႔ဘက္ ကိုယ့္ဘက္ အသိုင္းအဝိုင္းနဲ႔ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈကို အနည္းနဲ႔အမ်ားေတာ့ ႀကံဳရမွာပါ။ ကိုယ့္မိဘေတြကို မိတ္ဆက္ေပးရင္ေတာင္ မိဘေတြက အဆင္ေျပပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ ႐ွိမွာအမွန္ပါ။ ကိုယ့္ခ်စ္သူက အသက္ငယ္ေပမယ့္ အရည္အခ်င္း႐ွိသူျဖစ္ေနရင္ စိုးရိမ္ပူပန္ဖို႔မလိုပါဘူး။ ကိုယ္ကလည္း သူ႔ကိုခ်စ္ေနရင္ လက္တြဲလိုက္ပါ။

၂။ ေကာင္ေလးက ကိုယ့္ရဲ႕အရည္အခ်င္းေတြကို ႐ွိန္ေနမလား။

ေကာင္ေလးေတြက မမႀကီးေတြကိုခ်စ္ၾကတာ အထင္ႀကီးေလးစားစိတ္လဲပါတယ္ေလ။ ေကာင္မေလးငယ္ငယ္ေလးေတြနဲ႔ ယွဥ္ရင္ မမေတြက ကိုယ့္ကိုယ္ကိုယ္ အားကိုးႏိုင္တယ္။ ယံုၾကည္မႈအျပည့္႐ွိတယ္။ ဒါေပမဲ့ မမက ေမာင္ေလးထက္ ပိုေအာင္ျမင္ေနတဲ့အခါ ေမာင္ေလးေတြဘက္က သိမ္ငယ္စိတ္ဝင္လာတာ ျဖစ္တတ္ပါတယ္။ စတြဲခါစမွာ မသိသာေပမယ့္ ေရ႐ွည္မွာေတာ့ ဒီအခ်က္က အခ်စ္ခရီးလမ္းမွာ အဖုအထစ္ျဖစ္လာတတ္ပါတယ္။

၃။ ေမာင္ေလးေတြနဲ႔ ဒိတ္ရင္ေပ်ာ္ရမွာပါ။

ေမာင္ေလးေတြက အသက္ငယ္ေတာ့ ဘဝအေတြ႔အႀကံဳလည္း မစံုေသးဘူး။ ေျပာရရင္ ဘဝကို ေမ်ွာ္လင့္ခ်က္ေတြအမ်ားႀကီးထားတတ္၊ အေကာင္းျမင္စိတ္ေတြ႐ွိတတ္သူေတြပါ။

အရာရာကိုအေကာင္းျမင္ၿပီး ေန႔ရက္တိုင္းကို ေပ်ာ္ေပ်ာ္ျဖတ္သန္းခ်င္ၾကသူေတြမို႔ သူတို႔နားမွာေနရတဲ့အခါ ကိုယ္ပါေပ်ာ္ရႊင္လာရပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ အခိုက္အတန္႔ေတြကိုလည္း ႏွစ္ဦးသားအတူဖန္တီးျဖစ္လာပါတယ္။

၄။ အေတြ႔အၾကံဳ နဲ႔ရင့္က်က္မႈကြာျခားျခင္းက အဆင္ေျပပါ့မလား။

ေမာင္ေလးေတြက အေတြ႔အႀကံဳနည္းတာ၊ မရင့္က်က္တာဟာ အခ်စ္ခရီးလမ္းမွာ တစ္ခါတရံမက ျပႆနာျဖစ္ႏိုင္ပါတယ္။ ငယ္ရြယ္သူေတြမို႔ အေလးအနက္ထားသင့္တာကို အေလးအနက္ မထားတတ္တဲ့အခါ အေတြ႕အႀကံဳေတြအရ အရာရာကို အေလးအနက္္ထား စိုးရိမ္ပူပန္တတ္တဲ့မမေတြနဲ႔ ပဋိပကၡ ျဖစ္ေတာ့တာေပါ့။

ဒါေပမဲ့ အသက္အရြယ္ႀကီးတိုင္း ပိုရင့္က်က္တယ္၊ အသက္ငယ္ရင္ ကေလးဆန္တယ္ဆိုတဲ့ အယူအဆဟာ အၿမဲေတာ့မမွန္ပါဘူး။ လူေတြရဲ႕ ရင့္က်က္မႈဟာ သူတို႔ႀကီးျပင္းေနထိုင္ရတဲ့ ပတ္ဝန္းက်င္နဲ႔လည္း အမ်ားႀကီးသက္ဆိုင္တာမို႔ အရြယ္ငယ္ေပမယ့္ ရင့္က်က္ေနသူေတြ၊ အသက္အရြယ္ႀကီးေပမယ့္ အေတြ႔အႀကံဳနဲ႔ ရင့္က်က္မႈနည္းသူေတြ႐ွိပါေသးတယ္။

၅။ ေမာင္ေလးေတြနဲ႔လဲ အတည္တြဲလို႔ရပါတယ္။

ေယဘုယ်အားျဖင့္ ေမာင္ေလးေတြဟာ ဘဝကိုေလးနက္မႈမ႐ွိဘူး၊ အိမ္ေထာင္ေတြ ဘာေတြျပဳဖို႔အထိ စဥ္းစားခ်င္မွာမဟုတ္ဘူးဆိုတဲ့ အေတြးက အတိုင္းအတာတစ္ခုအထိ မွန္ကန္ပါတယ္။

ဒါေပမဲ့ အေပၚက နံပါတ္ ၄ အခ်က္မွာေျပာခဲ့သလို အသက္ငယ္ေပမဲ့ ဘဝကို ေလးေလးနက္နက္ေတြးေခၚတတ္သူေတြလဲ႐ွိပါတယ္။

ဒါေၾကာင့္ ေမာင္ေလးနဲ႔လည္း တြဲခ်င္တယ္။ အသက္အရြယ္ငယ္သူနဲ႔ တြဲလို႔အတည္တက်မျဖစ္မွာ ေၾကာက္တယ္လို႔ စိုးရိမ္မိေနၿပီဆိုရင္ သူ အသက္ငယ္ျခင္း မငယ္ျခင္းထက္ သူက အေလးအနက္ထားတတ္သူလားဆိုတာကိုေလ့လာၾကည့္ပါ။

၆။ အသက္ဘယ္ေလာက္ကြာတာလဲဆိုတာကလည္း ထည့္စဥ္းစားသင့္တဲ့အရာပါ

အတည္တက် တြဲၾကၿပီဆိုတဲ့အခါ ေနာက္ထပ္ႀကံဳရႏိုင္တဲ့ အခ်က္တစ္ခုလည္း ႐ွိပါေသးတယ္။ သူေရာ ကိုယ္ေရာက အသက္အရြယ္အလိုက္ ပံုမွန္အေတြ႔အႀကံဳနဲ႔ ရင့္က်က္မႈ႐ိွၾကသူေတြျဖစ္တဲ့အခါမ်ိဳးမွာ  ႏွစ္ႏွစ္၊ သံုးႏွစ္ဝန္းက်င္မကဘဲ ငါးႏွစ္အထက္ကြာျခားသူေတြမွာ ဘဝကို ရႈျမင္ပံုကြာျခားလာတတ္ပါတယ္။

ဒီအခါမွာ ဘဝရဲ႕ စိန္ေခၚမႈေတြ၊ ျပႆနာေတြကိုရင္ဆိုင္တဲ့အခါ မေက်မလည္ျဖစ္ရတာေတြႀကံဳလာႏိုင္ပါတယ္။

အက္ဒ္မင္အေနနဲ႕ေယာင္းတုိ႕ကို ထပ္အၾကံေပးရမယ္ဆိုရင္ေတာ့ အသက္ငယ္တာႀကီးတာထက္ သူဟာ အရည္အခ်င္းရွိသူလား၊ အေလးအနက္ထားတတ္သူလား၊ မိန္းကေလးတစ္ေယာက္ကို တန္ဖိုးထားတတ္သူလား၊ ၾကင္ၾကင္နာနာဆက္ဆံတတ္သူလား ဆိုတဲ့အခ်က္ေတြနဲ႕ပဲ ကိုယ္နဲ႕လက္တြဲရမယ့္သူကို ေရြးခ်ယ္ေစခ်င္ပါတယ္။

ေယာင္းတို႕ ခ်စ္သူနဲ႕ေပ်ာ္ရႊင္ၾကပါေစ။

Credit: Sugar Cane ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #


    အခုတလော ကောင်လေးတွေက မမတွေကိုပဲ စိတ်ဝင်စားတယ်။ မမကိုပဲ ချစ်တယ်။ မမ ဝေဒနာတွေ ကူးစက်ပျံ့နှံ့နေကြရှာတယ်လို့ တွေ့နေ ကြားနေရပါတယ်လို့… ဟုတ်လား?

ယောင်း တို့ကိုလဲ အခုတလော မောင်လေးတွေ လာ လာ ကြွေနေကြတယ်ဟုတ်…..?

မလျှိုကြေးနော်…။ 😉

အဲ့ဒီထဲက တစ်ချို့ကောင်လေးတွေနဲ့ အကြည့်ချင်းဆုံရင်ခုံနေမိပြီလား …..? သူ့ရဲ့ ရွှတ်နောက်နောက်ပြောဆိုပုံလေးတွေမှာ သာယာနေမိပြီလား ….. ? သူနဲ့ ကိုယ်နဲ့ အကြိုက်တွေတူနေကြပြီလား …. ?

တကယ်လို့များ ယောင်းတို့အနေနဲ့ မောင်လေးတွေနဲ့ ရွှေလက်တွဲမယ်လို့ စိတ်ကူးရှိတယ်ဆိုရင်တော့ သိထားသင့်တာလေးတွေရှိတယ်နော်။ ဘာပဲဖြစ်ဖြစ် အရွယ်ချင်းမတူတော့ နားလည်မှုတွေယူရမှာတွေ ညှိယူရမှာတွေရှိတယ်လေ။

ဘာတွေလဲဆိုတော့…

၁။ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှု

မိန်းကလေးတစ်ယောက်က ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက် အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို အနည်းနဲ့အများတော့ ကြုံရမှာပါ။ ကိုယ့်မိဘတွေကို မိတ်ဆက်ပေးရင်တောင် မိဘတွေက အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိမှာအမှန်ပါ။ ကိုယ့်ချစ်သူက အသက်ငယ်ပေမယ့် အရည်အချင်းရှိသူဖြစ်နေရင် စိုးရိမ်ပူပန်ဖို့မလိုပါဘူး။ ကိုယ်ကလည်း သူ့ကိုချစ်နေရင် လက်တွဲလိုက်ပါ။

၂။ ကောင်လေးက ကိုယ့်ရဲ့အရည်အချင်းတွေကို ရှိန်နေမလား။

ကောင်လေးတွေက မမကြီးတွေကိုချစ်ကြတာ အထင်ကြီးလေးစားစိတ်လဲပါတယ်လေ။ ကောင်မလေးငယ်ငယ်လေးတွေနဲ့ ယှဉ်ရင် မမတွေက ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တယ်။ ယုံကြည်မှုအပြည့်ရှိတယ်။ ဒါပေမဲ့ မမက မောင်လေးထက် ပိုအောင်မြင်နေတဲ့အခါ မောင်လေးတွေဘက်က သိမ်ငယ်စိတ်ဝင်လာတာ ဖြစ်တတ်ပါတယ်။ စတွဲခါစမှာ မသိသာပေမယ့် ရေရှည်မှာတော့ ဒီအချက်က အချစ်ခရီးလမ်းမှာ အဖုအထစ်ဖြစ်လာတတ်ပါတယ်။

၃။ မောင်လေးတွေနဲ့ ဒိတ်ရင်ပျော်ရမှာပါ။

မောင်လေးတွေက အသက်ငယ်တော့ ဘဝအတွေ့အကြုံလည်း မစုံသေးဘူး။ ပြောရရင် ဘဝကို မျှော်လင့်ချက်တွေအများကြီးထားတတ်၊ အကောင်းမြင်စိတ်တွေရှိတတ်သူတွေပါ။

အရာရာကိုအကောင်းမြင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ဖြတ်သန်းချင်ကြသူတွေမို့ သူတို့နားမှာနေရတဲ့အခါ ကိုယ်ပါပျော်ရွှင်လာရပါတယ်။ ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကိုလည်း နှစ်ဦးသားအတူဖန်တီးဖြစ်လာပါတယ်။

၄။ အတွေ့အကြုံ နဲ့ရင့်ကျက်မှုကွာခြားခြင်းက အဆင်ပြေပါ့မလား။

မောင်လေးတွေက အတွေ့အကြုံနည်းတာ၊ မရင့်ကျက်တာဟာ အချစ်ခရီးလမ်းမှာ တစ်ခါတရံမက ပြဿနာဖြစ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေမို့ အလေးအနက်ထားသင့်တာကို အလေးအနက် မထားတတ်တဲ့အခါ အတွေ့အကြုံတွေအရ အရာရာကို အလေးအနက်ထား စိုးရိမ်ပူပန်တတ်တဲ့မမတွေနဲ့ ပဋိပက္ခ ဖြစ်တော့တာပေါ့။

ဒါပေမဲ့ အသက်အရွယ်ကြီးတိုင်း ပိုရင့်ကျက်တယ်၊ အသက်ငယ်ရင် ကလေးဆန်တယ်ဆိုတဲ့ အယူအဆဟာ အမြဲတော့မမှန်ပါဘူး။ လူတွေရဲ့ ရင့်ကျက်မှုဟာ သူတို့ကြီးပြင်းနေထိုင်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း အများကြီးသက်ဆိုင်တာမို့ အရွယ်ငယ်ပေမယ့် ရင့်ကျက်နေသူတွေ၊ အသက်အရွယ်ကြီးပေမယ့် အတွေ့အကြုံနဲ့ ရင့်ကျက်မှုနည်းသူတွေရှိပါသေးတယ်။

၅။ မောင်လေးတွေနဲ့လဲ အတည်တွဲလို့ရပါတယ်။

ယေဘုယျအားဖြင့် မောင်လေးတွေဟာ ဘဝကိုလေးနက်မှုမရှိဘူး၊ အိမ်ထောင်တွေ ဘာတွေပြုဖို့အထိ စဉ်းစားချင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးက အတိုင်းအတာတစ်ခုအထိ မှန်ကန်ပါတယ်။

ဒါပေမဲ့ အပေါ်က နံပါတ် ၄ အချက်မှာပြောခဲ့သလို အသက်ငယ်ပေမဲ့ ဘဝကို လေးလေးနက်နက်တွေးခေါ်တတ်သူတွေလဲရှိပါတယ်။

ဒါကြောင့် မောင်လေးနဲ့လည်း တွဲချင်တယ်။ အသက်အရွယ်ငယ်သူနဲ့ တွဲလို့အတည်တကျမဖြစ်မှာ ကြောက်တယ်လို့ စိုးရိမ်မိနေပြီဆိုရင် သူ အသက်ငယ်ခြင်း မငယ်ခြင်းထက် သူက အလေးအနက်ထားတတ်သူလားဆိုတာကိုလေ့လာကြည့်ပါ။

၆။ အသက်ဘယ်လောက်ကွာတာလဲဆိုတာကလည်း ထည့်စဉ်းစားသင့်တဲ့အရာပါ

အတည်တကျ တွဲကြပြီဆိုတဲ့အခါ နောက်ထပ်ကြုံရနိုင်တဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ သူရော ကိုယ်ရောက အသက်အရွယ်အလိုက် ပုံမှန်အတွေ့အကြုံနဲ့ ရင့်ကျက်မှုရှိကြသူတွေဖြစ်တဲ့အခါမျိုးမှာ  နှစ်နှစ်၊ သုံးနှစ်ဝန်းကျင်မကဘဲ ငါးနှစ်အထက်ကွာခြားသူတွေမှာ ဘဝကို ရှုမြင်ပုံကွာခြားလာတတ်ပါတယ်။

ဒီအခါမှာ ဘဝရဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကိုရင်ဆိုင်တဲ့အခါ မကျေမလည်ဖြစ်ရတာတွေကြုံလာနိုင်ပါတယ်။

အက်ဒ်မင်အနေနဲ့ယောင်းတို့ကို ထပ်အကြံပေးရမယ်ဆိုရင်တော့ အသက်ငယ်တာကြီးတာထက် သူဟာ အရည်အချင်းရှိသူလား၊ အလေးအနက်ထားတတ်သူလား၊ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတတ်သူလား၊ ကြင်ကြင်နာနာဆက်ဆံတတ်သူလား ဆိုတဲ့အချက်တွေနဲ့ပဲ ကိုယ်နဲ့လက်တွဲရမယ့်သူကို ရွေးချယ်စေချင်ပါတယ်။

ယောင်းတို့ ချစ်သူနဲ့ပျော်ရွှင်ကြပါစေ။

Credit: Sugar Cane ( For Her Myanmar )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top