iMyanmarHouse.com - Best Property Website for Myanmar
×

သူ႕ခမ်ာေတာ္ေတာ္ကိုေၾကာက္သြားရွာတာပါ ။ Myanmar Idol ရဲ႕ ပူပူေႏြးေႏြး Winner ေလး ၿဖိဳးျမတ္ေအာင္ကေတာ့ သရဲအလြန္ေၾကာက္တတ္တယ္ဆိုတာ သူ႕ပရိတ္သတ္ေတြသိၿပီးျဖစ္မွာပါ ။ လြတ္လြတ္လပ္လပ္ေျဖဆိုတဲ့ အင္တာဗ်ဴးအခ်ိဳ ့မွာလဲ ေျပာထားဖူးပါတယ္ ။ ခုတစ္ေခါက္ကေတာ့ သူနဲ႕ အတူ ပရိတ္သတ္ပါ လိုက္အေျခာက္ခံလိုက္ရတယ္လို႔ ဆိုရမွာပါပဲ ။ ပရိတ္သတ္နဲ႕ Live ေတြ လႊင့္ၿပီးစကားေျပာေလ့ရွိတဲ့ ၿဖိဳးျမတ္ေအာင္က ဒီတခါမွာလဲ ပရိတ္သတ္နဲ႕ Live လႊင့္ေနရင္း သရဲေျခာက္ခံလိုက္ရတာမို႔ပါ ။

သူ႕ထုံးစံအတိုင္းေပါ့ေပါ့ပါးပါး စကားေတြေျပာ ဂစ္တာေလးေခါက္ၿပီး သီခ်င္းဆိုျပေနရင္းကေန သူ႕ေဘးက အရိပ္မည္းႀကီးတစ္ခု ျဖတ္ေျပးသြားတာပါ ။ ပရိတ္သတ္ေတြလဲျမင္ သူလဲျမင္လိုက္ပုံရၿပီး သီခ်င္းဆိုတာကို ရပ္လိုက္ပါတယ္ ။ ၾကည့္ၿပီး ဘယ္သူမွမရွိတာကို ျမင္လိုက္တဲ့ေနာက္မွာ ၿဖိဳးျမတ္ေအာင္တစ္ေယာက္ ေတာ္ေတာ္လန႔္သြားပုံပါပဲ ။

စကားေတြ ထစ္ေငါ့ထစ္ေငါ့နဲ႕ ” ကြၽန္ေတာ့ေနာက္မွာ အရိပ္တစ္ခုျဖတ္သြားတယ္ ။ ေတြ႕မိၾကလား မသိဘူး ” ဆိုၿပီးပရိတ္သတ္ေတြကို ျပန္ေမးၿပီး မ်က္ႏွာပ်က္ေနခဲ့ပါတယ္ ။

အဲဒီေနရာကလည္း သူတစ္ေယာက္ထဲပဲေနတာမို႔ ဘယ္သူမွမရွိလို႔ ပိုေၾကာက္သြားပုံပါ ။ အဲဒီေနာက္မွာေတာ့ ဘာထူးျခားမႈမွရွာမေတြ႕တာမို႔ ဂစ္တာျပန္ကိုင္ သီခ်င္းျပန္ဆိုေပးခဲ့ၿပီး ခဏအၾကာမွာေတာ့ တံခါးကိုလက္နဲ႕ရိုက္သံေတြက တိုးတိုးကေန တစ္ျဖည္းျဖည္း က်ယ္ေလာင္လာတာကို အားလုံးၾကားလိုက္ရပါတယ္ ။

ၿဖိဳးျမတ္ေအာင္လည္း လန႔္သြားၿပီး သြားၾကည့္ဦးမယ္ ဆိုကာ Live ကို ရပ္တန႔္သြားခဲ့တာပါ ။ (Video File ကိုေအာက္မွာ ၾကည့္နိုင္ပါတယ္)

ထိုေနာက္မွာေတာ့ ၿဖိဳးျမတ္ေအာင္ သရဲေၾကာက္မွန္းသိတဲ့ ပရိတ္သတ္ေတြက စိတ္ပူခဲ့ၾကၿပီး ၿဖိဳးျမတ္ေအာင္ဆီ ဖုန္းေတြဆက္ကာ သတင္းေမးခဲ့ၾကပါတယ္ ။ ေနာက္ဆုံးမွာေတာ့ အဲဒီသရဲက ၿဖိဳးျမတ္ေအာင္ သူငယ္ခ်င္းပါတဲ့ ။  သရဲေၾကာက္တတ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ထဲရွိေနတုန္း အခ်ိန္ကို လာေနာက္ေျပာင္ခဲ့တာပါ ။ ေနာက္ပိုင္းမွာေတာ့ ၿဖိဳးျမတ္ေအာင္က သူ႕ကိုလာစတဲ့သူငယ္ခ်င္းနဲ႕ Live ထပ္လႊင့္ၿပီး ပရိတ္သတ္ေတြကို စိတ္မပူဖို႔ ျပန္ရွင္းျပခဲ့ပါတယ္ ။ ၿဖိဳးျမတ္ေအာင္နဲ႕ အတူ Live ၾကည့္ေနတဲ့ ပရိတ္သတ္ေတြပါ ေၾကာက္သြားခဲ့တာဆိုေတာ့ လူအမ်ားႀကီးကို တစ္ခါထဲေၾကာက္သြားေအာင္ ေျခာက္နိုင္ခဲ့သူပါပဲေနာ္ ။

Source Phyo MYAT Aung

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
သူ့ခမျာတော်တော်ကိုကြောက်သွားရှာတာပါ ။ Myanmar Idol ရဲ့ ပူပူနွေးနွေး Winner လေး ဖြိုးမြတ်အောင်ကတော့ သရဲအလွန်ကြောက်တတ်တယ်ဆိုတာ သူ့ပရိတ်သတ်တွေသိပြီးဖြစ်မှာပါ ။ လွတ်လွတ်လပ်လပ်ဖြေဆိုတဲ့ အင်တာဗျူးအချို့မှာလဲ ပြောထားဖူးပါတယ် ။ ခုတစ်ခေါက်ကတော့ သူနဲ့ အတူ ပရိတ်သတ်ပါ လိုက်အခြောက်ခံလိုက်ရတယ်လို့ ဆိုရမှာပါပဲ ။ ပရိတ်သတ်နဲ့ Live တွေ လွှင့်ပြီးစကားပြောလေ့ရှိတဲ့ ဖြိုးမြတ်အောင်က ဒီတခါမှာလဲ ပရိတ်သတ်နဲ့ Live လွှင့်နေရင်း သရဲခြောက်ခံလိုက်ရတာမို့ပါ ။

သူ့ထုံးစံအတိုင်းပေါ့ပေါ့ပါးပါး စကားတွေပြော ဂစ်တာလေးခေါက်ပြီး သီချင်းဆိုပြနေရင်းကနေ သူ့ဘေးက အရိပ်မည်းကြီးတစ်ခု ဖြတ်ပြေးသွားတာပါ ။ ပရိတ်သတ်တွေလဲမြင် သူလဲမြင်လိုက်ပုံရပြီး သီချင်းဆိုတာကို ရပ်လိုက်ပါတယ် ။ ကြည့်ပြီး ဘယ်သူမှမရှိတာကို မြင်လိုက်တဲ့နောက်မှာ ဖြိုးမြတ်အောင်တစ်ယောက် တော်တော်လန့်သွားပုံပါပဲ ။

စကားတွေ ထစ်ငေါ့ထစ်ငေါ့နဲ့ ” ကျွန်တော့နောက်မှာ အရိပ်တစ်ခုဖြတ်သွားတယ် ။ တွေ့မိကြလား မသိဘူး ” ဆိုပြီးပရိတ်သတ်တွေကို ပြန်မေးပြီး မျက်နှာပျက်နေခဲ့ပါတယ် ။

အဲဒီနေရာကလည်း သူတစ်ယောက်ထဲပဲနေတာမို့ ဘယ်သူမှမရှိလို့ ပိုကြောက်သွားပုံပါ ။ အဲဒီနောက်မှာတော့ ဘာထူးခြားမှုမှရှာမတွေ့တာမို့ ဂစ်တာပြန်ကိုင် သီချင်းပြန်ဆိုပေးခဲ့ပြီး ခဏအကြာမှာတော့ တံခါးကိုလက်နဲ့ရိုက်သံတွေက တိုးတိုးကနေ တစ်ဖြည်းဖြည်း ကျယ်လောင်လာတာကို အားလုံးကြားလိုက်ရပါတယ် ။

ဖြိုးမြတ်အောင်လည်း လန့်သွားပြီး သွားကြည့်ဦးမယ် ဆိုကာ Live ကို ရပ်တန့်သွားခဲ့တာပါ ။ (Video File ကိုအောက်မှာ ကြည့်နိုင်ပါတယ်)

ထိုနောက်မှာတော့ ဖြိုးမြတ်အောင် သရဲကြောက်မှန်းသိတဲ့ ပရိတ်သတ်တွေက စိတ်ပူခဲ့ကြပြီး ဖြိုးမြတ်အောင်ဆီ ဖုန်းတွေဆက်ကာ သတင်းမေးခဲ့ကြပါတယ် ။ နောက်ဆုံးမှာတော့ အဲဒီသရဲက ဖြိုးမြတ်အောင် သူငယ်ချင်းပါတဲ့ ။  သရဲကြောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ထဲရှိနေတုန်း အချိန်ကို လာနောက်ပြောင်ခဲ့တာပါ ။ နောက်ပိုင်းမှာတော့ ဖြိုးမြတ်အောင်က သူ့ကိုလာစတဲ့သူငယ်ချင်းနဲ့ Live ထပ်လွှင့်ပြီး ပရိတ်သတ်တွေကို စိတ်မပူဖို့ ပြန်ရှင်းပြခဲ့ပါတယ် ။ ဖြိုးမြတ်အောင်နဲ့ အတူ Live ကြည့်နေတဲ့ ပရိတ်သတ်တွေပါ ကြောက်သွားခဲ့တာဆိုတော့ လူအများကြီးကို တစ်ခါထဲကြောက်သွားအောင် ခြောက်နိုင်ခဲ့သူပါပဲနော် ။

Source Phyo MYAT Aung

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top