iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္ၿပီး အမ်ိဳးသားမ်ား၏ လိင္အဂၤါမွ ထြက္ေသာ သုက္ရည္(sperm)သည္ အေရျပား က်န္းမာေရး အလွအပအတြက္ အထူး အသံုးဝင္သည္။

သုက္ရည္တြင္ စပါးမင္း(spermine)ဟုေခၚေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္း (antioxidant) တစ္မ်ိဳးပါဝင္သည္။

ထို “စပါးမင္း” ဓာတ္တိုးဆန္႔က်င္ပစၥည္းသည္ #ခရစၥတယ္လိုင္း_ေပၚလီေအမင္း_ျဒပ္ေပါင္း (crystalline polyamine compound) ဟုေခၚေသာ အထူးသီးျခား ျဒပ္ေပါင္းတစ္မ်ိဳး ျဖစ္သည္။

သုက္ရည္၌ ပါဝင္ေသာ ထိုဓာတ္သည္ .. မ်က္ႏွာေပၚမွ အေရးအေၾကာင္း (ပါးေရနားေရတြန္႔ျခင္း) မ်ားကို ေလ်ာ့နည္းသက္သာေစသည္။

အေရျပားကို လတ္ဆတ္ေခ်ာေမြ႕ေစႏိုင္သည္။

ထို႔အျပင္ .. မ်က္ႏွာေပၚမွ ဝက္ျခံကဲ့သို႔ေသာ အဖုအပိန္႔မ်ားကို ေလ်ာ့နည္းသက္သာ ေပ်ာက္ကင္းေစႏိုင္သည္။ ဝက္ျခံမ်ား အလြန္႔အကၽြံထြက္ျခင္းကိုလည္း တားဆီးေပးႏိုင္၏။

သုက္ရည္၌ပါဝင္သည့္ ဓာတ္ကဲ့သို႔ေသာ ျဒပ္ေပါင္းတစ္မ်ိဳးကို ေနာ္ေဝကုမၸဏီ (Bioforskning AS Norway)က သူတို႔ကုမၸဏီမွ ထုတ္လုပ္သည့္ မ်က္ႏွာလိမ္းခရင္(မ္) အထဲတြင္ ထည့္သြင္း အသံုးျပဳခဲ့သည္။

ထိုကုမၸဏီ၏ အဆိုအရ .. စပါးမင္းခရင္မ္,သည္ ဗိုက္တာမင္ အီး (vitamin E) ထက္ အဆ ၃၀ ပိုမို အစြမ္းထက္သည္ဟု ဆို၏။ ထို႔ျပင္ .. အိုမင္းရင့္ေရာ္ျခင္းကို ၂၀ ရာခိုင္ႏႈန္းခန္႔ ေနာက္က်ေစႏိုင္သည္ဟု ဆိုသည္။ (သို႔ေသာ္ ထိုမ်က္ႏွာလိမ္းခရင္မ္၏ ေဈးႏႈန္း အလြန္ႀကီးျမင့္မႈက ေဒၚလာ ၂၅၀ ($ 250) ခန္႔ ကုန္က်ေစမည္ျဖစ္သည္)

သုက္ရည္သည္ အေရျပားက်န္းမာေရးအတြက္သာ အေထာက္အကူ ျပဳႏိုင္ရံုမက အျခား အသံုးဝင္မႈလည္း ရွိေသးသည္။

မၾကာေသးမီက ေလ့လာေတြ႕ရွိခ်က္မ်ားအရ .. သုက္ရည္၌ပါဝင္ေသာ ေဟာ္မုန္းဓာတ္ (mood-altering hormone) ကို အမ်ိဳးသမီးမ်ား၏ ေမြးလမ္းေၾကာင္း (vagina)မွ စုပ္ယူႏိုင္သည္ဟု ဆိုသည္။ ထိုေဟာ္မုန္းဓာတ္သည္ အမ်ိဳးသမီးမ်ား၏ စိတ္ဓာတ္က်ဆင္းျခင္းအား မ်ားစြာ ေလ်ာ့နည္းသက္သာေစႏိုင္သည္ဟု သိရွိရသည္။

Source: Google online sources.

Credit: TharTunNi
# Unicode Version ျဖင့္ ဖတ္ပါ #
အရွယ်ရောက်ပြီး အမျိုးသားများ၏ လိင်အင်္ဂါမှ ထွက်သော သုက်ရည်(sperm)သည် အရေပြား ကျန်းမာရေး အလှအပအတွက် အထူး အသုံးဝင်သည်။

သုက်ရည်တွင် စပါးမင်း(spermine)ဟုခေါ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တစ်မျိုးပါဝင်သည်။

ထို “စပါးမင်း” ဓာတ်တိုးဆန့်ကျင်ပစ္စည်းသည် #ခရစ္စတယ်လိုင်း_ပေါ်လီအေမင်း_ဒြပ်ပေါင်း (crystalline polyamine compound) ဟုခေါ်သော အထူးသီးခြား ဒြပ်ပေါင်းတစ်မျိုး ဖြစ်သည်။

သုက်ရည်၌ ပါဝင်သော ထိုဓာတ်သည် .. မျက်နှာပေါ်မှ အရေးအကြောင်း (ပါးရေနားရေတွန့်ခြင်း) များကို လျော့နည်းသက်သာစေသည်။

အရေပြားကို လတ်ဆတ်ချောမွေ့စေနိုင်သည်။

ထို့အပြင် .. မျက်နှာပေါ်မှ ဝက်ခြံကဲ့သို့သော အဖုအပိန့်များကို လျော့နည်းသက်သာ ပျောက်ကင်းစေနိုင်သည်။ ဝက်ခြံများ အလွန့်အကျွံထွက်ခြင်းကိုလည်း တားဆီးပေးနိုင်၏။

သုက်ရည်၌ပါဝင်သည့် ဓာတ်ကဲ့သို့သော ဒြပ်ပေါင်းတစ်မျိုးကို နော်ဝေကုမ္ပဏီ (Bioforskning AS Norway)က သူတို့ကုမ္ပဏီမှ ထုတ်လုပ်သည့် မျက်နှာလိမ်းခရင်(မ်) အထဲတွင် ထည့်သွင်း အသုံးပြုခဲ့သည်။

ထိုကုမ္ပဏီ၏ အဆိုအရ .. စပါးမင်းခရင်မ်,သည် ဗိုက်တာမင် အီး (vitamin E) ထက် အဆ ၃၀ ပိုမို အစွမ်းထက်သည်ဟု ဆို၏။ ထို့ပြင် .. အိုမင်းရင့်ရော်ခြင်းကို ၂၀ ရာခိုင်နှုန်းခန့် နောက်ကျစေနိုင်သည်ဟု ဆိုသည်။ (သို့သော် ထိုမျက်နှာလိမ်းခရင်မ်၏ ဈေးနှုန်း အလွန်ကြီးမြင့်မှုက ဒေါ်လာ ၂၅၀ ($ 250) ခန့် ကုန်ကျစေမည်ဖြစ်သည်)

သုက်ရည်သည် အရေပြားကျန်းမာရေးအတွက်သာ အထောက်အကူ ပြုနိုင်ရုံမက အခြား အသုံးဝင်မှုလည်း ရှိသေးသည်။

မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ .. သုက်ရည်၌ပါဝင်သော ဟော်မုန်းဓာတ် (mood-altering hormone) ကို အမျိုးသမီးများ၏ မွေးလမ်းကြောင်း (vagina)မှ စုပ်ယူနိုင်သည်ဟု ဆိုသည်။ ထိုဟော်မုန်းဓာတ်သည် အမျိုးသမီးများ၏ စိတ်ဓာတ်ကျဆင်းခြင်းအား များစွာ လျော့နည်းသက်သာစေနိုင်သည်ဟု သိရှိရသည်။

Source: Google online sources.

Credit: TharTunNi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top