iMyanmarHouse.com - Best Property Website for Myanmar
×

Myanmar Idol သီခ်င္းဆိုျပိဳင္ပြဲကေတာ့ လတ္တေလာမွာ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈေတြကို အျပည့္အဝရရွိေနတဲ့ အစီအစဥ္တစ္ခုျဖစ္ပါတယ္။ ၾသဂုတ္လ (၂) ရက္ေန႕မွာေတာ့ Myanmar Idol ရဲ႕ ေနာက္ဆံုးက်န္ရွိခဲ့တဲ့ ျပိဳင္ပြဲဝင္ေတြျဖစ္တဲ့ Top3 ျပိဳင္ပြဲဝင္ သံုးေယာက္က အႀကိတ္အနယ္ ႀကိဳးစားယွဥ္ျပိဳင္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း Top3 ယွဥ္ၿပိဳင္မႈမွာေတာ့ ခ်မ္းေျမ့ေမာင္ခ်ိဳဟာ သီခ်င္းသီဆိုမႈမွာ အမွားမွားအယြင္းယြင္း ျဖစ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ၾကံဳေတြ႔ေနရတာျဖစ္ပါတယ္။

ျပိဳင္ပြဲဝင္ေတြထဲမွာ အသက္အငယ္ဆံုး ၿပိိဳင္ပြဲဝင္တစ္ေယာက္လည္း ျဖစ္တဲ့ ခ်မ္းေျမ႔ေမာင္ခ်ိဳကေတာ့ အရင္အပတ္ေတြမွာလည္း အခုလို အမွားမ်ိဳးရွိခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္ခံေနရတာျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ “သမီးအေကာင္းဆံုးလုပ္မျပႏိုင္ခဲ့တဲ့အတြက္ အားေပးတဲ့ ပရိသတ္ႀကီးကိုေရာ ေမႀကီးကိုေရာ ဆရာေရာ တီခ်ယ္ေရာ ကို သမီးအႏူးအၫြတ္ေတာင္းပန္ပါတယ္ …. 🙏🏻🙏🏻”လို႔သူမရဲ႕ ေဖစ္ဘုတ္ေပၚမွာ ေရးသားၿပီး ေတာင္းပန္ထားတာျဖစ္ပါတယ္။

Myanmar Idolကို ေစာင့္ေမွ်ာ္ၾကည့္ရႈေနၾကတဲ့ ပရိသတ္ေတြကေတာ့ Top 2ယွဥ္ျပိဳင္မႈကို ဘယ္သူေတြ တက္ေရာက္သြားၾကမယ္ဆိုတာ စိတ္ဝင္တစား ေစာင့္ေမွ်ာ္ေနၾကပါၿပီ။ ပရိသတ္ေတြေရာ Top 2ကို ဘယ္သူေတြတက္သြားမယ္လို႔ ထင္လဲ ေျပာျပခဲ့ပါဦးေနာ္။

Source: Chan Myae Mg Cho, Myanmar Idol

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
Myanmar Idol သီချင်းဆိုပြိုင်ပွဲကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝရရှိနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ သြဂုတ်လ (၂) ရက်နေ့မှာတော့ Myanmar Idol ရဲ့ နောက်ဆုံးကျန်ရှိခဲ့တဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Top3 ပြိုင်ပွဲဝင် သုံးယောက်က အကြိတ်အနယ် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း Top3 ယှဉ်ပြိုင်မှုမှာတော့ ချမ်းမြေ့မောင်ချိုဟာ သီချင်းသီဆိုမှုမှာ အမှားမှားအယွင်းယွင်း ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ အရင်အပတ်တွေမှာလည်း အခုလို အမှားမျိုးရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ “သမီးအကောင်းဆုံးလုပ်မပြနိုင်ခဲ့တဲ့အတွက် အားပေးတဲ့ ပရိသတ်ကြီးကိုရော မေကြီးကိုရော ဆရာရော တီချယ်ရော ကို သမီးအနူးအညွတ်တောင်းပန်ပါတယ် …. 🙏🏻🙏🏻”လို့သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးသားပြီး တောင်းပန်ထားတာဖြစ်ပါတယ်။

Myanmar Idolကို စောင့်မျှော်ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကတော့ Top 2ယှဉ်ပြိုင်မှုကို ဘယ်သူတွေ တက်ရောက်သွားကြမယ်ဆိုတာ စိတ်ဝင်တစား စောင့်မျှော်နေကြပါပြီ။ ပရိသတ်တွေရော Top 2ကို ဘယ်သူတွေတက်သွားမယ်လို့ ထင်လဲ ပြောပြခဲ့ပါဦးနော်။

Source: Chan Myae Mg Cho, Myanmar Idol

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top