iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ Grand Final ပြဲမက်င္းပခင္မွာ ၿပိဳင္ပြဲဝင္ ၂ ဦးကို ဇာတိေျမသို႔ ျပန္ၿပီးပရိသတ္ေတြနဲ႔ ေတြ႕ဆံုဖို႔အခြင့္အေရးေပးခဲ့ပါတယ္

ၿဖိဳးျမတ္ေအာင္ကေတာ့ ဇာတိၿမိဳ႕ ဟသၤာတကိုျပန္ၿပီး ပရိသတ္ေတြရဲ႕ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုျခင္းကိုခံခဲ့ရပါတယ္

ရန္ကုန္ဇာတိျဖစ္တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳအတြက္ေတာ့ ရန္ကုန္ပရိသတ္ေတြနဲ႔ေတြ႕ဆံုႏိုင္ဖို႔ Gandamar Ballroom မွာ ေတြ႕ဆံုပြဲျပဳလုပ္ခဲ့ပါတယ္

ထိုပရိသတ္ေတြနဲ႔ေတြ႕ဆံုပြဲမွာ ခ်မ္းေျမ႕ေမာင္ခ်ိဳတစ္ေယာက္ ေပ်ာ္လြန္းလို႔ မ်က္ရည္ပါက်ခဲ့တာကို ေတြ႕ရမွာပါ

မၾကာခဏမွားတတ္တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳတစ္ေယာက္ဟာ ယခု ဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့မႈမွာလည္း ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြကိုလဲ ရင္ဆိုင္ေနရသူတစ္ေယာက္ပါ

ယေန႔လူမႈကြန္ယက္စာမ်က္ႏွာေတြထက္မွာေတာ့ မေန႔က Gandamar Ballroom မွာျပဳလုပ္ခဲ့တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳရဲ႕ ပရိသတ္မ်ားနဲ႔ေတြ႕ဆံုပြဲမွာ ေဖ်ာ္ေျဖခဲ့တဲ့ ဗီဒီယိုဖိုင္ေလးက ေဝဖန္မႈေတြ ေတာ္ေတာ္ေလးျမင့္တက္ေနပါတယ္

ထိုဗီဒီယိုဖိုင္မွာေတာ့ ခ်မ္းေျမ႕ေမာင္ခ်ိဳ သီခ်င္းဆိုရာမွာ မွားခဲ့တဲ့အတြက္ေၾကာင့္ ယခုအခ်ိန္ထိ မွားေနတုန္းဆိုတဲ့ ေဝဖန္မႈေတြနဲ႔ ပရိသတ္ေတြၾကားျပန္႔ႏွံ႔လွ်က္ရွိေနပါတယ္

ျဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ႕ေမာင္ခ်ိဳကေတာ့ လာမယ့္တစ္ပတ္မွာ ျမန္မာအုိင္ေဒါ Winner ဆုအတြက္ သီဆိုယွဥ္ျပိဳင္ၾကရေတာ့မွာျဖစ္ပါတယ္။

Video Source-Tint Wai Facebook

Photos Source-Myanmar Celebrity & We Love Cele

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာအိုင်ဒေါပြိုင်ပွဲဝင် Grand Final ပွဲမကျင်းပခင်မှာ ပြိုင်ပွဲဝင် ၂ ဦးကို ဇာတိမြေသို့ ပြန်ပြီးပရိသတ်တွေနဲ့ တွေ့ဆုံဖို့အခွင့်အရေးပေးခဲ့ပါတယ်

ဖြိုးမြတ်အောင်ကတော့ ဇာတိမြို့ ဟင်္သာတကိုပြန်ပြီး ပရိသတ်တွေရဲ့သောင်းသောင်းဖျဖျကြိုဆိုခြင်းကိုခံခဲ့ရပါတယ်

ရန်ကုန်ဇာတိဖြစ်တဲ့ ချမ်းမြေ့မောင်ချိုအတွက်တော့ ရန်ကုန်ပရိသတ်တွေနဲ့တွေ့ဆုံနိုင်ဖို့ Gandamar Ballroom မှာ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်

ထိုပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာ ချမ်းမြေ့မောင်ချိုတစ်ယောက် ပျော်လွန်းလို့ မျက်ရည်ပါကျခဲ့တာကို တွေ့ရမှာပါ

မကြာခဏမှားတတ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ဟာ ယခု ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့မှုမှာလည်း ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်နေရသူတစ်ယောက်ပါ

ယနေ့လူမှုကွန်ယက်စာမျက်နှာတွေထက်မှာတော့ မနေ့က Gandamar Ballroom မှာပြုလုပ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပရိသတ်များနဲ့တွေ့ဆုံပွဲမှာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးက ဝေဖန်မှုတွေ တော်တော်လေးမြင့်တက်နေပါတယ်

ထိုဗီဒီယိုဖိုင်မှာတော့ ချမ်းမြေ့မောင်ချို သီချင်းဆိုရာမှာ မှားခဲ့တဲ့အတွက်ကြောင့် ယခုအချိန်ထိ မှားနေတုန်းဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပရိသတ်တွေကြားပြန့်နှံ့လျှက်ရှိနေပါတယ်

ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုကတော့ လာမယ့်တစ်ပတ်မှာ မြန်မာအိုင်ဒေါ Winner ဆုအတွက် သီဆိုယှဉ်ပြိုင်ကြရတော့မှာဖြစ်ပါတယ်။

Video Source-Tint Wai Facebook

Photos Source-Myanmar Celebrity & We Love Cele

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top