iMyanmarHouse.com - Best Property Website for Myanmar
×
# Unicode vErsion ဖြင့် ဖတ်ပါ #
ထိပ်ပြောင်သူ၊ ဆံပင်ကျွတ်လွယ်သူ၊ ဆံပင်ပါးသူများအတွက် အလွန်ထိရောက်ပြီး လွယ်ကူတဲ့ နည်းတခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၃-၄ တက်လောက် ယူပြီး အခွံခွာပြီး အလယ်က ထက်ခြမ်းခြမ်းပါ။ ပြီးရင် ခြမ်းထားတဲ့အပိုင်းကို ဦးရေပြား ဆံပင်ပါးတဲ့နေရာတွေ လိုက်ပွတ်ပါ။ နာရီဝက်ခန့် ထားပြီး အုန်းဆီကို လက်နဲ့ လိမ်းပေးရမယ်။
အာနိသင်ကောင်းဖို့ vitamin E oil ၅ စက်လောက်ထည့်သင့်တယ်။ အုန်းဆီလိမ်းတဲ့အခါ ဆံသားအခြေကနေ အဖျားသို့ နှံ့အောင် လိမ်းပေးရမယ်။ (ပုံမှန်အားဖြင့် ခေါင်းပြန်လျှော်ဖို့ မလိုပါ။ အနံ့မခံနိုင်ရင်တော့ အုန်းဆီလိမ်းပြီး တနာရီကြာတဲ့အခါ ခေါင်းလျှော်သင့်တယ်)
ကြက်သွန်ဖြူမှာ methylsulfonylmethane(MSM) ဆိုတဲ့ ဆာလဖာ ဓာတ်တမျိုး ပါတယ်။ သူက ဆံသားအခြေကု် အားဖြည့်ပြီး ဆံပင်ကို ပြန်ပေါက်စေတယ်။ အဆိုပါဓာတ်က ဦးရေပြားမှာ ရှိရင် ဗောက်ကင်းစေပြီး ဆံပင်ကျွတ်ခြင်းကု် ကာကွယ်နိုင်တယ်။ ဆံသားပါးတဲ့နေရာတွေကို နေ့စဉ် လိမ်းပေးခြင်းဖြင့် တစ်လအတွင်း ထူးခြားမှုကို မြင်တွေ့ရလိမ့်မယ်။
Credit – ဒေါက်တာအေးမင်းထူး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top