iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္လက္ေတြ ကိုက္လိုက္တာ။ ေခါင္းထဲကတစစ္စစ္ကိုက္ေနလို႔ ဗိုက္ေအာင့္လို႔ သြားကိုက္လို႔၊ေနထိုင္မေကာင္းလို႔  သက္သာသြားေအာင္ ေဆးေသာက္လိုက္ရင္ေကာင္းမယ္ေနာ္။ အင္း … ေဆးမေသာက္ခင္ တစ္ခုခုေတာ့စားဦးေနာ္၊ လို႔ေျပာတာကိုငယ္ငယ္ကတည္းက ၾကားဖူးၾကမယ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုတာကို သိတဲ့သူလည္းရွိမွာပါ။ အခ်ိဳ႕ကေတာ့လည္း လုပ္ရိုးလုပ္စဥ္တစ္ခုလိုလုပ္ေနၾကတာ ရွိပါတယ္။

ဘာေၾကာင့္ ေဆးမေသာက္ခင္တစ္ခုခုစားခိုင္းရတာလဲ။ ဒီေဆာင္းပါးေလးထဲမွာၾကည့္လိုက္ေနာ္။
အစားတစ္ခုခုစားျပီးမွ ေဆးေသာက္သင့္ရတဲ့ အေၾကာင္းအရင္းက

ေဆးတိုင္းကို အစားတစ္ခုခုစားျပီးမွ ေသာက္သင့္တယ္ရယ္ေတာ့ မဟုတ္ပါဘူး။ အခ်ိဳ႕ေဆးေတြကေတာ့ အစားမစားခင္ေသာက္ဖို႔လိုပါတယ္။ ဒါေပမယ့္ ေဆးအမ်ားစုကေတာ့ အစားတစ္ခုခုစားျပီးမွေသာက္တာ အေကာင္းဆံုးပါ။

ဒီအခ်က္ေတြေၾကာင့္ အစားစားျပီးမွေဆးေသာက္ခိုင္းရတာပါ။

ေဆးအရွိန္ေၾကာင့္ မအီမသာျဖစ္တာ ေအာ့အန္တာေတြ မျဖစ္ေစဖို႔ – ခႏၶာကိုယ္မွာ မအီမသာျဖစ္ေစႏိုင္တဲ့ေဆးေတြ၊ ေအာ့အန္တာကို ျဖစ္ေစတဲ့ေဆးေတြ၊ ေဆးအာနိသင္ ျပင္းတဲ့ေဆးေတြကိုေတာ့ အစားတစ္ခုခုစားျပီးမွ ေသာက္သင့္ပါတယ္။

အစာအိမ္ထဲကေအာင့္တာ၊ အစာအိမ္အနာျဖစ္တာမ်ိဳးေတြျဖစ္ႏိုင္ေျခကိုေလ်ာ႔က်ေစႏိုင္ဖို႔ – အခ်ိဳ႕ေဆးေတြက ဗိုက္ေအာင့္ဗိုက္နာတာေတြျဖစ္ေစႏိုင္ေပမယ့္ အစားတစ္ခုခုစားျပီးမွေသာက္မယ္ဆိုရင္ ဒီလိုျဖစ္ႏိုင္ေျခေလ်ာ႔သြားေစႏိုင္ပါတယ္။ ေဆးမေသာက္ခင္ သိပ္အမ်ားၾကီးမဟုတ္ရင္ေတာင္ဘီစကစ္ေလးျဖစ္ျဖစ္၊ အသားညွပ္ေပါင္မုန္႔ေလးတစ္ခုေလာက္ျဖစ္ျဖစ္၊ ေခါက္ဆြဲျပဳတ္ေလးနည္းနည္းေလာက္ျဖစ္ျဖစ္ စားလိုက္ပါ။

ရင္ပူတာ၊စားခ်ဥ္႔ျပန္တာေတြ ျဖစ္မလာေစဖို႔ – ေနထိုင္မေကာင္းတဲ့အခါ ေသာက္ရတဲ့ အခ်ိဳ႕ေဆးေတြက ရင္ပူတာ နဲ႔ စားခ်ဥ္႔ျပန္တာေတြကို ျဖစ္ေစႏိုင္တာေၾကာင့္ ေဆးမေသာက္ခင္မွာ အစားတစ္ခုခုစားလိုက္တာက မလိုလားအပ္တဲ့ ေဝဒနာေတြ ျဖစ္မလာေအာင္ ကာကြယ္ျပီးသားျဖစ္သြားပါတယ္။

ေဆးအာနိသင္ကို ေကာင္းေကာင္းရရွိေစႏိုင္ဖို႔ – အခ်ိဳ႕ေဆးေတြ အာနိသင္ျပင္းတာေၾကာင့္ မျဖစ္မေန အစားတစ္ခုခုစားျပီးမွေသာက္သံုးသင့္ပါတယ္။ ဥပမာေျပာျပရရင္ အကိုက္အခဲေပ်ာက္ေဆးေတြလိုမ်ိဳးေပါ့။ ဒီလိုမ်ိဳး စားေပးလိုက္မွပဲ အစာအိမ္နဲ႔အူနံရံေတြက အာဟာရေတြကိုေရာ ေဆးအာနိသင္ကို ပါေကာင္းေကာင္းစုပ္ယူႏိုင္မွာပါ။

ခႏၶာကိုယ္က စားလိုက္တဲ့ အစားအစာေတြကို ေခ်ဖ်က္မႈမွာ အေထာက္အကူျဖစ္ေစဖို႔ – အထူးသျဖင့္ ဆီးခ်ိဳေဆးေတြကိုေတာ့ စားသံုးလိုက္တဲ့ အစားအစာမွာပါတဲ့ သၾကားဓာတ္ေတြ၊ကစီဓာတ္ေတြကို ေခ်ဖ်က္စုပ္ယူမႈနဲ႔ ေသြးခ်ိဳထိန္းညွိမႈေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ အစားတစ္ခုခုမစားခင္မွာ ေသာက္သံုးၾကတာမ်ားပါတယ္။ နာတာရွည္ မုန္႔ခ်ိဳအိတ္ေရာဂါခံစားေနရသူေတြကေတာ့ အစားတစ္ခုခု စားျပီးမွ ေဆးေသာက္တာက ေဆးအာနိသင္ကို ပိုမိုထိေရာက္မႈရွိေစတယ္လို႔ ေတြ႔ရပါတယ္။
အစားတစ္ခုခုစားျပီးမွ ေဆးေသာက္ရင္ ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြက

ေဆးမေသာက္ခင္ တစ္ခုခုစားသံုးလိုက္တဲ့အခါ အူနံရံေတြဆီေသြးေရာက္ရွိမႈ ပိုေကာင္းလာတာ၊ သည္းေျခရည္ပိုထြက္ရွိတာ၊ ကိုယ္တြင္း pH ပမာဏေျပာင္းလဲလာတာ လိုမ်ိဳးခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြအမ်ားအျပားျဖစ္ေပၚလာပါမယ္။ ဒီေျပာင္းလဲမႈေတြကပဲ ခႏၶာကိုယ္အႏွံ႔ေသြးေၾကာေတြဆီကို ေဆးအာနိသင္ေတြပိုမိုေရာက္ရွိသြားေအာင္လုပ္ေဆာင္ေပးျပီး ျမန္ျမန္ေနေကာင္းေစပါတယ္။

ေဆးမေသာက္ခင္မွာ တစ္ခုခုစားလိုက္တာက ခႏၶာကိုယ္ကို အားျပည့္သြားေစႏိုင္ျပီး ေဆးရွိန္ျပင္းတာေၾကာင့္ ျဖစ္လာနိုင္တဲ့ ရင္တုန္တာ၊ မူးေဝတာ၊ အားမရွိသလိုျဖစ္တာ၊ မအီမသာျဖစ္တာ၊ ေအာ့အန္တာမ်ိဳးေတြ ျဖစ္ႏိုင္ေျခကိုေလ်ာ႔နည္းသြားေစႏိုင္ပါတယ္။ ေနမေကာင္းတဲ့အခါ အစားမစားဘဲေနတာထက္ အစားစားေပးတာက ကိုယ္ခံအားကို ျမန္ျမန္ျပန္ေကာင္းလာေစႏိုင္ျပီး အဖ်ားတာတိုေစႏိုင္ပါတယ္။

အစားစားပါဆိုတဲ့ေနရာမွာလည္း ကုိယ့္က်န္းမာေရးအေျခအေနနဲ႔ တည့္ေအာင္ ဂရုစိုက္စားသံုးသင့္ပါတယ္။ ေနမေကာင္းပါဘူးဆိုမွ ေရခဲမုန္႔တို႔ ကိုလာတို႔ေသာက္တာမ်ိဳးေတာ့ မျဖစ္သင့္သလို အားမျဖစ္ေစမယ့္ သေရစာေတြေတာ့ေရွာင္ေပါ့။ ေနမေကာင္းလို႔စားခ်င္ရင္ အားျဖစ္ေစမယ့္ အစားအစာေတြ အစာေၾကလြယ္မယ့္ အစားအစာမ်ိဳးေတာ့ေရြးခ်ယ္စားသံုးဖို႔လိုပါမယ္။ ဒါမွသာ ခႏၶာကိုယ္အတြက္ အေထာက္အကူျပဳျပီး ေဆးအာနိသင္ကို ထိေရာက္ေစမွာပါ။

ေဆးမေသာက္ခင္ အစားစားေပးတာကေနရရွိႏိုင္မယ့္ ေနာက္အက်ိဳးေက်းဇူးတစ္ခုက အစာအိမ္ထိခိုက္တာမ်ဳိးကို ကာကြယ္ျပီးသားျဖစ္သြားတာပါ။
ေဆးမေသာက္ခင္ အစားအစာကုိ ဘယ္ေလာက္ပမာဏအထိစားသံုးရမလဲ

ဒါကေတာ့ အတိအက်မရွိပါဘူး။ ကိုယ္ေသာက္သံုးရမယ့္ေဆးေပၚမူတည္ျပီး အဆာေျပ အစားအစားေလာက္ကေန စလို႔ ျပည့္ျပည့္ဝဝစားသံုးရတဲ့အထိ အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕ေဆးေတြက အာနိသင္ျပင္းတဲ့အခါမ်ိဳးမွာ ေပါင္မုန္႔ေလးတစ္ဖဲ့ေလာက္ကိတ္မုန္႔ေလးတစ္ကိုက္ေလာက္နဲ႔ အဆင္မေျပပါဘူး။ ေခါက္ဆြဲျပဳတ္ တစ္ပန္းကန္လံုးစာေလာက္ ၾကာဇံ ဒါမွမဟုတ္ ျမဴစြမ္ျပဳတ္တစ္ပန္းကန္ေလာက္ေတာ့ ေသာက္ေပးဖို႔လိုပါမယ္။ ေနမေကာင္းလို႔ အဖက္ေတြမစားခ်င္ဘူးဆိုရင္လည္း ၾကက္စြပ္ျပဳတ္တစ္ခြက္ေလာက္ေသာက္သံုးေပးပါ။

အတိအက်သိရဖို႔က ဆရာဝန္နဲ႔ေဆြးေႏြးတိုင္ပင္တာ အေကာင္းဆံုးျဖစ္မွာပါ။

Credit: Hello Health Group
# Unicode Versionျဖင့္ ဖတ္ပါ #
ကိုယ်လက်တွေ ကိုက်လိုက်တာ။ ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊နေထိုင်မကောင်းလို့  သက်သာသွားအောင် ဆေးသောက်လိုက်ရင်ကောင်းမယ်နော်။ အင်း … ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ်တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။

ဘာကြောင့် ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။
အစားတစ်ခုခုစားပြီးမှ ဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက

ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှ သောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့် ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။

ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။

ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာ အော့အန်တာတွေ မဖြစ်စေဖို့ – ခန္ဓာကိုယ်မှာ မအီမသာဖြစ်စေနိုင်တဲ့ဆေးတွေ၊ အော့အန်တာကို ဖြစ်စေတဲ့ဆေးတွေ၊ ဆေးအာနိသင် ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှ သောက်သင့်ပါတယ်။

အစာအိမ်ထဲကအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ဖို့ – အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှသောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေလျော့သွားစေနိုင်ပါတယ်။ ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင်ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ်လေးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။

ရင်ပူတာ၊စားချဉ့်ပြန်တာတွေ ဖြစ်မလာစေဖို့ – နေထိုင်မကောင်းတဲ့အခါ သောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ စားချဉ့်ပြန်တာတွေကို ဖြစ်စေနိုင်တာကြောင့် ဆေးမသောက်ခင်မှာ အစားတစ်ခုခုစားလိုက်တာက မလိုလားအပ်တဲ့ ဝေဒနာတွေ ဖြစ်မလာအောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ဆေးအာနိသင်ကို ကောင်းကောင်းရရှိစေနိုင်ဖို့ – အချို့ဆေးတွေ အာနိသင်ပြင်းတာကြောင့် မဖြစ်မနေ အစားတစ်ခုခုစားပြီးမှသောက်သုံးသင့်ပါတယ်။ ဥပမာပြောပြရရင် အကိုက်အခဲပျောက်ဆေးတွေလိုမျိုးပေါ့။ ဒီလိုမျိုး စားပေးလိုက်မှပဲ အစာအိမ်နဲ့အူနံရံတွေက အာဟာရတွေကိုရော ဆေးအာနိသင်ကို ပါကောင်းကောင်းစုပ်ယူနိုင်မှာပါ။

ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်မှုမှာ အထောက်အကူဖြစ်စေဖို့ – အထူးသဖြင့် ဆီးချိုဆေးတွေကိုတော့ စားသုံးလိုက်တဲ့ အစားအစာမှာပါတဲ့ သကြားဓာတ်တွေ၊ကစီဓာတ်တွေကို ချေဖျက်စုပ်ယူမှုနဲ့ သွေးချိုထိန်းညှိမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ အစားတစ်ခုခုမစားခင်မှာ သောက်သုံးကြတာများပါတယ်။ နာတာရှည် မုန့်ချိုအိတ်ရောဂါခံစားနေရသူတွေကတော့ အစားတစ်ခုခု စားပြီးမှ ဆေးသောက်တာက ဆေးအာနိသင်ကို ပိုမိုထိရောက်မှုရှိစေတယ်လို့ တွေ့ရပါတယ်။
အစားတစ်ခုခုစားပြီးမှ ဆေးသောက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေက

ဆေးမသောက်ခင် တစ်ခုခုစားသုံးလိုက်တဲ့အခါ အူနံရံတွေဆီသွေးရောက်ရှိမှု ပိုကောင်းလာတာ၊ သည်းခြေရည်ပိုထွက်ရှိတာ၊ ကိုယ်တွင်း pH ပမာဏပြောင်းလဲလာတာ လိုမျိုးခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေအများအပြားဖြစ်ပေါ်လာပါမယ်။ ဒီပြောင်းလဲမှုတွေကပဲ ခန္ဓာကိုယ်အနှံ့သွေးကြောတွေဆီကို ဆေးအာနိသင်တွေပိုမိုရောက်ရှိသွားအောင်လုပ်ဆောင်ပေးပြီး မြန်မြန်နေကောင်းစေပါတယ်။

ဆေးမသောက်ခင်မှာ တစ်ခုခုစားလိုက်တာက ခန္ဓာကိုယ်ကို အားပြည့်သွားစေနိုင်ပြီး ဆေးရှိန်ပြင်းတာကြောင့် ဖြစ်လာနိုင်တဲ့ ရင်တုန်တာ၊ မူးဝေတာ၊ အားမရှိသလိုဖြစ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေ ဖြစ်နိုင်ခြေကိုလျော့နည်းသွားစေနိုင်ပါတယ်။ နေမကောင်းတဲ့အခါ အစားမစားဘဲနေတာထက် အစားစားပေးတာက ကိုယ်ခံအားကို မြန်မြန်ပြန်ကောင်းလာစေနိုင်ပြီး အဖျားတာတိုစေနိုင်ပါတယ်။

အစားစားပါဆိုတဲ့နေရာမှာလည်း ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ တည့်အောင် ဂရုစိုက်စားသုံးသင့်ပါတယ်။ နေမကောင်းပါဘူးဆိုမှ ရေခဲမုန့်တို့ ကိုလာတို့သောက်တာမျိုးတော့ မဖြစ်သင့်သလို အားမဖြစ်စေမယ့် သရေစာတွေတော့ရှောင်ပေါ့။ နေမကောင်းလို့စားချင်ရင် အားဖြစ်စေမယ့် အစားအစာတွေ အစာကြေလွယ်မယ့် အစားအစာမျိုးတော့ရွေးချယ်စားသုံးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုပြီး ဆေးအာနိသင်ကို ထိရောက်စေမှာပါ။

ဆေးမသောက်ခင် အစားစားပေးတာကနေရရှိနိုင်မယ့် နောက်အကျိုးကျေးဇူးတစ်ခုက အစာအိမ်ထိခိုက်တာမျိုးကို ကာကွယ်ပြီးသားဖြစ်သွားတာပါ။
ဆေးမသောက်ခင် အစားအစာကို ဘယ်လောက်ပမာဏအထိစားသုံးရမလဲ

ဒါကတော့ အတိအကျမရှိပါဘူး။ ကိုယ်သောက်သုံးရမယ့်ဆေးပေါ်မူတည်ပြီး အဆာပြေ အစားအစားလောက်ကနေ စလို့ ပြည့်ပြည့်ဝဝစားသုံးရတဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့ဆေးတွေက အာနိသင်ပြင်းတဲ့အခါမျိုးမှာ ပေါင်မုန့်လေးတစ်ဖဲ့လောက်ကိတ်မုန့်လေးတစ်ကိုက်လောက်နဲ့ အဆင်မပြေပါဘူး။ ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးစာလောက် ကြာဇံ ဒါမှမဟုတ် မြူစွမ်ပြုတ်တစ်ပန်းကန်လောက်တော့ သောက်ပေးဖို့လိုပါမယ်။ နေမကောင်းလို့ အဖက်တွေမစားချင်ဘူးဆိုရင်လည်း ကြက်စွပ်ပြုတ်တစ်ခွက်လောက်သောက်သုံးပေးပါ။

အတိအကျသိရဖို့က ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top