iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့ရုပ္ရွင္ေလာကတြင္ ပရိသတ္ေတြ ရင္ထဲမွာ ေမ့လုိ႔မရထာဝစဥ္ ရွင္သန္ေနေအာင္ အေကာင္းဆံုး ရုပ္ရွင္သမိုင္းတစ္ခုကို ခ်ျပႏိုင္တဲ့ မင္းသမီးေခ်ာ ေမသန္းႏုကိုေတာ့ အားလံုးလည္း ရင္းႏွီးျပီးသား ျဖစ္မွာပါ။ ေမသန္းႏုကေတာ့ သူ႔အႏုပညာလမ္းေၾကာင္းတစ္ေလ်ွာက္မွာ အႏုပညာရွင္ အသိုင္းအဝိုင္းထဲက လူတေယာက္ျဖစ္တဲ့ ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ စင္ေရာ္္ေမာင္ေမာင္နဲ႔ လက္ထက္ခဲ့ျပီး သားေလးတေယာက္ရခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူတို႔ႏွစ္ေယာက္ကေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ ကြဲေနၾကပါတယ္။ ဒါေပမဲ့လည္း စင္ေရာ္ေမာင္ေမာင္ကေတာ့ သူ႔ဇနီးေဟာင္းျဖစ္တဲ့ ေမသန္းႏုအေၾကာင္းနဲ႔ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္တို႔ နဲ႔ ပတ္သက္ျပီး ေျပာၾကားသြား ခဲ့ပါတယ္။

စင္ေရာ္္ေမာင္ေမာင္ကေတာ့ CeleCrazy နဲ႔ အင္တာဗ်ဴးတြင္ “ကြ်န္ေတာ္ ၁၉၉၄ မွာ ဒါရိုက္တာသင္တန္း စတတ္ပါတယ္။ မဆင့္ကလည္း ကြ်န္ေတာ္တို႔နားမွာ သရုပ္ေဆာင္ သင္တန္းတတ္ပါတယ္။ မဆင့္နဲ႔ ဒီမွာပဲ ေတြ႔ျပီး ဒီမွာပဲ ဘဝၾကီးကို ျဖတ္သန္းခဲ့တာပါ။ ျပန္ေတြ႕တဲ့အခ်ိန္ကေတာ့ ဘဝၾကီးတစ္ခုလံုးကိုမွတ္မိတာေပါ့။ အရင္တုန္းက ျဖစ္ခဲ့တာေတြရဲ့ ခံစားမႈနဲ႔ အခုခ်ိန္ ျပန္ေတြ႔ရတဲ့ ခံစားမႈေတြက မတူေတာ့ဘူးေလ။ တည္ျငိမ္တယ္။ သန္႔ရွင္းတယ္။ ခိုင္မာတယ္ တေယာက္နဲ႔ တေယာက္ ကူညီရုိင္းပင္းခ်င္တဲ့ စိတ္ေလာက္ပါပဲ”

အန္တီဆင့္ကို အရင္တုန္းကနဲ႔ အခုနဲ႔ ဘာေတြ ေျပာင္းလဲသြားတယ္ထင္လဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ စင္ေရာ္္ေမာင္ေမာင္က “မဆင့္က ေတာ္ေတာ္ ေျပာင္းလဲသြားပါတယ္။ ေနတာ ထိုင္တာ ေျပာတာ ဆိုတာ အားလံုးေျပာင္းလဲ သြားပါတယ္။ ကြ်န္ေတာ္ ဘုရားတရားလုပ္ဖို႔လည္း ေျပာထားပါတယ္။ သားေလးဘြဲ႔ယူတဲ့ေန႔ၾကရင္ သူနဲ႔ ကြ်န္ေတာ္နဲ႔ ဆံုဦးမွာပါ။ ကြ်န္ေတာ္တို႔ရဲ့ ေပ်ာ္စရာ အေကာင္းဆံုး အခ်ိန္တစ္ခ်ိန္လည္း ျဖစ္ဦးမွာပါ”

သားေမာင္သန္႔အေပၚမွာေရာ ေက်နပ္အားရမႈရွိလားဆိုတဲ့ ေမးခြန္းကိုေတာ့ “၂၁ ႏွစ္ပဲရွိေသးတယ္။ ဒါရိုက္တာသင္တန္းၾကီးက ျပီးေတာ့မယ္ေလ။ အမ်ားၾကီး လက္ေတြ႔လုပ္ရဦးမယ္။ အခ်ိန္ေတြလည္း အမ်ားၾကီးရဦးမွာပါ။ ၂ ႏွစ္ေလာက္ လက္ေတြ႔လုပ္ျပီးရင္ေတာ့ ကြ်န္ေတာ္စိတ္ၾကိဳက္လံုးဝ ျဖစ္တယ္လို႔ ယံုၾကည္ပါတယ္။ အခုေတာ့ အေဖ့ရဲ့ ေလာင္းရိုက္ေအာက္မွာ ရွိေနတယ္ဆိုေပမဲ့လည္း သူ႔ရိုက္ကြင္းေအာက္ေတြဆို ကြ်န္ေတာ္ေတာင္ မဝင္ရဘူး။ အကုန္သူ႔ဘာသာသူ လုပ္သြားတာ။ သူ႔ကိုထမင္း ကိစၥေတြ ပိုက္ဆံကိစၥေတြ စီစဥ္ေပးရတယ္။ ႏိုင္ငံျခားကို သူလိုအပ္တဲ့အခါ သီခ်င္းေတြ အသံခန္းေတြ လုပ္ေပးရတယ္။ ဒါပဲရွိတာပါ။ အဲ့ေတာ့ ဘဝဆိုတာကေတာ့ ေမွ်ာ္လင့္ခ်က္ အိမ္မက္ေတြနဲ႔ အသက္ရွင္တာေလ။ ကြ်န္ေတာ့္ဘဝမွာလည္း ေမွ်ာ္လင့္ခ်က္ေတြ အိပ္မက္ေတြက တကယ္ျဖစ္ခဲ့ပါတယ္။ ဒီေမွ်ာ္လင့္ခ်က္ အၾကီးၾကီးေတြလည္း ဆက္ျဖစ္ပါေစလို႔ ဆုေတာင္းေပးၾကပါ”

“ကြ်န္ေတာ္တို႔ေတြ ခုခ်ိန္မွာလည္း ေတြ႔ရင္ တေယာက္ကို တေယာက္လိုအပ္ခ်က္ေတြကို ျပန္သင္ပါတယ္။ ကြ်န္ေတာ္တို႔ေတြဟာ အလြန္သန္႔စင္တဲ့ ေမတၱာတရားနဲ႔ တေယာက္ကို တေယာက္ ေမာင္ႏွမသဖြယ္ေနၾကတာေပါ့။ မင္းသန္႔ကေတာ့ လက္ရွိမွာ အေဖနဲ႔ အေမရဲ့ ေလာင္းရိုက္ေအာက္မွာရွိေသာ္လည္း တခ်ိန္ခ်ိန္မွာေတာ့ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ရမွာေပါ့။ ပရိသတ္ေတြ လိုခ်င္တဲ့ ပံုစံရခ်င္မွာရမယ္ေပါ့။ ဒါေပမဲ့လည္းမင္းသန္႔အတြက္ အခြင့္အေရးတစ္ခုေတာ့ ရွိမွာပါ။ ျပီးေတာ့ မဆင့္နဲ႔ကလည္း ေမာင္ႏွမသဖြယ္ရင္းရင္းႏွီးႏွီးေနေပမဲ့လည္း တေယာက္ကိုတေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ ေဖးေဖးမမရွိပါတယ္။ ကြ်န္ေတာ္ မဆင့္အတြက္စိတ္ပူတယ္။ က်န္ရွိတဲ့သူ႔ရဲ့ဘဝမွာလည္း သူ႔သားေလးနဲ႔ ကြ်န္ေတာ္နဲ႔ အဆက္သြယ္မျပတ္ အျမဲတမ္း အဆင္ေျပႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္” ဟုေျပာၾကားသြား ခဲ့ပါတယ္။

Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာ့ရုပ်ရှင်လောကတွင် ပရိသတ်တွေ ရင်ထဲမှာ မေ့လို့မရထာဝစဉ် ရှင်သန်နေအောင် အကောင်းဆုံး ရုပ်ရှင်သမိုင်းတစ်ခုကို ချပြနိုင်တဲ့ မင်းသမီးချော မေသန်းနုကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ မေသန်းနုကတော့ သူ့အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အနုပညာရှင် အသိုင်းအဝိုင်းထဲက လူတယောက်ဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ စင်ရော်မောင်မောင်နဲ့ လက်ထက်ခဲ့ပြီး သားလေးတယောက်ရခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ယောက်ကတော့ အကြောင်းကြောင်းကြောင့် ကွဲနေကြပါတယ်။ ဒါပေမဲ့လည်း စင်ရော်မောင်မောင်ကတော့ သူ့ဇနီးဟောင်းဖြစ်တဲ့ မေသန်းနုအကြောင်းနဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ နဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

စင်ရော်မောင်မောင်ကတော့ CeleCrazy နဲ့ အင်တာဗျူးတွင် “ကျွန်တော် ၁၉၉၄ မှာ ဒါရိုက်တာသင်တန်း စတတ်ပါတယ်။ မဆင့်ကလည်း ကျွန်တော်တို့နားမှာ သရုပ်ဆောင် သင်တန်းတတ်ပါတယ်။ မဆင့်နဲ့ ဒီမှာပဲ တွေ့ပြီး ဒီမှာပဲ ဘဝကြီးကို ဖြတ်သန်းခဲ့တာပါ။ ပြန်တွေ့တဲ့အချိန်ကတော့ ဘဝကြီးတစ်ခုလုံးကိုမှတ်မိတာပေါ့။ အရင်တုန်းက ဖြစ်ခဲ့တာတွေရဲ့ ခံစားမှုနဲ့ အခုချိန် ပြန်တွေ့ရတဲ့ ခံစားမှုတွေက မတူတော့ဘူးလေ။ တည်ငြိမ်တယ်။ သန့်ရှင်းတယ်။ ခိုင်မာတယ် တယောက်နဲ့ တယောက် ကူညီရိုင်းပင်းချင်တဲ့ စိတ်လောက်ပါပဲ”

အန်တီဆင့်ကို အရင်တုန်းကနဲ့ အခုနဲ့ ဘာတွေ ပြောင်းလဲသွားတယ်ထင်လဲ ဆိုတဲ့ မေးခွန်းကိုတော့ စင်ရော်မောင်မောင်က “မဆင့်က တော်တော် ပြောင်းလဲသွားပါတယ်။ နေတာ ထိုင်တာ ပြောတာ ဆိုတာ အားလုံးပြောင်းလဲ သွားပါတယ်။ ကျွန်တော် ဘုရားတရားလုပ်ဖို့လည်း ပြောထားပါတယ်။ သားလေးဘွဲ့ယူတဲ့နေ့ကြရင် သူနဲ့ ကျွန်တော်နဲ့ ဆုံဦးမှာပါ။ ကျွန်တော်တို့ရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တစ်ချိန်လည်း ဖြစ်ဦးမှာပါ”

သားမောင်သန့်အပေါ်မှာရော ကျေနပ်အားရမှုရှိလားဆိုတဲ့ မေးခွန်းကိုတော့ “၂၁ နှစ်ပဲရှိသေးတယ်။ ဒါရိုက်တာသင်တန်းကြီးက ပြီးတော့မယ်လေ။ အများကြီး လက်တွေ့လုပ်ရဦးမယ်။ အချိန်တွေလည်း အများကြီးရဦးမှာပါ။ ၂ နှစ်လောက် လက်တွေ့လုပ်ပြီးရင်တော့ ကျွန်တော်စိတ်ကြိုက်လုံးဝ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အခုတော့ အဖေ့ရဲ့ လောင်းရိုက်အောက်မှာ ရှိနေတယ်ဆိုပေမဲ့လည်း သူ့ရိုက်ကွင်းအောက်တွေဆို ကျွန်တော်တောင် မဝင်ရဘူး။ အကုန်သူ့ဘာသာသူ လုပ်သွားတာ။ သူ့ကိုထမင်း ကိစ္စတွေ ပိုက်ဆံကိစ္စတွေ စီစဉ်ပေးရတယ်။ နိုင်ငံခြားကို သူလိုအပ်တဲ့အခါ သီချင်းတွေ အသံခန်းတွေ လုပ်ပေးရတယ်။ ဒါပဲရှိတာပါ။ အဲ့တော့ ဘဝဆိုတာကတော့ မျှော်လင့်ချက် အိမ်မက်တွေနဲ့ အသက်ရှင်တာလေ။ ကျွန်တော့်ဘဝမှာလည်း မျှော်လင့်ချက်တွေ အိပ်မက်တွေက တကယ်ဖြစ်ခဲ့ပါတယ်။ ဒီမျှော်လင့်ချက် အကြီးကြီးတွေလည်း ဆက်ဖြစ်ပါစေလို့ ဆုတောင်းပေးကြပါ”

“ကျွန်တော်တို့တွေ ခုချိန်မှာလည်း တွေ့ရင် တယောက်ကို တယောက်လိုအပ်ချက်တွေကို ပြန်သင်ပါတယ်။ ကျွန်တော်တို့တွေဟာ အလွန်သန့်စင်တဲ့ မေတ္တာတရားနဲ့ တယောက်ကို တယောက် မောင်နှမသဖွယ်နေကြတာပေါ့။ မင်းသန့်ကတော့ လက်ရှိမှာ အဖေနဲ့ အမေရဲ့ လောင်းရိုက်အောက်မှာရှိသော်လည်း တချိန်ချိန်မှာတော့ ကိုယ့်လမ်းကိုယ် လျှောက်ရမှာပေါ့။ ပရိသတ်တွေ လိုချင်တဲ့ ပုံစံရချင်မှာရမယ်ပေါ့။ ဒါပေမဲ့လည်းမင်းသန့်အတွက် အခွင့်အရေးတစ်ခုတော့ ရှိမှာပါ။ ပြီးတော့ မဆင့်နဲ့ကလည်း မောင်နှမသဖွယ်ရင်းရင်းနှီးနှီးနေပေမဲ့လည်း တယောက်ကိုတယောက် ပွင့်ပွင့်လင်းလင်းနဲ့ ဖေးဖေးမမရှိပါတယ်။ ကျွန်တော် မဆင့်အတွက်စိတ်ပူတယ်။ ကျန်ရှိတဲ့သူ့ရဲ့ဘဝမှာလည်း သူ့သားလေးနဲ့ ကျွန်တော်နဲ့ အဆက်သွယ်မပြတ် အမြဲတမ်း အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top