iMyanmarHouse.com - Best Property Website for Myanmar
×

Brazilian Wax ဆိုတဲ့ မိန္းမကိုယ္ အေမြးခၽြတ္ျခင္း လုပ္ေတာ့မယ္ဆိုရင္ ဒါေလးေတြ အရင္ဖတ္ထားပါဦး…

ခႏၶာကိုယ္ေပၚက အေမြးေတြကို ရိတ္တာ၊ ႏႈတ္တာထက္စာရင္ waxလုပ္တာ (ဖေယာင္းနဲ႔ အေမြးခၽြတ္) က ပိုၿပီးအဆင္ေျပတယ္ဟုတ္? လက္ေမြး၊ ေျခေထာက္ေမြး၊ ခ်ိဳင္းေမြးေတြအျပင္ ေနာက္ပိုင္းမွာ မိန္းမကိုယ္အေမြးေတြကိုပါ wax လုပ္လာၾကပါတယ္။ Brazilian Wax လို႔ေခၚတာေပါ့။ ဒါေပမဲ့ မိန္းမကိုယ္ အေမြးေတြ Wax လုပ္မယ္လို႔ ႀကံစည္လိုက္တဲ့အခါ နာမွာေၾကာက္တာရယ္ (ဟုတ္တယ္ေလ.. လက္ေတြ၊ ေျခေထာက္ေတြ၊ ခ်ိဳင္းေတြေတာင္ နာေသးတာ ဒါဆို ပိုမ်ားနာမလားေပါ့)၊ ရွက္တာရယ္နဲ႔ကို စမ္းခ်င္ေပမဲ့ မစမ္းရဲျဖစ္ေနတတ္တာမ်ားပါတယ္။ ဒီေတာ့ မိန္းမကိုယ္အေမြးေတြ wax မလုပ္ခင္မွာ သိသင့္တဲ့အခ်က္ေလးေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ေရွ႕ကလုပ္ခဲ့ၿပီးေသာ မမတို႔ရဲ႕ အေတြ႔အႀကံဳေလးေတြကို ကပ္တိုးေလးေမးျမန္းစံုစမ္း ေဖာ္ျပလိုက္ရပါတယ္ရွင္။

(၁) မိန္းမကိုယ္အေမြးခၽြတ္တာ နာပါတယ္။

ဘယ္သူမဆိုေတာ့ ကိုယ့္အသားနာမွာ ေၾကာက္တတ္ၾကတာပါပဲ။ လွဖို႔ပဲျဖစ္ျဖစ္ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ခဏေတာ့ သည္းခံႏိုင္ေလာက္ေပမဲ့ ကိုယ့္အသားနာမယ္လို႔ အမွန္အတိုင္းသိတဲ့အခါ ကိုယ့္စိတ္ကိုျပင္ဆင္ၿပီး သြားမသြား ဆံုးျဖတ္လို႔ရတာေပါ့။ ဒါေပမဲ့ တခ်ိဳ႕ေသာမမမ်ားက ေဆးထိုးခ်င္လို႔လား ကိုယ္ခံစားရတဲ့ဒုကၡကို သူမ်ားပါေရာေယာင္ၿပီး ခံစားရေအာင္ တမင္မ်ားေျပာတာလားမသိ ‘ဟယ္ မနာပါဘူး သြားလုပ္ၾကည့္သြား’ လို႔ေျမွာက္ေပးၿပီး တကယ္လည္းလုပ္ေရာ ငယ္သံေတြပါပါေအာင္ ေအာ္ဟစ္ၿပီး မ်က္ရည္နဲ႔မ်က္ခြက္ေတြ ျဖစ္လာတာမ်ိဳး ႀကံဳရပါမ်ားေတာ့ ႀကိဳသတိေပးလိုက္ပါမယ္။ နာပါတယ္။ အသားအေရ အထိအေတြ႔ခံစားႏိုင္မႈ (sensitivity) အေပၚမူတည္ၿပီး နာက်င္မႈကိုခံစားရတာပါ။ (တခ်ိဳ႕ဆို တက္တူးထိုးသလို နာတာပါလို႔လည္း ေျပာၾကပါတယ္။)

ေနာက္ၿပီး ရာသီလာေနတဲ့အခ်ိန္မွာ ခါတိုငး္ထက္အသားအေရက ပိုၿပီးထိခိုက္လြယ္တာမို႔ အဲဒီအခ်ိန္မွာ wax သြားမလုပ္ပါနဲ႔လို႔။ အေကာင္းဆံုးအခ်ိန္က ရာသီလာၿပီးတဲ့အခ်ိန္ပါ။ ရာသီလာေနစဥ္ နာက်င္ကိုက္ခဲတာေတြကို ခႏၶာကိုယ္က ခံထားရတာမို႔ ဒီအခ်ိန္က နာက်င္မႈေတြကို ခံႏုိင္ရည္ ရွိေနတဲ့အခ်ိန္လို႔ ဆိုလို႔ရပါတယ္။ ဒါေၾကာင့္ နာခ်င္လည္း နာပါေစ၊ အရမ္းမနာရင္ၿပီးေရာ ဆိုရင္ေတာ့ျဖင့္ ရာသီလာၿပီးခ်ိန္မွာသာ သြားလုပ္ၾကပါေနာ္..

(၂) အေမြးကို လံုးဝရိတ္သြားစရာမလိုပါဘူး။

တစ္ေယာက္နဲ႔ တစ္ေယာက္က အေမြးေပါက္ႏႈန္းခ်င္း မတူဘူးေလ။ တခ်ိဳ႕ကပါးေပမဲ့ တခ်ိဳ႕ကေတာ့ ခပ္ထူထူရွိတတ္ၾကတယ္။ ပါးတဲ့ေယာင္းေတြကေတာ့ ဒီအပိုင္းကို သိပ္စိတ္မပူၾကေပမဲ့ အေမြးနည္းနည္းထူတဲ့ ေယာင္းေယာင္းေလးေတြကေတာ့ သူမ်ားငါ့ကိုေတြ႔ရင္ ေလွာင္ေနမလားလို႔ စိတ္ပူၿပီး မသြားခင္ အရင္ႀကိဳရိတ္သြားတာမ်ိဳးေတြ ရွိတတ္ၾကပါတယ္။ ဒါမ်ိဳးေတြ လံုးဝမလုပ္ရပါဘူးေနာ္။ သတ္မွတ္ထားတဲ့ အရွည္မရွိရင္ wax လုပ္လို႔မရပါဘူး။ အကယ္၍ ကိုယ္ကရိတ္ရင္းနဲ႔ လက္လြန္ၾကက္သြန္ေတြျဖစ္ၿပီး ကြက္ၾကားမိုးရြာသြားမွ ဟားစရာေတြျဖစ္ေနပါလိမ့္မယ္။ ကိုယ့္ကို wax လုပ္ေပးမယ့္လူကို ခင္ခင္မင္မင္နဲ႔ ရင္းရင္းႏွီးႏွီးပဲေနပါ။ ပြင့္ပြင့္လင္းလင္း အေျခအေနကို ေျပာျပပါ။

(၃) ကိုယ္ေအာက္ပိုင္းကို ဗလာက်င္းခၽြတ္ထားရမွာပါ။

ဒါကေတာ့ ကိုယ္လုပ္ခ်င္တဲ့ wax အမ်ိဳးအစားေပၚမူတည္တာေပါ့ေနာ္။ Bikini wax လို႔ေခၚတဲ့ အေပၚယံနည္းနည္းပါးပါးေလာက္ပဲဆိုရင္ေတာ့ အကုန္လံုးခၽြတ္ခ်စရာမလိုဘဲ ပင္တီေလာက္ဝတ္ထားလို႔ရပါေသးတယ္။ အကယ္၍ တစ္ျပင္လံုးကို wax လုပ္ခ်င္တယ္ဆိုရင္ေတာ့ မျဖစ္မေနကို ခၽြတ္ရမွာပါ။ ဒါေၾကာင့္ ဟိုရွက္ဒီရြံ႕ေတြ မျဖစ္ေအာင္ စိတ္ကို ႀကိဳၿပီးျပင္ဆင္သြားပါ။

(၄) ေရခ်ိဳးသြားပါ။

ေရခ်ိဳးၿပီး မိန္းမကိုယ္ကို ေသခ်ာသန္႔ရွင္းေပးသြားရင္ေတာ့ ကိုယ့္ကို wax လုပ္ေပးမယ့္လူက ေကာင္းေကာင္းေက်းဇူးတင္ေနမွာပါ။ ဘာလို႔လဲဆိုေတာ့ ဒီမိန္းမကိုယ္ရဲ႕ အေမြးမွာလည္း အနံ႕ထြက္ေစတဲ့ ဂလင္းေတြပါဝင္တာမို႔ ေရမခ်ိဳးသြားတဲ့အခါ အနံ႔အသက္ေတြက ထြက္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ေနာက္ၿပီး ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးတဲ့အခါ ေခၽြးေပါက္ေတြ ဖြင့္ေပးတာမို႔ နာက်င္မႈကို အနည္းအက်ဥ္းေလွ်ာ႔ခ်ေပးပါတယ္။

(၅) အေမြးခၽြတ္ၿပီးတဲ့အခ်ိန္ အသားအေရက ၾကက္အေမႊးႏႈတ္ထားသလိုျဖစ္ေနပါလိမ့္မယ္။

ကိုယ့္အသားကို လာဆြဲဆိတ္ရင္ေတာင္ အသားကနီၿပီးက်န္ခဲ့တတ္ေသးတာပဲ။ အျမစ္တြယ္ေနတဲ့ အေမြးေတြကို ဆြဲႏႈတ္ရတဲ့အခါ အသားေတြကစပ္ဖ်ဥ္းဖ်ဥ္းနဲ႔ နီနီရဲရဲေလးျဖစ္ေနမွာပါပဲ။ သြားထိတဲ့အခါမွာလည္း စပ္ၿပီး ပရမ္းပတာေတြ ျဖစ္ေနမွာေပါ့။ လုပ္ၿပီးၿပီးခ်င္းမွာလည္း လမ္းေလွ်ာက္တဲ့အခါ ကြတကြတေလးျဖစ္ေနတာက ထံုးစံပါပဲေနာ္။ ကိုယ္ကမွထူးၿပီး ျဖစ္ေနတာမဟုတ္ပါဘူးလုိ႔။ ယားက်ိယားက်ိလည္း ျဖစ္ေနတတ္ပါေသးတယ္။ ဒါေပမဲ့ ေရာင္တာကေတာ့ ညတြင္းခ်င္းေပ်ာက္ႏိုင္ပါတယ္။

ပထမဆံုးဆိုေတာ့ ဘာလုပ္လုပ္ စိတ္လႈပ္ရွားမႈကေတာ့ အျပည့္ျဖစ္ေနမွာပါ။ တစ္ခါတေလ အေမြးေတြက ဖေယာင္းနဲ႔မကပ္တဲ့အခါ ဇာဂနာနဲ႔ ႏႈတ္ရတဲ့ အခိုက္အတန္႔ေလးေတြလည္း ရွိတတ္ပါတယ္။ ေနာက္ၿပီး ကိုယ့္မွာက စန္းစန္းတင့္အသားအေရ ရွိေနခဲ့ရင္လည္း သူမ်ားထက္ပိုထူးၿပီး နာက်င္ကိုက္ခဲတတ္ပါတယ္။ ကမ္းေျခေတြ ဘာေတြသြားရမယ္ဆိုရင္လည္း ျဖစ္ႏိုင္ရင္ ကိုယ္ wax လုပ္ထားတဲ့ဒဏ္ရာက အသားက်ၿပီဆိုမွသြားပါ။ အဲဒီက သဲေတြ၊ ဆားငံရည္ေတြနဲ႔ ခုန္ဆြခုန္ဆြျဖစ္ကုန္မယ္ေနာ္ 😛

လွႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
Brazilian Wax ဆိုတဲ့ မိန်းမကိုယ် အမွေးချွတ်ခြင်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ အရင်ဖတ်ထားပါဦး…

ခန္ဓာကိုယ်ပေါ်က အမွေးတွေကို ရိတ်တာ၊ နှုတ်တာထက်စာရင် waxလုပ်တာ (ဖယောင်းနဲ့ အမွေးချွတ်) က ပိုပြီးအဆင်ပြေတယ်ဟုတ်? လက်မွေး၊ ခြေထောက်မွေး၊ ချိုင်းမွေးတွေအပြင် နောက်ပိုင်းမှာ မိန်းမကိုယ်အမွေးတွေကိုပါ wax လုပ်လာကြပါတယ်။ Brazilian Wax လို့ခေါ်တာပေါ့။ ဒါပေမဲ့ မိန်းမကိုယ် အမွေးတွေ Wax လုပ်မယ်လို့ ကြံစည်လိုက်တဲ့အခါ နာမှာကြောက်တာရယ် (ဟုတ်တယ်လေ.. လက်တွေ၊ ခြေထောက်တွေ၊ ချိုင်းတွေတောင် နာသေးတာ ဒါဆို ပိုများနာမလားပေါ့)၊ ရှက်တာရယ်နဲ့ကို စမ်းချင်ပေမဲ့ မစမ်းရဲဖြစ်နေတတ်တာများပါတယ်။ ဒီတော့ မိန်းမကိုယ်အမွေးတွေ wax မလုပ်ခင်မှာ သိသင့်တဲ့အချက်လေးတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှေ့ကလုပ်ခဲ့ပြီးသော မမတို့ရဲ့ အတွေ့အကြုံလေးတွေကို ကပ်တိုးလေးမေးမြန်းစုံစမ်း ဖော်ပြလိုက်ရပါတယ်ရှင်။

(၁) မိန်းမကိုယ်အမွေးချွတ်တာ နာပါတယ်။

ဘယ်သူမဆိုတော့ ကိုယ့်အသားနာမှာ ကြောက်တတ်ကြတာပါပဲ။ လှဖို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခဏတော့ သည်းခံနိုင်လောက်ပေမဲ့ ကိုယ့်အသားနာမယ်လို့ အမှန်အတိုင်းသိတဲ့အခါ ကိုယ့်စိတ်ကိုပြင်ဆင်ပြီး သွားမသွား ဆုံးဖြတ်လို့ရတာပေါ့။ ဒါပေမဲ့ တချို့သောမမများက ဆေးထိုးချင်လို့လား ကိုယ်ခံစားရတဲ့ဒုက္ခကို သူများပါရောယောင်ပြီး ခံစားရအောင် တမင်များပြောတာလားမသိ ‘ဟယ် မနာပါဘူး သွားလုပ်ကြည့်သွား’ လို့မြှောက်ပေးပြီး တကယ်လည်းလုပ်ရော ငယ်သံတွေပါပါအောင် အော်ဟစ်ပြီး မျက်ရည်နဲ့မျက်ခွက်တွေ ဖြစ်လာတာမျိုး ကြုံရပါများတော့ ကြိုသတိပေးလိုက်ပါမယ်။ နာပါတယ်။ အသားအရေ အထိအတွေ့ခံစားနိုင်မှု (sensitivity) အပေါ်မူတည်ပြီး နာကျင်မှုကိုခံစားရတာပါ။ (တချို့ဆို တက်တူးထိုးသလို နာတာပါလို့လည်း ပြောကြပါတယ်။)

နောက်ပြီး ရာသီလာနေတဲ့အချိန်မှာ ခါတိုင်းထက်အသားအရေက ပိုပြီးထိခိုက်လွယ်တာမို့ အဲဒီအချိန်မှာ wax သွားမလုပ်ပါနဲ့လို့။ အကောင်းဆုံးအချိန်က ရာသီလာပြီးတဲ့အချိန်ပါ။ ရာသီလာနေစဉ် နာကျင်ကိုက်ခဲတာတွေကို ခန္ဓာကိုယ်က ခံထားရတာမို့ ဒီအချိန်က နာကျင်မှုတွေကို ခံနိုင်ရည် ရှိနေတဲ့အချိန်လို့ ဆိုလို့ရပါတယ်။ ဒါကြောင့် နာချင်လည်း နာပါစေ၊ အရမ်းမနာရင်ပြီးရော ဆိုရင်တော့ဖြင့် ရာသီလာပြီးချိန်မှာသာ သွားလုပ်ကြပါနော်..

(၂) အမွေးကို လုံးဝရိတ်သွားစရာမလိုပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်က အမွေးပေါက်နှုန်းချင်း မတူဘူးလေ။ တချို့ကပါးပေမဲ့ တချို့ကတော့ ခပ်ထူထူရှိတတ်ကြတယ်။ ပါးတဲ့ယောင်းတွေကတော့ ဒီအပိုင်းကို သိပ်စိတ်မပူကြပေမဲ့ အမွေးနည်းနည်းထူတဲ့ ယောင်းယောင်းလေးတွေကတော့ သူများငါ့ကိုတွေ့ရင် လှောင်နေမလားလို့ စိတ်ပူပြီး မသွားခင် အရင်ကြိုရိတ်သွားတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါမျိုးတွေ လုံးဝမလုပ်ရပါဘူးနော်။ သတ်မှတ်ထားတဲ့ အရှည်မရှိရင် wax လုပ်လို့မရပါဘူး။ အကယ်၍ ကိုယ်ကရိတ်ရင်းနဲ့ လက်လွန်ကြက်သွန်တွေဖြစ်ပြီး ကွက်ကြားမိုးရွာသွားမှ ဟားစရာတွေဖြစ်နေပါလိမ့်မယ်။ ကိုယ့်ကို wax လုပ်ပေးမယ့်လူကို ခင်ခင်မင်မင်နဲ့ ရင်းရင်းနှီးနှီးပဲနေပါ။ ပွင့်ပွင့်လင်းလင်း အခြေအနေကို ပြောပြပါ။

(၃) ကိုယ်အောက်ပိုင်းကို ဗလာကျင်းချွတ်ထားရမှာပါ။

ဒါကတော့ ကိုယ်လုပ်ချင်တဲ့ wax အမျိုးအစားပေါ်မူတည်တာပေါ့နော်။ Bikini wax လို့ခေါ်တဲ့ အပေါ်ယံနည်းနည်းပါးပါးလောက်ပဲဆိုရင်တော့ အကုန်လုံးချွတ်ချစရာမလိုဘဲ ပင်တီလောက်ဝတ်ထားလို့ရပါသေးတယ်။ အကယ်၍ တစ်ပြင်လုံးကို wax လုပ်ချင်တယ်ဆိုရင်တော့ မဖြစ်မနေကို ချွတ်ရမှာပါ။ ဒါကြောင့် ဟိုရှက်ဒီရွံ့တွေ မဖြစ်အောင် စိတ်ကို ကြိုပြီးပြင်ဆင်သွားပါ။

(၄) ရေချိုးသွားပါ။

ရေချိုးပြီး မိန်းမကိုယ်ကို သေချာသန့်ရှင်းပေးသွားရင်တော့ ကိုယ့်ကို wax လုပ်ပေးမယ့်လူက ကောင်းကောင်းကျေးဇူးတင်နေမှာပါ။ ဘာလို့လဲဆိုတော့ ဒီမိန်းမကိုယ်ရဲ့ အမွေးမှာလည်း အနံ့ထွက်စေတဲ့ ဂလင်းတွေပါဝင်တာမို့ ရေမချိုးသွားတဲ့အခါ အနံ့အသက်တွေက ထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး ရေနွေးနွေးလေးနဲ့ ရေချိုးတဲ့အခါ ချွေးပေါက်တွေ ဖွင့်ပေးတာမို့ နာကျင်မှုကို အနည်းအကျဉ်းလျှော့ချပေးပါတယ်။

(၅) အမွေးချွတ်ပြီးတဲ့အချိန် အသားအရေက ကြက်အမွှေးနှုတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

ကိုယ့်အသားကို လာဆွဲဆိတ်ရင်တောင် အသားကနီပြီးကျန်ခဲ့တတ်သေးတာပဲ။ အမြစ်တွယ်နေတဲ့ အမွေးတွေကို ဆွဲနှုတ်ရတဲ့အခါ အသားတွေကစပ်ဖျဉ်းဖျဉ်းနဲ့ နီနီရဲရဲလေးဖြစ်နေမှာပါပဲ။ သွားထိတဲ့အခါမှာလည်း စပ်ပြီး ပရမ်းပတာတွေ ဖြစ်နေမှာပေါ့။ လုပ်ပြီးပြီးချင်းမှာလည်း လမ်းလျှောက်တဲ့အခါ ကွတကွတလေးဖြစ်နေတာက ထုံးစံပါပဲနော်။ ကိုယ်ကမှထူးပြီး ဖြစ်နေတာမဟုတ်ပါဘူးလို့။ ယားကျိယားကျိလည်း ဖြစ်နေတတ်ပါသေးတယ်။ ဒါပေမဲ့ ရောင်တာကတော့ ညတွင်းချင်းပျောက်နိုင်ပါတယ်။

ပထမဆုံးဆိုတော့ ဘာလုပ်လုပ် စိတ်လှုပ်ရှားမှုကတော့ အပြည့်ဖြစ်နေမှာပါ။ တစ်ခါတလေ အမွေးတွေက ဖယောင်းနဲ့မကပ်တဲ့အခါ ဇာဂနာနဲ့ နှုတ်ရတဲ့ အခိုက်အတန့်လေးတွေလည်း ရှိတတ်ပါတယ်။ နောက်ပြီး ကိုယ့်မှာက စန်းစန်းတင့်အသားအရေ ရှိနေခဲ့ရင်လည်း သူများထက်ပိုထူးပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။ ကမ်းခြေတွေ ဘာတွေသွားရမယ်ဆိုရင်လည်း ဖြစ်နိုင်ရင် ကိုယ် wax လုပ်ထားတဲ့ဒဏ်ရာက အသားကျပြီဆိုမှသွားပါ။ အဲဒီက သဲတွေ၊ ဆားငံရည်တွေနဲ့ ခုန်ဆွခုန်ဆွဖြစ်ကုန်မယ်နော် 😛

လှနိုင်ကြပါစေ ယောင်းတို့ရေ…

Credit: Hnin Ei Oo (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top