iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိဳ႕အမ်ိဳးသမီးေတြက ၂၈ ရက္ျပည့္တာနဲ႔ ရာသီလာတတ္ေပမယ့္ တခ်ိဳ႕အတြက္ေတာ့ မွန္းရခက္ပါတယ္။

အနည္းဆံုး အမ်ိဳးသမီး 30% ေလာက္က ရာသီလာတာ ပံုမမွန္ၾကပါဘူး။ ရာသီ ပံုမွန္မလာတာက ျပႆနာမဟုတ္ေပမယ့္လည္း တစ္ခါတေလမွာေတာ့ ဒါက က်န္းမာေရးဆိုင္ရာ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ပံုမွန္ရာသီစက္ဝန္းက ၂၈ ရက္ နဲ႔ အတိုးအေလွ်ာ့ ၇ ရက္ျဖစ္ၿပီး ၂၁ ရက္ထက္ေစာၿပီး အၿမဲလာေနတာ (သို႔) ၈ ရက္ထက္ ေနာက္က်တာေတြကေတာ့ ပံုမွန္ မဟုတ္ပါဘူး။ ရာသီမလာျခင္း၊ ရာသီေစာလာျခင္း၊ ေနာက္က်ျခင္း စတာေတြက ရာသီစက္ဝန္း ပံုမမွန္တဲ့လကၡဏာေတြ ျဖစ္ပါတယ္။

ရာသီ ပံုမွန္ လာ၊ မလာ ေစာင့္ၾကည့္ဖို႔အတြက္ဆိုရင္ ရာသီလာၿပီးတဲ့ ေနာက္ဆံုးရက္ကေနၿပီးေတာ့ ေနာက္ထပ္ ရာသီလာမယ့္ ပထမဆံုးရက္ကို ေရတြက္ရပါမယ္။ ဒီလိုမ်ိဳး သံုးလေစာင့္ၿပီး ေရတြက္ၾကည့္ပါ။ ရာသီလာတဲ့ရက္ေတြက ျခားနားခ်က္ မ်ားေနတယ္ဆိုရင္ ဒါက စက္ဝန္း ပံုမမွန္တာပဲ ျဖစ္ပါတယ္။

အေၾကာင္းအရင္းမ်ား

အမ်ားအားျဖင့္ မမ်ိဳးဥမေၾကြျခင္းေၾကာင့္ ရာသီ ပံုမမွန္ျဖစ္တတ္ၿပီး တစ္ခါတစ္ရံ ေဟာ္မုန္းမညီမွ်မႈေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေနထိုင္စားေသာက္မႈပံုစံနဲ႔ က်န္းမာေရးအေျခအေနေတြက ရာသီစက္ဝန္းအေပၚမွာ လႊမ္းမိုးမႈ ရွိတဲ့အတြက္ သားဥေၾကြတာက တစ္လနဲ႔တစ္လ အေျပာင္းအလဲ ရွိပါတယ္။

ေအာက္ပါအခ်က္ေတြေၾကာင့္ ရာသီ မမွန္ျခင္း၊ ေပ်ာက္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

●      ေလ့က်င့္ခန္း (သို႔) Diet ျပင္းျပင္းထန္ထန္ လုပ္ျခင္း

ေလ့က်င့္ခန္း အလြန္အကၽြံလုပ္ျခင္းက ရာသီေသြးဆင္းခ်ိန္ကို ေျပာင္းလဲေစၿပီး တစ္ခါတေလမွာ ရာသီမလာေတာင္ ျဖစ္ႏိုင္ပါတယ္။ ေလ့က်င့္ခန္း အလြန္အကၽြံလုပ္ျခင္း၊ diet လုပ္ျခင္း၊ အစာစားျခင္းဆိုင္ရာ ျပႆနာမ်ား (သို႔) ေရာဂါတစ္ခုခုေၾကာင့္ ပိန္လြန္းျခင္းကလည္း ရာသီ မလာျခင္း (သို႔) မမွန္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

●      စိတ္ဖိစီးမႈ

နာတာရွည္ စိတ္ဖိစီးမႈ (သို႔) ေခတၱ စုိးရိမ္ပူပန္မႈေတြကေတာင္မွ ေဟာ္မုန္းညီမွ်မႈကို ပ်က္ေစၿပီး ရာသီ မလာျခင္း (သို႔) မမွန္ျခင္းေတြကို ျဖစ္ေစပါတယ္။

●      သေႏၶတားေဆး

 ဒီေဆးေတြေၾကာင့္ ရာသီေသြးဆင္း နည္းျခင္း၊ ရာသီ ေပ်ာက္ျခင္း၊ မၾကာခဏ လာျခင္း၊ ရာသီလာနည္းျခင္း စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

●      PCOS သားဥအိမ္တြင္ ေရအိတ္မ်ားစြာ တည္ေသာ ေရာဂါလကၡဏာစု

ဒီေရာဂါရွိတဲ့အမ်ိဳးသမီးေတြမွာ ရာသီ မမွန္တတ္ပါဘူး။ ဒီေရာဂါေၾကာင့္ မမ်ိဳးဥေၾကြတာကို အေနွာင့္အယွက္ျဖစ္ေစၿပီး ကေလး မရေစႏိုင္သလို ႏွလံုးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခကိုလည္း ျမင့္တက္ေစပါတယ္။

●      အျခားေရာဂါမ်ား

သိုင္း႐ြိဳက္ေဟာ္မုန္း နည္းလြန္းျခင္း၊ မ်ားလြန္းျခင္းစတဲ့ သိုင္း႐ြိဳက္ျပႆနာေတြေၾကာင့္လည္း ရာသီမမွန္ ျဖစ္ေစပါတယ္။ ရာသီမမွန္ေစတဲ့ အျခားေရာဂါေတြကေတာ့ လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမ်ား၊ ဆီးခ်ိဳေရာဂါ၊ သားအိမ္ အသားလံုး၊ အစာစားျခင္းဆိုင္ရာျပႆနာမ်ား စတာေတြ ျဖစ္ၾကပါတယ္။

●      အသက္အရြယ္

ရာသီ စလာကာစ ဆယ္ေက်ာ္သက္အရြယ္မွာ ရာသီလာတဲ့အခ်ိန္ေတြက မမွန္ေသးပါဘူး။ ရာသီလာတာ ပံုမွန္ျဖစ္သြားဖို႔ ႏွစ္အေတာ္ ၾကာပါတယ္။ ေသြးဆံုးခါနီး အမ်ိဳးသမီးေတြမွာလည္း ရာသီေပ်ာက္တာ၊ ရာသီေသြးဆင္း နည္းျခင္း၊ မ်ားျခင္းေတြ ျဖစ္ေလ့ရွိပါတယ္။

ဘယ္လိုအေျခအေနဆိုရင္ စိုးရိမ္ရလဲ?

တစ္ခါတေလမွာ ရာသီ ပံုမွန္မလာတာနဲ႔ ရာသီေပ်ာက္တာေတြက ေရာဂါတစ္ခုခုရဲ႕ ပထမဆံုးျပသတဲ့လကၡဏာ ျဖစ္ႏိုင္ပါတယ္။ အၿမဲတမ္း ရာသီလာတာ ပံုမမွန္ ျဖစ္ေနတယ္ဆိုရင္ PCOS ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီေရာဂါက မ်ိဳးပြားႏိုင္တဲ့အရြယ္ အမ်ိဳးသမီးေတြရဲ႕ ၁၀% ေလာက္အေပၚ သက္ေရာက္မႈ ရွိပါတယ္။

သိုင္း႐ြိဳက္နဲ႔ အျခားေရာဂါေတြကိုလည္း စစ္ေဆးၾကည့္ဖို႔ လိုပါတယ္။ ရာသီ ပံုမမွန္တာ အထူးသျဖင့္ လတိုင္း သားဥမေၾကြတာက ကိုယ္ဝန္ရဖို႔ ခက္ခဲေစပါတယ္။ မမ်ိဳးဥ ေၾကြ၊ မေၾကြ ဆိုတာကို စစ္ေဆးၾကည့္လို႔ ရပါတယ္။ ကိုယ္ဝန္ရဖို႔ ႀကိဳးစားေနတဲ့ ရာသီပံုမမွန္တဲ့အမ်ိဳးသမီးေတြကို သေႏၶေအာင္ႏိုင္တဲ့ေဆးေတြကို ညႊန္ေလ့ရွိပါတယ္။

ကာကြယ္ျခင္းႏွင့္ ကုသျခင္း

          ျဖစ္ရတဲ့အေၾကာင္းအရင္းအေပၚ မူတည္ၿပီး ကုသဖို႔ လိုပါတယ္။

စိတ္ဖိစီးမႈေၾကာင့္ ျဖစ္တာဆိုရင္ တရားထိုင္ျခင္း၊ ေယာဂက်င့္ျခင္း၊ ထိုက္ခ်ိကစားျခင္းစတဲ့ စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစႏုိင္တဲ့ နည္းလမ္းေတြကို ၾကိဳးစားၾကည့္ပါ။ ေလ့က်င့္ခန္း အလြန္အကၽြံလုပ္ျခင္း၊ အစားအေသာက္နဲ႔ ကိုယ္အေလးခ်ိန္ အလြန္အကၽြံခ်ျခင္းေတြက ရာသီစက္ဝန္းကို ထိခိုက္ေစႏိုင္တဲ့အတြက္ ေရွာင္က်ဥ္္ပါ။

          ရာသီလာတာ ပံုမွန္ျပန္ျဖစ္ဖို႔အတြက္ သေႏၶတားေဆးေတြ ညႊန္ႏိုင္ပါတယ္။ ညဘက္မွာ အခန္းကို လံုးဝအေမွာင္ခ်ထားျခင္းက ရာသီစက္ဝန္းကို ထိန္းညႇိဖို႔ အေထာက္အကူ ျဖစ္ေစႏို္င္တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့လည္း တကယ္ အလုပ္ျဖစ္၊ မျဖစ္ေတာ့ မေသခ်ာပါဘူး။

          တခါတေလ ရာသီ ပံုမွန္မလာတာက စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဒီထက္ ပိုလာၿပီဆိုရင္ေတာ့ မ်ိဳးဥေၾကြတဲ့ျပႆနာလား၊ ေရာဂါတစ္ခုခုေၾကာင့္လား ဆိုတာကို သိဖို႔ ေဆးခန္းျပၿပီး စစ္ေဆးၾကည့္သင့္ပါတယ္။ ကိုယ္ဝန္ ရွိ၊ မရွိကိုလည္း စစ္ေဆးၾကည့္သင့္ပါတယ္။

Credit : Dr. Mya Myo Myo Swe (www.drmyanmar.com)
# Unicode Version ျဖင့္ ဖတ္ပါ #
အချို့အမျိုးသမီးတွေက ၂၈ ရက်ပြည့်တာနဲ့ ရာသီလာတတ်ပေမယ့် တချို့အတွက်တော့ မှန်းရခက်ပါတယ်။

အနည်းဆုံး အမျိုးသမီး 30% လောက်က ရာသီလာတာ ပုံမမှန်ကြပါဘူး။ ရာသီ ပုံမှန်မလာတာက ပြဿနာမဟုတ်ပေမယ့်လည်း တစ်ခါတလေမှာတော့ ဒါက ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက် နဲ့ အတိုးအလျှော့ ၇ ရက်ဖြစ်ပြီး ၂၁ ရက်ထက်စောပြီး အမြဲလာနေတာ (သို့) ၈ ရက်ထက် နောက်ကျတာတွေကတော့ ပုံမှန် မဟုတ်ပါဘူး။ ရာသီမလာခြင်း၊ ရာသီစောလာခြင်း၊ နောက်ကျခြင်း စတာတွေက ရာသီစက်ဝန်း ပုံမမှန်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

ရာသီ ပုံမှန် လာ၊ မလာ စောင့်ကြည့်ဖို့အတွက်ဆိုရင် ရာသီလာပြီးတဲ့ နောက်ဆုံးရက်ကနေပြီးတော့ နောက်ထပ် ရာသီလာမယ့် ပထမဆုံးရက်ကို ရေတွက်ရပါမယ်။ ဒီလိုမျိုး သုံးလစောင့်ပြီး ရေတွက်ကြည့်ပါ။ ရာသီလာတဲ့ရက်တွေက ခြားနားချက် များနေတယ်ဆိုရင် ဒါက စက်ဝန်း ပုံမမှန်တာပဲ ဖြစ်ပါတယ်။

အကြောင်းအရင်းများ

အများအားဖြင့် မမျိုးဥမကြွေခြင်းကြောင့် ရာသီ ပုံမမှန်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ ဟော်မုန်းမညီမျှမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးအခြေအနေတွေက ရာသီစက်ဝန်းအပေါ်မှာ လွှမ်းမိုးမှု ရှိတဲ့အတွက် သားဥကြွေတာက တစ်လနဲ့တစ်လ အပြောင်းအလဲ ရှိပါတယ်။

အောက်ပါအချက်တွေကြောင့် ရာသီ မမှန်ခြင်း၊ ပျောက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

●      လေ့ကျင့်ခန်း (သို့) Diet ပြင်းပြင်းထန်ထန် လုပ်ခြင်း

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ရာသီသွေးဆင်းချိန်ကို ပြောင်းလဲစေပြီး တစ်ခါတလေမှာ ရာသီမလာတောင် ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ diet လုပ်ခြင်း၊ အစာစားခြင်းဆိုင်ရာ ပြဿနာများ (သို့) ရောဂါတစ်ခုခုကြောင့် ပိန်လွန်းခြင်းကလည်း ရာသီ မလာခြင်း (သို့) မမှန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

●      စိတ်ဖိစီးမှု

နာတာရှည် စိတ်ဖိစီးမှု (သို့) ခေတ္တ စိုးရိမ်ပူပန်မှုတွေကတောင်မှ ဟော်မုန်းညီမျှမှုကို ပျက်စေပြီး ရာသီ မလာခြင်း (သို့) မမှန်ခြင်းတွေကို ဖြစ်စေပါတယ်။

●      သန္ဓေတားဆေး

 ဒီဆေးတွေကြောင့် ရာသီသွေးဆင်း နည်းခြင်း၊ ရာသီ ပျောက်ခြင်း၊ မကြာခဏ လာခြင်း၊ ရာသီလာနည်းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

●      PCOS သားဥအိမ်တွင် ရေအိတ်များစွာ တည်သော ရောဂါလက္ခဏာစု

ဒီရောဂါရှိတဲ့အမျိုးသမီးတွေမှာ ရာသီ မမှန်တတ်ပါဘူး။ ဒီရောဂါကြောင့် မမျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပြီး ကလေး မရစေနိုင်သလို နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

●      အခြားရောဂါများ

သိုင်းရွိုက်ဟော်မုန်း နည်းလွန်းခြင်း၊ များလွန်းခြင်းစတဲ့ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း ရာသီမမှန် ဖြစ်စေပါတယ်။ ရာသီမမှန်စေတဲ့ အခြားရောဂါတွေကတော့ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ဆီးချိုရောဂါ၊ သားအိမ် အသားလုံး၊ အစာစားခြင်းဆိုင်ရာပြဿနာများ စတာတွေ ဖြစ်ကြပါတယ်။

●      အသက်အရွယ်

ရာသီ စလာကာစ ဆယ်ကျော်သက်အရွယ်မှာ ရာသီလာတဲ့အချိန်တွေက မမှန်သေးပါဘူး။ ရာသီလာတာ ပုံမှန်ဖြစ်သွားဖို့ နှစ်အတော် ကြာပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း ရာသီပျောက်တာ၊ ရာသီသွေးဆင်း နည်းခြင်း၊ များခြင်းတွေ ဖြစ်လေ့ရှိပါတယ်။

ဘယ်လိုအခြေအနေဆိုရင် စိုးရိမ်ရလဲ?

တစ်ခါတလေမှာ ရာသီ ပုံမှန်မလာတာနဲ့ ရာသီပျောက်တာတွေက ရောဂါတစ်ခုခုရဲ့ ပထမဆုံးပြသတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အမြဲတမ်း ရာသီလာတာ ပုံမမှန် ဖြစ်နေတယ်ဆိုရင် PCOS ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါက မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေရဲ့ ၁၀% လောက်အပေါ် သက်ရောက်မှု ရှိပါတယ်။

သိုင်းရွိုက်နဲ့ အခြားရောဂါတွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရာသီ ပုံမမှန်တာ အထူးသဖြင့် လတိုင်း သားဥမကြွေတာက ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ မမျိုးဥ ကြွေ၊ မကြွေ ဆိုတာကို စစ်ဆေးကြည့်လို့ ရပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ ရာသီပုံမမှန်တဲ့အမျိုးသမီးတွေကို သန္ဓေအောင်နိုင်တဲ့ဆေးတွေကို ညွှန်လေ့ရှိပါတယ်။

ကာကွယ်ခြင်းနှင့် ကုသခြင်း

          ဖြစ်ရတဲ့အကြောင်းအရင်းအပေါ် မူတည်ပြီး ကုသဖို့ လိုပါတယ်။

စိတ်ဖိစီးမှုကြောင့် ဖြစ်တာဆိုရင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ချိကစားခြင်းစတဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်ပါ။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ အစားအသောက်နဲ့ ကိုယ်အလေးချိန် အလွန်အကျွံချခြင်းတွေက ရာသီစက်ဝန်းကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ပါ။

          ရာသီလာတာ ပုံမှန်ပြန်ဖြစ်ဖို့အတွက် သန္ဓေတားဆေးတွေ ညွှန်နိုင်ပါတယ်။ ညဘက်မှာ အခန်းကို လုံးဝအမှောင်ချထားခြင်းက ရာသီစက်ဝန်းကို ထိန်းညှိဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း တကယ် အလုပ်ဖြစ်၊ မဖြစ်တော့ မသေချာပါဘူး။

          တခါတလေ ရာသီ ပုံမှန်မလာတာက စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီထက် ပိုလာပြီဆိုရင်တော့ မျိုးဥကြွေတဲ့ပြဿနာလား၊ ရောဂါတစ်ခုခုကြောင့်လား ဆိုတာကို သိဖို့ ဆေးခန်းပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ကိုယ်ဝန် ရှိ၊ မရှိကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။

Credit : Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top