iMyanmarHouse.com - Best Property Website for Myanmar
×




Credit : MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
သာယာအေးချမ်းလှတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ ဥက္ကာမင်းမောင်တစ်ယောက်ကတော့ လက်ရှိနိုင်ငံခြားမှာ ချစ်သူနဲ့အခြေချနေထိုင်လျက်ရှိပါတယ်။

ချစ်သူနဲ့ပုံတွေ မကြာခဏတင်လေ့ရှိတဲ့ ဥက္ကာမင်းမောင်တစ်ယောက်ဟာ အရင်ကလည်း အိမ်ထောင်ကျခဲ့ဖူးပေမယ့် သူ့ရဲ့ Husband ဟာ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။အချစ်သစ်နဲ့ပျော်နေပြီဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ သူတို့ရဲ့ Relationship သက်တမ်းတိုတောင်းသေးတာမို့ ကလေးမယူသေးဘူးလို့ဆိုပါတယ်။ လက်ထပ်ပြီးရင်တော့ သူကိုယ်တိုင်က ကလေးအရမ်းချစ်တတ်တာမို့ ကလေးယူမယ်လို့ ဆိုပါတယ်။

”ကျွန်တော်က ကလေးအရမ်းချစ်တတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ မင်္ဂလာဆောင်ဖြစ်ရင် ကလေးယူဖို့ စဉ်းစားထားပါတယ်” သူနဲ့ ယူဖြစ်ရင် Surrogate Baby ယူဖို့ စဉ်းစားထားတယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။ သာယာလှပတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ ဥက္ကာမင်းမောင်တစ်ယောက် အမြဲပျော်ရွှင်နိုင်ပါစေလို့ ပရိသတ်တွေကလည်းဆုတောင်းပေးပါတယ်နော်။

Credit : MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top