iMyanmarHouse.com - Best Property Website for Myanmar
×

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက နာမည္ႀကီး မိတ္ကပ္ပညာရွင္ ညီညီေမာင္ (စမ္းေခ်ာင္း)ကေတာ့ လူတိုင္းနဲ႔ သိပ္ၿပီးေတာ့ စိမ္းမယ္ မထင္ပါဘူး။ မိန္းမနဲ႔တူေအာင္ ခြဲစိတ္ျပဳျပင္မႈေတြ လုပ္ခဲ့ၿပီး ဟာသဗီဒီယိုေလးေတြကို Facebook ေပၚတင္တာေၾကာင့္ ပိုၿပီးေတာ့ နာမည္ရလာတဲ့ မိတ္ကပ္ပညာရွင္လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ညီညီေမာင္ (စမ္းေခ်ာင္း) က အႏုပညာလႈပ္ရွားမႈေတြကိုလည္း ျပဳလုပ္ေနတာ ျဖစ္တယ္။ သူ႔အေနနဲ႔လည္း ၁၁ လပိုင္းေလာက္မွာ ႐ုပ္ရွင္႐ိုက္ျဖစ္မယ္ဟု ေျပာၾကားသြားခဲ့ၿပီး သူ႔ရဲ႕လတ္တေလာ လႈပ္ရွားမႈေတြကိုလည္းေျေျပာျပသြားခဲ့ပါတယ္။

8 Day နဲ႔အင္တာဗ်ဴးတြင္ လတ္တေလာလုပ္ျဖစ္တာေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ ညီညီေမာင္ (စမ္းေခ်ာင္း) က “လတ္တေလာ သုသုကေတာ့ Funny ဗီဒီယိုေလးေတြ ႐ိုက္ျဖစ္တယ္။ ခုေလာေလာဆယ္ေတာ့ ေၾကာ္ျငာလုပ္ငန္းေလးေတြလည္း လုပ္ျဖစ္ေနတယ္။ မိုးတြင္းဆိုေတာ့ Pre Wedding ေတြကို လိ္မ္းေပးျဖစ္တယ္။ ဝတ္စုံငွားရမ္းတာေတြ အတြက္လည္းလုပ္ျဖစ္တယ္။ ဆိုင္အတြက္လည္း လုပ္ေပးျဖစ္ေနပါတယ္။ နားေတာ့မနားရပါဘူး” ဟု ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးမႈေတြ ရွိလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ ညီညီေမာင္ (စမ္းေခ်ာင္း) က “ဟုတ္ဇာတ္ကားကေတာ့ သု႐ိုက္ျဖစ္ရင္ ၁၁ လပိုင္းေလာက္ ႐ိုက္ျဖစ္မယ္။ ဇာတ္ၫြန္းကေတာ့ ရေနၿပီ။ ေသခ်ာရင္ေတာ့ ထပ္ၿပီးေတာ့ အေသးစိတ္ေျပာပါမယ္”

ဒီအတြက္ဘယ္လိုေတြ ျပင္ဆင္ထားလည္း ဆိုတဲ့ေမးခြန္းအေပၚမွာေတာ့ ညီညီေမာင္ (စမ္းေခ်ာင္း) က “ေထြေထြထူးထူးေတာ့ ျပင္ဆင္စရာလိုမယ္မထင္ပါဘူး။ သုသုကေတာ့သုုသု ကာ႐ိုက္တာအတိုင္းသြားမွာေတာ့ ဆိုေတာ့ အမ်ားႀကီးေတာ့ ျပင္ဆင္စရာမလိုအပ္ဘူးလို႔ ထင္ပါတယ္” အလွေတြပိုၿပီးေတာ့ ျပင္လာတာ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “ဒါကေတာ့ ကိုယ္လည္း ျပင္ျပင္ဆင္ဆင္ေနတတ္လာတာလည္း ပါပါတယ္။ ၿပီးေတာ့ သူမ်ားေတြ ေတာ္ေတာ္မ်ားမ်ားခ်စ္တဲ့ မ်က္လုံးနဲ႔ ၾကည့္ေပးတာေၾကာင့္လို႔လည္း ထင္ပါတယ္”

ပရိသတ္ေတြကို ေျပာခ်င္တာကေတာ့ “သုသုတို႔လို ေယာက်ာ္းခႏၶာကိုယ္ကို မိန္းမတန္ဆာေတြ ဆင္ၿပီးဝတ္ထားတဲ့သူေတြကို ခ်စ္ေပးတာ ေက်းဇူးအရမ္းကို တင္ပါတယ္” ဟုေျပာၾကားသြားခဲ့ပါတယ္။

Credit : MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ မြန်မာနိုင်ငံက နာမည်ကြီး မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ကတော့ လူတိုင်းနဲ့ သိပ်ပြီးတော့ စိမ်းမယ် မထင်ပါဘူး။ မိန်းမနဲ့တူအောင် ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့ပြီး ဟာသဗီဒီယိုလေးတွေကို Facebook ပေါ်တင်တာကြောင့် ပိုပြီးတော့ နာမည်ရလာတဲ့ မိတ်ကပ်ပညာရှင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ညီညီမောင် (စမ်းချောင်း) က အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်တယ်။ သူ့အနေနဲ့လည်း ၁၁ လပိုင်းလောက်မှာ ရုပ်ရှင်ရိုက်ဖြစ်မယ်ဟု ပြောကြားသွားခဲ့ပြီး သူ့ရဲ့လတ်တလော လှုပ်ရှားမှုတွေကိုလည်းေြပြောပြသွားခဲ့ပါတယ်။

8 Day နဲ့အင်တာဗျူးတွင် လတ်တလောလုပ်ဖြစ်တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ညီညီမောင် (စမ်းချောင်း) က “လတ်တလော သုသုကတော့ Funny ဗီဒီယိုလေးတွေ ရိုက်ဖြစ်တယ်။ ခုလောလောဆယ်တော့ ကြော်ငြာလုပ်ငန်းလေးတွေလည်း လုပ်ဖြစ်နေတယ်။ မိုးတွင်းဆိုတော့ Pre Wedding တွေကို လိမ်းပေးဖြစ်တယ်။ ဝတ်စုံငှားရမ်းတာတွေ အတွက်လည်းလုပ်ဖြစ်တယ်။ ဆိုင်အတွက်လည်း လုပ်ပေးဖြစ်နေပါတယ်။ နားတော့မနားရပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ ရှိလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ညီညီမောင် (စမ်းချောင်း) က “ဟုတ်ဇာတ်ကားကတော့ သုရိုက်ဖြစ်ရင် ၁၁ လပိုင်းလောက် ရိုက်ဖြစ်မယ်။ ဇာတ်ညွန်းကတော့ ရနေပြီ။ သေချာရင်တော့ ထပ်ပြီးတော့ အသေးစိတ်ပြောပါမယ်”

ဒီအတွက်ဘယ်လိုတွေ ပြင်ဆင်ထားလည်း ဆိုတဲ့မေးခွန်းအပေါ်မှာတော့ ညီညီမောင် (စမ်းချောင်း) က “ထွေထွေထူးထူးတော့ ပြင်ဆင်စရာလိုမယ်မထင်ပါဘူး။ သုသုကတော့သုသု ကာရိုက်တာအတိုင်းသွားမှာတော့ ဆိုတော့ အများကြီးတော့ ပြင်ဆင်စရာမလိုအပ်ဘူးလို့ ထင်ပါတယ်” အလှတွေပိုပြီးတော့ ပြင်လာတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ဒါကတော့ ကိုယ်လည်း ပြင်ပြင်ဆင်ဆင်နေတတ်လာတာလည်း ပါပါတယ်။ ပြီးတော့ သူများတွေ တော်တော်များများချစ်တဲ့ မျက်လုံးနဲ့ ကြည့်ပေးတာကြောင့်လို့လည်း ထင်ပါတယ်”

ပရိသတ်တွေကို ပြောချင်တာကတော့ “သုသုတို့လို ယောကျာ်းခန္ဓာကိုယ်ကို မိန်းမတန်ဆာတွေ ဆင်ပြီးဝတ်ထားတဲ့သူတွေကို ချစ်ပေးတာ ကျေးဇူးအရမ်းကို တင်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။

Credit : MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top