iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေလာက္ခ်စ္စရာေကာင္းတဲ့ ခံယူခ်က္ေလးလဲ…

ဆိုရွယ္မီဒီယာေတြက ေပ်ာ္ဖို႕ေကာင္းသလို သံုးတတ္မယ္ဆိုရင္ အြန္လိုင္းေပၚက ကိုယ့္ရဲ႕ လူမႈကြန္ရက္ ကိုလည္း က်ယ္ျပန္႔ေစပါတယ္။ ဒါေပမဲ့ တစ္ခါတေလမွာေတာ့ ဆိုရွယ္မီဒီယာေတြထဲက ထြက္ၿပီး ျပင္ပဘဝအစစ္ထဲက လူေတြနဲ႕ ေျပာဆိုဆက္ဆံရတာက ပိုေကာင္းပါတယ္။ ခဏခဏ ဆိုသလို ဆိုရွယ္မီဒီယာေတြနဲ႕ ေဝးေဝးေနတာက စိတ္ရဲ႕ အာဟာရျဖစ္သလို ကိုယ့္အနားမွာ ျဖစ္ပ်က္ေနတဲ့ ကိုယ့္ပတ္ဝန္းက်င္အေၾကာင္းလည္း ပိုသိရပါတယ္။

အိမြန္တို႕လို ေဆာင္းပါးရွင္ေတြေတာင္ အၿမဲတမ္းသတင္းရယူဖို႕ ေဖ့စ္ဘြတ္ကို ဖြင့္ၾကည့္ေနရတယ္ဆိုရင္ ဆယ္လီနာဂိုးမက္စ္တို႕လို ဆယ္လီေတြက အင္စတာဂရမ္မွာ အၿမဲမျပတ္ ပရိသတ္ေတြနဲ႕ ဆက္သြယ္မႈေတြရွိေအာင္ လုပ္ယူရမယ္ဆိုတာ ျဖစ္သင့္ပါတယ္။ ေဖ့စ္ဘြတ္မွာ အမုန္းစကားေတြနဲ႕ တိုက္ခိုက္တာေတြရွိသလို အင္စတာဂရမ္မွာလည္း အမည္ေသခ်ာ မေဖာ္ျပတဲ့ အေကာင့္တုေတြနဲ႕အႏုပညာရွင္ေတြကို ေဝဖန္ေျပာဆိုတာေတြလည္း ရွိပါတယ္။

ဆယ္လီနာက ငယ္ရြယ္ေခ်ာေမာၿပီး ခ်မ္းသာၾကြယ္ဝတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္တာေၾကာင့္ ဒီလိုေဝဖန္မႈေတြေလာက္ေတာ့ အေပ်ာ့ပါလို႕ မထင္လိုက္ပါနဲ႔။ ရိုင္းစိုင္းတဲ့ ေဝဖန္မႈေတြက သူ႔အေပၚ သက္ေရာက္မႈ ရွိပါတယ္။ “ေလွာင္ေျပာင္သေရာ္ခံရရင္ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ ယိမ္းယိုင္တတ္တဲ့ လူေတြထဲက လူတစ္ေယာက္ျဖစ္လို႔ ကၽြန္မလိုလူေတာင္ ဒီလိုဆိုရင္ ကၽြန္မ ပရိသတ္ေတြအတြက္ ေလွာင္ေျပာင္မႈေတြကို ဘယ္ေလာက္ေတာင္ ခံစားရမလဲဆိုတာ ကၽြန္မနားလည္ ကုိယ္ခ်င္းစာပါတယ္လို႕ ဆယ္လီနာက ဆိုပါတယ္။

ဒါေပမဲ့ ဆယ္လီနာကေတာ့ သူ႕ရဲ႕ဘဝကိုပဲ အာရံုစိုက္ၿပီး အဆိုးျမင္သမားေတြကို မမႈခဲ့သလို အျခားလူေတြကိုလည္း ဒီအတိုင္းပဲ ျပဳမူဖို႕ အႀကံေပးထားပါတယ္ေနာ္။ ဒီႏွစ္အေစာပိုင္းတုန္းက အီတလီ ဒီဇိုင္နာ စတီဖာႏုိ ဂပ္ဘာနာ ရဲ႕ ဂယက္မွာလည္း ဒီနည္းလမ္းအတိုင္းပဲ သူက်င့္သံုးခဲ့ပါတယ္တဲ့။ စတီဖာႏိုက ဆယ္လီနာကို ရုပ္ဆိုးတယ္လို႕ အင္စတာဂရမ္မွာ ေျပာလိုက္တဲ့ စကားက သတင္းမီဒီယာေတြမွာ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ပါတယ္။ ဆယ္လီနာရဲ႕ အေမနဲ႕ မိုင္းေလဆိုင္းရပ္စ္ အပါအဝင္ အႏုပညာရွင္ေတြက သူမဘက္က ကာကြယ္ေျပာဆိုေပခဲ့ေပမဲ့ ဆယ္လီနာက တစ္ခြန္းမွ မဟခဲ့ပါဘူး။

“ ခ်ီးမြမ္း ၇ ရက္ ကဲ့ရဲ႕ ၇ ရက္ပါပဲ။ အဆင္မေျပတဲ့ အရာကို စိတ္ထဲမွာ လက္မခံထားတဲ့အခါ အျခားသူေတြလို မခံစားရေတာ့ပါဘူး။ ကၽြန္မကို မုန္းတဲ့လူေတြကို ဂရုမစိုက္ပါဘူး။ ကၽြန္မကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ ကၽြန္မကိုယ္ကၽြန္မ ဒီလိုလက္ခံႏိုင္ဖို႔ ႀကိဳးစားတယ္။ ကၽြန္မပရိသတ္ေတြကို ေျပာခ်င္တာက ကၽြန္မကလည္း သူတို႕လိုပါပဲလို႕” ဆိုၿပီး ဆယ္လီနာက ေရးသားခဲ့ပါတယ္။

“အလွအပ ကို လြဲမွားစြာ ယံုၾကည္ၾကတဲ့အခါ လူ႕အဖြဲ႕အစည္းဟာ ရုပ္ပိုင္းဆိုင္ရာ အေကာင္းဆံုး ျဖစ္ဖို႔ကိုပဲ စိတ္ထဲစြဲေနတာမို႔ ေျခာက္ပစ္ကင္းသဲလဲစင္ အလွအပေနာက္လိုက္ရင္း ထင္သလို မျဖစ္တဲ့အခါ ေမွ်ာ္လင့္ခ်က္မဲ့လာတာေတြ ၊ ကိုယ့္ကိုယ္ကိုယ္ သတိမထားမိဘဲ မုန္းျခင္းေတြၾကား တဝဲလည္လည္ျဖစ္ၾကတာေတြဟာ ထံုးစံပါပဲ။ ဒါေၾကာင့္ ကၽြန္မကိုယ္ ကၽြန္မပဲ ဂရုစိုက္တယ္။ ကၽြန္မက တစ္စံုတစ္ေယာက္ကို တစ္စံုတစ္ခု သက္ေသျပဖို႕ လုပ္ေဆာင္ေနတာလည္း မဟုတ္ပါဘူး။” ဆိုျပီး ဆယ္လီနာက ေဝဖန္သူေတြကို တံု႕ျပန္ေျပာဆိုလိုက္ပါတယ္ ေယာင္းတို႔ေရ…

တစ္ပတ္ေလာက္အၾကာမွာပဲ ဆယ္လီနာက အဆိုးျမင္ေဝဖန္ခ်က္ေတြလာလာေပးတဲ့ ပရိသတ္ေတြကို ရည္ရြယ္ၿပီး “ကၽြန္မရဲ႕ ေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြကို ရွင္တို႕နဲ႕အတူ ေဝမွ်ေနတာ ျဖစ္လို႔ ကၽြန္မကို ယံုၾကည္ပါ။ ဘဝက အၿမဲတမ္း ပန္းခင္းလမ္းေတြနဲ႔ ျပည့္မေနပါဘူး။ ကိုယ့္သမိုင္းကိုယ္ ေရးၾကရၿပီး ကိုယ့္ခရီးကိုယ္ ေလွ်ာက္ရမွာပါ ဆုိတဲ့စာသားေလးကို ပညာသားပါပါ ေရးသားခဲ့ပါတယ္။

ဆယ္လီနာက အင္စတာဂရမ္မွာ followers ေတြမ်ားတဲ့ ဆယ္လီ တစ္ဦးပါ။ ဒါေပမဲ့ သူက တစ္ပတ္ကို အနည္းဆံုး တစ္ႀကိမ္ေလာက္ေတာ့ ဖုန္းထဲကေန အင္စတာဂရမ္ အက္ပလီေကးရွင္းကို delete လုပ္ထားတယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ ဓာတ္ပံုေတြေအာက္ ဝင္မန္႕တဲ့ အဆိုးျမင္ comments ေတြကေန တတ္ႏိုင္သမွ် ေဝးဖို႕ အခ်ိန္လိုတာေၾကာင့္လို႔လည္း ဆိုပါတယ္။

ဒီလိုမ်ိဳး အင္စတာဂရမ္အေကာင့္ကို ဖ်က္လိုက္တာက အေရးႀကီးတဲ့အရာေတြကို အခ်ိန္ပိုေပးႏိုင္ၿပီး သူငယ္ခ်င္းေတြနဲ႕ အျပင္ထြက္ေလွ်ာက္လည္ စကားလက္ဆံုက်လို႕ ရသလို အဓိပၸာယ္ရွိတဲ့ စကားေတြက ကိုယ္ေရာက္ေနတဲ့ ေနရာတစ္ခုမွာ ကိုယ့္ကို အၿမဲတမ္း အမွတ္ရေစတယ္ ဆိုတာ ဆယ္လီနာရဲ႕ ခံယူခ်က္ပါ။

လက္ရွိအင္စတာဂရမ္အေကာင့္မွာ followers ၁၄၁ သန္းေက်ာ္ရွိေနတဲ့ ဆယ္လီနာက သူဝတ္သမွ် အကႌ်တံဆိပ္ကုမၸဏီေတြအတြက္ပါ ဝင္ေငြရွာေပးေနသလုိပါ။ ဆယ္လီနာရဲ႕ ပို႕စ္အခ်ိဳ႕ကို မီဒီယာအက်ိဳးသက္ေရာက္မႈတန္ဖိုးအရ တြက္ၾကည့္ရင္ ပို႕စ္တစ္ခုခ်င္းစီက ေဒၚလာ ၃ သန္းခြဲနီးပါး နဲ႕ ညီမွ်ပါတယ္တဲ့။

ဂ်က္စတင္ဘီဘာ အျခားတစ္ေယာက္နဲ႕ေစ့စပ္သြားတဲ့ အခ်ိန္မွာေတာင္ ေဝဖန္သူေတြကို ဂရုမစိုက္ဘဲ ကိုယ့္စတုိင္နဲ႕ကိုယ္ေနခဲ့တာဆိုေတာ့ အင္စတာဂရမ္ေပၚက အမည္မသိတဲ့ အေကာင့္ေတြနဲ႕ ထင္ျမင္ခ်က္ေပးတာေလာက္ကေတာ့ မႈစရာေတာင္မလိုပါဘူး ဆယ္လီနာေလးရယ္…

Credit: Ei Mon (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    ဘယ်လောက်ချစ်စရာကောင်းတဲ့ ခံယူချက်လေးလဲ…

ဆိုရှယ်မီဒီယာတွေက ပျော်ဖို့ကောင်းသလို သုံးတတ်မယ်ဆိုရင် အွန်လိုင်းပေါ်က ကိုယ့်ရဲ့ လူမှုကွန်ရက် ကိုလည်း ကျယ်ပြန့်စေပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဆိုရှယ်မီဒီယာတွေထဲက ထွက်ပြီး ပြင်ပဘဝအစစ်ထဲက လူတွေနဲ့ ပြောဆိုဆက်ဆံရတာက ပိုကောင်းပါတယ်။ ခဏခဏ ဆိုသလို ဆိုရှယ်မီဒီယာတွေနဲ့ ဝေးဝေးနေတာက စိတ်ရဲ့ အာဟာရဖြစ်သလို ကိုယ့်အနားမှာ ဖြစ်ပျက်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်အကြောင်းလည်း ပိုသိရပါတယ်။

အိမွန်တို့လို ဆောင်းပါးရှင်တွေတောင် အမြဲတမ်းသတင်းရယူဖို့ ဖေ့စ်ဘွတ်ကို ဖွင့်ကြည့်နေရတယ်ဆိုရင် ဆယ်လီနာဂိုးမက်စ်တို့လို ဆယ်လီတွေက အင်စတာဂရမ်မှာ အမြဲမပြတ် ပရိသတ်တွေနဲ့ ဆက်သွယ်မှုတွေရှိအောင် လုပ်ယူရမယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ဖေ့စ်ဘွတ်မှာ အမုန်းစကားတွေနဲ့ တိုက်ခိုက်တာတွေရှိသလို အင်စတာဂရမ်မှာလည်း အမည်သေချာ မဖော်ပြတဲ့ အကောင့်တုတွေနဲ့အနုပညာရှင်တွေကို ဝေဖန်ပြောဆိုတာတွေလည်း ရှိပါတယ်။

ဆယ်လီနာက ငယ်ရွယ်ချောမောပြီး ချမ်းသာကြွယ်ဝတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ဒီလိုဝေဖန်မှုတွေလောက်တော့ အပျော့ပါလို့ မထင်လိုက်ပါနဲ့။ ရိုင်းစိုင်းတဲ့ ဝေဖန်မှုတွေက သူ့အပေါ် သက်ရောက်မှု ရှိပါတယ်။ “လှောင်ပြောင်သရော်ခံရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ယိမ်းယိုင်တတ်တဲ့ လူတွေထဲက လူတစ်ယောက်ဖြစ်လို့ ကျွန်မလိုလူတောင် ဒီလိုဆိုရင် ကျွန်မ ပရိသတ်တွေအတွက် လှောင်ပြောင်မှုတွေကို ဘယ်လောက်တောင် ခံစားရမလဲဆိုတာ ကျွန်မနားလည် ကိုယ်ချင်းစာပါတယ်လို့ ဆယ်လီနာက ဆိုပါတယ်။

ဒါပေမဲ့ ဆယ်လီနာကတော့ သူ့ရဲ့ဘဝကိုပဲ အာရုံစိုက်ပြီး အဆိုးမြင်သမားတွေကို မမှုခဲ့သလို အခြားလူတွေကိုလည်း ဒီအတိုင်းပဲ ပြုမူဖို့ အကြံပေးထားပါတယ်နော်။ ဒီနှစ်အစောပိုင်းတုန်းက အီတလီ ဒီဇိုင်နာ စတီဖာနို ဂပ်ဘာနာ ရဲ့ ဂယက်မှာလည်း ဒီနည်းလမ်းအတိုင်းပဲ သူကျင့်သုံးခဲ့ပါတယ်တဲ့။ စတီဖာနိုက ဆယ်လီနာကို ရုပ်ဆိုးတယ်လို့ အင်စတာဂရမ်မှာ ပြောလိုက်တဲ့ စကားက သတင်းမီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ ဆယ်လီနာရဲ့ အမေနဲ့ မိုင်းလေဆိုင်းရပ်စ် အပါအဝင် အနုပညာရှင်တွေက သူမဘက်က ကာကွယ်ပြောဆိုပေခဲ့ပေမဲ့ ဆယ်လီနာက တစ်ခွန်းမှ မဟခဲ့ပါဘူး။

“ ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ပါပဲ။ အဆင်မပြေတဲ့ အရာကို စိတ်ထဲမှာ လက်မခံထားတဲ့အခါ အခြားသူတွေလို မခံစားရတော့ပါဘူး။ ကျွန်မကို မုန်းတဲ့လူတွေကို ဂရုမစိုက်ပါဘူး။ ကျွန်မကိုချစ်တဲ့ ပရိသတ်တွေအတွက် ကျွန်မကိုယ်ကျွန်မ ဒီလိုလက်ခံနိုင်ဖို့ ကြိုးစားတယ်။ ကျွန်မပရိသတ်တွေကို ပြောချင်တာက ကျွန်မကလည်း သူတို့လိုပါပဲလို့” ဆိုပြီး ဆယ်လီနာက ရေးသားခဲ့ပါတယ်။

“အလှအပ ကို လွဲမှားစွာ ယုံကြည်ကြတဲ့အခါ လူ့အဖွဲ့အစည်းဟာ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ဖြစ်ဖို့ကိုပဲ စိတ်ထဲစွဲနေတာမို့ ခြောက်ပစ်ကင်းသဲလဲစင် အလှအပနောက်လိုက်ရင်း ထင်သလို မဖြစ်တဲ့အခါ မျှော်လင့်ချက်မဲ့လာတာတွေ ၊ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ မုန်းခြင်းတွေကြား တဝဲလည်လည်ဖြစ်ကြတာတွေဟာ ထုံးစံပါပဲ။ ဒါကြောင့် ကျွန်မကိုယ် ကျွန်မပဲ ဂရုစိုက်တယ်။ ကျွန်မက တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု သက်သေပြဖို့ လုပ်ဆောင်နေတာလည်း မဟုတ်ပါဘူး။” ဆိုပြီး ဆယ်လီနာက ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုလိုက်ပါတယ် ယောင်းတို့ရေ…

တစ်ပတ်လောက်အကြာမှာပဲ ဆယ်လီနာက အဆိုးမြင်ဝေဖန်ချက်တွေလာလာပေးတဲ့ ပရိသတ်တွေကို ရည်ရွယ်ပြီး “ကျွန်မရဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ရှင်တို့နဲ့အတူ ဝေမျှနေတာ ဖြစ်လို့ ကျွန်မကို ယုံကြည်ပါ။ ဘဝက အမြဲတမ်း ပန်းခင်းလမ်းတွေနဲ့ ပြည့်မနေပါဘူး။ ကိုယ့်သမိုင်းကိုယ် ရေးကြရပြီး ကိုယ့်ခရီးကိုယ် လျှောက်ရမှာပါ ဆိုတဲ့စာသားလေးကို ပညာသားပါပါ ရေးသားခဲ့ပါတယ်။

ဆယ်လီနာက အင်စတာဂရမ်မှာ followers တွေများတဲ့ ဆယ်လီ တစ်ဦးပါ။ ဒါပေမဲ့ သူက တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖုန်းထဲကနေ အင်စတာဂရမ် အက်ပလီကေးရှင်းကို delete လုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေအောက် ဝင်မန့်တဲ့ အဆိုးမြင် comments တွေကနေ တတ်နိုင်သမျှ ဝေးဖို့ အချိန်လိုတာကြောင့်လို့လည်း ဆိုပါတယ်။

ဒီလိုမျိုး အင်စတာဂရမ်အကောင့်ကို ဖျက်လိုက်တာက အရေးကြီးတဲ့အရာတွေကို အချိန်ပိုပေးနိုင်ပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်လျှောက်လည် စကားလက်ဆုံကျလို့ ရသလို အဓိပ္ပာယ်ရှိတဲ့ စကားတွေက ကိုယ်ရောက်နေတဲ့ နေရာတစ်ခုမှာ ကိုယ့်ကို အမြဲတမ်း အမှတ်ရစေတယ် ဆိုတာ ဆယ်လီနာရဲ့ ခံယူချက်ပါ။

လက်ရှိအင်စတာဂရမ်အကောင့်မှာ followers ၁၄၁ သန်းကျော်ရှိနေတဲ့ ဆယ်လီနာက သူဝတ်သမျှ အင်္ကျီတံဆိပ်ကုမ္ပဏီတွေအတွက်ပါ ဝင်ငွေရှာပေးနေသလိုပါ။ ဆယ်လီနာရဲ့ ပို့စ်အချို့ကို မီဒီယာအကျိုးသက်ရောက်မှုတန်ဖိုးအရ တွက်ကြည့်ရင် ပို့စ်တစ်ခုချင်းစီက ဒေါ်လာ ၃ သန်းခွဲနီးပါး နဲ့ ညီမျှပါတယ်တဲ့။

ဂျက်စတင်ဘီဘာ အခြားတစ်ယောက်နဲ့စေ့စပ်သွားတဲ့ အချိန်မှာတောင် ဝေဖန်သူတွေကို ဂရုမစိုက်ဘဲ ကိုယ့်စတိုင်နဲ့ကိုယ်နေခဲ့တာဆိုတော့ အင်စတာဂရမ်ပေါ်က အမည်မသိတဲ့ အကောင့်တွေနဲ့ ထင်မြင်ချက်ပေးတာလောက်ကတော့ မှုစရာတောင်မလိုပါဘူး ဆယ်လီနာလေးရယ်…

Credit: Ei Mon (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top