iMyanmarHouse.com - Best Property Website for Myanmar
×

စိုေတာက္ၾကည္လင္ေနတဲ့အသားအေရေလးရဖုိ႔ သူတုိ႔ကကူညီႏုိင္သတဲ့ …..

ေယာင္းတုိ႔ရဲ႕ အသားအေရေလး ၾကည္လင္စိုျပည္ေခ်ာေမြ႔လာေအာင္ ကူညီေပးႏုိင္မယ့္ သဘာဝဆီ ငါးမ်ိဳးအေၾကာင္းကို အက္ဒ္မင္ေျပာျပေပးမယ္ေနာ္။ အဲဒီဆီေတြက ဟိုအရင္ေခတ္ကတည္းကေန ဒီေန႔ေခတ္အထိ အမ်ိဳးသမီးေတြအသံုးျပဳေနဆဲ ဆီ ေတြလည္းျဖစ္ပါတယ္။ အရည္အေသြးျမင့္သဘာဝပစၥည္းေတြမို႔ တစ္ခုခ်င္းအေၾကာင္းေသခ်ာေျပာျပမယ္ေနာ္။

၁။ သံလြင္ဆီ

သံလြင္ဆီရဲ႕ အံ့မခန္းအစြမ္းေတြအေၾကာင္းကိုေတာ့ ေယာင္းတုိ႔ကို အထူးတလည္ေျပာစရာလိုမယ္မထင္ဘူးေနာ္။ သံလြင္ဆီက ေခါင္းအစေျခအဆံုးအသံုးျပဳႏိုင္သလို တကယ္လည္း အစြမး္ထက္တဲ့ သဘာဝ ဆီတစ္မ်ိဳးပါ။ သူ႔ရဲ႕အားနည္းခ်က္ကေတာ့ အနံ႔ေပါ့.. သူ႕အနံ႔ကို ႀကိဳက္တဲ့သူ နည္းပါတယ္။ သံလြင္ဆီကို အေရျပားအေပၚယံမွာ လိမ္းလို႔ရရံုတင္မကဘဲ ေသာက္လုိ႔၊စားလို႔ရတဲ့ သံလြင္ဆီကို စားၿပီးေတာ့လည္း အေရျပားအတြက္ အားျဖည့္လို႔ ရပါေသးတယ္ေနာ္။

၂။ အုန္းဆီ

အုန္းဆီကေတာ့ ေရွးျမန္မာအမ်ိဳးသမီးေတြ အသည္းစြဲပဲေလ။ ဒီဘက္ေခတ္လူငယ္ေတြကေတာ့ အုန္းဆီဆုိရင္ နည္းနည္းအထင္ေသးတတ္ၾကတယ္ ထင္ပါတယ္။ တကယ္ေတာ့ အုန္းဆီဟာလည္း သဘာဝအရည္အေသြးျမင့္ ဆီတစ္မ်ိဳးပါ။ အခုဆိုရင္ ေဈးကြက္ထဲမွာ ေနာက္ဆံုးေပၚနည္းေတြနဲ႔ထုတ္လုပ္ထားတဲ့ သဘာဝအုန္းဆီေတြကို လြယ္လြယ္ကူကူဝယ္ယူၿပီး အသားအေရတင္မက ေခါင္းအစ ေျခအဆံုးအားျဖည့္လုိ႔လည္း ရႏုိင္ပါၿပီေနာ္။

၃။ ဗာဒံေစ့ဆီ

ဗာဒံေစ့ဆီဟာ ဗီတာမင္ E ၊ ပ႐ိုတင္း၊ ဇင့္၊ ပိုတက္ဆီယမ္ အစ႐ွိတဲ့ ဓာတ္ေတြၾကြယ္ဝပါတယ္။ သူ႔ကုိလည္း ေခါင္းအစေျခအဆံုးသံုးလို႔ရၿပီး သံလြင္ဆီထက္စာရင္ ဆီကသိပ္မပ်စ္လုိ႔ မိန္းကေလးေတြပိုႀကိဳက္ၾကမယ္ထင္ပါတယ္။ သူ႔ရဲ႕အားနည္းခ်က္တစ္ခုက ဓာတ္မတည့္မႈေတြ ျဖစ္တတ္တာေၾကာင့္ ပံုမွန္ ဓာတ္မတည့္တဲ့ အခံရွိတဲ့သူေတြသံုးမယ္ဆိုရင္ စမ္းသပ္ၿပီးမွ သံုးတာအေကာင္းဆံုးပါပဲ။

၄။ Tea Tree ဆီ

အခုေနာက္ပိုင္း လူႀကိဳက္မ်ားလာတဲ့ ဆီတစ္မ်ိဳးကေတာ့ Tea Tree ဆီျဖစ္ပါတယ္။ သူရဲ႕အစြမ္းကေတာ့ ဝက္ၿခံေတြကို ေလ်ာ့ပါးေစတာပါ။ သူ႔ရဲ႕ သဘာဝပစၥည္းထဲမွာကိုက ဝက္ၿခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို တုိက္ႏုိင္တဲ့ အစြမး္႐ွိပါတယ္။ ေဈးကြက္ထဲမွာ Tea Tree ဆီ သီးသန္႔ေရာ၊ Tea Tree နဲ႔လုပ္ထားတဲ့ SkinCare ေတြေရာ ေယာင္းတို႔ လြယ္လြယ္ကူကူဝယ္လုိ႔ရေနပါၿပီေနာ္။

၅။ Jojoba ဆီ

Jojoba ဆီကလည္း အခုေနာက္ပိုင္းလူႀကိဳက္မ်ားလာတဲ့ အသားအေရထိန္းသိမ္းရာမွာ အေရးပါတဲ့ ဆီေတြပါပဲ။ သူ႔ကို အသားအေရစိုျပည္ေစဖုိ႔ အစိုဓာတ္ထိန္းေဆး အေနနဲ႔လည္း သံုးလို႔ရပါတယ္။ အေရးအေၾကာင္းျဖစ္တာေတြ၊ ဝက္ၿခံေတြကို ေလ်ာ့ပါးေစတဲ့အစြမး္ေတြရွိပါတယ္။ ေယာင္းတို႔ သံုးခ်င္တယ္ဆုိရင္ေတာ့ ဆီ သီးသန္႔အေနနဲ႔ထက္ Jojoba ဆီပါတဲ့ Skin Care ပစၥည္းေတြဝယ္ဖုိ႔ ပိုလြယ္ပါတယ္။

အခုအက္ဒ္မင္ေျပာခဲ့တဲ့ သဘာဝဆီေတြက ျမန္မာႏိုင္ငံေဈးကြက္ထဲမွာလြယ္လြယ္ကူကူဝယ္လုိ႔ရမယ့္ ဆီေလးေတြပါ။ အသားအေရအတြက္ အားျဖည့္ေပးမယ့္ သဘာဝဆီေတြကိုသံုးၿပီး ဝင္းလက္စိုျပည္တဲ့ အသားအေရကို ပိုင္ဆုိင္ႏုိင္ၾကပါေစလုိ႔ အက္ဒ္မင္ဆုေတာင္းလုိက္ပါတယ္ေနာ္။

Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
စိုတောက်ကြည်လင်နေတဲ့အသားအရေလေးရဖို့ သူတို့ကကူညီနိုင်သတဲ့ …..

ယောင်းတို့ရဲ့ အသားအရေလေး ကြည်လင်စိုပြည်ချောမွေ့လာအောင် ကူညီပေးနိုင်မယ့် သဘာဝဆီ ငါးမျိုးအကြောင်းကို အက်ဒ်မင်ပြောပြပေးမယ်နော်။ အဲဒီဆီတွေက ဟိုအရင်ခေတ်ကတည်းကနေ ဒီနေ့ခေတ်အထိ အမျိုးသမီးတွေအသုံးပြုနေဆဲ ဆီ တွေလည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်သဘာဝပစ္စည်းတွေမို့ တစ်ခုချင်းအကြောင်းသေချာပြောပြမယ်နော်။

၁။ သံလွင်ဆီ

သံလွင်ဆီရဲ့ အံ့မခန်းအစွမ်းတွေအကြောင်းကိုတော့ ယောင်းတို့ကို အထူးတလည်ပြောစရာလိုမယ်မထင်ဘူးနော်။ သံလွင်ဆီက ခေါင်းအစခြေအဆုံးအသုံးပြုနိုင်သလို တကယ်လည်း အစွမ်းထက်တဲ့ သဘာဝ ဆီတစ်မျိုးပါ။ သူ့ရဲ့အားနည်းချက်ကတော့ အနံ့ပေါ့.. သူ့အနံ့ကို ကြိုက်တဲ့သူ နည်းပါတယ်။ သံလွင်ဆီကို အရေပြားအပေါ်ယံမှာ လိမ်းလို့ရရုံတင်မကဘဲ သောက်လို့၊စားလို့ရတဲ့ သံလွင်ဆီကို စားပြီးတော့လည်း အရေပြားအတွက် အားဖြည့်လို့ ရပါသေးတယ်နော်။

၂။ အုန်းဆီ

အုန်းဆီကတော့ ရှေးမြန်မာအမျိုးသမီးတွေ အသည်းစွဲပဲလေ။ ဒီဘက်ခေတ်လူငယ်တွေကတော့ အုန်းဆီဆိုရင် နည်းနည်းအထင်သေးတတ်ကြတယ် ထင်ပါတယ်။ တကယ်တော့ အုန်းဆီဟာလည်း သဘာဝအရည်အသွေးမြင့် ဆီတစ်မျိုးပါ။ အခုဆိုရင် ဈေးကွက်ထဲမှာ နောက်ဆုံးပေါ်နည်းတွေနဲ့ထုတ်လုပ်ထားတဲ့ သဘာဝအုန်းဆီတွေကို လွယ်လွယ်ကူကူဝယ်ယူပြီး အသားအရေတင်မက ခေါင်းအစ ခြေအဆုံးအားဖြည့်လို့လည်း ရနိုင်ပါပြီနော်။

၃။ ဗာဒံစေ့ဆီ

ဗာဒံစေ့ဆီဟာ ဗီတာမင် E ၊ ပရိုတင်း၊ ဇင့်၊ ပိုတက်ဆီယမ် အစရှိတဲ့ ဓာတ်တွေကြွယ်ဝပါတယ်။ သူ့ကိုလည်း ခေါင်းအစခြေအဆုံးသုံးလို့ရပြီး သံလွင်ဆီထက်စာရင် ဆီကသိပ်မပျစ်လို့ မိန်းကလေးတွေပိုကြိုက်ကြမယ်ထင်ပါတယ်။ သူ့ရဲ့အားနည်းချက်တစ်ခုက ဓာတ်မတည့်မှုတွေ ဖြစ်တတ်တာကြောင့် ပုံမှန် ဓာတ်မတည့်တဲ့ အခံရှိတဲ့သူတွေသုံးမယ်ဆိုရင် စမ်းသပ်ပြီးမှ သုံးတာအကောင်းဆုံးပါပဲ။

၄။ Tea Tree ဆီ

အခုနောက်ပိုင်း လူကြိုက်များလာတဲ့ ဆီတစ်မျိုးကတော့ Tea Tree ဆီဖြစ်ပါတယ်။ သူရဲ့အစွမ်းကတော့ ဝက်ခြံတွေကို လျော့ပါးစေတာပါ။ သူ့ရဲ့ သဘာဝပစ္စည်းထဲမှာကိုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဈေးကွက်ထဲမှာ Tea Tree ဆီ သီးသန့်ရော၊ Tea Tree နဲ့လုပ်ထားတဲ့ SkinCare တွေရော ယောင်းတို့ လွယ်လွယ်ကူကူဝယ်လို့ရနေပါပြီနော်။

၅။ Jojoba ဆီ

Jojoba ဆီကလည်း အခုနောက်ပိုင်းလူကြိုက်များလာတဲ့ အသားအရေထိန်းသိမ်းရာမှာ အရေးပါတဲ့ ဆီတွေပါပဲ။ သူ့ကို အသားအရေစိုပြည်စေဖို့ အစိုဓာတ်ထိန်းဆေး အနေနဲ့လည်း သုံးလို့ရပါတယ်။ အရေးအကြောင်းဖြစ်တာတွေ၊ ဝက်ခြံတွေကို လျော့ပါးစေတဲ့အစွမ်းတွေရှိပါတယ်။ ယောင်းတို့ သုံးချင်တယ်ဆိုရင်တော့ ဆီ သီးသန့်အနေနဲ့ထက် Jojoba ဆီပါတဲ့ Skin Care ပစ္စည်းတွေဝယ်ဖို့ ပိုလွယ်ပါတယ်။

အခုအက်ဒ်မင်ပြောခဲ့တဲ့ သဘာဝဆီတွေက မြန်မာနိုင်ငံဈေးကွက်ထဲမှာလွယ်လွယ်ကူကူဝယ်လို့ရမယ့် ဆီလေးတွေပါ။ အသားအရေအတွက် အားဖြည့်ပေးမယ့် သဘာဝဆီတွေကိုသုံးပြီး ဝင်းလက်စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အက်ဒ်မင်ဆုတောင်းလိုက်ပါတယ်နော်။

Credit: Sugar Cane (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top