iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေမြးလမ္းေၾကာင္းဆိုတာ လိင္အဂၤါတစ္ခုအျဖစ္လုပ္ေဆာင္တဲ့အျပင္ ကေလးေမြးဖြားရာ လမ္းေၾကာင္းတစ္ခု အျဖစ္လည္း လုပ္ေဆာင္ပါတယ္။ အမ်ိဳးသမီး တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္သားအ႐ြယ္အစား၊ လက္နဲ႔ ေျခေထာက္ေတြ မတူၾကသလိုပဲ ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ အရွည္ကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။

ေလ့လာခ်က္တစ္ခုအရ အမ်ိဳးသမီးေတြရဲ႕ ပွ်မ္းမွ်ေမြးလမ္းေၾကာင္း အရွည္ဟာ ၃.၇၇ လက္မ (၉.၆ စင္တီမီတာ) ရွိတယ္လို႔ ဆိုထားပါတယ္။ တစ္ျခားေသာ ေလ့လာခ်က္ေတြအရေတာ့ ပွ်မ္းမွ် ေမြးလမ္းေၾကာင္းရဲ႕ အရွည္ဟာ ၃ လက္မေန ၇ လက္မ (၇.၆ စင္တီမီတာ ကေန ၁၇.၇ စင္တီမီတာ ) အထိရွိႏိုင္တယ္လို႔ဆိုထားပါတယ္။ ေမြးလမ္းေၾကာင္းေတြရဲ႕ အလ်ားဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကတဲ့အတြက္ လိင္ဆက္ဆံေဖာ္ေတြေတာင္ ေသခ်ာမသိႏိုင္ၾကပါဘူး။

ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ ပုံပန္းသြင္ျပင္နဲ႔ အ႐ြယ္အစား။

ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ အရွည္ဆိုတာ ေမြးလမ္းေၾကာင္းအဝကေန သားအိမ္ေခါင္းထိ အလ်ားကို တိုင္းတာရတာ ျဖစ္ပါတယ္။ ၿဗိတိန္ သားဖြားမီးယပ္ဂ်ာနယ္မွ ေလ့လာခ်က္အရေတာ့ ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ ပွ်မ္းမွ် အ႐ြယ္အစားဟာ ၃.၇၇ လက္မ (၉.၆ စင္တီမီတာ ) ရွိၿပီး အ႐ြယ္အစားနဲ႔ ပုံပန္း သြင္ျပင္ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး လို႔ဆိုထားပါတယ္။ တကယ္တမ္း ေမြးလမ္းေၾကာင္းရဲ႕ အရွည္ဟာ ၇ လက္မ (၁၇.၇ စင္တီမီတာ အထိ) ရွည္လ်ားႏိုင္ပါတယ္။

ေမြးလမ္းေၾကာင္းရဲ႕ အတြင္းမွာ Mucosa လို႔ေခၚတဲ့ တစ္ရႈးအျပင္ တစ္ျခား တစ္ရႈးအမ်ိဳးအစား ေတြလည္းပါဝင္ပါတယ္။ Mucosa ဆိုတဲ့ တစ္ရႈးလ္က ဘယ္လိုအလုပ္လုပ္ေပးသလဲ ဆိုေတာ့ ေမြးလမ္းေၾကာင္းနံရံေတြ ျပန္႕ကားႏိုင္ေအာင္ ေခ်ာဆီအရည္ေတြ စစ္ထုတ္ေပးတဲ့ ဆဲလ္ေတြ ျဖစ္ပါတယ္။

အမ်ိဳးသမီးအဂၤါရဲ႕ အျပင္ပိုင္းအစိတ္အပိုင္းကိုေတာ့ Vulva (အမ်ိဳးသမီးအဂၤါ ႏႉတ္ခမ္းဝ) လို႔ ေခၚပါတယ္။ ဒီအမ်ိဳးသမီး အဂၤါႏႈတ္ခမ္းဝမွာေတာ့ labia minora နဲ႔ Majora လိုေခၚတဲ့ အမ်ိဳးသမီး အဂၤါရဲ႕ ႏႈတ္ခမ္းသားအစိတ္အပိုင္းေတြ ပါဝင္ပါတယ္။ ဒီအမ်ိဳးသမီးအဂၤါ ရဲ႕ ပုံပန္းသြင္ျပင္ကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး။ ဒီအဂၤါ ႏႈတ္ခမ္းသားေတြဟာ တစ္ျခားခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းေတြနဲ႔ အေရာင္တူတူပဲ ျဖစ္ႏိုင္သလို တစ္ျခားေသာ အဂၤါ အစိတ္အပိုင္းေတြ ထက္လည္း ပိုမည္းေနႏိုင္ပါတယ္။ labia majora ရဲ႕ အလ်ားကကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ မတူႏိုင္ဘဲ ၂.၇ လက္မကေန ၄.၇ လက္မ (၇ ကေန ၁၂ စင္တီမီတာ အထိ ရွိႏိုင္ပါတယ္။) အမ်ိဳးသမီး အဂၤါ အေစ့(clitoris) ရဲ႕ အလ်ားကေတာ့ ဝ.၁ ကေန ၁.၃ စင္တီမီတာ (၅ မီလီမီတာ မွ ၃၅ မီလီမီတာ) အထိရွိပါတယ္။ သို႔ေပမဲ့ အမ်ိဳးသမီး အဂၤါအေစ့က အမ်ိဳးသမီးလိင္စိတ္ျပင္းထန္လာတဲ့ အခါမွာေရာင္လာၿပီး ႀကီးလာႏိုင္ပါတယ္။

အမ်ိဳးသမီးေမြးလမ္းရဲ႕ အ႐ြယ္အစားကို ဘာက သက္ေရာက္မႈရွိပါသလဲ။

ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ အ႐ြယ္အစားနဲ႔ အလ်ားက အေျခအေန၊ အေၾကာင္းရင္းေတြေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။ ေမြးလမ္းေၾကာင္းဟာ မီးယပ္လာခ်ိန္ ရာသီေသြးထိန္းရန္ ထည့္ရေသာ အေတာင့္ (Tampon)၊ လက္ေခ်ာင္းနဲ႔ လိင္တံတို႔ဝင္တဲ့ အခါမွာ လုံေလာက္ေအာင္ ဆြဲဆန္႕ႏုိင္ပါတယ္။ လိင္စိတ္မ်ားျပားလာတဲ့ အခ်ိန္မွာ ေမြးလမ္းေၾကာင္းထဲကို ေသြးမ်ားပိုစီးဆင္းလာပါတယ္။ ဒီလို ေသြးစီးဆင္းလာတဲ့အခါမွာ ေမြးလမ္းေၾကာင္းဟာ သားအိမ္ရဲ႕ အစျဖစ္တဲ့ သားအိမ္ေခါင္းအထိပိုၿပီး လိင္တံ၊ လက္ေခ်ာင္း၊ Sex toy ေတြကို ေမြးလမ္းေၾကာင္းထဲသို႔ ဝင္လာႏုိင္ေအာင္ ရွည္လ်ားလာေစပါတယ္။ ဒီလို ေမြးလမ္းေၾကာင္းက လိင္စိတ္ျပင္းထန္လာခ်ိန္ ျပန္႕ကားသြားတယ္ဆိုေပမဲ့ ႀကီးမားတဲ့လိင္တံေတြနဲ႔ ႀကီးမားတဲ့ Sex toy ေတြက လိင္ဆက္ဆံခ်ိန္ နာက်င္ေစႏိုင္ပါေသးတယ္။

အခ်ိန္ၾကာလာတာနဲ႔အမွ် ေမြးလမ္းေၾကာင္းတစ္ခုက ဘယ္လိုေျပာင္းလဲသြားသလဲ။

ကေလးေမြးၿပီးသား ေမြးလမ္းေၾကာင္းနဲ႔ မေမြးရေသးတဲ့ ေမြးလမ္းေၾကာင္းေတြရဲ႕ အလ်ားဟာ ဘာကြာျခားမႈမွ မရွိဘူးလို႔ ေလ့လာခ်က္ေတြ ကဆိုပါတယ္။ ဒါ့အျပင္ ေမြးလမ္းေၾကာင္းတစ္ခုဟာ ပုံပန္းသြင္ျပင္နဲ႔ အတြင္းပိုင္း အစိတ္အပိုင္းဖြဲ႕စည္းပုံေတြလည္း ေျပာင္းလဲသြားျခင္းမရွိပါဘူး။ ဒါ့အျပင္ ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ အလ်ားဟာ အသက္ႀကီးလာရင္လည္း ေျပာင္းလဲသြားျခင္းမရွိပါဘူး။

သို႔ေပမဲ့ labia ၂ ခုျဖစ္တဲ့ labia majora လို႔ေခၚတဲ့ အမ်ိဳးသမီး အဂၤါဇာတ္ရဲ႕ အျပင္ဘက္ႏႈတ္ခမ္းႀကီးနဲ႔ labia majora ၂ ခုၾကားမွာရွိတဲ့ labia minora လို႔ေခၚတဲ့ အတြင္းပိုင္း ႏႈတ္ခမ္းေသးတို႔နဲ႔ ဖြဲ႕စည္းထားတဲ့ Labia တုိ႕ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုၿပီးေသးသြားႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခႏၶာကိုယ္တြင္း အီစ႐ိုဂ်င္ ေဟာ္မုန္း ထုတ္လုပ္မႈဟာ အသက္ႀကီးလာတာနဲ႔ အမွ် ေလ်ာ့နည္းသြားပါတယ္။ ဒီလိုေလ်ာ့နည္းသြားတဲ့ အခါမွာ ခႏၶာကိုယ္က အဆီေတြနဲ႔ ကိုလာဂ်င္ ပ႐ိုတင္းတို႔လည္း နည္းပါးသြားတာေၾကာင့္ Labia ေတြပိုေသးသြားတာ ျဖစ္ပါတယ္။

ဒီလိုအသက္ႀကီးလာတဲ့နဲ႔ အမွ် ေဟာ္မုန္းေျပာင္းလဲမႈ ျဖစ္ၿပီး လိင္အဂၤါအေရာင္ေတြကလည္း ပိုၿပီး ႏုသြားႏိုင္လို ပိုၿပီး အေရာင္နက္သြားႏုိင္ပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ ကေလးေမြးၿပီးေနာက္ ေမြးလမ္းေၾကာင္းက အနည္းငယ္ေျပာင္းလဲသြားတာကို ခံစားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒါက စိုးရိမ္စရာမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလို ခံစားရတာဟာ ကေလးေမြးစဥ္မွာ ကေလးရဲ႕ အ႐ြယ္အစားအလိုက္ ေမြးလမ္းေၾကာင္းေတြက ခ်ဲ႕ထားရတဲ့ အတြက္ျဖစ္ပါတယ္။ ဒီျဖစ္စဥ္က အၿမဲတမ္း ျဖစ္သြားမွာ မဟုတ္ပါဘူး။ မၾကာခင္ပုံမွန္အတိုင္း ျပန္ျဖစ္သြားမွာပါ။

တကယ္လို႕ အမ်ိဳးသမီးတစ္ဦးက ကေလးေမြးဖြားၿပီးေနာက္ တစ္မ်ိဳးျဖစ္ေနတယ္လို႔ ခံစားေနရရင္ Kegel ေလ့က်င့္ခန္းေတြ လုပ္ေဆာင္သင့္ပါတယ္။ Kegel ေလ့က်င့္ခန္းဟာ ဆီးသြားျခင္းကို ထိန္းခ်ဳပ္ေပးတဲ့ ႂကြက္သားေတြကို ညႇစ္၊ ဆန္႕ကာ ေလ့က်င့္ရတဲ့ ေလ့က်င့္ခန္းျဖစ္ၿပီး တင္ပါးဆုံေအာက္ေျခ ႂကြက္သားေတြကိုသန္မာေစပါတယ္။

အမ်ိဳးသမီးေမြးလမ္းေၾကာင္း အ႐ြယ္အစားနဲ႔ လိင္တံအလ်ား။

ေထာင္မတ္ေနတဲ့ လိင္တံတစ္ခုရဲ႕ အလ်ားဟာ ပုံမွန္ေမြးလမ္းေၾကာင္းတစ္ခုထက္ ၃၃ ရာခိုင္ႏႈန္းေလာက္ ပိုရွည္ေနပါတယ္။ ေမြးလမ္းေၾကာင္းနဲ႔ လိင္တံအ႐ြယ္အစားက တစ္ေယာက္နဲ႔ တစ္ေယာက္ကြာျခားႏိုင္ေပမဲ့ ဒီအဂၤါေတြဟာ တစ္ခုနဲ႔ တစ္ခု လိုက္ေလ်ာ ညီေထြ ျဖစ္ေအာင္ ေနထိုင္ႏိုင္ၾကပါတယ္။ ၂၀၁၅ ခုႏွစ္က ေလ့လာခ်က္တစ္ခုအရ သာမန္ ေထာင္မတ္ေနတဲ့ လိင္တံတစ္ခုရဲ႕ အလ်ားဟာ ၅ လက္မ (၁၃.၁၂ စင္တီမီတာ) ရွိတယ္လို႔ဆိုပါတယ္။ အမ်ိဳးသားအမ်ားစုက လိင္တံကို ရွိရင္းစြဲ အလ်ားထက္ ပိုႀကီးခ်င္ၾကေပမဲ့ အမ်ိဳးသမီး အခ်ိဳ႕ကေတာ့ သူတို႔ အေဖာ္ရဲ႕ လိင္တံဟာ သာမန္အလ်ားထက္ ပိုႀကီးေနရင္ သူတို႔အတြက္ သက္ေတာင့္သက္သာ မျဖစ္ဘူးလို႔ ဆိုထားပါတယ္။

တကယ္လို႔ လိင္တံ သို႔မဟုတ္ Sexy Toy ေတြက သားအိမ္ေခါင္းကို သြားထိမယ္ဆိုရင္ နာက်င္ႏိုင္တဲ့ အတြက္ သင့္ေတာ္တဲ့ ေခ်ာဆီသုံးတာမ်ိဳး၊ ကိုယ့္ အေဖာ္ကို ပြင့္ပြင့္လင္းလင္းေျပာျပတာမ်ိဴးက လိင္ခံစားမႈကို ပိုၿပီးေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

မိမိကိုယ္ကို ကာကြယ္ဂ႐ုစိုက္နည္းစနစ္မ်ား။

က်န္းမာတဲ့ ေမြးလမ္းေၾကာင္းတစ္ခု ျဖစ္ေနေစဖို႔ အတြက္ လုပ္ေဆာင္ရမယ့္ အခ်က္ေတြကေတာ့-

     ေမြးလမ္းေၾကာင္းကို အရမ္းအနံ႔ျပင္းတဲ့ ေရခ်ိဳးဆပ္ျပာေတြနဲ႔ မေဆးေၾကာရန္၊ Tampon ကို အရမ္း အနံ႔ျပင္းတဲ့ ေဆးေတြနဲ႔ မေဆးျခင္း၊ အရမ္းအနံ႔ျပင္းတဲ့ ေရေမႊမ်ား သုံးစြဲျခင္းကို ေရွာင္ၾကဥ္ျခင္း။
    ရာသီေသြးထိန္းအခ်ပ္မ်ားကို ပုံမွန္လဲေပးျခင္း။
    ကူးစက္ေရာဂါ ရႏိုင္ေျခကို နည္းပါးေစရန္အတြက္ အဝတ္အစားအစိုမ်ားနဲ႔ ေရကူးဝတ္စုံတို႔ကို တတ္ႏိုင္သမွ် အျမန္လဲျခင္း။
    မီးယပ္လာခ်ိန္တြင္ ရာသီေသြးထိန္းရန္ ထည့္ရတဲ့ အေတာင့္ (Tampon) မ်ားကို မၾကာခဏ လဲေပးျခင္း။
    လိင္မွတစ္ဆင့္ ကူးစက္ေရာဂါ ကာကြယ္နည္းမ်ားကို လိင္ဆက္ဆံခ်ိန္ အသုံးျပဳျခင္း။
    အဝတ္အစားအၾကပ္ေတြဟာ ယားယံျခင္းနဲ႔ ေခြၽးတရားလြန္ထြက္ေစႏိုင္တဲ့ အတြက္မဝတ္ဆင္ၾကရန္။
    ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါေတြ ကူးစက္ႏိုင္ေျခကို ေလ်ာ့ခ်ဖို႔ အတြက္ လိင္ဆက္ဆံအၿပီး ဆီးသြားေပးျခင္း။

နိဂုံးခ်ဳပ္။

ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ ပုံပန္းသြင္ျပင္နဲ႔ အ႐ြယ္အစားဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး။ ပုံမွန္အားျဖင့္ ေမြးလမ္းေၾကာင္းတစ္ခုရဲ႕ အရွည္ဟာ ၃ လက္မကေန ၇ လက္မ အထိရွည္ပါတယ္။ ေမြးလမ္းေၾကာင္းဆိုတာ ကေလးေမြးဖြားတို႔ အတြက္ေရာ၊ လိင္မႈ ကိစၥေတြ လုပ္ေဆာင္ဖို႔အတြက္ေရာ ရွိေနတဲ့အဂၤါ တစ္ခု ျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူလိင္ဆက္ဆံခ်ိန္ နာက်င္ရတာဟာ သူမ ေမြးလမ္းေၾကာင္းကတိုေနလို႔ဆိုၿပီး ထင္ေနမယ္ဆိုရင္ ဆရာဝန္နဲ႔သြားေရာက္ျပသသင့္ပါတယ္။ ဆရာဝန္ေတြဟာ နာက်င္ရျခင္း အေၾကာင္းရင္းကို စုံစမ္းမွာ ျဖစ္ၿပီး ေမြးလမ္းေၾကာင္းအလ်ားတိုလည္း ေပ်ာ္႐ႊင္ဖြယ္လိင္မႈကိစၥရရွိရန္ တင္ပါးဆုံ ေအာက္ေျခ ကုသမႈပဲ ျဖစ္ျဖစ္၊ လိင္မႈ ဆိုင္ရာ ကုသမႈေတြနဲ႔ ကုသေပးႏိုင္မွာ ျဖစ္ပါတယ္။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဆိုတာ လိင်အင်္ဂါတစ်ခုအဖြစ်လုပ်ဆောင်တဲ့အပြင် ကလေးမွေးဖွားရာ လမ်းကြောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား၊ လက်နဲ့ ခြေထောက်တွေ မတူကြသလိုပဲ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ပျှမ်းမျှမွေးလမ်းကြောင်း အရှည်ဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ) ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ခြားသော လေ့လာချက်တွေအရတော့ ပျှမ်းမျှ မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၃ လက်မနေ ၇ လက်မ (၇.၆ စင်တီမီတာ ကနေ ၁၇.၇ စင်တီမီတာ ) အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် လိင်ဆက်ဆံဖော်တွေတောင် သေချာမသိနိုင်ကြပါဘူး။

မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစား။

မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဆိုတာ မွေးလမ်းကြောင်းအဝကနေ သားအိမ်ခေါင်းထိ အလျားကို တိုင်းတာရတာ ဖြစ်ပါတယ်။ ဗြိတိန် သားဖွားမီးယပ်ဂျာနယ်မှ လေ့လာချက်အရတော့ မွေးလမ်းကြောင်းတစ်ခုရဲ့ ပျှမ်းမျှ အရွယ်အစားဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ ) ရှိပြီး အရွယ်အစားနဲ့ ပုံပန်း သွင်ပြင်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး လို့ဆိုထားပါတယ်။ တကယ်တမ်း မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၇ လက်မ (၁၇.၇ စင်တီမီတာ အထိ) ရှည်လျားနိုင်ပါတယ်။

မွေးလမ်းကြောင်းရဲ့ အတွင်းမှာ Mucosa လို့ခေါ်တဲ့ တစ်ရှုးအပြင် တစ်ခြား တစ်ရှုးအမျိုးအစား တွေလည်းပါဝင်ပါတယ်။ Mucosa ဆိုတဲ့ တစ်ရှုးလ်က ဘယ်လိုအလုပ်လုပ်ပေးသလဲ ဆိုတော့ မွေးလမ်းကြောင်းနံရံတွေ ပြန့်ကားနိုင်အောင် ချောဆီအရည်တွေ စစ်ထုတ်ပေးတဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။

အမျိုးသမီးအင်္ဂါရဲ့ အပြင်ပိုင်းအစိတ်အပိုင်းကိုတော့ Vulva (အမျိုးသမီးအင်္ဂါ နှူတ်ခမ်းဝ) လို့ ခေါ်ပါတယ်။ ဒီအမျိုးသမီး အင်္ဂါနှုတ်ခမ်းဝမှာတော့ labia minora နဲ့ Majora လိုခေါ်တဲ့ အမျိုးသမီး အင်္ဂါရဲ့ နှုတ်ခမ်းသားအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ဒီအမျိုးသမီးအင်္ဂါ ရဲ့ ပုံပန်းသွင်ပြင်ကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဒီအင်္ဂါ နှုတ်ခမ်းသားတွေဟာ တစ်ခြားခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေနဲ့ အရောင်တူတူပဲ ဖြစ်နိုင်သလို တစ်ခြားသော အင်္ဂါ အစိတ်အပိုင်းတွေ ထက်လည်း ပိုမည်းနေနိုင်ပါတယ်။ labia majora ရဲ့ အလျားကကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘဲ ၂.၇ လက်မကနေ ၄.၇ လက်မ (၇ ကနေ ၁၂ စင်တီမီတာ အထိ ရှိနိုင်ပါတယ်။) အမျိုးသမီး အင်္ဂါ အစေ့(clitoris) ရဲ့ အလျားကတော့ ဝ.၁ ကနေ ၁.၃ စင်တီမီတာ (၅ မီလီမီတာ မှ ၃၅ မီလီမီတာ) အထိရှိပါတယ်။ သို့ပေမဲ့ အမျိုးသမီး အင်္ဂါအစေ့က အမျိုးသမီးလိင်စိတ်ပြင်းထန်လာတဲ့ အခါမှာရောင်လာပြီး ကြီးလာနိုင်ပါတယ်။

အမျိုးသမီးမွေးလမ်းရဲ့ အရွယ်အစားကို ဘာက သက်ရောက်မှုရှိပါသလဲ။

မွေးလမ်းကြောင်းတစ်ခုရဲ့ အရွယ်အစားနဲ့ အလျားက အခြေအနေ၊ အကြောင်းရင်းတွေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ မွေးလမ်းကြောင်းဟာ မီးယပ်လာချိန် ရာသီသွေးထိန်းရန် ထည့်ရသော အတောင့် (Tampon)၊ လက်ချောင်းနဲ့ လိင်တံတို့ဝင်တဲ့ အခါမှာ လုံလောက်အောင် ဆွဲဆန့်နိုင်ပါတယ်။ လိင်စိတ်များပြားလာတဲ့ အချိန်မှာ မွေးလမ်းကြောင်းထဲကို သွေးများပိုစီးဆင်းလာပါတယ်။ ဒီလို သွေးစီးဆင်းလာတဲ့အခါမှာ မွေးလမ်းကြောင်းဟာ သားအိမ်ရဲ့ အစဖြစ်တဲ့ သားအိမ်ခေါင်းအထိပိုပြီး လိင်တံ၊ လက်ချောင်း၊ Sex toy တွေကို မွေးလမ်းကြောင်းထဲသို့ ဝင်လာနိုင်အောင် ရှည်လျားလာစေပါတယ်။ ဒီလို မွေးလမ်းကြောင်းက လိင်စိတ်ပြင်းထန်လာချိန် ပြန့်ကားသွားတယ်ဆိုပေမဲ့ ကြီးမားတဲ့လိင်တံတွေနဲ့ ကြီးမားတဲ့ Sex toy တွေက လိင်ဆက်ဆံချိန် နာကျင်စေနိုင်ပါသေးတယ်။

အချိန်ကြာလာတာနဲ့အမျှ မွေးလမ်းကြောင်းတစ်ခုက ဘယ်လိုပြောင်းလဲသွားသလဲ။

ကလေးမွေးပြီးသား မွေးလမ်းကြောင်းနဲ့ မမွေးရသေးတဲ့ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ ဘာကွာခြားမှုမှ မရှိဘူးလို့ လေ့လာချက်တွေ ကဆိုပါတယ်။ ဒါ့အပြင် မွေးလမ်းကြောင်းတစ်ခုဟာ ပုံပန်းသွင်ပြင်နဲ့ အတွင်းပိုင်း အစိတ်အပိုင်းဖွဲ့စည်းပုံတွေလည်း ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါ့အပြင် မွေးလမ်းကြောင်းတစ်ခုရဲ့ အလျားဟာ အသက်ကြီးလာရင်လည်း ပြောင်းလဲသွားခြင်းမရှိပါဘူး။

သို့ပေမဲ့ labia ၂ ခုဖြစ်တဲ့ labia majora လို့ခေါ်တဲ့ အမျိုးသမီး အင်္ဂါဇာတ်ရဲ့ အပြင်ဘက်နှုတ်ခမ်းကြီးနဲ့ labia majora ၂ ခုကြားမှာရှိတဲ့ labia minora လို့ခေါ်တဲ့ အတွင်းပိုင်း နှုတ်ခမ်းသေးတို့နဲ့ ဖွဲ့စည်းထားတဲ့ Labia တို့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးသေးသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်တွင်း အီစရိုဂျင် ဟော်မုန်း ထုတ်လုပ်မှုဟာ အသက်ကြီးလာတာနဲ့ အမျှ လျော့နည်းသွားပါတယ်။ ဒီလိုလျော့နည်းသွားတဲ့ အခါမှာ ခန္ဓာကိုယ်က အဆီတွေနဲ့ ကိုလာဂျင် ပရိုတင်းတို့လည်း နည်းပါးသွားတာကြောင့် Labia တွေပိုသေးသွားတာ ဖြစ်ပါတယ်။

ဒီလိုအသက်ကြီးလာတဲ့နဲ့ အမျှ ဟော်မုန်းပြောင်းလဲမှု ဖြစ်ပြီး လိင်အင်္ဂါအရောင်တွေကလည်း ပိုပြီး နုသွားနိုင်လို ပိုပြီး အရောင်နက်သွားနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေကတော့ ကလေးမွေးပြီးနောက် မွေးလမ်းကြောင်းက အနည်းငယ်ပြောင်းလဲသွားတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ခံစားရတာဟာ ကလေးမွေးစဉ်မှာ ကလေးရဲ့ အရွယ်အစားအလိုက် မွေးလမ်းကြောင်းတွေက ချဲ့ထားရတဲ့ အတွက်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်က အမြဲတမ်း ဖြစ်သွားမှာ မဟုတ်ပါဘူး။ မကြာခင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။

တကယ်လို့ အမျိုးသမီးတစ်ဦးက ကလေးမွေးဖွားပြီးနောက် တစ်မျိုးဖြစ်နေတယ်လို့ ခံစားနေရရင် Kegel လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းဟာ ဆီးသွားခြင်းကို ထိန်းချုပ်ပေးတဲ့ ကြွက်သားတွေကို ညှစ်၊ ဆန့်ကာ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး တင်ပါးဆုံအောက်ခြေ ကြွက်သားတွေကိုသန်မာစေပါတယ်။

အမျိုးသမီးမွေးလမ်းကြောင်း အရွယ်အစားနဲ့ လိင်တံအလျား။

ထောင်မတ်နေတဲ့ လိင်တံတစ်ခုရဲ့ အလျားဟာ ပုံမှန်မွေးလမ်းကြောင်းတစ်ခုထက် ၃၃ ရာခိုင်နှုန်းလောက် ပိုရှည်နေပါတယ်။ မွေးလမ်းကြောင်းနဲ့ လိင်တံအရွယ်အစားက တစ်ယောက်နဲ့ တစ်ယောက်ကွာခြားနိုင်ပေမဲ့ ဒီအင်္ဂါတွေဟာ တစ်ခုနဲ့ တစ်ခု လိုက်လျော ညီထွေ ဖြစ်အောင် နေထိုင်နိုင်ကြပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်တစ်ခုအရ သာမန် ထောင်မတ်နေတဲ့ လိင်တံတစ်ခုရဲ့ အလျားဟာ ၅ လက်မ (၁၃.၁၂ စင်တီမီတာ) ရှိတယ်လို့ဆိုပါတယ်။ အမျိုးသားအများစုက လိင်တံကို ရှိရင်းစွဲ အလျားထက် ပိုကြီးချင်ကြပေမဲ့ အမျိုးသမီး အချို့ကတော့ သူတို့ အဖော်ရဲ့ လိင်တံဟာ သာမန်အလျားထက် ပိုကြီးနေရင် သူတို့အတွက် သက်တောင့်သက်သာ မဖြစ်ဘူးလို့ ဆိုထားပါတယ်။

တကယ်လို့ လိင်တံ သို့မဟုတ် Sexy Toy တွေက သားအိမ်ခေါင်းကို သွားထိမယ်ဆိုရင် နာကျင်နိုင်တဲ့ အတွက် သင့်တော်တဲ့ ချောဆီသုံးတာမျိုး၊ ကိုယ့် အဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြတာမျိူးက လိင်ခံစားမှုကို ပိုပြီးကောင်းမွန်စေမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ကာကွယ်ဂရုစိုက်နည်းစနစ်များ။

ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခု ဖြစ်နေစေဖို့ အတွက် လုပ်ဆောင်ရမယ့် အချက်တွေကတော့-

     မွေးလမ်းကြောင်းကို အရမ်းအနံ့ပြင်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ မဆေးကြောရန်၊ Tampon ကို အရမ်း အနံ့ပြင်းတဲ့ ဆေးတွေနဲ့ မဆေးခြင်း၊ အရမ်းအနံ့ပြင်းတဲ့ ရေမွှေများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း။
    ရာသီသွေးထိန်းအချပ်များကို ပုံမှန်လဲပေးခြင်း။
    ကူးစက်ရောဂါ ရနိုင်ခြေကို နည်းပါးစေရန်အတွက် အဝတ်အစားအစိုများနဲ့ ရေကူးဝတ်စုံတို့ကို တတ်နိုင်သမျှ အမြန်လဲခြင်း။
    မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ အတောင့် (Tampon) များကို မကြာခဏ လဲပေးခြင်း။
    လိင်မှတစ်ဆင့် ကူးစက်ရောဂါ ကာကွယ်နည်းများကို လိင်ဆက်ဆံချိန် အသုံးပြုခြင်း။
    အဝတ်အစားအကြပ်တွေဟာ ယားယံခြင်းနဲ့ ချွေးတရားလွန်ထွက်စေနိုင်တဲ့ အတွက်မဝတ်ဆင်ကြရန်။
    ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေကို လျော့ချဖို့ အတွက် လိင်ဆက်ဆံအပြီး ဆီးသွားပေးခြင်း။

နိဂုံးချုပ်။

မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ပုံမှန်အားဖြင့် မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဟာ ၃ လက်မကနေ ၇ လက်မ အထိရှည်ပါတယ်။ မွေးလမ်းကြောင်းဆိုတာ ကလေးမွေးဖွားတို့ အတွက်ရော၊ လိင်မှု ကိစ္စတွေ လုပ်ဆောင်ဖို့အတွက်ရော ရှိနေတဲ့အင်္ဂါ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ သူလိင်ဆက်ဆံချိန် နာကျင်ရတာဟာ သူမ မွေးလမ်းကြောင်းကတိုနေလို့ဆိုပြီး ထင်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်တွေဟာ နာကျင်ရခြင်း အကြောင်းရင်းကို စုံစမ်းမှာ ဖြစ်ပြီး မွေးလမ်းကြောင်းအလျားတိုလည်း ပျော်ရွှင်ဖွယ်လိင်မှုကိစ္စရရှိရန် တင်ပါးဆုံ အောက်ခြေ ကုသမှုပဲ ဖြစ်ဖြစ်၊ လိင်မှု ဆိုင်ရာ ကုသမှုတွေနဲ့ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top