iMyanmarHouse.com - Best Property Website for Myanmar
×

 ေဒါက္ဖိနပ္ဟာ ပ်ိဳပ်ိဳေမတို႔ရဲ႕ဘဝမွာ အေရးပါတဲ့ အရာတစ္ခုလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ေဒါက္ဖိနပ္ေလး စီးလိုက္ရမွ ႂကြႂကြ႐ြ႐ြနဲ႔ လွတယ္၊ ယံုၾကည္မႈရွိတဲ့ပံု ေပါက္တယ္လို႔ ထင္ၾကပါေသးတယ္။ ဒီလို စတိုင္က်လွပ႐ံုတင္ မကပါဘူး။ ေဒါက္ဖိနပ္ေၾကာင့္ပဲ ဒုကၡေရာက္ၾကရပါေသးတယ္။

ကမ႓ာတစ္လႊား ေျခေထာက္နာရျခင္းရဲ႕ အဓိကအေၾကာင္းရင္းထဲမွာ ေဒါက္ဖိနပ္က ထိပ္ဆံုးက ပါေနပါတယ္။

ေဒါက္ဖိနပ္ရဲ႕ ဒုကၡေတြကေတာ့ -

၁။     အဆစ္နာျခင္း

အျခားဖိနပ္ေတြနဲ႔ မတူတာက ေဒါက္ဖိနပ္မွာ ထိခုိက္မႈေတြကို လက္ခံစုပ္ယူေပးႏိုင္စြမ္း မရွိတဲ့အျပင္ လမ္းေလွ်ာက္တဲ့အခါ သဘာဝအတိုင္း ေျခေထာက္လည္ျခင္းကို တားဆီးတဲ့အတြက္ ေျခလွမ္းတိုင္း ဒူးမွာ ဒဏ္ျဖစ္လာပါတယ္။ ဒါေၾကာင့္ တစ္ေနကုန္ ေဒါက္ဖိနပ္စီးတဲ့အခါ ေျခေထာက္အဆစ္အျမစ္ေတြ ေတာင့္တင္း နာက်င္ၿပီး က်န္ခဲ့တတ္ပါတယ္။

၂။ အသားမာမ်ား

အရမ္းက်ပ္တဲ့ဖိနပ္ေတြ၊ ေျခေထာက္ကို ပံုမမွန္ေစတ့ဲဖိနပ္ (ဥပမာ - ထိပ္႐ွဴးဖိနပ္) ေတြဟာ ေျခေထာက္ေဘးဘက္ေတြနဲ႔ ေျခဖ်ားထိပ္ကို ဖိအားေပးတာေၾကာင့္ အခ်ိန္ၾကာလာတဲ့အခါ အသားမာေတြ တက္လာတတ္ပါတယ္။ ဒီလိုအသားမာေတြေၾကာင့္ ေျခေထာက္အလွ ပ်က္စီးၿပီး ေျခညႇပ္ဖိနပ္ေတြ မစီးရဲ ျဖစ္တတ္ပါတယ္။

၃။ေျခဖေနာင့္ေၾကာ တိုျခင္း

ႏွစ္ေပါင္းမ်ားစြာ ေဒါက္ဖိနပ္စီးသူေတြဟာ ေျခဖေနာင့္ေၾကာ တိုသြားတတ္ေၾကာင္း သိရပါတယ္။ ေျခေထာက္ ႂကြထားတဲ့ အေနအထားမွာ ေျခဖေနာင့္တစ္ဝိုက္ရွိ ႂကြက္သားေတြ၊ အရြတ္ေတြ ေျပာင္းလဲမႈ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ႐ိုး႐ိုးဖိနပ္ေတြ စီးတဲ့အခါ၊ ေျခဗလာ လမ္းေလွ်ာက္တဲ့အခါ ေတာင့္တင္းၿပီး နာက်င္လာတတ္ပါတယ္။

၄။ခါးနာျခင္း

          တစ္ေနကုန္ ေဒါက္ဖိနပ္စီးၿပီး တစ္ေနရာကေန တစ္ေနရာ လမ္းေလွ်ာက္ရတဲ့အခါ အၿမဲခါးနာတတ္ပါတယ္။ ေဒါက္ဖိနပ္နဲ႔ လမ္းေလွ်ာက္တဲ့အခါ တင္ပါးဆံု႐ိုးေရွ႕ကို ေငါထြက္လာၿပီး ခါးေပၚ ဖိအားသက္ေရာက္မႈ မ်ားလာပါတယ္။

၅။ေျခေထာက္ထိပ္မွာ ကူရွင္ နည္းလာျခင္း

ေဒါက္ဖိနပ္စီးတဲ့အခါ တစ္ကိုယ္လံုးရဲ႕ အေလးခ်ိန္ဟာ ေျခေထာက္ထိပ္အေပၚမွာ မူေနတဲ့အတြက္ တျဖည္းျဖည္းနဲ႔ ေျခထိပ္ကူရွင္ နည္းလာၿပီး နာက်င္လာတတ္ပါတယ္။ ဒါေၾကာင့္ ပလတ္စတစ္ဆာဂ်င္ေတြဟာ ေျခေထာက္ထဲကို botox ထိုးၿပီး ေဒါက္ဖိနပ္စီးတဲ့အခါ ပိုသက္ေသာင့္သက္သာရွိေအာင္ ျပဳလုပ္ေပးၾကပါတယ္။

၆။ ေခ်ာ္လဲၿပီး ေျခေခါက္လဲျခင္း

ဖိနပ္အပါးစီးတဲ့အခါ တစ္ကိုယ္လံုး အေလးခ်ိန္ဟာ ေျခဖေနာင့္နဲ႔ ေျခထိပ္မွာ ညီညီမွ်မွ် ရွိေနေပမယ့္ ေဒါက္ဖိနပ္ စီးတဲ့အခါ တစ္ကိုယ္လံုး အေလးခ်ိန္ဟာ ေျခခ်င္းဝတ္ေပၚ မူတည္လာပါတယ္။ ေျခခ်င္းဝတ္ဟာ ဒီအေလးခ်ိန္ကို မခံႏိုင္တဲ့အတြက္ အနည္းငယ္ မညီမညာျဖစ္႐ံုနဲ႔ ဟန္ခ်က္ပ်က္ကာ ေျခေခ်ာ္လဲႏိုင္ပါတယ္။

၇။ေျခစြယ္ငုပ္ျခင္း

ေဒါက္ဖိနပ္ေတြဟာ ထိပ္ခြၽန္ေလးေတြ ျဖစ္ေနေလ့ရွိတဲ့အတြက္ စတုရန္းပံုရွိတဲ့ ေျခထိပ္ေတြဟာ၊ အထူးသျဖင့္ ေျခသန္းေလးေတြဟာ ပိုၿပီးဒဏ္ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ ေဒါက္ဖိနပ္စီးတဲ့အခါ ေျခသည္းေတြ အထဲကို စုိက္ဝင္လာၿပီး နာက်င္လာတတ္ပါတယ္။

ေဒါက္ဖိနပ္ ေရြးတဲ့အခါ -

ေဒါက္ဖ္ိနပ္ မစီးဘဲလည္း မေနႏိုင္၊ စီးရမွာလည္း ေၾကာက္တဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြ ရွိပါတယ္။

တစ္ေျပးညီ ေဒါက္ဖိနပ္ေတြ စီးပါ။

 ေဒါက္ဖိနပ္ ႐ူးသြပ္သူေတြဟာ တစ္ေျပးညီေဒါက္ေတြ စီးသင့္ပါတယ္။ ေျခဖေနာင့္သာမက ေျခဖ်ားေတြကိုပါ ေထာက္ကူေပးထားတဲ့အတြက္ ေနာက္ ၃ လက္မ၊ အေရွ႕ ၁ လက္မရွိတဲ့ ေဒါက္ဖိနပ္ဟာ ၂ လက္မေဒါက္ေလာက္သာ ဒဏ္ျဖစ္ပါလိမ့္မယ္။

သက္ေသာင့္သက္သာရွိတဲ့ ဖိနပ္တံဆိပ္ကို ေရြးပါ။

 ဒီလို သက္ေသာင့္သက္သာလည္း ရွိ၊ လွလည္းလွတဲ့ ေဒါက္ဖိနပ္ေတြဟာ ေဈးကလည္း ႀကီးတတ္ပါတယ္။

နာရီ အနည္းငယ္မွ်သာ စီးပါ။

 ၃ နာရီေလာက္သာ သတ္မွတ္ထားပါ။ ဒါေၾကာင့္ နာရီအေတာ္ၾကာ လမ္းေလွ်ာက္ရမယ့္၊ ကခုန္ရမယ့္ ေနရာမ်ိဳးမွာ ေဒါက္ဖိနပ္ကို နာရီအနည္းငယ္မွ်စီးၿပီး ႐ိုး႐ိုးဖိနပ္ကို ေျပာင္းစီးပါ။

 ခ်စ္စရာေကာင္းၿပီး လွပတဲ့ေျခညႇပ္ဖိနပ္ေတြကို ေရြးခ်ယ္ပါ။

ခ်စ္စရာ အလွအပေတြနဲ႔ တန္ဆာဆင္ထားတဲ့ ဖိနပ္အပါးေတြဟာ ဂါဝန္၊ စကပ္၊ ေဘာင္းဘီ အကုန္လံုးနဲ႔ လိုက္ဖက္ပါတယ္။

ဖိနပ္ေအာက္ခံေလးေတြ ခံစီးပါ။

ေဒါက္ဖိနပ္မွာ ေအာက္ခံကပ္ခြာေလးေတြ ခံထားျခင္းျဖင့္ ေျခထိပ္ေအာက္တင္မက၊ ေျခဖဝါး တစ္ျပင္လံုးကို ေထာက္ပံ့ေပးထားပါတယ္။

 ေျခဖဝါးကို ဆန္႔ေပးပါ။

တစ္ေနကုန္ ေဒါက္ဖိနပ္စီးထားလို႔ ေညာင္းညာေနခဲ့ရင္ ခံုမွာ ထိုင္၊ ေဂါက္ေဘာလံုး သို႔မဟုတ္ တင္းနစ္ေဘာလံုးတစ္လံုးကို ေျခဖဝါးျပင္ေအာက္မွာထားၿပီး လွိမ့္ေပးပါ။ ေျခဖဝါးရွိ တင္းေနတဲ့ ႂကြက္သားေတြ၊ အရြတ္ေတြ ေျပေလ်ာ့သြားပါလိမ့္မယ္။

နိဂံုးခ်ဳပ္

ေဒါက္ဖိနပ္ကို ဘယ္ေလာက္ပဲႀကိဳက္ႀကိဳက္၊ တစ္ေနကုန္ စီးထားၿပီးေနာက္ နာက်င္ကိုက္ခဲၿပီး ႏြမ္းနယ္ေနတယ္ ဆိုရင္ေတာ့ ပိုၿပီးသက္ေသာင့္သက္သာရွိမယ့္ ဖိနပ္မ်ိဳးကို ေျပာင္းစီးသင့္ပါၿပီ။ ေခတ္နဲ႔ညီညီ လွပတဲ့ ေဒါက္ဖိနပ္ေလးေတြ စီးခ်င္ေပမယ့္ တစ္သက္လံုး ခံစားရမယ့္ အဆစ္အျမစ္ နာက်င္မႈနဲ႔ ယွဥ္ၾကည့္လိုက္ရင္ မတန္ပါဘူး။ ဒါေၾကာင့္ ေနာက္ဆံုး မစြန္႔ႏိုင္ေသးရင္ေတာင္ နည္းနည္း ေလွ်ာ့စီးေပးဖို႔ တိုက္တြန္းလိုပါတယ္။

Credit : Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 ဒေါက်ဖိနပ်ဟာ ပျိုပျိုမေတို့ရဲ့ဘဝမှာ အရေးပါတဲ့ အရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒေါက်ဖိနပ်လေး စီးလိုက်ရမှ ကြွကြွရွရွနဲ့ လှတယ်၊ ယုံကြည်မှုရှိတဲ့ပုံ ပေါက်တယ်လို့ ထင်ကြပါသေးတယ်။ ဒီလို စတိုင်ကျလှပရုံတင် မကပါဘူး။ ဒေါက်ဖိနပ်ကြောင့်ပဲ ဒုက္ခရောက်ကြရပါသေးတယ်။

ကမ္ဘာတစ်လွှား ခြေထောက်နာရခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ ဒေါက်ဖိနပ်က ထိပ်ဆုံးက ပါနေပါတယ်။

ဒေါက်ဖိနပ်ရဲ့ ဒုက္ခတွေကတော့ -

၁။     အဆစ်နာခြင်း

အခြားဖိနပ်တွေနဲ့ မတူတာက ဒေါက်ဖိနပ်မှာ ထိခိုက်မှုတွေကို လက်ခံစုပ်ယူပေးနိုင်စွမ်း မရှိတဲ့အပြင် လမ်းလျှောက်တဲ့အခါ သဘာဝအတိုင်း ခြေထောက်လည်ခြင်းကို တားဆီးတဲ့အတွက် ခြေလှမ်းတိုင်း ဒူးမှာ ဒဏ်ဖြစ်လာပါတယ်။ ဒါကြောင့် တစ်နေကုန် ဒေါက်ဖိနပ်စီးတဲ့အခါ ခြေထောက်အဆစ်အမြစ်တွေ တောင့်တင်း နာကျင်ပြီး ကျန်ခဲ့တတ်ပါတယ်။

၂။ အသားမာများ

အရမ်းကျပ်တဲ့ဖိနပ်တွေ၊ ခြေထောက်ကို ပုံမမှန်စေတဲ့ဖိနပ် (ဥပမာ - ထိပ်ရှူးဖိနပ်) တွေဟာ ခြေထောက်ဘေးဘက်တွေနဲ့ ခြေဖျားထိပ်ကို ဖိအားပေးတာကြောင့် အချိန်ကြာလာတဲ့အခါ အသားမာတွေ တက်လာတတ်ပါတယ်။ ဒီလိုအသားမာတွေကြောင့် ခြေထောက်အလှ ပျက်စီးပြီး ခြေညှပ်ဖိနပ်တွေ မစီးရဲ ဖြစ်တတ်ပါတယ်။

၃။ခြေဖနောင့်ကြော တိုခြင်း

နှစ်ပေါင်းများစွာ ဒေါက်ဖိနပ်စီးသူတွေဟာ ခြေဖနောင့်ကြော တိုသွားတတ်ကြောင်း သိရပါတယ်။ ခြေထောက် ကြွထားတဲ့ အနေအထားမှာ ခြေဖနောင့်တစ်ဝိုက်ရှိ ကြွက်သားတွေ၊ အရွတ်တွေ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးဖိနပ်တွေ စီးတဲ့အခါ၊ ခြေဗလာ လမ်းလျှောက်တဲ့အခါ တောင့်တင်းပြီး နာကျင်လာတတ်ပါတယ်။

၄။ခါးနာခြင်း

          တစ်နေကုန် ဒေါက်ဖိနပ်စီးပြီး တစ်နေရာကနေ တစ်နေရာ လမ်းလျှောက်ရတဲ့အခါ အမြဲခါးနာတတ်ပါတယ်။ ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်တဲ့အခါ တင်ပါးဆုံရိုးရှေ့ကို ငေါထွက်လာပြီး ခါးပေါ် ဖိအားသက်ရောက်မှု များလာပါတယ်။

၅။ခြေထောက်ထိပ်မှာ ကူရှင် နည်းလာခြင်း

ဒေါက်ဖိနပ်စီးတဲ့အခါ တစ်ကိုယ်လုံးရဲ့ အလေးချိန်ဟာ ခြေထောက်ထိပ်အပေါ်မှာ မူနေတဲ့အတွက် တဖြည်းဖြည်းနဲ့ ခြေထိပ်ကူရှင် နည်းလာပြီး နာကျင်လာတတ်ပါတယ်။ ဒါကြောင့် ပလတ်စတစ်ဆာဂျင်တွေဟာ ခြေထောက်ထဲကို botox ထိုးပြီး ဒေါက်ဖိနပ်စီးတဲ့အခါ ပိုသက်သောင့်သက်သာရှိအောင် ပြုလုပ်ပေးကြပါတယ်။

၆။ ချော်လဲပြီး ခြေခေါက်လဲခြင်း

ဖိနပ်အပါးစီးတဲ့အခါ တစ်ကိုယ်လုံး အလေးချိန်ဟာ ခြေဖနောင့်နဲ့ ခြေထိပ်မှာ ညီညီမျှမျှ ရှိနေပေမယ့် ဒေါက်ဖိနပ် စီးတဲ့အခါ တစ်ကိုယ်လုံး အလေးချိန်ဟာ ခြေချင်းဝတ်ပေါ် မူတည်လာပါတယ်။ ခြေချင်းဝတ်ဟာ ဒီအလေးချိန်ကို မခံနိုင်တဲ့အတွက် အနည်းငယ် မညီမညာဖြစ်ရုံနဲ့ ဟန်ချက်ပျက်ကာ ခြေချော်လဲနိုင်ပါတယ်။

၇။ခြေစွယ်ငုပ်ခြင်း

ဒေါက်ဖိနပ်တွေဟာ ထိပ်ချွန်လေးတွေ ဖြစ်နေလေ့ရှိတဲ့အတွက် စတုရန်းပုံရှိတဲ့ ခြေထိပ်တွေဟာ၊ အထူးသဖြင့် ခြေသန်းလေးတွေဟာ ပိုပြီးဒဏ်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်စီးတဲ့အခါ ခြေသည်းတွေ အထဲကို စိုက်ဝင်လာပြီး နာကျင်လာတတ်ပါတယ်။

ဒေါက်ဖိနပ် ရွေးတဲ့အခါ -

ဒေါက်ဖိနပ် မစီးဘဲလည်း မနေနိုင်၊ စီးရမှာလည်း ကြောက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

တစ်ပြေးညီ ဒေါက်ဖိနပ်တွေ စီးပါ။

 ဒေါက်ဖိနပ် ရူးသွပ်သူတွေဟာ တစ်ပြေးညီဒေါက်တွေ စီးသင့်ပါတယ်။ ခြေဖနောင့်သာမက ခြေဖျားတွေကိုပါ ထောက်ကူပေးထားတဲ့အတွက် နောက် ၃ လက်မ၊ အရှေ့ ၁ လက်မရှိတဲ့ ဒေါက်ဖိနပ်ဟာ ၂ လက်မဒေါက်လောက်သာ ဒဏ်ဖြစ်ပါလိမ့်မယ်။

သက်သောင့်သက်သာရှိတဲ့ ဖိနပ်တံဆိပ်ကို ရွေးပါ။

 ဒီလို သက်သောင့်သက်သာလည်း ရှိ၊ လှလည်းလှတဲ့ ဒေါက်ဖိနပ်တွေဟာ ဈေးကလည်း ကြီးတတ်ပါတယ်။

နာရီ အနည်းငယ်မျှသာ စီးပါ။

 ၃ နာရီလောက်သာ သတ်မှတ်ထားပါ။ ဒါကြောင့် နာရီအတော်ကြာ လမ်းလျှောက်ရမယ့်၊ ကခုန်ရမယ့် နေရာမျိုးမှာ ဒေါက်ဖိနပ်ကို နာရီအနည်းငယ်မျှစီးပြီး ရိုးရိုးဖိနပ်ကို ပြောင်းစီးပါ။

 ချစ်စရာကောင်းပြီး လှပတဲ့ခြေညှပ်ဖိနပ်တွေကို ရွေးချယ်ပါ။

ချစ်စရာ အလှအပတွေနဲ့ တန်ဆာဆင်ထားတဲ့ ဖိနပ်အပါးတွေဟာ ဂါဝန်၊ စကပ်၊ ဘောင်းဘီ အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

ဖိနပ်အောက်ခံလေးတွေ ခံစီးပါ။

ဒေါက်ဖိနပ်မှာ အောက်ခံကပ်ခွာလေးတွေ ခံထားခြင်းဖြင့် ခြေထိပ်အောက်တင်မက၊ ခြေဖဝါး တစ်ပြင်လုံးကို ထောက်ပံ့ပေးထားပါတယ်။

 ခြေဖဝါးကို ဆန့်ပေးပါ။

တစ်နေကုန် ဒေါက်ဖိနပ်စီးထားလို့ ညောင်းညာနေခဲ့ရင် ခုံမှာ ထိုင်၊ ဂေါက်ဘောလုံး သို့မဟုတ် တင်းနစ်ဘောလုံးတစ်လုံးကို ခြေဖဝါးပြင်အောက်မှာထားပြီး လှိမ့်ပေးပါ။ ခြေဖဝါးရှိ တင်းနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ ပြေလျော့သွားပါလိမ့်မယ်။

နိဂုံးချုပ်

ဒေါက်ဖိနပ်ကို ဘယ်လောက်ပဲကြိုက်ကြိုက်၊ တစ်နေကုန် စီးထားပြီးနောက် နာကျင်ကိုက်ခဲပြီး နွမ်းနယ်နေတယ် ဆိုရင်တော့ ပိုပြီးသက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ပြောင်းစီးသင့်ပါပြီ။ ခေတ်နဲ့ညီညီ လှပတဲ့ ဒေါက်ဖိနပ်လေးတွေ စီးချင်ပေမယ့် တစ်သက်လုံး ခံစားရမယ့် အဆစ်အမြစ် နာကျင်မှုနဲ့ ယှဉ်ကြည့်လိုက်ရင် မတန်ပါဘူး။ ဒါကြောင့် နောက်ဆုံး မစွန့်နိုင်သေးရင်တောင် နည်းနည်း လျှော့စီးပေးဖို့ တိုက်တွန်းလိုပါတယ်။

Credit : Dr. Emerald (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top