iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီလာတိုင္း ဗိုက္ဖိၿပီး ရႈံ႕မဲ့ေနတဲ့ ေယာင္းေယာင္းေတြကို မၾကည့္ရက္ေတာ့လို႔ :’

အင္း ေခါင္းစဥ္ဖတ္ရင္းနဲ႔ေတာင္ ဗိုက္ကနာသလိုလိုျဖစ္လာတယ္။ ရာသီလာတာကို ဝမ္းသာအားရ သေဘာတက်ႀကီး ႀကိဳက္ေနမယ့္သူေတြ နည္းမယ္ထင္တယ္ေနာ္။ (ႏွင္းလည္း မႀကိဳက္ဘူး :’) )ဆိုေပမဲ့လည္း ဘယ္ေလာက္မႀကိဳက္မႀကိဳက္ လစဥ္တိုင္းမဖိတ္ေခၚဘဲ အဲဒီဧည့္သည္က ေရာက္ကိုေရာက္လာတာပါမဟုတ္လာား။ ဆိုေတာ့ တားမရမယ့္ အတူတူ သက္သာရာ သက္သာေၾကာင္း နည္းလမ္းေကာင္းေလးေတြ လိုက္ရွာတဲ့အခါ ဒီ (၇) ခုကေတာ့ မျဖစ္မေန လုပ္ကိုလုပ္ရမယ့္ အထဲမွာ ပါေနပါတယ္။ ဘာေတြမ်ားပါလိမ့္။

(၁) ေႏြးေႏြးေထြးေထြးေနပါ။

ေႏြးေႏြးေထြးေထြးေနပါ ဆိုတဲ့စကားေလးက အရမ္းရိုးရွင္းေပမဲ့ ေတာ္ေတာ္မ်ားမ်ားေသာ မိန္းကေလးေတြ ေမ့ေနၾကတဲ့ အခ်က္တစ္ခ်က္ပါပဲ။ ေရေႏြးအိတ္ေလး ကပ္ထားတာပဲျဖစ္ျဖစ္၊ ေစာင္ၿခံဳၿပီး ေကြးေနတာေလးျဖစ္ျဖစ္ လုပ္ေနရင္ေတာ့ သားအိမ္ၾကြက္သားေလးေတြကို ပိုၿပီးေျပေလ်ာ့ေစတာမို႔ ရာသီလာတဲ့အခ်ိန္ နာက်င္ကိုက္ခဲတာကို ပိုၿပီးေလ်ာ႔နည္းေစမွာပါ။

(၂) မဂၢနီဆီယမ္လယ္ဗယ္ကို ျမွင့္တင္ေပးပါ။

မဂၢနီဆီယမ္ဓာတ္က လူ႔ခႏၶာကိုယ္ထဲမွာ အရမ္းအေရးပါတဲ့ ဓာတ္ပစၥည္းေတြထဲက တစ္ခုပါပဲ။ အထူးသျဖင့္ သားဥအိမ္ကို ေကာင္းမြန္စြာ ဖြံ႔ၿဖိဳးေစဖို႔ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ ဥေၾကြတဲ့ ရာသီလာခ်ိန္မွာလည္း သားအိမ္ထဲမွာ အၾကြင္းအက်န္ျဖစ္ေနလို႔  ရာသီၿပီးသြားတဲ့အခ်ိန္မွာေတာင္ တစြတ္စြတ္နဲ႔ ထပ္လာေနတာမ်ိဳးကို ကာကြယ္ေပးမွာပါ။ ဒါေပမဲ့ မဂၢနီဆီယမ္ဓာတ္အတြက္ ဘာစားလို႔ စားရမွန္းမသိဘူးဆိုရင္ တျခားရွည္ရွည္ေဝးေဝး စဥ္းစားမေနပါနဲ႔။ Dark chocolate လို႔ေခၚတဲ့ ေခ်ာကလက္အခါးကိုပဲ စားလိုက္ပါ။ (ခါတိုင္းစားေနက်လိုမ်ိဳး ႏို႔ေတြ၊ အခ်ိဳပါတာေတြ ဘာလို႔စားလို႔မရလဲဆိုတာ ေအာက္မွာေျပာျပေပးမယ္ေနာ္။)

(၃) ေလ့က်င့္ခန္းကို ညင္ညင္သာသာလုပ္ပါ။

ေလ့က်င့္ခန္းဆိုတာ က်န္းမာေအာင္၊ ေခၽြးထြက္ေအာင္ လုပ္ရတာဆိုေပမဲ့ ရာသီစက္ဝန္းေပၚေနတဲ့အခ်ိန္မွာ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္ လုပ္မယ္ဆိုရင္ ကိုယ့္ရဲ႕ရာသီစက္ဝန္းက ကေမာက္ကမေတြျဖစ္ၿပီး ရုတ္တရက္ႀကီး ရပ္သြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္  အေရးႀကီးတဲ့ ၿပိဳင္ပြဲ ရွိတာမ်ိဳး မဟုတ္ဘဲ ေန႔စဥ္လုပ္ေနက် ေလ့က်င့္ခန္းပဲဆိုရင္ ျဖည္းျဖည္းသာသာပဲလုပ္ပါ။ ဒါေပမဲ့ တစ္ေန႔တစ္ခါမွ ေလ့က်င့္ခန္းမလုပ္ရရင္ မေနႏိုင္ပါဘူးဆိုတဲ့ ေယာင္းေယာင္းေတြကေတာ့ ေယာဂေလ့က်င့္ခန္းလုိမ်ိဳး၊ အေၾကာေလွ်ာ့၊ လမ္းေလွ်ာက္ စသည္ျဖင့္ ေအးေအးလူလူေလ့က်င့္ခန္းေလးေတြပဲ လုပ္ပါ။

(၄) ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ေရွာင္ပါ။

ႏြားႏို႔၊ ခ်ိစ့္၊ ေထာပတ္ စတဲ့ႏို႔ထြက္ပစၥည္းေတြက Prostaglandins လို႔ေခၚတဲ့ ေဟာ္မုန္းကို ပိုမ်ားလာေစပါတယ္။ အဲဒီေဟာ္မုန္းေတြက သားအိမ္နံရံကို ခါတိုင္းထက္ ပိုႀကံဳ႕ေစတာမို႔ ဗိုက္ပိုေအာင့္ေစပါတယ္။ (ခါတိုင္း သူမ်ားေတြေျပာေနက် ေခ်ာကလက္စားပါဘာညာဆိုတာ ႏို႔မပါတဲ့ ေခ်ာကလက္ခါးခါးပါ။ ႏို႔ပါတာစားၿပီး ဘာစားစား ဗိုက္ေအာင့္တာပဲလို႔ ေလွ်ာက္မေအာ္ေၾကး။)

(၅) အိမ္ထဲမွာပဲ သက္သက္သာသာေနပါ။

ရိုးရိုးေနမေကာင္းတဲ့အခ်ိန္မွာေတာင္ အျပင္သြားလာရမွာ စိတ္မပါ အရမ္းပင္ပန္းေနတာကို ကိုယ့္ရဲ႕ ခႏၶာကိုယ္ထဲကေန ေသြးေတြထြက္ေနတယ္ ဆိုတဲ့အသိက ပိုၿပီးပင္ပန္းေစပါတယ္။ ဒါေၾကာင့္ ရာသီလာေနတဲ့အခ်ိန္မွာ ျဖစ္ႏိုင္ရင္ အခန္းထဲမယ္ ေစာင္ေလးၿခံဳ၊ ကဖင္းဓာတ္မပါတဲ့ အရည္ေႏြးေႏြးေလးတစ္ခြက္နဲ႔ ေအးေအးလူလူ အနားယူသင့္ပါတယ္။ စိတ္လည္းအရမ္းမဖိစီးေတာ့ ခါတိုင္းထက္ သက္သက္သာသာေနရတာေပါ့။

(၆) ကဖိန္းဓာတ္မပါတဲ့ ေဖ်ာ္ရည္ေႏြးေႏြးေလးေတြ ေသာက္ေပးပါ။

ကဖိန္းဓာတ္က ရာသီစက္ဝန္းကို အေႏွာင့္အယွက္ တအားျဖစ္ေစတာမို႔ ဒီလိုႏုနယ္ေနတဲ့အခ်ိန္မွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ေနတဲ့ ေဖ်ာ္ရည္ေႏြးေႏြးေလးေတြ ေသာက္ေပးတာက သားအိမ္ကို ပိုအားေကာင္းေစၿပီး ဗိုက္ေအာင့္တာကို ေလွ်ာ႔ခ်ေပးတဲ့အျပင္ ရာသီလာေနစဥ္အခ်ိန္တြင္း သက္ေသာင့္သက္သာ ျဖစ္ေစတာမို႔ ေသာက္ကိုေသာက္သင့္ပါတယ္။

(၇) ကိုယ့္ရာသီအေျခအေနကို ေျခရာေကာက္ျခင္း

အခု ဒီႏိုင္ငံမွာ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနၾကတာက သားအိမ္ကင္ဆာ၊ သားအိမ္မွာ သားဥမဟုတ္တဲ့ အႀကိတ္တည္တာ စသည္ျဖင့္ ေရာဂါေတြကို ေတာ္ေတာ္ကၽြမ္းတဲ့အခ်ိန္မွ သတိထားမိတာပါ။ ဒါမဲ့ တကယ္သိလိုက္တဲ့အခ်ိန္မွာ ေရာဂါက ေတာ္ေတာ္ကို အေျခအေနဆိုးေနပါၿပီ။ ဒီလိုေတြမျဖစ္ဖို႔ ကိုယ့္ရဲ႕ လစဥ္ရာသီကို အၿမဲမ်က္ေျခမျပတ္ လိုက္ေနဖို႔လိုပါတယ္။ ဒါမွ ဆိုးဆိုးရြားရြားႀကီးေတြ မျဖစ္လာေတာ့ဘူးေပါ့။ အနည္းဆံုးေတာ့ ဘယ္အခ်ိန္မွာ ရာသီလာတယ္ဆိုတာကို သတိေလးထားသင့္ပါတယ္။

ေၾသာ္ ဒါနဲ႔ တခ်ိဳ႕ေယာင္းေယာင္းေလးေတြက ရာသီလာတဲ့အခ်ိန္က်ရင္ မိန္းမကိုယ္က ခါတိုင္းထက္ အနံ႕အသက္ ပုိဆိုးေနတာမ်ိဳးျဖစ္တတ္တယ္မလား။ တခ်ိဳ႕ဆိုရင္ အဲဒီအနံ႔ဆိုးက အျပင္မွာေတာင္ ရေနတာမ်ိဳးျဖစ္တတ္ေတာ့ ဒီလိုေတြ မျဖစ္ရေလေအာင္ Sofy ရဲ႕ cooling fresh စီးရီးေလးကို သံုးၾကည့္ဖို႔ ႏွင္းကအႀကံေပးခ်င္ပါတယ္။ (သူ႔မွာပါတဲ့ ပူရွိန္းကလည္း သဘာဝပူတီနာစစ္စစ္နဲ႔ ျပဳလုပ္ထားတာမို႔ စိတ္ခ်စြာသံုးႏိုင္ပါေသးတယ္။ ဒါကေတာ့ FYI ပါေယာင္းေရ။)

ဒီအခ်က္ (၇) ခ်က္ကို ရာသီလာတိုင္း လိုက္နာရင္ေတာ့ ခါတိုင္းလို အရမ္းဗိုက္နာတာမ်ိဳး၊ ကိုက္ခဲၿပီး ဘာမွမလႈပ္ႏိုင္ မရွားႏိုင္ျဖစ္ေနတာမ်ိဳးေတြ ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ရာသီလာလည္း အၿပံဳးပန္းေတြ အၿမဲဆင္ႏိုင္ပါေစေနာ္။

Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ရာသီလာတိုင်း ဗိုက်ဖိပြီး ရှုံ့မဲ့နေတဲ့ ယောင်းယောင်းတွေကို မကြည့်ရက်တော့လို့ :’

အင်း ခေါင်းစဉ်ဖတ်ရင်းနဲ့တောင် ဗိုက်ကနာသလိုလိုဖြစ်လာတယ်။ ရာသီလာတာကို ဝမ်းသာအားရ သဘောတကျကြီး ကြိုက်နေမယ့်သူတွေ နည်းမယ်ထင်တယ်နော်။ (နှင်းလည်း မကြိုက်ဘူး :’) )ဆိုပေမဲ့လည်း ဘယ်လောက်မကြိုက်မကြိုက် လစဉ်တိုင်းမဖိတ်ခေါ်ဘဲ အဲဒီဧည့်သည်က ရောက်ကိုရောက်လာတာပါမဟုတ်လာား။ ဆိုတော့ တားမရမယ့် အတူတူ သက်သာရာ သက်သာကြောင်း နည်းလမ်းကောင်းလေးတွေ လိုက်ရှာတဲ့အခါ ဒီ (၇) ခုကတော့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အထဲမှာ ပါနေပါတယ်။ ဘာတွေများပါလိမ့်။

(၁) နွေးနွေးထွေးထွေးနေပါ။

နွေးနွေးထွေးထွေးနေပါ ဆိုတဲ့စကားလေးက အရမ်းရိုးရှင်းပေမဲ့ တော်တော်များများသော မိန်းကလေးတွေ မေ့နေကြတဲ့ အချက်တစ်ချက်ပါပဲ။ ရေနွေးအိတ်လေး ကပ်ထားတာပဲဖြစ်ဖြစ်၊ စောင်ခြုံပြီး ကွေးနေတာလေးဖြစ်ဖြစ် လုပ်နေရင်တော့ သားအိမ်ကြွက်သားလေးတွေကို ပိုပြီးပြေလျော့စေတာမို့ ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတာကို ပိုပြီးလျော့နည်းစေမှာပါ။

(၂) မဂ္ဂနီဆီယမ်လယ်ဗယ်ကို မြှင့်တင်ပေးပါ။

မဂ္ဂနီဆီယမ်ဓာတ်က လူ့ခန္ဓာကိုယ်ထဲမှာ အရမ်းအရေးပါတဲ့ ဓာတ်ပစ္စည်းတွေထဲက တစ်ခုပါပဲ။ အထူးသဖြင့် သားဥအိမ်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဥကြွေတဲ့ ရာသီလာချိန်မှာလည်း သားအိမ်ထဲမှာ အကြွင်းအကျန်ဖြစ်နေလို့  ရာသီပြီးသွားတဲ့အချိန်မှာတောင် တစွတ်စွတ်နဲ့ ထပ်လာနေတာမျိုးကို ကာကွယ်ပေးမှာပါ။ ဒါပေမဲ့ မဂ္ဂနီဆီယမ်ဓာတ်အတွက် ဘာစားလို့ စားရမှန်းမသိဘူးဆိုရင် တခြားရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့။ Dark chocolate လို့ခေါ်တဲ့ ချောကလက်အခါးကိုပဲ စားလိုက်ပါ။ (ခါတိုင်းစားနေကျလိုမျိုး နို့တွေ၊ အချိုပါတာတွေ ဘာလို့စားလို့မရလဲဆိုတာ အောက်မှာပြောပြပေးမယ်နော်။)

(၃) လေ့ကျင့်ခန်းကို ညင်ညင်သာသာလုပ်ပါ။

လေ့ကျင့်ခန်းဆိုတာ ကျန်းမာအောင်၊ ချွေးထွက်အောင် လုပ်ရတာဆိုပေမဲ့ ရာသီစက်ဝန်းပေါ်နေတဲ့အချိန်မှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ရာသီစက်ဝန်းက ကမောက်ကမတွေဖြစ်ပြီး ရုတ်တရက်ကြီး ရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်  အရေးကြီးတဲ့ ပြိုင်ပွဲ ရှိတာမျိုး မဟုတ်ဘဲ နေ့စဉ်လုပ်နေကျ လေ့ကျင့်ခန်းပဲဆိုရင် ဖြည်းဖြည်းသာသာပဲလုပ်ပါ။ ဒါပေမဲ့ တစ်နေ့တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ရရင် မနေနိုင်ပါဘူးဆိုတဲ့ ယောင်းယောင်းတွေကတော့ ယောဂလေ့ကျင့်ခန်းလိုမျိုး၊ အကြောလျှော့၊ လမ်းလျှောက် စသည်ဖြင့် အေးအေးလူလူလေ့ကျင့်ခန်းလေးတွေပဲ လုပ်ပါ။

(၄) နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။

နွားနို့၊ ချိစ့်၊ ထောပတ် စတဲ့နို့ထွက်ပစ္စည်းတွေက Prostaglandins လို့ခေါ်တဲ့ ဟော်မုန်းကို ပိုများလာစေပါတယ်။ အဲဒီဟော်မုန်းတွေက သားအိမ်နံရံကို ခါတိုင်းထက် ပိုကြုံ့စေတာမို့ ဗိုက်ပိုအောင့်စေပါတယ်။ (ခါတိုင်း သူများတွေပြောနေကျ ချောကလက်စားပါဘာညာဆိုတာ နို့မပါတဲ့ ချောကလက်ခါးခါးပါ။ နို့ပါတာစားပြီး ဘာစားစား ဗိုက်အောင့်တာပဲလို့ လျှောက်မအော်ကြေး။)

(၅) အိမ်ထဲမှာပဲ သက်သက်သာသာနေပါ။

ရိုးရိုးနေမကောင်းတဲ့အချိန်မှာတောင် အပြင်သွားလာရမှာ စိတ်မပါ အရမ်းပင်ပန်းနေတာကို ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကနေ သွေးတွေထွက်နေတယ် ဆိုတဲ့အသိက ပိုပြီးပင်ပန်းစေပါတယ်။ ဒါကြောင့် ရာသီလာနေတဲ့အချိန်မှာ ဖြစ်နိုင်ရင် အခန်းထဲမယ် စောင်လေးခြုံ၊ ကဖင်းဓာတ်မပါတဲ့ အရည်နွေးနွေးလေးတစ်ခွက်နဲ့ အေးအေးလူလူ အနားယူသင့်ပါတယ်။ စိတ်လည်းအရမ်းမဖိစီးတော့ ခါတိုင်းထက် သက်သက်သာသာနေရတာပေါ့။

(၆) ကဖိန်းဓာတ်မပါတဲ့ ဖျော်ရည်နွေးနွေးလေးတွေ သောက်ပေးပါ။

ကဖိန်းဓာတ်က ရာသီစက်ဝန်းကို အနှောင့်အယှက် တအားဖြစ်စေတာမို့ ဒီလိုနုနယ်နေတဲ့အချိန်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ဖျော်ရည်နွေးနွေးလေးတွေ သောက်ပေးတာက သားအိမ်ကို ပိုအားကောင်းစေပြီး ဗိုက်အောင့်တာကို လျှော့ချပေးတဲ့အပြင် ရာသီလာနေစဉ်အချိန်တွင်း သက်သောင့်သက်သာ ဖြစ်စေတာမို့ သောက်ကိုသောက်သင့်ပါတယ်။

(၇) ကိုယ့်ရာသီအခြေအနေကို ခြေရာကောက်ခြင်း

အခု ဒီနိုင်ငံမှာ တော်တော်များများဖြစ်နေကြတာက သားအိမ်ကင်ဆာ၊ သားအိမ်မှာ သားဥမဟုတ်တဲ့ အကြိတ်တည်တာ စသည်ဖြင့် ရောဂါတွေကို တော်တော်ကျွမ်းတဲ့အချိန်မှ သတိထားမိတာပါ။ ဒါမဲ့ တကယ်သိလိုက်တဲ့အချိန်မှာ ရောဂါက တော်တော်ကို အခြေအနေဆိုးနေပါပြီ။ ဒီလိုတွေမဖြစ်ဖို့ ကိုယ့်ရဲ့ လစဉ်ရာသီကို အမြဲမျက်ခြေမပြတ် လိုက်နေဖို့လိုပါတယ်။ ဒါမှ ဆိုးဆိုးရွားရွားကြီးတွေ မဖြစ်လာတော့ဘူးပေါ့။ အနည်းဆုံးတော့ ဘယ်အချိန်မှာ ရာသီလာတယ်ဆိုတာကို သတိလေးထားသင့်ပါတယ်။

သြော် ဒါနဲ့ တချို့ယောင်းယောင်းလေးတွေက ရာသီလာတဲ့အချိန်ကျရင် မိန်းမကိုယ်က ခါတိုင်းထက် အနံ့အသက် ပိုဆိုးနေတာမျိုးဖြစ်တတ်တယ်မလား။ တချို့ဆိုရင် အဲဒီအနံ့ဆိုးက အပြင်မှာတောင် ရနေတာမျိုးဖြစ်တတ်တော့ ဒီလိုတွေ မဖြစ်ရလေအောင် Sofy ရဲ့ cooling fresh စီးရီးလေးကို သုံးကြည့်ဖို့ နှင်းကအကြံပေးချင်ပါတယ်။ (သူ့မှာပါတဲ့ ပူရှိန်းကလည်း သဘာဝပူတီနာစစ်စစ်နဲ့ ပြုလုပ်ထားတာမို့ စိတ်ချစွာသုံးနိုင်ပါသေးတယ်။ ဒါကတော့ FYI ပါယောင်းရေ။)

ဒီအချက် (၇) ချက်ကို ရာသီလာတိုင်း လိုက်နာရင်တော့ ခါတိုင်းလို အရမ်းဗိုက်နာတာမျိုး၊ ကိုက်ခဲပြီး ဘာမှမလှုပ်နိုင် မရှားနိုင်ဖြစ်နေတာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ရာသီလာလည်း အပြုံးပန်းတွေ အမြဲဆင်နိုင်ပါစေနော်။

Credit: Hnin Ei Oo (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top