iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ံက်ေစ်းသည္ေလးဘ၀မွ ကမာၻေက်ာ္ ဟာသ သရုပ္ေဆာင္ တဦးၿဖစ္လာတဲ့ စတီဗင္ေခ်ာင္ရဲ႕ ဇာတ္လမ္းေတြကို ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားၾကည့္ရႈ႕ၿပီး ၿဖစ္မွာပါ။ အၿခား ကမာၻေက်ာ္ တရုတ္မင္းသားေတြၿဖစ္တဲ့ ဂ်က္ကီခ်မ္း၊ ဂ်က္လီတို႔နည္းတူ ပရိသတ္ခ်စ္ခင္မႈကို ရရိွထားသူ ၿဖစ္တဲ့ စတီဗင္ေခ်ာင္ဟာ အၿခား ဟာသသရုပ္ေဆာင္မ်ားနွင့္ မတူပဲ ကြဲၿပားတဲ့ တင္ဆက္ပံု၊ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ကမာၻေက်ာ္ခဲ့သူလည္း ၿဖစ္ပါတယ္။ စတီဗင္ေခ်ာင္၏ ပရိသတ္ေတြကေတာ့ သူ႕အေၾကာင္းကို ခေရေစ့တြင္းက် သိရိွၿပီး ၿဖစ္ေနမွာ အမွန္ပဲ ၿဖစ္ေပမယ့္ ပရိသတ္ေတြ မသိေလာက္ေသးသည့္ အခ်က္ေတြထဲက အခ်ိဳ႕ေသာ အခ်က္ေတြကို ေဖာ္ၿပေပးလိုက္ရပါတယ္။

(၁) အစိုးရ အၾကံေပး

စတီဗင္ေခ်ာင္ဟာ သရုပ္ေဆာင္၊ ထုတ္လုပ္သူ၊ ဇာတ္ညြန္း၊ ဒါရိုက္တာ အလုပ္မ်ားသာမကပဲ တရုတ္နိုင္ငံအစုိးရ၏ အၾကံေပး ပုဂိၢဳလ္အၿဖစ္ ခန္႔အပ္ခံထားရသူၿဖစ္ပါတယ္။ စတီဗင္ေခ်ာင္ဟာ အနုပညာေလာကမွာ ၾသဇာၾကီးမားသူၿဖစ္တာေၾကာင့္ တရုတ္နိုင္ငံအစိုးရမွ အေရးပါတဲ့ အၾကံေပးအၿဖစ္ ခန္႔အပ္ထားခဲ့ပါတယ္။

(၂) တရုတ္နိုင္ငံ၏ သရုပ္ေဆာင္ေၾကးအမ်ားဆံုး

စတီဗင္ေခ်ာင္၏ သရုပ္ေဆာင္ေၾကးဟာ အၿခားေဟာလိ၀ုဒ္ထိ ေပါက္ေရာက္ေက်ာ္ၾကားတဲ့ မင္းသားနွစ္လက္ၿဖစ္တဲ့ ဂ်က္လီနွင့္ ဂ်က္ကီခ်မ္းထက္ပိုၿပီး မ်ားပါတယ္။ ၿပီးခဲ့နွစ္ေတြက စတီဗင္ေခ်ာင္ရဲ႕ ပိုင္ဆိုင္မႈဟာ သန္း၇၀ထိရိွၿပီး ဒီပိုင္ဆိုင္မႈမ်ားဟာ သရုပ္ေဆာင္ေၾကးနွင့္ ရုပ္ရွင္ထုတ္လုပ္ေရးေတြကေန ရရိွခဲ့တာၿဖစ္ပါတယ္။

(၃) ရုပ္ဆိုးဆိုး သရုပ္ေဆာင္

စတီဗင္ေခ်ာင္၏ ရုပ္ရွင္ေတြထဲက အမ်ိဳးသမီးကဲ့သို႕ ၀တ္စားထားၿပီး နွာေခါင္းႏိႈက္ေနတဲ့ သရုပ္ေဆာင္ တဦးကို စတီဗင္ေခ်ာင္ ပရိသတ္စစ္စစ္ေတြ သတိထားမိမွာပါ။ ဒီသရုပ္ေဆာင္ဟာ စတီဗင္ေခ်ာင္ရဲ႕ အရမ္းခင္မင္ရတဲ့ ငယ္သူငယ္ခ်င္းၿဖစ္ၿပီး သူ႕အမည္ကေတာ့ Kin Yan Lee ၿဖစ္ပါတယ္။

(၄)အၿငင္းပယ္ခံရၿခင္း

စတီဗင္ေခ်ာင္ဟာ ငယ္စဥ္က နာမည္ေက်ာ္ ရုပ္သံလိုင္းတခုမွ ဖြင့္လွစ္တဲ့ သရုပ္ေဆာင္ သင္တန္းတခုကို တက္ေရာက္ဖို႕အတြက္ ၾကိဳးစားခဲ့ပါတယ္။ ၀င္ခြင့္အတြက္ အၾကိမ္ၾကိမ္ေၿဖဆိုခဲ့ေပမယ့္ ၉ၾကိမ္တိုင္ ၿငင္းပယ္ခံခဲ့ရကာ သရုပ္ေဆာင္သင္တန္း တက္ေရာက္ခြင့္ ဆံုးရံႈးခဲ့ရပါတယ္။

(၅) ပထမဆံုး ရုပ္ရွင္ကား

စတီဗင္ေခ်ာင္ရဲ႕ ပထမဆံုး ရုပ္ရွင္ကားမွာ Final Justice ၿဖစ္ၿပီး သူဟာ အဲ့ဒီ့ကားမွာ ဒုတိယမင္းသား ဇာတ္ပို႕ေနရာကေန ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီ့ကားမွာ မင္းသားၾကီး Danny Lee နွင့္အတူ ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီ့ဇာတ္ကားဟာ ေဟာင္ေကာင္ေဒၚလာ ၅သိန္းခန္႕သံုးၿပီး ၈သန္းခန္း အၿမတ္ေငြ ၿပန္လည္ရရိွခဲ့ပါတယ္။ စတီဗင္ေခ်ာင္ဟာ အဲ့ဒီ့ဇာတ္လမ္းမွာ ဇာတ္ပို႔အေကာင္းဆံုးအၿဖစ္ သတ္မွတ္ခံခဲ့ရၿပီး ပရိသတ္သတိထားမိလာခဲ့ပါတယ္။

Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ပျံကျဈေးသည်လေးဘဝမှ ကမ္ဘာကျော် ဟာသ သရုပ်ဆောင် တဦးဖြစ်လာတဲ့ စတီဗင်ချောင်ရဲ့ ဇာတ်လမ်းတွေကို ပရိသတ်တွေ တော်တော်များများကြည့်ရှု့ပြီး ဖြစ်မှာပါ။ အခြား ကမ္ဘာကျော် တရုတ်မင်းသားတွေဖြစ်တဲ့ ဂျက်ကီချမ်း၊ ဂျက်လီတို့နည်းတူ ပရိသတ်ချစ်ခင်မှုကို ရရှိထားသူ ဖြစ်တဲ့ စတီဗင်ချောင်ဟာ အခြား ဟာသသရုပ်ဆောင်များနှင့် မတူပဲ ကွဲပြားတဲ့ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကျော်ခဲ့သူလည်း ဖြစ်ပါတယ်။ စတီဗင်ချောင်၏ ပရိသတ်တွေကတော့ သူ့အကြောင်းကို ခရေစေ့တွင်းကျ သိရှိပြီး ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပေမယ့် ပရိသတ်တွေ မသိလောက်သေးသည့် အချက်တွေထဲက အချို့သော အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အစိုးရ အကြံပေး

စတီဗင်ချောင်ဟာ သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဇာတ်ညွန်း၊ ဒါရိုက်တာ အလုပ်များသာမကပဲ တရုတ်နိုင်ငံအစိုးရ၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။ စတီဗင်ချောင်ဟာ အနုပညာလောကမှာ သြဇာကြီးမားသူဖြစ်တာကြောင့် တရုတ်နိုင်ငံအစိုးရမှ အရေးပါတဲ့ အကြံပေးအဖြစ် ခန့်အပ်ထားခဲ့ပါတယ်။

(၂) တရုတ်နိုင်ငံ၏ သရုပ်ဆောင်ကြေးအများဆုံး

စတီဗင်ချောင်၏ သရုပ်ဆောင်ကြေးဟာ အခြားဟောလိဝုဒ်ထိ ပေါက်ရောက်ကျော်ကြားတဲ့ မင်းသားနှစ်လက်ဖြစ်တဲ့ ဂျက်လီနှင့် ဂျက်ကီချမ်းထက်ပိုပြီး များပါတယ်။ ပြီးခဲ့နှစ်တွေက စတီဗင်ချောင်ရဲ့ ပိုင်ဆိုင်မှုဟာ သန်း၇၀ထိရှိပြီး ဒီပိုင်ဆိုင်မှုများဟာ သရုပ်ဆောင်ကြေးနှင့် ရုပ်ရှင်ထုတ်လုပ်ရေးတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

(၃) ရုပ်ဆိုးဆိုး သရုပ်ဆောင်

စတီဗင်ချောင်၏ ရုပ်ရှင်တွေထဲက အမျိုးသမီးကဲ့သို့ ဝတ်စားထားပြီး နှာခေါင်းနှိုက်နေတဲ့ သရုပ်ဆောင် တဦးကို စတီဗင်ချောင် ပရိသတ်စစ်စစ်တွေ သတိထားမိမှာပါ။ ဒီသရုပ်ဆောင်ဟာ စတီဗင်ချောင်ရဲ့ အရမ်းခင်မင်ရတဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး သူ့အမည်ကတော့ Kin Yan Lee ဖြစ်ပါတယ်။

(၄)အငြင်းပယ်ခံရခြင်း

စတီဗင်ချောင်ဟာ ငယ်စဉ်က နာမည်ကျော် ရုပ်သံလိုင်းတခုမှ ဖွင့်လှစ်တဲ့ သရုပ်ဆောင် သင်တန်းတခုကို တက်ရောက်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဝင်ခွင့်အတွက် အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် ၉ကြိမ်တိုင် ငြင်းပယ်ခံခဲ့ရကာ သရုပ်ဆောင်သင်တန်း တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

(၅) ပထမဆုံး ရုပ်ရှင်ကား

စတီဗင်ချောင်ရဲ့ ပထမဆုံး ရုပ်ရှင်ကားမှာ Final Justice ဖြစ်ပြီး သူဟာ အဲ့ဒီ့ကားမှာ ဒုတိယမင်းသား ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့ကားမှာ မင်းသားကြီး Danny Lee နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့ဇာတ်ကားဟာ ဟောင်ကောင်ဒေါ်လာ ၅သိန်းခန့်သုံးပြီး ၈သန်းခန်း အမြတ်ငွေ ပြန်လည်ရရှိခဲ့ပါတယ်။ စတီဗင်ချောင်ဟာ အဲ့ဒီ့ဇာတ်လမ်းမှာ ဇာတ်ပို့အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပရိသတ်သတိထားမိလာခဲ့ပါတယ်။

Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top