iMyanmarHouse.com - Best Property Website for Myanmar
×

လင္းဇာနည္ေဇာ္တို႔ ခ်စ္ခ်စ္ေဇာ္တို႔ ညီအမ ႏွစ္ေယာက္ဟာ အႏုပညာမိသားစုေတြထဲက တစ္စုပါ ။ သူမတို႔ရဲ႕ အကိုျဖစ္သူ ဒါ႐ိုက္တာမိုက္တီးဟာလဲ နာမည္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး သူတို႔ ေမာင္ႏွမသုံးေယာက္ရဲ႕ အႏုပညာကို အားေပးတဲ့ ပရိတ္သတ္ေတြလဲ ပိုင္ဆိုင္ထားၿပီးသား အႏုပညာရွင္ေတြျဖစ္ပါတယ္ ။ လင္းဇာနည္ေဇာ္နဲ႔ ခ်စ္ခ်စ္ေဇာ္တို႔ ညီအမႏွစ္ေယာက္ရဲ႕ အျခားကိုယ္ပိုင္လုပ္ငန္းတစ္ခုျဖစ္တဲ့ အလႈပြဲေတြအတြက္ ေ႐ႊေတာင္ေခါက္ဆြဲ ခ်က္ျပဳတ္ ကိုယ္တိုင္လိုက္ျပင္ဆင္ေပးတဲ့ လုပ္ငန္းေလးက သန႔္ရွင္းၿပီး အရသာရွိတာမို႔ ေအာင္ျမင္မႈရရွိေနတဲ့ စီးပြားေရးလုပ္ငန္းေလးတစ္ခုလည္းျဖစ္ေနတာပါ ။ အလႈပြဲေတြအတြက္ လက္မလည္ေအာင္ျပင္ဆင္ေပးေနရရင္းနဲ႔ သူမတို႔ညီအမ ႏွစ္ေယာက္က ေဆး႐ုံက ေဆး႐ုံက ဦးေဏွာက္နဲ႔အာ႐ုံေၾကာမွာေဆးကုသေနၾကတဲ့လူနာမ်ား ကို အလႈျပဳလုပ္ခဲ့ပါတယ္ ။

သို႔ေပမယ့္လည္း မၾကာခင္က လင္းဇာနည္ေဇာ္နဲ႔ ခ်စ္ခ်စ္ေဇာ္တို႔ရဲ႕ အကိုျဖစ္သူ ဒါ႐ိုက္တာမိုက္တီး မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ႐ုတ္တရက္ ထိန္းသိမ္းခံခဲ့ရတာမို႔ အကို႔အတြက္ပူပန္မႈေတြနဲ႔ အလႈေလးကလည္းတစ္ဖက္ ျဖစ္သြားခဲ့ေပမယ့္ ရက္သတ္မွတ္ၿပီးသားအလႈကိုေတာ့ မဖ်က္ပစ္ခဲ့ၾကပါဘူး ။ မ်က္ရည္ေတြၾကားထဲကပဲ ႀကိဳးစားခ်က္ျပဳတ္ၿပီး လႈဒါန္းခဲ့ရပါတယ္လို႔ ခ်စ္ခ်စ္ေဇာ္က သူမတို႔ရဲ႕ ျဖစ္အင္ေလးကို ေအာက္ပါအတိုင္း ရင္ဖြင့္ေျပာၾကားထားတာပဲျဖစ္ပါတယ္ ။

” ဘဝရဲ႕ေပ်ာ္႐ႊင္မႈ႕ေတြခမ္းေျခာက္ရေသာေန႔။ဘယ္လိုပဲအခက္အခဲ၊ဝမ္းနည္းေၾကကြဲစရာေတြအျပည့္နဲ႔ရင္ဆိုင္ေနရေပမယ့္၊ ဒီေန႔လုပ္မယ့္အလႉ ေလးကိုေတာ့ အပ်က္အစီးမခံႏိူင္ပါ။ျကိဳတင္အေၾကာင္းၾကားထားၿပီးျဖစ္တဲ့အတြက္ ဒီေန႔ဦးေဏွာက္နဲ႔အာ႐ုံေၾကာမွာေဆးကုသေနၾကတဲ့လူနာမ်ားကိုကိုယ္တိုင္(မ်က္ရည္သုတ္ရင္း)ရေအာင္ႀကိဳးစားခ်က္ျပဳတ္ၿပီးကိုယ္တိုင္ထည့္၊ ကိုယ့္လက္နဲ႔ကိုယ္တိုင္လႉၿပီးသူတို႔ေလးေတြအတြက္တစ္ဒဂၤေပ်ာ္႐ႊင္မႈ႕ေလး ေပးႏိူင္ခဲ့ပါတယ္။

ယေန႔ထိ ဘုရား တရား သံဃၤာ ရတနာသုံးပါးက ိုကိုးကြယ္ဆည္းကပ္ရေသာ အက်ိဳး အိပ္ရာထဲလဲေနတဲ့ ေမြးသဖခင္ေက်းဇူးရွင္ႀကီးကို စိတ္ရင္းေစတနာမွန္ျဖင့္ ျပဳစုေစာင့္ေရွာက္ရေသာ အက်ိဳး ခုႏွစ္ရက္သားသမီးမ်ားအားလုံးအေပၚ ေန႔စဥ္နဲ႔အမွ်ေမတၱာပို႔သခဲ့ေသာအက်ိဳးမ်ားေၾကာင့္ ဘုရားတပည့္ေတာ္မအား စိတ္၏ ေအးခ်မ္းမႈ႕ကိုအျမန္ဆုံးေပးသနားေတာ္မူပါဘုရား ….အားေပး ကူညီသတင္းေမး ႏွစ္သိမ့္နားလည္ေပးၾကေသာ မိတ္ေဆြမ်ားအားလုံးကို ရင္နဲ႔အမွ်အတိုင္းမသိ ဆပ္၍မကုန္ႏိူင္ေသာေက်းဇူးတင္ျခင္းမ်ားစြာႏွင့္.. ” လို႔ ခ်စ္ခ်စ္ေဇာ္က ရင္ဖြင့္ထားခဲ့တာပါ ။

ဒီစာေလးကိုဖတ္မိတဲ့ သူမရဲ႕ခ်စ္ပရိတ္သတ္ေတြကေတာ့ အခက္အခဲေတြ အျမန္ဆုံးေျပလည္သြားပါေစလို႔ ၀ုိင္းဝန္းဆုေတာင္းေပးေနၾကပါတယ္ ။ ဒီအလႈေလးက အခက္အခဲေတြၾကားကလႈရတဲ့အတြက္ သူမတို႔အဖို႔ အမွတ္တရရွိေနေတာ့မွာအမွန္ပါပဲ ပရိတ္သတ္ႀကီးတို႔ေရ …

သတင္းအရင္းျမစ္ : Chit Chit Zaw

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
လင်းဇာနည်ဇော်တို့ ချစ်ချစ်ဇော်တို့ ညီအမ နှစ်ယောက်ဟာ အနုပညာမိသားစုတွေထဲက တစ်စုပါ ။ သူမတို့ရဲ့ အကိုဖြစ်သူ ဒါရိုက်တာမိုက်တီးဟာလဲ နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူတို့ မောင်နှမသုံးယောက်ရဲ့ အနုပညာကို အားပေးတဲ့ ပရိတ်သတ်တွေလဲ ပိုင်ဆိုင်ထားပြီးသား အနုပညာရှင်တွေဖြစ်ပါတယ် ။ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအမနှစ်ယောက်ရဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ အလှုပွဲတွေအတွက် ရွှေတောင်ခေါက်ဆွဲ ချက်ပြုတ် ကိုယ်တိုင်လိုက်ပြင်ဆင်ပေးတဲ့ လုပ်ငန်းလေးက သန့်ရှင်းပြီး အရသာရှိတာမို့ အောင်မြင်မှုရရှိနေတဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုလည်းဖြစ်နေတာပါ ။ အလှုပွဲတွေအတွက် လက်မလည်အောင်ပြင်ဆင်ပေးနေရရင်းနဲ့ သူမတို့ညီအမ နှစ်ယောက်က ဆေးရုံက ဆေးရုံက ဦးဏှောက်နဲ့အာရုံကြောမှာဆေးကုသနေကြတဲ့လူနာများ ကို အလှုပြုလုပ်ခဲ့ပါတယ် ။

သို့ပေမယ့်လည်း မကြာခင်က လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ အကိုဖြစ်သူ ဒါရိုက်တာမိုက်တီး မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ရုတ်တရက် ထိန်းသိမ်းခံခဲ့ရတာမို့ အကို့အတွက်ပူပန်မှုတွေနဲ့ အလှုလေးကလည်းတစ်ဖက် ဖြစ်သွားခဲ့ပေမယ့် ရက်သတ်မှတ်ပြီးသားအလှုကိုတော့ မဖျက်ပစ်ခဲ့ကြပါဘူး ။ မျက်ရည်တွေကြားထဲကပဲ ကြိုးစားချက်ပြုတ်ပြီး လှုဒါန်းခဲ့ရပါတယ်လို့ ချစ်ချစ်ဇော်က သူမတို့ရဲ့ ဖြစ်အင်လေးကို အောက်ပါအတိုင်း ရင်ဖွင့်ပြောကြားထားတာပဲဖြစ်ပါတယ် ။

” ဘဝရဲ့ပျော်ရွှင်မှု့တွေခမ်းခြောက်ရသောနေ့။ဘယ်လိုပဲအခက်အခဲ၊ဝမ်းနည်းကြေကွဲစရာတွေအပြည့်နဲ့ရင်ဆိုင်နေရပေမယ့်၊ ဒီနေ့လုပ်မယ့်အလှူ လေးကိုတော့ အပျက်အစီးမခံနိူင်ပါ။ကြိုတင်အကြောင်းကြားထားပြီးဖြစ်တဲ့အတွက် ဒီနေ့ဦးဏှောက်နဲ့အာရုံကြောမှာဆေးကုသနေကြတဲ့လူနာများကိုကိုယ်တိုင်(မျက်ရည်သုတ်ရင်း)ရအောင်ကြိုးစားချက်ပြုတ်ပြီးကိုယ်တိုင်ထည့်၊ ကိုယ့်လက်နဲ့ကိုယ်တိုင်လှူပြီးသူတို့လေးတွေအတွက်တစ်ဒင်္ဂပျော်ရွှင်မှု့လေး ပေးနိူင်ခဲ့ပါတယ်။

ယနေ့ထိ ဘုရား တရား သံင်္ဃာ ရတနာသုံးပါးက ိုကိုးကွယ်ဆည်းကပ်ရသော အကျိုး အိပ်ရာထဲလဲနေတဲ့ မွေးသဖခင်ကျေးဇူးရှင်ကြီးကို စိတ်ရင်းစေတနာမှန်ဖြင့် ပြုစုစောင့်ရှောက်ရသော အကျိုး ခုနှစ်ရက်သားသမီးများအားလုံးအပေါ် နေ့စဉ်နဲ့အမျှမေတ္တာပို့သခဲ့သောအကျိုးများကြောင့် ဘုရားတပည့်တော်မအား စိတ်၏ အေးချမ်းမှု့ကိုအမြန်ဆုံးပေးသနားတော်မူပါဘုရား ….အားပေး ကူညီသတင်းမေး နှစ်သိမ့်နားလည်ပေးကြသော မိတ်ဆွေများအားလုံးကို ရင်နဲ့အမျှအတိုင်းမသိ ဆပ်၍မကုန်နိူင်သောကျေးဇူးတင်ခြင်းများစွာနှင့်.. ” လို့ ချစ်ချစ်ဇော်က ရင်ဖွင့်ထားခဲ့တာပါ ။

ဒီစာလေးကိုဖတ်မိတဲ့ သူမရဲ့ချစ်ပရိတ်သတ်တွေကတော့ အခက်အခဲတွေ အမြန်ဆုံးပြေလည်သွားပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ် ။ ဒီအလှုလေးက အခက်အခဲတွေကြားကလှုရတဲ့အတွက် သူမတို့အဖို့ အမှတ်တရရှိနေတော့မှာအမှန်ပါပဲ ပရိတ်သတ်ကြီးတို့ရေ …

သတင်းအရင်းမြစ် : Chit Chit Zaw

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top