iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ဆုျမတ္ႏိုးဦးဟာ ဂ်ပန္ႏိုင္ငံမွာ ထုတ္ေဝခဲ့တဲ့ သတင္းစာေစာင္ တစ္ခုမွာ နယ္ပယ္အသီးသီးမွာရွိၾကတဲ့ အမ်ဳိးသမီးေတြကုိ အဓိကထားတဲ့ အခန္းက႑ကေန အင္တာဗ်ဴးစာမ်က္ႏွာအျဖစ္ ပါဝင္ခြင့္ရခဲ့ပါတယ္။ ဒီကေနတဆင့္ ရရွိလာတဲ့ ဗဟုသုတေတြကုိလည္း ေျပာျပခဲ့ပါေသးတယ္။

သရုပ္ေဆာင္ဆုျမတ္ႏုိးဦးဟာ ဂ်ပန္ႏုိင္ငံက ျဖန္႔ေဝတဲ့ သတင္းစာေစာင္တစ္ခုမွာ နယ္ပယ္အသီးသီးမွာရွိတဲ့ အမ်ဳိးသမီးေတြကုိ အဓိကထား တဲ့ က႑ကေန ေရြးခ်ယ္ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ၾသဂုတ္လ တစ္ရက္ေန႔ညက Pullman Hotel မွာ ျပဳလုပ္ တဲ့ AGD Bank ရဲ႕ Credit Card မိတ္ဆက္ပြဲကုိတက္ေရာက္ရင္း သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

” သူတို႔က Yangon Press လုိပဲေပါ့ သူတုိ႔ စာေစာင္ကုိ ျမန္မာျပည္ထဲမွာလည္းျဖန္႔တယ္၊ ဂ်ပန္ႏုိင္ငံမွာလည္း ျဖန္႔တယ္ေပ့ါ။ သူတုိ႔ေတြက နယ္ပယ္အသီးသီးမွာရွိၾကတဲ့ အမ်ဳိးသမီးေတြကုိ အဓိကထားတဲ့ အခန္းက႑မွာ ပါဝင္ျဖစ္ခဲ့တာပါ။ ျမတ္ႏုိးကုိ အင္တာဗ်ဴးေမးတုန္းကလည္း ဘာသာျပန္နဲ႔ေမးၾကတာပါ” လုိ႔ ေျပာပါတယ္။

ဆုျမတ္ႏုိးဦးကုိ အင္တာဗ်ဴးေျဖခ့ဲတဲ့ က႑အတြက္ သတင္းစာေစာင္တစ္ေစာင္ လက္ေဆာင္ျပန္ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီသတင္းစာ ထဲမွာ ေရးသားထားတဲ့ အေၾကာင္းအရာေတြက သူ႔အတြက္ေတာ့ ဗဟုသုတရရွိခဲ့တယ္၊ ေပါ့ေပါ့တန္တန္မလုပ္မိခဲ့တာေတြအတြက္ ကံေကာင္း တယ္လုိ႔လည္း ခံယူခဲ့ပါေသးတယ္။

” သူတုိ႔ေရးထားတဲ့ သတင္းေတြ ျပန္ဖတ္လိုက္တဲ့အခိ်န္မွာေတာ့ကုိယ္စေရာက္သြားတဲ့ အခ်ိန္ကစၿပီး အင္တာဗ်ဴးေမးတဲ့ အခ်ိန္အထိေပါ့။ သူတုိ႔ဘက္က အျမင္ေရာ၊ ကုိယ့္ဘက္က အျမင္ကုိေရာ ေရးထားတာေပါ့။ ဗဟုသုတေတာ့ရတယ္၊ ကုိယ္က တစ္ခါတေလဆုိ လက္လႊတ္ စပါယ္ ေနလုိက္တာဆုိေတာ့ သူတုိ႔ကလည္း ကုိယ္ေျပာတဲ့ စကားလုံးတုိင္းကုိ မွတ္ထားတယ္” လုိ႔ ဆုိပါတယ္။

ဂ်ပန္လူမ်ဳိးေတြနဲ႔ အလုပ္တြဲလုပ္ရတဲ့အေပၚ ဆုျမတ္ႏိုးဦးရဲ႕ ခံစားခ်က္ကုိ ဖြင့္ေျပာလာပါတယ္။ အလုပ္အတူတူတြဲလုပ္ခြင့္ရတာေၾကာင့္ လည္း ေစ့စပ္ေသခ်ာတဲ့ အေၾကာင္းေတြ သိခဲ့ရတယ္လုိ႔ သူကေျပာလာပါတယ္။

” ဂ်ပန္ေတြနဲ႔ အလုပ္လုပ္ရတာ အရမ္းတိက်ရမယ္လုိ႔ ေတြးထားတယ္။ သူတုိ႔ကလည္း ဒီမင္းသမီးဟာ သူတုိ႔ရဲ႕ အခ်ိန္တိက်မႈကုိလည္း သိတယ္ဆုိေတာ့ ေနာက္က်မွာကုိလည္း စုိးရိမ္ၿပီးေတာ့ လာရတာျဖစ္တဲ့အတြက္ ကုိယ့္ရဲ႕ အျပဳအမူေတြကပါ သူတုိ႔ရဲ႕ ေကာက္ႏႈတ္ခ်က္ေတြ ထဲ ပါသြားတာဆုိေတာ့ အရမ္းေစ့စပ္ေသခ်ာတယ္လုိ႔ေျပာလုိ႔ရတယ္” လုိ႔ဆုိပါတယ္။

သရုပ္ေဆာင္ ဆုျမတ္ႏုိးဦးကုိေတာ့ ဗီဒီယုိ ဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈ ရရွိခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ဆုျမတ္ႏုိးဦး ရဲ႕ အႏုပညာသက္တမ္းဟာ ၈ ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ ဒီ ၈ ႏွစ္တာတကာလအတြင္းမွာလည္း သရုပ္ေဆာင္အပိုင္းနဲ႔ ပတ္သက္ ၿပီး တုိးတက္လာတယ္လုိ႔ ဆုိပါတယ္။

Credit-Cele Yatkwat
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် ဆုမြတ်နိုးဦးဟာ ဂျပန်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင် တစ်ခုမှာ နယ်ပယ်အသီးသီးမှာရှိကြတဲ့ အမျိုးသမီးတွေကို အဓိကထားတဲ့ အခန်းကဏ္ဍကနေ အင်တာဗျူးစာမျက်နှာအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကနေတဆင့် ရရှိလာတဲ့ ဗဟုသုတတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

သရုပ်ဆောင်ဆုမြတ်နိုးဦးဟာ ဂျပန်နိုင်ငံက ဖြန့်ဝေတဲ့ သတင်းစာစောင်တစ်ခုမှာ နယ်ပယ်အသီးသီးမှာရှိတဲ့ အမျိုးသမီးတွေကို အဓိကထား တဲ့ ကဏ္ဍကနေ ရွေးချယ်ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သြဂုတ်လ တစ်ရက်နေ့ညက Pullman Hotel မှာ ပြုလုပ် တဲ့ AGD Bank ရဲ့ Credit Card မိတ်ဆက်ပွဲကိုတက်ရောက်ရင်း သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” သူတို့က Yangon Press လိုပဲပေါ့ သူတို့ စာစောင်ကို မြန်မာပြည်ထဲမှာလည်းဖြန့်တယ်၊ ဂျပန်နိုင်ငံမှာလည်း ဖြန့်တယ်ပေ့ါ။ သူတို့တွေက နယ်ပယ်အသီးသီးမှာရှိကြတဲ့ အမျိုးသမီးတွေကို အဓိကထားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖြစ်ခဲ့တာပါ။ မြတ်နိုးကို အင်တာဗျူးမေးတုန်းကလည်း ဘာသာပြန်နဲ့မေးကြတာပါ” လို့ ပြောပါတယ်။

ဆုမြတ်နိုးဦးကို အင်တာဗျူးဖြေခဲ့တဲ့ ကဏ္ဍအတွက် သတင်းစာစောင်တစ်စောင် လက်ဆောင်ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတွေက သူ့အတွက်တော့ ဗဟုသုတရရှိခဲ့တယ်၊ ပေါ့ပေါ့တန်တန်မလုပ်မိခဲ့တာတွေအတွက် ကံကောင်း တယ်လို့လည်း ခံယူခဲ့ပါသေးတယ်။

” သူတို့ရေးထားတဲ့ သတင်းတွေ ပြန်ဖတ်လိုက်တဲ့အချိန်မှာတော့ကိုယ်စရောက်သွားတဲ့ အချိန်ကစပြီး အင်တာဗျူးမေးတဲ့ အချိန်အထိပေါ့။ သူတို့ဘက်က အမြင်ရော၊ ကိုယ့်ဘက်က အမြင်ကိုရော ရေးထားတာပေါ့။ ဗဟုသုတတော့ရတယ်၊ ကိုယ်က တစ်ခါတလေဆို လက်လွှတ် စပါယ် နေလိုက်တာဆိုတော့ သူတို့ကလည်း ကိုယ်ပြောတဲ့ စကားလုံးတိုင်းကို မှတ်ထားတယ်” လို့ ဆိုပါတယ်။

ဂျပန်လူမျိုးတွေနဲ့ အလုပ်တွဲလုပ်ရတဲ့အပေါ် ဆုမြတ်နိုးဦးရဲ့ ခံစားချက်ကို ဖွင့်ပြောလာပါတယ်။ အလုပ်အတူတူတွဲလုပ်ခွင့်ရတာကြောင့် လည်း စေ့စပ်သေချာတဲ့ အကြောင်းတွေ သိခဲ့ရတယ်လို့ သူကပြောလာပါတယ်။

” ဂျပန်တွေနဲ့ အလုပ်လုပ်ရတာ အရမ်းတိကျရမယ်လို့ တွေးထားတယ်။ သူတို့ကလည်း ဒီမင်းသမီးဟာ သူတို့ရဲ့ အချိန်တိကျမှုကိုလည်း သိတယ်ဆိုတော့ နောက်ကျမှာကိုလည်း စိုးရိမ်ပြီးတော့ လာရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အပြုအမူတွေကပါ သူတို့ရဲ့ ကောက်နှုတ်ချက်တွေ ထဲ ပါသွားတာဆိုတော့ အရမ်းစေ့စပ်သေချာတယ်လို့ပြောလို့ရတယ်” လို့ဆိုပါတယ်။

သရုပ်ဆောင် ဆုမြတ်နိုးဦးကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆုမြတ်နိုးဦး ရဲ့ အနုပညာသက်တမ်းဟာ ၈ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒီ ၈ နှစ်တာတကာလအတွင်းမှာလည်း သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက် ပြီး တိုးတက်လာတယ်လို့ ဆိုပါတယ်။

Credit-Cele Yatkwat
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top