iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မွဲ႔ေျခာက္ေတြနဲ႔ တင္းတိပ္ေတြ ေပါက္တတ္ၾကပါတယ္။ တင္းတိပ္မဟုတ္ရင္ေတာင္ မ်က္ႏွာမွာ အညိဳေရာင္ အကြက္ေတြ ျဖစ္ေပၚတတ္ပါတယ္။

ေမေမေလာင္းတို႔ေရ ကိုယ္ဝန္ေဆာင္တဲ့အခါ အသားအရည္ အေရျပားေတြမွာ ေျပာင္းလဲမႈေတြရွိႏုိင္ပါတယ္။ ေမေမေလာင္းတို႔ ကိုယ္ဝန္ေဆာင္ ကာလ(၃) လေလာက္ေရာက္တဲ့အခါမွာ အသားအရည္ အေရျပားေတြမွာ ေျပာင္းလဲမႈေတြ စတင္ပါတယ္။ ဘာေတြလဲဆိုတာ ဖတ္ၾကည့္ေပးေနာ္။

က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ခ်က္ျပဳတ္စားေသာက္ပါ
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသားအရည္ မည္းညစ္သြားတာလဲ ရွိပါတယ္

ဒီလိုမ်ိဳးမည္းတာက ကိုယ္ဝန္ေဆာင္ ေတာ္ေတာ္မ်ားမ်ား ျဖစ္ၾကပါတယ္။ ဒါက ေဟာ္မုန္းေျပာင္းတာေၾကာင့္ျဖစ္ၿပီး အသက္အရြယ္လည္း ရင့္သြားသလို ျဖစ္ႏိုင္ပါေသးတယ္။ ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္မွာ ခ်က္ေအာက္ကေန ဆီးခံုရိုးအထိ အညိဳေရာင္လိုင္းအစင္းေတြ ပိုေပၚလာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ (၅) လေလာက္မွာ ပိုၿပီးေတာ့ သိသာလာၿပီး ကိုယ္ဝန္ရင့္ေလ အေရာင္ရင့္ေလပါပဲ။ ဒါကလည္း တင္းတိပ္လိုပဲ ေဟာ္မုနး္ေတြေၾကာင့္ ျဖစ္တာျဖစ္ၿပီး ႏို႔သီးေခါင္းတဝိုက္မွာလည္း ျဖစ္ႏိုင္ပါေသးတယ္။ တခ်ိဳ႔ ေမေမေလာင္းေတြမွာေတာ့ အျဖဴေရာင္ အစင္းေတြ ျဖစ္တတ္ပါတယ္။

ခ်က္ေအာက္ကေန ဆီးခံုရိုးအထိ အညိဳေရာင္လိုင္းအစင္းေတြ ပိုေပၚလာႏိုင္ပါတယ္ (Photo: Global News)
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မွဲ႔ေျခာက္ေတြနဲ႔ တင္းတိပ္ေတြ ေပါက္တတ္ၾကပါတယ္

တင္းတိပ္မဟုတ္ရင္ေတာင္ မ်က္ႏွာမွာ အညိဳေရာင္ အကြက္ေတြ ျဖစ္ေပၚတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္ ေပါက္တဲ့ တင္းတိပ္ကေတာ့ နဖူး၊ ႏႈတ္ခမ္းအေပၚပိုင္းေတြမွာ ပိုျဖစ္ၿပီး ကိုယ္ဝန္ေဆာင္သည္ တဝက္ကေတာ့ ျဖစ္တတ္ၾကပါတယ္။ ဒီတင္းတိပ္ေတြက ကေလးေမြးၿပီးတဲ့အခါမွာ ေပ်ာက္တတ္ၾကပါတယ္။ ေမေမေလာင္းတို႔ေရ ကိုယ္ဝန္ေဆာင္စဥ္မွာ အဆီျပန္တာေတြလည္း ျဖစ္ႏိုင္ပါေသးတယ္ေနာ္။ စိတ္မညစ္ပါနဲ႔။ ဒါက ေမေမေလာင္းရဲ႕ ေသြးလည္ပတ္မႈ အားေကာင္းတာေၾကာင့္ပါ။ တခ်ိဳ႔ေမေမေတြဆို ပန္းနုေရာင္ေတာင္သန္းပါတယ္။ ကေလးေမြးၿပီးရင္ေတာ့ ပံုမွန္ျပန္ျဖစ္သြားမွာပါ။
 ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသားအရည္ေျပာင္းလဲတာကို ျငင္းဆန္လို႔မရေပမယ့္ ထိန္းသိမ္းလို႔ေတာ့ ရပါတယ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စားသင့္တဲ့ အစားအစာကိုသာ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ခ်က္ျပဳတ္စားေသာက္ပါ။ေရမ်ားမ်ား ေသာက္ပါ။  အေရျပားဓာတ္မတည့္မႈျဖစ္ျခင္းကေန ကာကြယ္ဖို႔ အေမႊးအႀကိဳင္မပါတဲ့ ပစၥည္းေတြကိုသာ သံုးပါ။   အေႀကာျပတ္ရာမ်ားအတြက္ ဗီတာမင္ E ပါေသာ ခရင္မ္လိမ္းပါ။ ေနေရာင္ကာခရင္မ္ကို လိိမ္းေပးျခင္းက တင္းတိတ္မ်ားကို ေလ်ာ့နည္းေစပါတယ္။ ေနာက္တစ္ခုက ေမေမေလာင္းတို႔ အခ်ိန္အၾကာႀကီး မရပ္ပါနဲ႔။ ေျခေထာက္ခ်ိတ္ထိုင္တာေတြြ ေရွာင္ရွားပါေနာ္။

Credit: Kalay
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်ဆောင်ချိန်မှာ မှဲ့ခြောက်တွေနဲ့ တင်းတိပ်တွေ ပေါက်တတ်ကြပါတယ်။ တင်းတိပ်မဟုတ်ရင်တောင် မျက်နှာမှာ အညိုရောင် အကွက်တွေ ဖြစ်ပေါ်တတ်ပါတယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်တဲ့အခါ အသားအရည် အရေပြားတွေမှာ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင် ကာလ(၃) လလောက်ရောက်တဲ့အခါမှာ အသားအရည် အရေပြားတွေမှာ ပြောင်းလဲမှုတွေ စတင်ပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပေးနော်။

ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်စားသောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရည် မည်းညစ်သွားတာလဲ ရှိပါတယ်

ဒီလိုမျိုးမည်းတာက ကိုယ်ဝန်ဆောင် တော်တော်များများ ဖြစ်ကြပါတယ်။ ဒါက ဟော်မုန်းပြောင်းတာကြောင့်ဖြစ်ပြီး အသက်အရွယ်လည်း ရင့်သွားသလို ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ချက်အောက်ကနေ ဆီးခုံရိုးအထိ အညိုရောင်လိုင်းအစင်းတွေ ပိုပေါ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ (၅) လလောက်မှာ ပိုပြီးတော့ သိသာလာပြီး ကိုယ်ဝန်ရင့်လေ အရောင်ရင့်လေပါပဲ။ ဒါကလည်း တင်းတိပ်လိုပဲ ဟော်မုန်းတွေကြောင့် ဖြစ်တာဖြစ်ပြီး နို့သီးခေါင်းတဝိုက်မှာလည်း ဖြစ်နိုင်ပါသေးတယ်။ တချို့ မေမေလောင်းတွေမှာတော့ အဖြူရောင် အစင်းတွေ ဖြစ်တတ်ပါတယ်။

ချက်အောက်ကနေ ဆီးခုံရိုးအထိ အညိုရောင်လိုင်းအစင်းတွေ ပိုပေါ်လာနိုင်ပါတယ် (Photo: Global News)
ကိုယ်ဝန်ဆောင်ချိန်မှာ မှဲ့ခြောက်တွေနဲ့ တင်းတိပ်တွေ ပေါက်တတ်ကြပါတယ်

တင်းတိပ်မဟုတ်ရင်တောင် မျက်နှာမှာ အညိုရောင် အကွက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ပေါက်တဲ့ တင်းတိပ်ကတော့ နဖူး၊ နှုတ်ခမ်းအပေါ်ပိုင်းတွေမှာ ပိုဖြစ်ပြီး ကိုယ်ဝန်ဆောင်သည် တဝက်ကတော့ ဖြစ်တတ်ကြပါတယ်။ ဒီတင်းတိပ်တွေက ကလေးမွေးပြီးတဲ့အခါမှာ ပျောက်တတ်ကြပါတယ်။ မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်စဉ်မှာ အဆီပြန်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်နော်။ စိတ်မညစ်ပါနဲ့။ ဒါက မေမေလောင်းရဲ့ သွေးလည်ပတ်မှု အားကောင်းတာကြောင့်ပါ။ တချို့မေမေတွေဆို ပန်းနုရောင်တောင်သန်းပါတယ်။ ကလေးမွေးပြီးရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။
 ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရည်ပြောင်းလဲတာကို ငြင်းဆန်လို့မရပေမယ့် ထိန်းသိမ်းလို့တော့ ရပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်တဲ့ အစားအစာကိုသာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်စားသောက်ပါ။ရေများများ သောက်ပါ။  အရေပြားဓာတ်မတည့်မှုဖြစ်ခြင်းကနေ ကာကွယ်ဖို့ အမွှေးအကြိုင်မပါတဲ့ ပစ္စည်းတွေကိုသာ သုံးပါ။   အကြောပြတ်ရာများအတွက် ဗီတာမင် E ပါသော ခရင်မ်လိမ်းပါ။ နေရောင်ကာခရင်မ်ကို လိမ်းပေးခြင်းက တင်းတိတ်များကို လျော့နည်းစေပါတယ်။ နောက်တစ်ခုက မေမေလောင်းတို့ အချိန်အကြာကြီး မရပ်ပါနဲ့။ ခြေထောက်ချိတ်ထိုင်တာတွေ ရှောင်ရှားပါနော်။

Credit: Kalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top